မလာဖြစ်ဂူဘုရား

ဝီကီပီးဒီးယား မှ

မလာဖြစ်ဂူဘုရား (ဘုရားအမှတ် ၆၆၄) သည် မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသော ဂူဘုရားတစ်ဆူ ဖြစ်သည်။

နာရသီဟပတေ့ဘုရား၏ အနောက်မြောက်ဘက် (သို့မဟုတ်) သိင်္ဃသူသမီးကျောက်စာရုံ၏ အနောက်ဘက်တည့်တည့် အနည်းငယ်အလှမ်းဝေးသော နေရာတွင် မလာဖြစ်ဂူဘုရား တည်ရှိသည်။ ဘုရား၏ အနောက်မြောက်ဘက်တည့်တည့်တွင် အုတ်ကျောင်းပျက်ကြီး တစ်ဆောင် ရှိသည်။

ဂူအတွင်းရှိသော ကျောက်စာအရ သက္ကရာဇ် ၆၃၆ခုတွင် တရုတ်ပြေးမင်း၏ အမတ်တျာသည် ဤမြေအရပ်တွင် တံတိုင်း၊ ဂူဘုရား၊ ကျောင်းကြီး၊ တန်ဆောင်း၊ ကပ္ပိယကုဋီ စသောအဆောက်အအုံများတည်ဆောက်ကြောင်း သိရလေသည်။

၎င်းကျောက်စာ၌ "တကာကြီး မ္လပြစ်" ဟုပါရှိသောကြောင့် ထိုအမတ်တျာ၏ အမည်မှာ မ္လပြစ် (မလပြစ်) ဟု ယူဆပြီး ဘုရား၏ ဘွဲ့အမည်ကိုလည်း "မလပြစ်"၊ ယင်းမှ ကာလကြာသောအခါ မလာဖြစ် ဂူဘုရားဟု ခေါ်ဝေါ်ခဲ့ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မလာဖြစ်ဂူဘုရားအတွင်းရှိကျောက်စာ