အင်းတော်ကြီး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အင်းတော်ကြီးအိုင်ကို ကချင်ပြည်နယ်မိုးညှင်းမြို့နယ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးသော သဘာဝ အင်းကြီးဖြစ်သည်။ တောင်နှင့်မြောက် အလျား (၁၄)မိုင်၊ အနံ(၇)မိုင်ရှိပြီး စတုရန်းမိုင် ၁၀၀ခန့် ကျယ်ဝန်းသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၇၀၀-ပေ အမြင့်တွင် တည်ရှိသည်။ မိုးရာသီအချိန်တွင် အနောက်ဘက်ကမ်းရှိ လုံးတုံနှင့် အရှေ့ဘက်ကမ်းရှိ ဟဲမုရွာအကြား ရေပြင်အကျယ်ဆုံးဖြစ်သည်။ ရေပြင်ကြီးသက်သက် အကျယ်အဝန်းသည် (၄၄.၉) စတုရန်းမိုင်ရှိသည်။ အင်းတော်ကြီးအိုင်အတွင်း အမှိုက်ဒိုက်သရိုက် ကင်းစင်သည်။ ရေကြည်လင်သည်။ ရေပြင်ကျယ်ကြီးသည် ပင်လယ်ပြင်တမျှ ရှုမဆုံးအောင်လှပသည်။


အင်းတော်ကြီး၏ အလယ်အင်းစွယ်တစ်ခုပေါ်တွင် ရွှေမဉ္ဖူစေတီတော်တည်ထားသည်။ အင်းတော်ကြီးသည် ပတ်ပတ်လည်၌ တောင်ရိုးတောင်စွယ်များ ဝိုင်းရံထားသည့် ချိုင့်ဝှမ်းကြီးဖြစ်သည်။ ရွှေမဉ္ဖူဘုရားသည် ကချင်ပြည်နယ်၏ အဓိကရစေတီတော်ကြီးဖြစ်သည်။ တပေါင်းလဆန်း ဘုရားပွဲတော် ကျင်းပချိန်နီးကပ်လာလျှင် ဘုရားစေတီအရောက် လူလျှောက်သွားနိုင်ရန် သဲလမ်းမကြီးနှစ်လမ်း ပေါ်လာတတ်သည်။ ဘုရားပွဲတော်ပြီးသည့်အခါ သဲလမ်းများရေထဲ ပြန်မြုပ်သွားတတ်သည်။ ဘုရားပွဲတော်သည် အနီးစပ်ချုပ်နှင့်ရပ်ဝေးဧည့်သည်များဖြင့်စည်ကားလေ့ရှိသည်။ အင်းပတ်ဝန်းကျင်တွင် တိုင်းလျှံ(ရှမ်းနီ)ဟုခေါ်သောရှမ်းလူမျိုးတို့သည် ရှေးအစဉ်အဆက်ကတည်းကနေထိုင်ခဲ့ကြသည်။ အင်းတော်ကြီးကို ရှမ်းဘာသာအားဖြင့် လောင်းလုံစည်ခမ်း သို့မဟုတ် လင်လုံ ဟုခေါ်ကြသည်။ စည်ခမ်းအင်းကြီးဟုအစိပ္ပာယ်ရသည်။ စည်ခမ်းဆိုသည်မှာ အင်းတော်ကြီးအင်းဟူ၍မဖြစ်ပေါ်လာမီက ယင်းဒေသတွင်ရှိခဲ့သောမြို့ကြီးတစ်မြို့ဖြစ်သည်။

ဆက်စပ်နေသော ဆောင်းပါးများ[ပြင်​ဆင်​ရန်​]

Indawgyi Lake (Template:MYname | caption = Flag of Kingdom of Burma | dates = 849–1885 | country = Flag of the Alaungpaya Dynasty of Myanmar.svg Kingdom of Burma | allegiance = | branch = Palace Guards
Capital Defense Corps
Artillery Corps
Elephantry Corps
Cavalry Corps
Infantry Regiments
Navy | type = Army, Navy | role = Military force | size = 70,000 men at its height | command_structure = | garrison = | Past_commanders = | ceremonial_chief = | notable_commanders = Kyansittha, Minyekyawswa, Bayinnaung, Alaungpaya, Maha Nawrahta, Maha Thiha Thura, Maha Bandula | nickname = | patron = | motto = | colors = | march = | mascot = | battles = Mongol invasions
Forty Years' War
Toungoo-Hanthawaddy War
Burmese–Siamese wars
Konbaung-Hanthawaddy War
Sino-Burmese War (1765–1769)
Anglo-Burmese wars | anniversaries = | decorations = | battle_honours = }}) is one of the largest inland lakes in Southeast Asia. It is located in Mohnyin Township in the Kachin State of Burma. The lake measures Template:Convert/km east to west, and Template:Convert/km north to south.[၁] There are over 20 villages around the lake.[၂] The predominant ethnic groups living in the surroundings of the lake are the Shan and the Kachin, who mainly practice agriculture.[ကိုးကားချက်လိုသည်] It is 546 feet above the sea level.[၃] it is the main part of the Indawgyi Lake Wildlife Sanctuary.

it has the vertical width of 14 miles, the horizontal width of seven miles and the area of 100 square miles. there are 11 village-tracts, 36 villages around the lake; 13 villages are on the bank of the lake.[၃]

သစ်ပင်ပန်းမန်တိရစ္ဆာန်များ[ပြင်​ဆင်​ရန်​]

အင်းတော်ကြီးအိုင်ပတ်လည်တွင် အင်းတော်ကြီးဘေးမဲ့တောဧရိယာတည်ရှိသည်။ ၁၉၉၉ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။ ရှုမျှော်ခင်းများ၊ ရှားပါးနို့တိုက်သတ္တဝါများငှက်များအပါအဝင် မျိုးကွဲတိရစ္ဆာန်များအား တွေ့ရှိနိုင်သည်။

မျိုးတုံးမည့်အန္တရာယ်ကျရောက်နေသော ငှက် ၁၀မျိုးအားတွေ့ရှိနိုင်သော အဓိကကျသည့် မြန်မာ့ငှက်ဒေသဖြစ်သည်။ အဆိုပါငှက်မျိုးများအနက် Greylag GeeseOriental DarterPurple Swamphen တို့အား ဇန္နဝါရီလတွင်အတွေ့ရများသည်။ [၄] စက်လှေများဖြင့်လှည့်လည်ကြည့်ရှုပါက ရွှံ့ညွှန်ပိုင်းနေမျိုးစိတ်များ၏ဘဝရှုခင်းများကိုမြင်တွေ့နိုင်သည်။ ကန်နှင့်ရွှံ့ညွှန်ဒေသသည် ဆောင်းခိုငှက်များခိုလှုံရာဖြစ်သည်။ ပတ်ဝန်းကျင်ရွာများမှအညစ်အကြေးများက ရေအရည်အသွေးကိုခြိမ်းခြောက်လျက်ရှိသည်။ သို့ရာတွင်မိုးရာသီရောက်လျှင် ရေများပြန်လည်သန့်ရှင်းသွားသည်သာဖြစ်သည်။

ကိုးကားချက်[ပြင်​ဆင်​ရန်​]

  1. Indawgyi Lake. Encyclopaedia Britannica Online. Retrieved on 2006-02-20
  2. Indawgyi Lake Wildlife Sanctuary. Ministry of Ecotourism. Retrieved on 2006-02-20
  3. ၃.၀ ၃.၁ http://www.mrtv3.net.mm/newpaper/209newsn.pdf Page 11 Column 2
  4. Indawgyi Lake and Indawgyi River. BirdLife International. Retrieved on 2006-12-17

ပြင်ပချိတ်ဆက်ကြောင်းများ[ပြင်​ဆင်​ရန်​]

အမျိုးအစား:Lakes of Burma အမျိုးအစား:Burma geography stubs