တိုင်းလိုင်ဘာသာစကား

ဝီကီပီးဒီးယား မှ
(ရှမ်းနီဘာသာစကား မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
တိုင်းလျန်
တိုင်းလိုင်၊ ရှမ်းနီ
ဒေသခံ မြန်မာနိုင်ငံ
ဒေသ ကျိုင်းတုံမြို့နယ်မြစ်ကြီးနားမြို့နယ်
ဒေသခံ ပြောဆိုသူများ
၁၀၀,၀၀၀ (၂၀၁၀)[၁]
ကရာ–ဒိုင်း
မြန်မာစာ အရေးအသား (historical)
ဘာသာစကားကုဒ်များ
ISO 639-3 tjl
Glottolog tail1248[၂]

တိုင်လိုင် သို့မဟုတ် တိုင်းလျန် သို့မဟုတ် ရှမ်းနီဘာသာစကား သည် မြန်မာနိုင်ငံတွင် ပြောဆိုအသုံးပြုကြသော တိုင်းဘာသာစကားတစ်ခု ဖြစ်ပြီး ခန္တီးရှမ်းဘာသာစကားနှင့် ဆက်စပ်နေသည်။ ယင်းတွင် ကိုယ်ပိုင်အရေးအသားစနစ်ရှိသည်။ ပြောဆိုသူအရေအတွက် အတိအကျကောက်ခံထားခြင်း မရှိသော်လည်း ၁၀၀,၀၀၀ ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။

အမည်များ[ပြင်ဆင်ရန်]

တိုင်းလျန်၏ အမည်ကွဲများမှာ ရှမ်းနီ၊ ရှမ်းဗမာ၊ ရှမ်းကလေး၊ တိုင်းလျှန်၊ တိုင်းလိုင်၊ တိုင်းနိုင် တို့ ဖြစ်ကြသည်။ (Ethnologue)

ပျံ့နှံ့မှု[ပြင်ဆင်ရန်]

တိုင်းလိုင်ဘာသာစကားကို စစ်ကိုင်းတိုင်းဒေသကြီးဟုမ္မလင်းမြို့နယ်ရှိ ချင်းတွင်းမြစ်ဧရာဝတီမြစ်နှင့် ဥရုမြစ်တလျောက်တွင် ပြောဆိုကြသည်။ ထို့ပြင် ကချင်ပြည်နယ်ဗန်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင်လည်း ပြောဆိုကြသည်။

ဒေသိယစကားများ[ပြင်ဆင်ရန်]

တိုင်းလိုင်ဘာသာစကားတွင် အုပ်စုခွဲနှစ်ခုရှိပြီး တိုင်းနိုင် နှင့် တိုင်းလိုင် တို့ ဖြစ်ကြသည်။ တိုင်းနိုင်များမှာ မြစ်ကြီးနား-မန္တလေး မီးရထားလမ်းတလျောက်တွင် နေထိုင်ကြပြီး၊ တိုင်းလိုင်မှာ မြစ်ကြီးနား တောင်ဖက် မြစ်တလျောက်တွင် နေထိုင်ကြသည်။ (Ethnologue)

ကိုးကား[ပြင်ဆင်ရန်]

  1. တိုင်းလျန် at Ethnologue (18th ed., 2015)
  2. (2013) "Tai Laing", Glottolog. Leipzig: Max Planck Institute for Evolutionary Anthropology။