အေးကို (နိုင်ငံတော်သမ္မတ)
သီရိပျံချီ၊ မဟာသရေစည်သူ၊ ဦး အေးကို ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) | |
|---|---|
(၁၉၂၁-၂၀၀၆) | |
| မြန်မာနိုင်ငံ၏ ယာယီသမ္မတ | |
| တာဝန်သက်တမ်း ၁၂ ဩဂုတ် ၁၉၈၈ – ၁၉ ဩဂုတ် ၁၉၈၈ | |
| ယခင်လူ | ဦးစိန်လွင် |
| ဆက်ခံသူ | ဒေါက်တာမောင်မောင် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၉ စက်တင်ဘာ၊ ၁၉၂၁ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ |
| ကွယ်လွန် | ၂၆ စက်တင်ဘာ၊ ၂၀၀၆ (အသက် ၈၅) ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
| လူမျိုး | မြန်မာ |
| ကြင်ဖော် | ဒေါ်မိမိလေး |
| မိခင်ကျောင်း | ဆယ်တန်း |
| အလုပ်အကိုင် | တပ်မတော် အရာရှိ |
| ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ၁၉၅၂-၁၉၈၅ |
| ရာထူး | General |
| Commands | Deputy Commander, No. 30 Infantry Battalion (1961)
Commander, No. 1 Shan Rifle Battalion (1964) Director, Directorate of Aritllery and Armour Corps (1966) Commander, 88th Light Infantry Division (1969) Commander, Strategic Operation Command (1972) Commander, North Eastern Regional Military Command (1972) Commander, North Western Regional Military Command (1974) Commander, Yangon Regional Military Command (1975) Vice Chief of Staff (Army) - (1976) Chief of Staff (Army), (1981) |
ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)၊ သီရိပျံချီ၊ မဟာသရေစည်သူ ဦးအေးကိုသည် ဦးစိန်လွင်နောက် တက်လာသော မြန်မာနိုင်ငံ၏ ယာယီသမ္မတ ဖြစ်သည်။ ၁၉၈၈ ခုနှစ်၊ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်ထိ (၂)ရက်သာ လစ်လပ်နေသော သမ္မတတာဝန်ကို ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]ဦးအေးကိုအား ၁၉၂၁-ခု၊ စက်တင်ဘာ (၁၉)ရက်နေ့ တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အဖ ဦးဘိုးညွန့် + ဒေါ်ငွေဆိုင်တို့မှ မွေးဖွားခဲ့သည်။ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့၊ နေရှင်နယ် အမျိုးသား အထက်တန်းကျောင်းတွင် ဆယ်တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၃၉-ခုနှစ်တွင် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ် ကျောင်းသားသပိတ်ကြီးတွင် ပါဝင်ခဲ့သည်။ [၁]
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]ဦးအေးကိုသည် မြန်မာ့တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ နိုင်ငံတော်ကောင်စီ ဒုတိယဥက္ကဋ္ဌ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အထွေထွေအတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၂၇.၇.၁၉၈၈ တွင် တာဝန်မှ အနားယူခဲ့ပြီး ၂၀၀၆-ခု၊ စက်တင်ဘာ (၂၆)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက်(၈၆)နှစ် ရှိပြီဖြစ်သည်။ [၂]
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]သီရိပျံချီ ဘွဲ့ရ တပ်မတော် အရာရှိကြီးဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် ၆၂/၂၀၂၂ အရ ဦးကျော်ထင်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော မဟာသရေစည်သူဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ [၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ သမိုင်းသုတေသနဦးစီးဌာနထုတ် ခေတ်ရေစီးထဲက ပုဂ္ဂိုလ်များ စာအုပ်မှ
- ↑ Hot New ဂျာနယ်၊ အမှတ်(၉)၊ အတွဲ(၁) စက်တင်ဘာ(၁၇)ရက်
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၂၂ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်း။ sacoffice.gov (၁၇ ဧပြီ ၂၀၂၂)။ ၁၂ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။