ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (စက်တင်ဘာ ၂၀၂၁) |
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် | |
---|---|
ကရခ | |
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | မြန်မာ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
အမည်ပြောင် | ဆိုမာလီ |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်မှူးချုပ် ပြည့်စုံလင်း |
ဒုတိယတိုင်းမှူး | ဗိုလ်မှူးချုပ် အောင်မျိုးထွန်း |
အဆောင်အယောင်များ | |
အလံတော် |
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (အတိုကောက် ကရခ) သည် မြိတ်မြို့ အခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည်။ အဓိက တာဝန်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ၎င်း၏ကမ်းရိုးတန်းဒေသနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။လက်ရှိ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ပြည့်စုံလင်း ဖြစ်သည်။
သမိုင်း
[ပြင်ဆင်ရန်]ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
၁၉၉၆ ခုနှစ် မတ်လ ၃ ရက် တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် အဖြစ် စတင်ဖွဲ့စည်း သည်။
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]စစ်ဗျူဟာများ
[ပြင်ဆင်ရန်]ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ
[ပြင်ဆင်ရန်]ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
[ပြင်ဆင်ရန်]ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူများမှာအောက်ပါအတိုင်း ဖြစ်သည် -
- ဗိုလ်ချုပ် သီဟသူရစစ်မောင် (ကြည်း - ၁၁၇၁၆) (စတသ -၁၂)
- ဗိုလ်ချုပ် အေးကြွေ (ဗသက - ၄၃)
- ဗိုလ်ချုပ် သာအေး (ကြည်း - ၁၃၀၄၁) (စတသ - ၁၆)
- ဗိုလ်ချုပ် အုန်းမြင့် (ကြည်း - ၁၃၉၀၃) (စ - ၁၇)
- ဗိုလ်ချုပ် မောင်မောင်ဆွေ (ဗသက - ၄၇)
- ဗိုလ်ချုပ် ခင်ဇော်ဦး (ကြည်း - ၁၅၀၀၇) (ဗသက - ၅၆)
- ဗိုလ်ချုပ် ခင်မောင်ဌေး (ဗသက - ၆၃)
- ဗိုလ်ချုပ် မောင်မောင်စိုး
- ဗိုလ်ချုပ် လင်းအောင် (ကြည်း - ၁၈၈၂၀) (စတသ -၂၆) (ယခု - ဒုတိယဗိုလ်ချုပ်ကြီး၊ စစ်ရာထူးခန့်ချုပ်)
- ဗိုလ်ချုပ် ဝင်းမင်းထွန်း
- ဗိုလ်ချုပ် သောင်းထိုက်ရွှေ (ကြည်း - ၂၃၁၈၅) (စတသ - ၃၃)
- ဗိုလ်ချုပ် စောသန်းလှိုင် [၁] (ကြည်း - ၂၇၀၆၅) (စတသ - ၃၇)
- ဗိုလ်မှူးချုပ် ကျော်စွာဦး [၂] (ကြည်း - ၂၆၇၅၃) (တေဇ - ၂၂) (ယခု - အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး)
- ဗိုလ်ချုပ် စိုးမင်း (ယခင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး)(မတ် ၂၀၂၄-မေ ၂၀၂၄ ) [၃] (ကြည်း - ၂၉၄၃၀) (စတသ - ၃၉) (ယခု - နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး)
- ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ပြည့်စုံလင်း (မေ ၂၀၂၄-လက်ရှိ) [၄] (ကြည်း - ၃၀၃၄၅) (စတသ - ၄၀) (ယခင် အမှတ် ၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး နှင့် ယခင် လက်ထောက်စစ်ဦးစီးအရာရှိချုပ် - ကြည်း)
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်။ CINCDS Myanmar (၃၁ ဇူလိုင် ၂၀၂၃)။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ (၂၈) နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ။ MOI Myanmar (၄ မတ် ၂၀၂၄)။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ စစ်တိုင်းမှူးအချို့ အပြောင်းအလဲလုပ်။ The Irrawaddy (၂၃ မတ် ၂၀၂၄)။ 24 March 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်တိုင်းမှူးအပါအဝင် ဗိုလ်ချုပ် ၅ ဦး ဖယ်ရှားခံရ။ BBC Burmese (၂၈ မေ ၂၀၂၄)။ ၂၉ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။