ခမ်ထုတ်၊ ကား

ဝီကီပီးဒီးယား မှ

သဘာဝတောတောင် အတားအဆီးများကြောင့် ချင်းပြည်နယ်အတွင်း တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာနှင့် တစ်ရွာသွားရေးလာရေးတွင် အခက်အခဲများစွာရှိပေသည်။ တောင်တာက်တောင်ဆင်း တစ်နေရာနှင့် တစ်နေရာ သွားလာမှု လွယ်ကူစေရန် ချင်းတိုင်းရင်းသားများက မိမိတို့၏ ကိုယ်ပိုင်နည်းပညာဖြင့် ဖန်တီးထားသည့် ခမ်ထုတ်ကား(ခေါ်) တောင်ပေါ်ကားများကို အဓိကထား သုံးစွဲကြသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ထင်းသယ်၊ ရေခပ်လုပ်ငန်းများတွင် ထိုခမ်ထုတ်ကားငယ်လေးများကို သုံးကြရပြီး ခရီးတိုတွင် အဓိကအားထားရသည်။ ၎င်းကားငယ်ကလေးများကို အရွယ်အစားအမျိုးမျိုးဖြင့် ပြုလုပ်ထားကြသည်။ ထို့ပြင် လက်ကိုင် စတီယာရင်ဘရိတ်များပါဝင်သေးသည်။ တောင်ပေါ်သို့ တက်လျှင် တွန်းပြီးယူသွားနိုင်သကဲ့သို့ ကြိုးဖြင့်လည်း ဆွဲသွားနိုင်သည်။ အပြန်တောင်အဆင်းခရီးတွင်မူ လူက စတီယာရင်နှင့် ဘရိတ်ကို ထိန်းချုပ်မောင်းနှင်ကြရသည်။ ၎င်းကားကလေးများကို ဘိုးဘွားစဉ်ဆက်ကတည်းက အသုံးပြုခဲ့ကြသည်ဟု သိရလေသည်။ ချင်းတောင်တန်းဒေသခံများအတွက် အလွန်အသုံးတည့်သော ပစ္စည်းတစ်ခုဖြစ်သည်။[၁][၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Myanmar.com။ 27 September 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 September 2011 တွင် ပြန်စစ်ပြီး။
  2. စာမျက်နှာ(၈)
  • ကြေးမုံသတင်းစာ(၁၉.၉.၂၀၁၁)