မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ
![]() မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ၏အမှတ်တံဆိပ် | |
| နိုင်ငံ/ဒေသ | |
|---|---|
| ကုဒ် | MYA |
| စတင်တည်ထောင်ခြင်း | ၁၉၄၆ နိုဝင်ဘာ ၂၆ |
| အသိအမှတ်ပြု | ၁၉၄၇ |
| Continental Association | OCA |
| ဥက္ကဋ္ဌ | Jeng Phang နော်တောင် (အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး) |
| အထွေထွေ အတွင်းရေးမှူးချုပ် | ဦးထိန်လင်း၊ ဒုတိယဝန်ကြီး |
| ဝဘ်ဆိုဒ် | mosya.gov.mm |
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ(အင်္ဂလိပ်: Myanmar Olympic Committee)သည် မြန်မာနိုင်ငံကို ကိုယ်စားပြုသော အမျိုးသားအိုလံပစ်ကော်မတီဖြစ်သည်။ ကော်မတီ၏ ဥက္ကဋ္ဌ ရာထူးကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တာဝန်ယူပြီး၊ အထွေထွေအတွင်းရေးမှူး ရာထူးကို ဒုတိယဝန်ကြီးက တာဝန်ယူသည်။ [၁]

သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) ၏ အဖွဲ့ဝင်အဖြစ် တရားဝင်သတ်မှတ်ခြင်း ခံခဲ့ရသည်။ ၁၉၉၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၆/၉၃) အရ အမျိုးသားအိုလံပစ်ကောင်စီဥပဒေကို ပြဋ္ဌာန်းကာ အိုလံပစ်ကော်မတီကို ဖွဲ့စည်းတာဝန်ပေးခဲ့ပြီး၊ နောက်ပိုင်းတွင် ၁၉၉၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နှင့် ၂၀၀၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်တို့တွင် ခေတ်စနစ်များနှင့်အညီ အဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင်လည်း မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်တွင် မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သလို၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၂ ရက်တွင် အဖွဲ့ဝင် ၃၀ ဦးပါဝင်သော ကော်မတီဖြင့် ထပ်မံပြင်ဆင်ခဲ့သည်။
အလတ်တလော အပြောင်းအလဲအနေဖြင့် မြန်မာ့အားကစားနည်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့ဝင် ၂၈ ဦးပါဝင်သော "မြန်မာနိုင်ငံအိုလံပစ်ကော်မတီ" ကို မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ၏ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်စွဲပါ အမိန့်စာအမှတ် (၆/၂၀၂၅) ဖြင့် ပြင်ဆင်ဖွဲ့စည်းကာ လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။[၂]
အကြီးအကဲများ
[ပြင်ဆင်ရန်]ဥက္ကဋ္ဌများ (၂၀၁၁ - လက်ရှိ)
[ပြင်ဆင်ရန်]| အမည် | ရာထူး | ဝန်ကြီးဌာန | တာဝန်စတင် | တာဝန်ပြီးဆုံး |
|---|---|---|---|---|
| ဦးတင့်ဆန်း | ပြည်ထောင်စုဝန်ကြီး | အားကစားဝန်ကြီးဌာန | ၃၀ မတ် ၂၀၁၁ | ၃၀ မတ် ၂၀၁၆ |
| ဒေါက်တာ မြင့်ထွေး | ပြည်ထောင်စုဝန်ကြီး | ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန | ၃၀ မတ် ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ |
| ဒေါက်တာ သက်ခိုင်ဝင်း | ပြည်ထောင်စုဝန်ကြီး | ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁ ဩဂုတ် ၂၀၂၁ |
| ဦးမင်းသိန်းဇံ | ပြည်ထောင်စုဝန်ကြီး | အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန | ၁ ဩဂုတ် ၂၀၂၁ | လက်ရှိ |
ဒုတိယဥက္ကဋ္ဌ
[ပြင်ဆင်ရန်]- ဦးအေးမြင့်ကြူ (၃၀ မတ် ၂၀၁၁ - ၇ စက်တင်ဘာ ၂၀၁၂)
- ဦးသောင်းထိုက် (၂၇ ဩဂုတ် ၂၀၁၂ - ၃၀ မတ် ၂၀၁၆)
- ဒေါက်တာ မြလေးစိန် (၂ ဇူလိုင် ၂၀၁၈ - ၁ ဖေဖော်ဝါရီ ၂၀၂၁)
အတွင်းရေးမှူး
[ပြင်ဆင်ရန်]- ဦးမျိုးလှိုင် (?? - လက်ရှိ)
လက်အောက်ရှိ အားကစားအဖွဲ့ချုပ်များ
[ပြင်ဆင်ရန်]| အဖွဲ့ချုပ် | ဥက္ကဋ္ဌ | တည်နေရာ |
|---|---|---|
| မြားပစ် | ဦးဇေသီဟ | အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံအားကစားကွင်း၊ ရန်ကုန်မြို့ |
| ပြေးခုန်ပစ် | ||
| ရေကူး | ||
| ကြက်တောင် | အမျိုးသားကြက်တောင်အားကစားခန်းမ၊ အနော်ရထားလမ်း၊ ရန်ကုန်မြို့ | |
| ဘတ်စကက်ဘော | ||
| ကာယဗလနှင့် ကာယကြံ့ခိုင်မှု | ရန်ကုန်မြို့တော်စည်ပင်အားကစားဝင်း၊ ရန်ကုန်မြို့ | |
| ဘိလိယက်/စနူကာ | ဒေါက်တာမင်းနိုင် | အောင်ဆန်း အားကစားပြိုင်ဝင်း၊ ရန်ကုန်မြို့ |
| ဘိုးလင် | ||
| လက်ဝှေ့ | သုဝဏ္ဏအားကစားပြိုင်ဝင်း၊ ရန်ကုန်မြို့ | |
| စစ်တုရင် | အောင်ဆန်းအားကစားပြိုင်ဝင်း၊ ရန်ကုန်မြို့ | |
| ခြင်းလုံး | ||
| စက်ဘီး | ||
| မသန်စွမ်းအဖွဲ့ချုပ် | ဗိုလ်ချုပ်လှမိုး[၄] | မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်း |
| မြင်းစီး | ||
| ဘောလုံး | ဦးဇော်ဇော် | ဝေဇယန္တာလမ်း၊ ရန်ကုန်မြို့ |
| ကျွမ်းဘား | ကျိုက္ကဆံအားကစားကွင်း၊ ရန်ကုန်မြို့ | |
| ဂေါက်သီး | ||
| ခြေလျင်တောင်တက် | ||
| ဟော်ကီ | ||
| ဂျူဒို | ဦးထွန်းထွန်း | ဦးဝိစာရလမ်း၊ ရန်ကုန်မြို့ |
| ကရာတေးဒို | ||
| လှေလှော် | ဦးသောင်းထိုက်မင်း | အင်းလျားကန်၊ အင်းလျားလမ်း၊ ရန်ကုန်မြို့ |
| ရွက်လှေ | အင်းလျားကန်၊ အင်းလျားလမ်း၊ ရန်ကုန်မြို့ | |
| ပိုက်ကျော်ခြင်း | ||
| သေနတ်ပစ် | ဦးကျော်မိုးဝင်း | ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် |
| အားကစားကလောင်ရှင် | ||
| စားပွဲတင်တင်းနစ် | ||
| တိုက်ကွမ်ဒို | ||
| တင်းနစ် | သိမ်ဖြူကွင်း၊ ရန်ကုန်မြို့ | |
| မြန်မာ့သိုင်း | ဦးရဲမြင့် | အောင်ဆန်းအားကစားပြိုင်ဝင်း၊ ရန်ကုန်မြို့ |
| ရိုးရာအားကစား | အောင်ဆန်းအားကစားပြိုင်ဝင်း၊ ရန်ကုန်မြို့ | |
| ဘော်လီဘော | ||
| အလေးမ | ||
| အမျိုးသမီးအားကစား | ||
| ဝူရှူး | ||
| ဘေ့စ်ဘော | ||
| ခရစ်ကတ် | ||
| ဓားခုတ် | ||
| နပမ်း | ကျိုက္ကဆံအားကစားကွင်း၊ ရန်ကုန်မြို့ | |
| အပျော်တမ်းလေထီးခုန် | ||
| မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ် |
ဆက်စပ်ကြည့်ရှုရန်
[ပြင်ဆင်ရန်]ပြင်ပလင့်များ
[ပြင်ဆင်ရန်]- ↑ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ – အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (in my-MM)။ 2026-03-11 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ။ အားကစားနှင့်ကာယပညာဦးစီးဌာန။ 16 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 July 2021 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ။ အားကစားနှင့်ကာယပညာဦးစီးဌာန။ 23 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 July 2021 တွင် ပြန်စစ်ပြီး။
- ↑ (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့ထွက်ခွာ။
| ဤ မြန်မာနိုင်ငံ အားကစားနှင့် ဆက်စပ်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
