မာတိကာသို့ ခုန်သွားရန်

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း

ဝီကီပီးဒီးယား မှ
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဌာနချုပ်နေပြည်တော်
ဝန်ကြီးများဦးကိုကိုလွင်
ဌာနအကြီးအမှူးများ​၊ ဦး​ဆောင်ညွှန်ကြား​ရေးမှူး
မိခင်အဖွဲ့အစည်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်moee.gov.mm

မြန်မာ့​ရေနံနှင့် သဘာဝဓာတ်​ငွေ့ လုပ်ငန်း (အင်္ဂလိပ်: Myanma Oil and Gas Enterprise) သည် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၁၉၆၃-ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ၏ရေနံလုပ်ငန်းအား နိုင်ငံခြားကုမ္ပဏီများကသာ ဆောင်ရွက်ခဲ့သည်။ ယင်းကုမ္ပဏီများအနက် ဘီအိုစီရေနံကုမ္ပဏီသည် အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်သည်။ ၁၉၆၃-ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘီအိုစီကုမ္ပဏီအား ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်းမှ စတင်၍ ရေနံလုပ်ငန်းသည် နိုင်ငံပိုင်လုပ်ငန်းဖြစ်လာခဲ့သည်။ ၁၉၆၄-ခုနှစ်၊ မတ်လတွင် ပြည်သူ့ရေနံလုပ်ငန်း(ပရလ)၊ ၁၉၇၀-ခုနှစ်၊ မတ်လတွင် မြန်မာ့ရေနံကော်ပိုရေးရှင်း(M.O.C) စသည့်အမည်များဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ယခုလက်ရှိအမည်ဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(M.O.G.E) အမည်သို့ ပြောင်းလဲခဲ့သည်။

လုပ်ငန်းတာဝန်

[ပြင်ဆင်ရန်]

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ.လုပ်ငန်း၏ အဓိက လုပ်ငန်းတာဝန်များမှာ

  • ကိုယ်ပိုင်အရင်းအမြစ်များဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း၊
  • သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်၍ ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့ ဖြန့်ဖြူးခြင်း၊
  • မော်တော်ယာဉ်များအတွက် စီအင်ဂျီဓာတ်ငွေ့အား အစားထိုးလောင်စာအဖြစ် ဖြန့်ဖြူးခြင်း၊
  • နိုင်ငံခြားရေနံကုမ္ပဏီများနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်များချုပ်ဆို၍ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ယင်းတို့၏လုပ်ငန်းများအပေါ် ကြီးကြပ်ကွပ်ကဲခြင်း တို့ဖြစ်သည်။

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အကြီးအကဲမှာ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်ပြီး ဦးဆောင်ညွှန်ကြားရေးမှူး၏ လက်အောက်တွင် ဌာနကြီး(၉)ခုနှင့် စီမံအုပ်ချုပ်မှုအရ ရေနံမြေ (၁၁)ခု ဖွဲ့စည်းထားသည်။ ဌာနကြီး(၉)ခုမှာ

  1. စီမံရေးဌာန
  2. အထွေထွေစီမံခန့်ခွဲရေးဌာန
  3. ဘဏ္ဍာရေးဌာန
  4. ရှာဖွေရေး/ဖွံ့ဖြိုးရေးဌာန
  5. ကမ်းလွန်ရှာဖွေရေးဌာန
  6. တူးဖော်ရေးဌာန
  7. ထုတ်လုပ်ရေးဌာန
  8. အင်ဂျင်နီယာလုပ်ငန်းဌာန
  9. ပစ္စည်းစီမံဌာန တို့ဖြစ်သည်။

စီမံအုပ်ချုပ်မှုအရ စုစည်းထားသည့် ရေနံမြေများမှာ

  1. သာကြီးတောင်-စပယ်ရေနံမြေ
  2. ကျောက်ခွက်-လက်ပံတို-အရာတော်ရေနံမြေ
  3. ချောက်-လမ်းရွာရေနံမြေ
  4. ရေနံချောင်းရေနံမြေ
  5. မန်းရေနံမြေ
  6. ထောက်ရှာပင်-ထန်းကိုင်း-ကမ်းနီရေနံမြေ
  7. ပြည်တောင်တန်းရေနံမြေ
  8. မြန်အောင်-ရွှေပြည်သာရေနံမြေ
  9. အဖျောက်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေ
  10. ညောင်တုန်းရေနံနှင့်သဘာဝဓာတ်ငွေ့မြေ တို့ဖြစ်သည်။

[]

လက်ရှိလုပ်ငန်းဆောင်ရွက်မှုအချက်အလက်များ

[ပြင်ဆင်ရန်]
အကြောင်းအရာ အရေအတွက်
ဝန်ထမ်းအင်အား ၁ သောင်းခန့်
ကုန်းပိုင်းတစ်နေ့ပျှမ်းမျှထုတ်လုပ်မှု ရေနံ စည် ၇၅၀ဝ ခန့်

သဘာဝဓာတ်ငွေ. ကုဗပေ ၆၅ သန်းခန့်

တွင်းတူးစက် ပေနက် : ၄ စက်

ပေလတ် : ၇ စက်
ပေတိမ် : ၁၆ စက်

သဘာဝဓာတ်ငွေ့ပိုက်လိုင်းအရှည် ၁၇၈၆ မိုင်
စီအင်ဂျီဓာတ်ငွေ့ဆိုင် ၄၅ ဆိုင်
စီအင်ဂျီပြောင်းလဲသည့်ယာဉ်ပေါင်း ၂၇၄၇၂ စီး
ပြည်တွင်းသဘာဝဓာတ်ငွေ့ဖြန့်ဖြူးမှု နေ့စဉ်ကုဗပေသန်း ၂၅၀ ခန့်

ပိတ်ဆို့အရေးယူခံရမှု

[ပြင်ဆင်ရန်]

၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း အား အမေရိကန်ဗြိတိန် နှင့် ကနေဒါ နိုင်ငံတို့က ပူးပေါင်းပြီး ပိတ်ဆို့အရေးယူမှုပြုလုပ်သည်။ ၂၀၂၃ ဒီဇင်ဘာ ၁၅ရက်တွင် စတင်အသက်ဝင်မည့် ယင်းပိတ်ဆို့မှုတွင် ဘဏ်စာရင်းဖွင့်လှစ်မှု၊ ချေးငွေ ထုတ်ချေးမှု၊ အာမခံလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုအပါအဝင် အခြားဝန်ဆောင်မှုများ ပေးခြင်းတို့ တားမြစ်ကြောင်း အချက်များ ပါဝင်သည်။ []

ကိုးကား

[ပြင်ဆင်ရန်]