မာတိကာသို့ ခုန်သွားရန်

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

ဝီကီပီးဒီးယား မှ
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဌာနချုပ်ရုံးအမှတ် (၄၄)၊ နေပြည်တော်
ဝန်ကြီးများဦးကိုကိုလွင်
ဌာနအကြီးအမှူးများ​၊ ဦး​ဆောင်ညွှန်ကြား​ရေးမှူး
မိခင်အဖွဲ့အစည်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်moee.gov.mm

မြန်မာ့​ရေနံဓာတုဗေဒ လုပ်ငန်း (အင်္ဂလိပ်: Myanma Petrochemical Enterprise) သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]
  • အထွေထွေစီမံခန့်ခွဲရေးဌာန
  • စီမံရေးဌာန
  • ကုန်ထုတ်လုပ်မှုဌာန

ရေနံဓာတုဗေဒပစ္စည်းများသယ်ပို့/ဖြန့်ဖြူးရေးဌာန

  • စီမံကိန်းနှင့်စာရင်းအင်းလုပ်ငန်းစိစစ်ရေးဌာန
  • ရေနံဓာတုဗေဒပစ္စည်းများအချိုးအစားစစ်ဆေးရေးနှင့် သုသေသနဌာန
  • ဦးဆောင်ညွှန်ကြားရေးမှူးရုံး[]

ရေနံချက်စက်ရုံများ

[ပြင်ဆင်ရန်]

ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ ရေနံချက်စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံ၊ မက်သနောစက်ရုံ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်စက်ရုံ နှင့် အခြားဆက်စပ်စက်ရုံများကို တည်ဆောက် လည်ပတ်လျက်ရှိသည်။ အဆိုပါစက်ရုံများမှ ဓာတ်ဆီ၊ ဂျက်လေယာဉ်ဆီ၊ ရေနံဆီ၊ ဒီဇယ်ဆီ၊ မီးထိုးဆီ၊ ဖယောင်း၊ ဖယောင်းတိုင်၊ ရေနံမီးသွေး၊ ရေနံဓာတ်ငွေ့ရည်၊ ယူရီးယားဓာတ်မြေဩဇာ၊ မက်သနောနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် (အခဲ၊ အရည် နှင့် အငွေ့) စသည့်ပစ္စည်းများအား ထုတ်လုပ်သည်။မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်တွင် လက်ရှိရေနံချက်စက်ရုံ ၃ ရုံရှိပြီး စုစုပေါင်း ချက်လုပ်နိုင်မှုမှာ တစ်နေ့လျင် ရေနံစိမ်းစည်ပေါင်း ၅၁,၀၀၀ ဖြင့် အောက်ပါအတိုင်း လည်ပတ်ထုတ်လုပ် လျက်ရှိသည်။

စက်ရုံကုန်ထုတ်လုပ်မှု (စည်/နေ့)ဆက်စပ်စက်ရုံများ
သန်လျင်ရေနံချက်စက်ရုံ၂၀,၀၀၀Crude Oil Distillation Unit B,C: SBP Plant, LPG Terminal; Lube Blending Plant, Delayed Coker Unit; Candle Factory
ချောက်ရေနံချက်စက်ရုံ၆,၀၀၀Wax Extraction Plant; Candle Factory
သံပရာကန်ရေနံချက်စက်ရုံ၂၅,၀၀၀Topper Unit , Reformer Unit , Smoke Point Improving Unit, Delayed Coker Unit and LPG Recovery Unit
စုစုပေါင်းစက်စွမ်းအား၅၁,၀၀၀

ရေနံထွက်ပစ္စည်းများနှင့် ရဲတံခွန် Condensate များဝယ်ယူတင်သွင်းမှု

[ပြင်ဆင်ရန်]

ပြည်တွင်းလိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်ပမှ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ ဂျက်လေယာဉ်ဆီ၊ မီးထိုးဆီ၊ ရေနံဓာတ်ငွေ့ရည် (Liquified Petroleum Gas LPG) နှင့် စက်ဆီ၊ ချောဆီကုန်ကြမ်းများကို Term Supply (Deferred Payment) အနေဖြင့်လည်းကောင်း Spot အနေဖြင့်လည်းကောင်း ဝယ်ယူတင်သွင်းလျက်ရှိသည်။ တစ်နှစ်လျှင် ဒီဇယ်ဆီ စည်ပေါင်း ၁.၀၀ သန်း မှ ၁.၅၀ သန်းခန့် ပြည်ပမှ နှစ်စဉ်တင်သွင်းလျက်ရှိသည်။ ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ရဲတံခွန်ကမ်းလွန်သဘာဝ ဓာတ်ငွေ့မြေမှ ထွက်ရှိလာသည့် Condensate များကို အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) တွင် အောင်မြင်စွာ စမ်းသပ်ချက်လုပ်နိုင်ခဲ့သည်။ ရဲတံခွန် Condensate များကို နိုင်ငံခြားဆီတင်သင်္ဘောများဖြင့်သယ်ယူ၍ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)သို့ ပေးပို့ချက်လုပ်လျက်ရှိသည်။ ရေနံ ဓာတုဗေဒစက်ရုံစု(မန်း) အတွက် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) မှ ရဲတံခွန် Condensate များကို ရေနံသယ်ပို့ဌာနပိုင်ဆီတွဲများဖြင့် စက်ရုံသို့သယ်ပို့၍ ပြည်တွင်းရေနံစိမ်းနှင့် ရောစပ်ချက်လုပ်သည်။ ရဲတံခွန် Condensate ကို ချက်လုပ်ခြင်းဖြင့် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီတို့ အဓိကထွက်ရှိသည်။

ရေနံချက်စက်ရုံအသစ်တည်ဆောက်ခြင်း

[ပြင်ဆင်ရန်]

ရေနံချက်စက်ရုံအသစ်တည်ဆောက်ခြင်း စီမံကိန်းကို ရခိုင်ပြည်နယ်ကျောက်ဖြူမြို့အနီးမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံကူမင်းမြို့အထိ သွယ်တန်းမည့် အရှည် ၂၇၆၀ ကီလိုမီတာ၊ အချင်း ၃၂ လက်မရှိ ရေနံစိမ်းပိုက်လိုင်းမှ Tapping ထုတ်ယူပြီး မြန်မာပြည်အလယ်ပိုင်းတွင် တစ်နေ့လျင် စည်ပေါင်း ၅၆,၀၀၀ ချက်လုပ်နိုင်မည့် ရေနံချက်စက်ရုံအသစ် တစ်ရုံ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

ဓာတ်မြေဩဇာစက်ရုံများ

[ပြင်ဆင်ရန်]

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းသည် တစ်နေ့လျင် ယူရီးယားဓာတ်မြေဩဇာ စုစုပေါင်း တန် ၁,၀၁၂ တန် ထွက်ရှိသည့် အောက်ပါ ဓာတ်မြေဩဇာစက်ရုံ ၃ရုံအား လည်ပတ်ထုတ်လုပ်လျက်ရှိသည်။

  1. အမှတ်(၁) စလေ
    1. စက်ရုံ (က)
    2. စက်ရုံ (ခ)
  2. အမှတ်(၂)ကျွန်းချောင်း
  3. အမှတ်(၃)ကျော်စွာ

ပြည်တွင်းသုံးစွဲမှုအား ဖြည့်ဆည်းပေးရန်အတွက် ညောင်တုန်းသဘာဝဓာတ်ငွေ့မြေမှ သဘာဝ ဓာတ်ငွေ့ကိုအသုံးပြု၍ တစ်နေ့တန် ၅၀၀ ကျ ယူရီးယားဓာတ်မြေဩဇာစက်ရုံ ၂ ရုံအား ထပ်မံတည်ဆောက်ခဲ့သည်။ အဆိုပါစက်ရုံနှစ်ရုံအား ရန်ကုန်တိုင်းဒေသကြီးမှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာအနီးတွင် တစ်ရုံနှင့် ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့အနီးတွင် တစ်ရုံ ဖြစ်ပြီး စက်ရုံ ၂ရုံ လုံးမှာ စက်စမ်းသပ် လည်ပတ်ဆဲဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. "မြန်မာ့​ရေနံဓာတုဗေဒ လုပ်ငန်း"၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန Archived from the original on 17 April 2019။