တိုင်းလိုင်လူမျိုး

ဝီကီပီးဒီးယား မှ
၀၆:၂၄၊ ၁၇ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 0 ခုကို ကယ်ဆယ်ပြီး 3 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
ရှမ်းနီ လူမျိုး

ရှမ်းနီ (ခေါ်) တိုင်းလျမ်လူမျိုးများသည် ရှမ်းလူမျိုးတစ်မျိုးဖြစ်ပြီး၊ မြန်မာပြည် အထက်ပိုင်း ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ပင်လယ်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်အင်းတော်ကြီးမြစ်ကြီးနား၊ ဝိုင်းမော်၊ ဆင်ဘိုတာလောကြီး၊ ဟိုပင်၊ ဟုမ္မလင်းနှင့် သောင်သွပ်ဒေသ၊ ဟောင်းပါး၊ လုံးခင်း၊ ဖားကန့်၊ စသည့်ဒေသများနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသများတွင် ကျယ်ပြန့်စွာ နေထိုင်ကြသည်။ ရှမ်းစကားကို ပြောကြဆဲဖြစ်ပြီး၊ ယခုအခါတွင် စကားပြော တိမ်ကောစပြုလာပြီဖြစ်သည်။ ယဉ်ကျေးမှုအားဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့်အတော်နီးစပ်သည်။ ယခင်ကကိုယ်ပိုင်စာပေရှိခဲ့ကြပြီး အင်းတော်ကြီးသမိုင်းစသည်တို့ကို ရှမ်းနီဘာသာဖြင့်ရေးသားခဲ့ကြသည်။ ယခုအခါတွင်လေ့လာသူမရှိတော့သဖြင့် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သည်။ လူမျိုးအားဖြင့်လည်း ရှမ်းနီဘာသာစကားကိုပြောဆိုခြင်းနည်းပါးလာသဖြင့် လူမျိုးပျောက်လုပြီဖြစ်သည်။

တောတောင်ရေမြေ အများစုမှာ ရှမ်းနာမည်များ ဖြစ်လေ့ရှိပြီး၊ ကာလရွေ့လျော၍ မြန်မာသံပေါက်နေ သောဒေသများ ဖြစ်သည်။ ထိုဒေသ ရှမ်းတို့၏ ရိုးရာ အစားအစာများမှာ ပေါင်းတင်း၊ ခေါပုပ်၊ ငါးချဉ်၊ ညောင်ချဉ်၊ မုန့်ညင်းပေါင်း၊ မုန်ညင်းလှော်၊ မုန့်ညင်းချဉ်၊ မြစ်ရေစိမ်၊ မြစ်ချဉ်၊ မှိုချဉ် စသည့် ဒေသထွက် အစား အစာများဖြစ်သည်။


ကိုးကား


ပြင်ပလင့်ခ်များ