မာတိကာသို့ ခုန်သွားရန်

မရမာ လူမျိုး

ဝီကီပီးဒီးယား မှ
(မရမာလူမျိုး မှ ပြန်ညွှန်းထားသည်)
Marma
မရမာ
Marma Dance
လူဦးရေ စုစုပေါင်း
(၂၁၀,၀၀၀)
အများစု နေထိုင်သည့် နေရာ
 ဘင်္ဂလားဒေ့ရှ်: Bandarban, Khagrachari, Patuakhali and Bargunas၁၅၇,၃၀၁
 မြန်မာ: ရခိုင်ပြည်နယ်မသိရ
 အိန္ဒိယ: တြိပူရမသိရ
ဘာသာစကား
ရခိုင်ဘာသာစကားဗမာဘာသာစကားစစ်တကောင်း ဘာသာစကား
ကိုးကွယ်မှု
ထေရဝါဒ ဗုဒ္ဓဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ရခိုင်လူမျိုးကမန်လူမျိုးဗမာလူမျိုးသက္ကမလူမျိုး အခြားတိဗက်-ဗမာလူမျိုးများ

မြန်မာနိုင်ငံမှ တရားဝင် အသိမှတ်ပြုထားသည့် ၁၃၅ မျိုးသော တိုင်းရင်းသားတစ်ခုဖြစ်သည်။

မာရမာ(အင်္ဂလိပ်: Marma)လူမျိုးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်တကောင်းတောင်တန်းဒေသ နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ တောင်တန်းများတွင် အခြေချနေထိုင်သော တိဗက်-ဗမာအုပ်စုဝင် လူမျိုးစုတစ်ခုဖြစ်သည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ တရားဝင် သတ်မှတ်ထားသော မျိုးနွယ်စု(၁၃၅)မျိုးတွင် ပါဝင်သည်။

ဘုရင့်နောင်၏အရိုက်အရာကို ဆက်ခံသည့်သားတော် နန္ဒဘုရင်လက်ထက်တွင် ဟံသာဝတီထီးနန်းသည် ရခိုင်မင်းနှင့် တောင်ငူမင်းတို့ ပူးပေါင်းတိုက်ခိုက်သဖြင့် ပျက်စီးသွားခဲ့ရ၏။ ရခိုင်တို့သည် ကမ္ဘောဇသာဒီနန်းတော်ကို မီးရှို့ဖျက်ဆီးပြီး ဘုရင့်နောင်၏ ဆွေတော်မျိုးတော် မင်းညီမင်းသားများကို ရခိုင်၊ ထိုမှတဆင့် ထိုအချိန်က ရခိုင်ပိုင် ဘင်္ဂလားနယ်၊ စစ်တကောင်းဒေသသို့ ပို့ဆောင်ခဲ့သည်။ ထိုသူတို့မှဆင်းသက်ပေါက်ဖွားလာကြသူများကို မရမာဟုခေါ်ဆိုကြပြီး ယခုအခါတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အထင်အရှားနေထိုင်လျက်ရှိကြသေးသည်။[]

ဘာသာစကား

[ပြင်ဆင်ရန်]

မရမာဘာသာစကားသည် တရုတ်-တိဗက်ပင်မအုပ်စုကြီး၏ တိဗက်-ဗမာအုပ်စုမှ လိုလို-ဗမာဘာသာစကားတွင်ပါဝင်သော ဗမာနွယ်ဘာသာစကားများ မှ ဗမာဘာသာစကား၏ ဒေသိယသံတစ်ခုဖြစ်သည်ဟု ဘာသာဗေဒပညာရှင်များက ဆိုထားသည်။ ရခိုင်လေသံဝဲနှင့်တိုက်ရိုက် ဆက်နွယ်မှုရှိပြီး အသံထွက်နှင့် အချို့ သဒ္ဒါပုံစံများ တူညီနေသည်။[][]

မျိုးရိုးဗီဇ

[ပြင်ဆင်ရန်]

မျိုးရိုးဗီဇသုတေသနများအရ မရမာတို့သည် တိဗက်-ဗမာလူမျိုးများ၏ ဗမာအုပ်စုနီးစပ်ရာ မှာပါဝင်ပြီး ဗမာလူမျိုးရခိုင်လူမျိုးတို့နှင့် သွေးဆက်အသွယ်အဆက် တိုက်ရိုက်ရှိကြသည်။ Y-DNA Haplogroup အနက်တွင် O-M175 (အရှေ့အာရှနှင့် တိဗက်-ဗမာမျိုးနွယ်များအတွင်း တွေ့ရသည့် မျိုးရိုးဗီဇ) ပိုများပြီး၊ တချို့တွင် R1a(အိန္ဒိယသက်ရောက်မှု) ကိုလည်း တွေ့နိုင်သည်။[][]

ယဉ်ကျေးမှု

[ပြင်ဆင်ရန်]

မရမာတို့သည် ယဉ်ကျေးမှုအနက် ရခိုင်လူမျိုးနှင့် အလွန်နီးစပ်ပြီး၊ အဝတ်အစား၊ အိမ်ရာပုံစံ၊ ပွဲတော်ပုံစံများမှာ တူညီမှုများစွာ တွေ့ရသည်။ ထေရဝါဒဗုဒ္ဓဘာသာ ကို အဓိကကိုးကွယ်ကြပြီး မြန်မာနိုင်ငံနှင့် တူညီသောရေကစားပွဲတော်များကို ကျင်းပကြသည်။[][]

ကိုးကား

[ပြင်ဆင်ရန်]
  1. Myanmar People 24 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2013 တွင် ပြန်စစ်ပြီး။
  2. Thurgood, Graham & LaPolla, Randy J. (2003). The Sino-Tibetan Languages. Routledge. pp. 228–229.
  3. Lewis, M. Paul, ed. (2009). Ethnologue: Languages of the World, 16th Edition. Dallas: SIL International.
  4. Gayden, T. et al. (2007). "The Himalayas as a Directional Barrier to Gene Flow". The American Journal of Human Genetics. 80 (5): 884–894.
  5. van Driem, George (2007). The Diversity of the Tibeto-Burman Languages. Brill.
  6. Lehman, F.K. (1963). The Structure of Chin Society. Urbana: University of Illinois Press.
  7. Encyclopedia of World Cultures (1996). South Asia. Macmillan Reference USA.