၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း
ဤ ဆောင်းပါး သည် လတ်တလော အဖြစ်အပျက် ကို တင်ပြထားခြင်း ဖြစ်သည်။ ဤဆောင်းပါးပါ သတင်း အချက်အလက်များ သည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။ (February 2021) |
၂၀၂၁ မြန်မာနိုင်ငံအာဏာသိမ်းခံရခြင်း (2021 Myanmar coup d'état) | |||||||
---|---|---|---|---|---|---|---|
မြန်မာ့နိုင်ငံရေးပဋိပက္ခများသမိုင်း၏ တစ်စိတ်တစ်ပိုင်း | |||||||
ဖမ်းဆီးခံရသော အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဝဲ) နှင့် အာဏာသိမ်းပိုက်ခဲ့သော ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် (ယာ) | |||||||
| |||||||
အစိုးရ-တပ်မတော် | |||||||
မြန်မာအစိုးရ | တပ်မတော် | ||||||
တပ်မှူးများနှင့် ခေါင်းဆောင်များ | |||||||
အောင်ဆန်းစုကြည် (နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်) ဝင်းမြင့် (မြန်မာနိုင်ငံသမ္မတ) |
မင်းအောင်လှိုင် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) မြင့်ဆွေ (မြန်မာနိုင်ငံဒုသမ္မတ) | ||||||
အသေအပျောက် | |||||||
မသိရှိရသေး |
ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တစိတ်တဒေသ ဖြစ်သည် |
|
တရားစီရင်ရေး
|
လတ်တလော ရွေးကောက်ပွဲများ
|
အဝေးရောက်အစိုးရအဖွဲ့
|
အခြားအကြောင်းအရာများ |
မြန်မာနိုင်ငံ မုခ်ဝ |
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းပိုက်မှုဖြစ်ပွားခဲ့သည်။ မနက်ပိုင်းအချိန်တွင် မြန်မာ့တပ်မတော်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အခြားသောပါတီဝင်များကို ဖမ်းဆီးခဲ့လေသည်။[၂][၃] ထို့နောက်တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်အရေးပေါ်အခြေအနေကိုကြေညာခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်အား အာဏာလွှဲပြောင်းခဲ့သည်။[၄][၅][၆] အာဏာသိမ်းပိုက်ပြီးမကြာမီတွင် ဒေါ်အောင်ဆန်းစုကြည်အား ဝေါ်ကီတော်ကီပိုင်ဆိုင်မှုဖြင့်လည်းကောင်း ဦးဝင်းမြင့်ကို ကိုဗစ်ကာလ၌ ကျန်းမာရေးထုတ်ပြန်ချက်များကို မလိုက်နာခြင်းကြောင့်လည်းကောင်းတရားစွဲဆိုခဲ့သည်။[၇][၈][၉][၁၀]
နောက်ခံသမိုင်းကြောင်း
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင်လွှတ်လပ်ရေးရပြီးနောက် တိုင်းပြည်အတွင်း မတည်ငြိမ်မှုများဖြစ်ပေါ်လာခဲ့သည်။ ၁၉၅၈ နှင့် ၁၉၆၀ အကြားတွင် တပ်မတော်သည် ဝန်ကြီးချုပ်ဦးနုအစား တိုင်းပြည်ကိုခေတ္တအုပ်ချုပ်ခဲ့သည်။[၁၁] ၁၉၆၀ တွင် ရွေးကောက်ပွဲ ကိုကျင်းပပေးခဲ့သော်လည်း[၁၂] ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းသည် အာဏာသိမ်းပိုက်ခဲ့လေသည်။[၁၃]
၁၉၈၈ ခုနှစ်တွင် အရေးအခင်းကြီးဖြစ်ခဲ့ရာ ဦးနေဝင်းအစိုးရကို ဖြုတ်ချနိုင်ခဲ့လေသည်။ သို့သော် တပ်မတော်ဦးစီးသော နအဖအဖွဲ့သည် ချက်ချင်းအာဏာသိမ်းပိုက်ခဲ့သည်။[၁၄] ၁၉၉၀ ခုနှစ်တွင် ရွှေးကောက်ပွဲကို ကျင်းပခဲ့ရာ ဒေါ်ဆောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အနိုင်ရခဲ့လေသည်။ သို့သော်တပ်မတော်သည် ထိုရလဒ်များကို အသိအမှတ်မပြုခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချခဲ့သည်။[၁၅][၁၆][၁၇]
စစ်တပ်အစိုးရသည် ၂၀၁၁ ခုနှစ်တွင်ပြီးဆုံးခဲ့သော်လည်း အရပ်သားအစိုးရ၏ပါတီမှာ စစ်တပ်ကသာဖွဲ့စည်းထားခြင်းဖြစ်သည်။[၁၈] ၂၀၁၅ ခုနှစ်၏ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်ထပ်မံ၍ အနိုင်ရရှိခဲ့သည်။ သို့သော် လွှတ်တော်၏ နေရာများအနက် ၂၅ ရာခိုင်နှုန်းကိုတပ်မတော်က နေရာယူထားသည်။[၂][၁၉]
၂၀၂၀ ခုနှစ်၏ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်နေရာ ၄၇၆ နေရာအနက် ၃၉၆ နေရာကိုအနိုင်ရရှိခဲ့ရာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်ထက်ပင် ပို၍များပြားသည်။ တပ်မတော်၏ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကမူ နေရာ ၃၃ နေရာသာ အနိုင်ရရှိခဲ့သည်။[၂] ထိုအခါတပ်မတော်သည် ရွေးကောက်ပွဲရလဒ်များကို အမှန်မဟုတ်ကြောင်းစွပ်စွဲခဲ့သည်။[၂၀] သို့ဖြစ်ရာ ပြင်သစ်၊ အမေရိကန်နှင့် ဩစတြေးလျနိုင်ငံတို့သည် အာဏာသိမ်းပိုက်နိုင်သည့်အကြောင်းနှင့်ပတ်သက်၍ စိုးရိမ်ခဲ့ကြသည်။[၂][၂၁]
ဖြစ်ရပ်များ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်သည် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် အခြားသောပါတီခေါင်းဆောင်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည် ဟုဆိုသည်။[၂၂] မိမိကိုလည်းတပ်မတော်မှ လာရောက်ဖမ်းဆီးနိုင်ချေရှိကြောင်းလည်းပြောဆိုခဲ့သည်။[၂၃] ထို့အပြင် အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများမှာလည်း ရုတ်တရက်ပျောက်ဆုံးသွားလေသည်။[၂၄][၂၅][၂၆]
ရွေးကောက်ခံကိုယ်စားလှယ်များ အယောက် ၄၀၀ ခန့်ကို နေပြည်တော်၏ အစိုးရအိမ်များ၌ နေအိမ်အကျယ်ချုပ်ချခဲ့သည်။[၂၇] ထိုအခါ NLD သည် ထိုဖမ်းဆီးခံရသောသူတို့အား ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ နေထိုင်နိုင်အောင်စီစဉ်ပေးခဲ့သည်။[၂၈] ဆိုရှယ်မီဒီယာအသုံးပြုသူများသည် ထိုကိုယ်စားလှယ်များကိုအိမ်တွင်း၌သာ လွှတ်တော်အစည်းအဝေးစတင်ရန် ပြောဆိုခဲ့ကြသည်။ သို့ဖြစ်ရာတပ်မတော်သည် ထိုကိုယ်စားလှယ်များအား ၂၄ နာရီအတွင်း အစိုးရနေအိမ်များမှ ထွက်ခွာရန်အမိန့်ပေးခဲ့သည်။[၂၈] ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် NLD လွှတ်တော်အမတ်အယောက် ၇၀ တို့သည် စစ်အစိုးရကိုဆန့်ကျင်သောအားဖြင့် လွတ်တော်အစည်းအဝေးစတင်သကဲ့သို့ သစ္စာဆိုကတိပြုခဲ့ကြသည်။[၂၉]
ထို့အပြင် တပ်မတော်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသော မြဝတီမင်းကြီးကျောင်း ဆရာတော်နှင့် ရွှေညဝါဆရာတော်တို့အား ဖမ်းဆီးခဲ့သည်။[၃၀][၃၁] ရှစ်လေးလုံးတွင်ပါဝင်ခဲ့သူ ကို မြအေးအားလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။[၃၂] နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (Assistance Association for Political Prisoners) အဖွဲ့၏အဆိုအရ လွှတ်တော်အမတ် ၁၃၃ ဦးနှင့် ပြည်သူလှုပ်ရှားမှုအတွက်တက်ကြွသူ ၁၄ ဦးတို့ကိုဖမ်းဆီးထားသည်။[၃၀]
နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် တပ်မတော်စစ်သားများကို တွေ့မြင်ခဲ့ရသည်။[၃၃] မြဝတီရုပ်မြင်သံကြားမှစစ်တပ်သည်တိုင်းပြည်ကို စတင်အုပ်ချုပ်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။[၃၄][၃၅] ဒုသမ္မတဦးမြင့်ဆွေသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တရားဝင် အာဏာလွှဲပြောင်းမှု မရှိသော်လည်း ယာယီသမ္မတဖြစ်လာခဲ့ရာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နိုင်ငံတော်ကိုအရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့လေရာ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အား အာဏာလွှဲပြောင်းခဲ့သည်။[၃၆] အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည်တိုင်းပြည်ကို တစ်နှစ်မျှအုပ်ချုပ်မည်ဖြစ်ကြောင်းနှင့် ထိုတစ်နှစ်ပြီးပါကရွေးကောက်ပွဲကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။[၃၇]
မြန်မာနိုင်ငံဘဏ်များအသင်း၏ အဖွဲ့ဝင်ဘဏ်များသည် ငွေကြေးရေးလုပ်ငန်းများကို ရပ်ဆိုင်းထားရသည်။[၃၈] တပ်မတော်သည် ပြည်ထောင်စုဝန်ကြီးအသစ် ၁၁ ဦး ကို ခန့်အပ်ကြောင်းကြေညာခဲ့သည်။[၁] ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့သည်။[၃၉][၄၀]
ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ကို ရဲတပ်ဖွဲ့ကဝင်စီးခဲ့ရာ သူမအားနိုင်ငံခြားမှဆက်သွယ်ရေးကိရိယာများ (ICOM စကားပြောစက် ၁၀ လုံးနှင့် Jumber 1 လုံးကို) ကို တရားမဝင်တင်သွင်းသည်ဟု တရားစွဲ၍ရမန်ယူခဲ့သည်။[၄၁][၄၂][၄၃][၄၄] ထိုအမှု၏ပြစ်ဒဏ်သည် ထောင်ဒဏ် ၃ နှစ် အပြင် ဒဏ်ကြေးပါပေးဆောင်ရမည်ဖြစ်သည်။[၄၁][၄၅] နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အား ၂၀၂၀ ခုနှစ် စက်တင်ဘာလ နေပြည်တော်တွင် ပြုလုပ်ခဲ့သော Car Campaign တွင် လက်ပြနှုတ်ဆက်ခဲ့သည်ကို လူစုလူဝေးပြုလုပ်သည်ဟူ၍ လည်းကောင်း၊ မဲဆွယ်စည်းရုံးရေး ကာလများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ဥပဒေစည်းကမ်းများကိုလိုက်နာရန် ပျက်ကွက်သည်ဟူ၍ လည်းကောင်း သဘာဝဘေးအန္တရယ်ကာကွယ်ရေး ဥပဒေဖြင့် တရားစွဲ၍ရမန်ယူခဲ့သည်။[၄၂][၄၁] သို့သော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတအား အရေးယူ ဖမ်းဆီး ပိုင်ခွင့် မရှိပေ။
ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဩစတြေးလျန်းလူမျိုး စီးပွားရေးအကြံပေးဖြစ်သူ ရှော(န်) တားနဲလ် (Sean Turnell) အားဖမ်းဆီးခဲ့သည်။[၄၆]
ရွေးကောက်ခံ အစိုးအရအဖွဲ့တင်မြှောက်ခြင်း
ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးတွင် တတိယအကြိမ်မြောက် တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့) ကို Online Video Conferencing ဖြင့် ကျင်းပခဲ့ပြီး ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၇၅ နှင့် လေ့လာသူ အချို့တက်ရောက်ကာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။[၄၇]
ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တတိယအကြိမ်မြောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး (ပထမနေ့) ကို ကျင်းပခဲ့ရာ ရွေးကောက်ခံ ကိုယ်စားလှယ် ၇၄ ဦးအနက် ကိုယ်တိုင်တက်ရောက်သူ ၃၄ ဦး၊ Online Video Conferencing ဖြင့်တက်ရောက်သူ ၃၃ ဦး၊ စုစုပေါင်း ၆၇ ဦး တက်ရောက်ခဲ့ပြီး ကျန် ၇ ဦးမှာ စစ်တပ်က ဖမ်းဆီးထားသဖြင့် မတက်ရောက်နိုင်ခဲ့ပေ။[၄၈]
ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တတိယအကြိမ်မြောက် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး (ပထမနေ့) ကို Online Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ ရွေးကောက်ခံ ကိုယ်စားလှယ် ၂၁ ဦးအနက် ၁၈ ဦး တက်််ရောက်ခဲ့ပြီး ကျန် ၃ ဦးမှာ စစ်တပ်က ဖမ်းဆီးထားသဖြင့် မတက်ရောက်နိုင်ခဲ့ပေ။[၄၉]
သိမ်းပိုက်ခြင်းအကြောင်းအရင်း
တပ်မတော်မှအာဏာသိမ်းပိုက်ခြင်းအကြောင်းအရင်းကို သေချာစွာမသိရသေးပေ။ တပ်မတော်သည် မဲစာရင်းမှားယွင်းမှုသည် နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်သည်ဟုဆိုခဲ့သည်။[၅၀] အာဏာမသိမ်းပိုက်မှီရက်အနည်းငယ်အကြာတွင် ရွေးကောက်ပွဲကော်မရှင်သည် စစ်တပ်၏စွပ်စွဲမှုကို သက်သေပြနိုင်ခြင်းမရှိသောကြောင့်ငြင်းပယ်ခဲ့သည်။[၅၁] ထိုသို့အာဏာသိမ်းပိုက်ရခြင်း၏ အကြောင်းအရင်းမှာ တပ်မတော်မှနိုင်ငံကို ဆက်လက်အုပ်ချုပ်လိုခြင်းကြောင့် ဖြစ်သည်ဟုဆိုကြသည်။[၅၂][၅၃]
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အသက် ၆၅ နှစ် ပြည့်သောအခါတွင် ရာထူးမှအနားယူရမည်ဖြစ်ရာ လက်ရှိတာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်မင်းအောင်လှိုင်သည် ၂၀၂၁ ဇူလိုင်လတွင် အနားယူရတော့မည်ဖြစ်သည်။[၅၄] ဗိုလ်ချုပ်မင်းအောင်လှိုင်အားဆက်ခံမည့်သူသည် ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံတော်သမ္မတကသာလျှင် ရွေးချယ်တင်မြှောက်နိုင်သည်။[၅၄] သို့ဖြစ်ရာမင်းအောင်လှိုင်အနားယူသောအခါ နိုင်ငံတကာတရားရုံးများမှသူ့အား ရိုဟင်ဂျာပြဿနာများနှင့် အခြားစစ်ရာဇဝတ်မှုများဖြင့် တရားစွဲနိုင်မည်ဖြစ်သည်။[၅၅][၅၆] ရာထူးမှအနားယူပြီးနောက်သူသည် နိုင်ငံရေးကိုဆက်လက်လုပ်ဆောင်မည်ဟုလည်း အရိပ်အမြွှက်ပြခဲ့သည်။[၅၆]
Justice For Myanmar အဖွဲ့သည် မင်းအောင်လှိုင်မိသားစုတွင် စီးပွားရေးကိစ္စရပ်များရှိသောကြောင့် စီးပွားရေးအဆင်မပြေမှုမဖြစ်စေရန် အာဏာသိမ်းပိုက်ခြင်းဖြစ်သည်ဟုဆိုခဲ့သည်။[၅၇] မင်းအောင်လှိုင်သည် စစ်တပ်ပိုင်ဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက်တို့ကိုချုပ်ကိုင်ထားပါသည်။ [၅၈] သူ၏သားသမီးများသည်လည်း စီးပွားရေးဆိုင်ရာနယ်ပယ်အချို့ကို ပိုင်ဆိုင်ထားပါသည်။[၅၇]
အာဏာမသိမ်းမှီရက်အနည်းငယ်အကြာက International Monetary Fund သည် ကိုဗစ်ရောဂါကာကွယ်နိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား အမေရိကန်ဒေါ်လာ ၃၅၀ မီလီယံ ပေးအပ်ခဲ့သည်။[၅၉] ထိုရန်ပုံငွေကို ထိုအဖွဲ့မှပြန်ယူခြင်းမရှိဘဲ ပေးအပ်ထားပါသည်။[၅၉] နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ မေးမြန်းခံရသောအခါ IMF သည် အစိုးရပြည်သူ၏အလိုအတိုင်း ငွေကိုသုံးဆောင်သွားမည် ဟူ၍သာဆိုခဲ့သည်။[၆၀] ဗဟိုဘဏ်၏အကြီးအကဲဖြစ်သူသည် စစ်တပ်မှဖြစ်ကြောင်းနှင့်ပက်သက်၍ ပြောဆိုခြင်းမရှိခဲ့ပေ။[၆၀][၆၁]
ဥပဒေအရသုံးသပ်မှု
တပ်မတော်၏အာဏာသိမ်းပိုက်မှုကို ဥပဒေလေ့လာသူများက မေးခွန်းထုတ်ခဲ့ကြသည်။[၆၂] NLD အစိုးရသည် တပ်မတော်၏ဥပဒေအသုံးချမှုကို ငြင်းပယ်ခဲ့ကြသည်။[၆၃][၆၄] တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှ ဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ တို့ကိုအသုံးပြုခဲ့၍ အာဏာသိမ်းပိုက်ခဲ့သည်။[၆၅] သို့သော်ဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်သမ္မတကသာလျှင် နိုင်ငံတော်အရေးပေါ်အခြေအနေကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်တိုင်ပင်ပြီးမှသာ ကြေညာနိုင်စွမ်းရှိသည်။[၆၆] ထို့သို့ကြေညာပြီးမှသာလျှင် ဥပဒေပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲနိုင်မည်ဖြစ်သည်။[၆၆] အာဏာမသိမ်းပိုက်ခင်အချိန်တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များမှာ ပြည်သူများကရွေးကောက်တင်မြှောက်ထားသည့် အဖွဲ့ဝင်များပင်ဖြစ်သည်။ သို့သော်တပ်မတော်သည် ထိုကောင်စီကို ဗိုလ်ချုပ်မင်းအောင်လှိုင်ကသာ ဦးဆောင်သည်ဟုဆိုခဲ့ရာ ဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ တို့ကိုအသုံးချခဲ့သည်။[၆၇] ထိုသို့ဥပဒေများကို အသုံးချခဲ့သော်လည်း အစိုးရ၏တရားဝင်အတည်ပြုမှုမပါရှိခဲ့သောကြောင့် တပ်မတော်အနေဖြင့် ထိုသို့ပြုလုပ်ရန်တရားဝင်သည် မဝင်သည်မှာ ဝေခွဲမရဖြစ်နေသည်။[၆၈][၆၂]
တုံ့ပြန်မှုများ
ပြည်တွင်း
ဆန္ဒပြမှုများ
ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျန်းမာရေးလုပ်သားများနှင့် အခြားအလုပ်သမားများသည် "ပြည်သူများမလိုက်နာခြင်း"ကို စတင်ပြုလုပ်ခဲ့ကြသည်။[၆၉][၇၀] ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌လည်း "Civil Disobedience Movement" အဖွဲ့ကိုဖွဲ့စည်းခဲ့ရာ follower ပေါင်း ၁၇၀,၀၀၀ ကျော်မျှပါဝင်ခဲ့ကြသည်။[၇၁][၆၄] အစိုးရ၌လုပ်ကိုင်ကြသော အလုပ်သမားများသည် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အနုနည်းဖြင့်ဆန္ဒပြခဲ့ကြသည်။[၆၄][၇၂] ဆေးရုံနှင့် ကျန်းမာရေးအေဂျင်စီ ၁၁၀ ကျော်မှ အလုပ်သမားများပါဝင်ခဲ့ကြသည်။[၇၃][၇၁] ဆရာဆရာမပေါင်း ၁၀၀,၀၀၀ ကျော်နှင့်[၇၁] နိုင်ငံကြားရေးဝန်ကြီးဌာနမှ အဖွဲ့ဝင်ဟောင်းများသည်လည်း ပါဝင်ခဲ့ကြသည်။[၇၃] နေပြည်တော်၏ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အလုပ်သမားများသည်လည်း ဆန္ဒပြခဲ့ကြသည်။[၇၄] ရှစ်လေးလုံးတွင်ပါဝင်ခဲ့သူ မင်းကိုနိုင်သည်လည်း ထိုသို့စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန်အတွက် တိုက်တွန်းခဲ့သည်။[၇၅] ဆန္ဒပြသရာတွင် လက်သုံးချောင်းထောင်ထားခြင်းကို သင်္ကေတပြုခဲ့ကြသည်။[၇၆] အချို့သောအင်တာနက်အသုံးပြုသူများသည် အာရှ၏အွန်လိုင်းဒီမိုကရေစီလှုပ်ရှားမှုဖြစ်သော နို့လက်ဖက်ရည်မဟာမိတ် (Milk Tea Alliance) ဖြင့်ဆန္ဒပြခဲ့ကြပါသည်။[၇၇] ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် Civil Disobedience တွင်စတင်ပါဝင်ခဲ့သည်။[၇၈] "ကမ္ဘာမကြေဘူး" ဟူသောသီချင်းကိုသီဆိုခြင်းဖြင့်လည်း ဆန္ဒပြခဲ့ကြသည်။[၇၉]
ရန်ကုန်မြို့ကဲ့သို့သောမြို့ကြီးများ၌ ညနေ ၈ နာရီ အချိန်တိုင်းတွင် အိမ်တွင်း၌ "cacerolazo" ခေါ် အိုးများနှင့်သံပုံးများကို ရိုက်ခတ်ခြင်းဖြင့် စစ်အစိုးရကိုဆန္ဒပြခဲ့ကြသည်။[၈၀][၈၁][၈၂]
ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စစ်တပ်၏ထုတ်ကုန်များကို အားမပေးခြင်းလုပ်ငန်းကိုလည်းစတင်ခဲ့သည်။[၈၃] ထိုအားမပေးသောထုတ်ကုန်များတွင် Mytel၊ မြန်မာဘီယာ၊ မန္တလေးဘီယာ၊ ဒဂုံဘီယာ စသည်တို့ပါဝင်ကြသည်။[၈၄] စစ်ကိုင်းတိုင်း Mytel ၌ အလုပ်သမား ၇၁ ဦးသည် လုပ်ငန်းမှထွက်ခွာခဲ့ကြသည်။[၇၁]
ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၈ နာရီ၌ အချို့သောရန်ကုန်သားများသည် ဒေါ်အောင်ဆန်းစုကြည်အားစေလွှတ်ရန် ၁၅ မိနစ်မျှထွက်ရောက်ဆန္ဒပြခဲ့ကြသည်။[၈၅] မန္တလေးစည်ပင်မှ အဖွဲ့ဝင် ၆ ယောက်သည် ဖေဖော်ဝါရီလ ၃ ရက်တွင် လုပ်ငန်းမှထွက်ခွာခဲ့သည်။[၈၆] ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မန္တလေးဆေးတက္ကသိုလ်ရှေ့၌ လူအယောက် ၃၀ ဆန္ဒပြခဲ့ကြရာ ဖမ်းဆီးခြင်းခံခဲ့ရသည်။[၈၇][၈၈] ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ လူအယောက်နှစ်သောင်းခန့် လမ်းပေါ်ထွက်ခဲ့၍ အောင်ဆန်းစုကြည်အားလွတ်ပေးရန်ဆန္ဒပြခဲ့ကြသည်။[၈၉] ထို့အပြင် မန္တလေးနှင့် ပြဉ်းမနားမြို့တို့၌လည်း ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။[၉၀]
အင်တာနက်ဖြတ်တောက်မှု
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တပ်မတော်သည် ဖေ့စဘွတ်လူမှုကွန်ရက်ကို "တိုင်းပြည်တည်ငြိမ်လိုသောကြောင့်" ဖေဖော်ဝါရီ ၇ ရက်နေ့အထိပိတ်ပင်ရန် အင်တာနက်ပေးစွမ်းသူများကို အမိန့်ပေးခဲ့သည်။[၉၁] MPT သည်လည်း Facebook messenger၊ Instagram နှင့် WhatsApp တို့ကိုပိတ်ပင်ခဲ့သည်။ တယ်လီနောကမူ ဖေ့စဘွတ်ကိုသာ ပိတ်ပင်ခဲ့သည်။[၉၂][၉၁] ဖေ့စဘွတ်ကို ပြည်သူများမလိုက်နာခြင်းလှုပ်ရှားမှု ပြုလုပ်ရန်အတွက်အသုံးပြုခဲ့ကြပါသည်။[၉၁] ဖေ့စဘွတ်အပိတ်ပင်ခံရသောအခါ အသုံးပြုသူများသည် တွစ်တာသို့ပြောင်းရွှေ့လာခဲ့ရာ #RespectOurVotes၊ #HearTheVoiceofMyanmar၊ #SaveMyanmar. စသည်တို့ကိုရေးခဲ့ကြသည်။[၉၃] ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တပ်မတော်သည် တွစ်တာကိုပါပိတ်ပင်ခဲ့သည်။[၉၄][၉၅] ဖေဖော်ဝါရီလ ၆ ရက်တွင် အင်တာနက်ဝန်ဆောင်မှုကို ပိတ်ပင်ခဲ့သည်။[၉၆] ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကုလသမဂ္ဂမှအင်တာနက်ပြန််််််ဖွင့်ပေးရန် တောင်းဆိုခဲ့သောကြောင့် အင်တာနက် လိုင်းများကိုနေ့လည်တွင်ပြန်ဖွင့်ပေးခဲ့သည်။ သို့သော်လူမှုကွန်ရက်များကိုမူ ဆက်လက်ပိတ်ပင်ထားသည်။[၉၇]
စီးပွားရေး
ထိုင်းနိုင်ငံ၏အကြီးမားဆုံးအိမ်ရာတိုးတက်ရေးစီးပွားရေးဖြစ်သော Amata Corporation သည် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကုန်ကျသော စက်မှုတိုးတက်ရေးဇုန်တည်ဆောက်ခြင်းကို အာဏာသိမ်းပိုက်မှုကြောင့်ရပ်ဆိုင်းထားသည်။[၉၈][၉၉] မြန်မာနိုင်ငံအတွက်ကားထုတ်လုပ်မှုအကြီးဆုံးဖြစ်သော စူဇူကီးသည်လည်း ပြည်တွင်းကားထုတ်လုပ်မှုကို ရပ်ဆိုင်းထားသည်။[၉၈] ရန်ကုန်စတော့အိတ်စချိန်းသည်လည်း ကူးသန်းရောင်းဝယ်ရေးကို ရပ်ဆိုင်းထားသည်။[၉၈] မြန်မာနိုင်ငံ၏ အိမ်ရောင်းဝယ်ရေးလုပ်ငန်းစီးပွားရေးသည်လည်း ၁၀၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့သည်။[၁၀၀] Kirin ကုမ္ပဏီသည်လည်း တပ်မတော်နှင့်လုံးဝ အဆက်အသွယ်ဖြတ်ခဲ့သည်။[၁၀၁][၁၀၂] ပြင်သစ်ရေနံကုမ္ပဏီဖြစ်သော Total SE သည် မိမိ၏ပံ့ပိုးမှုအပေါ် အာဏာသိမ်းပိုက်ခြင်း၏အကျိုးသက်ရောက်မှုကို လေ့လာနေသည်ဟုဆိုခဲ့သည်။[၁၀၃]
နိုင်ငံတကာ
ထိုင်းနိုင်ငံရောက်မြန်မာလူမျိုးအယောက် ၂၀၀ ခန့်နှင့် အချို့သောထိုင်းဒီမိုကရေစီလှုပ်ရှားမှုအတွက် တက်ကြွသူများသည် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။[၁၀၅] ထိုဆန္ဒပြပွဲကိုရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးဖမ်းဆီးခံခဲ့ရသည်။[၁၀၆]
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်လည်း မြန်မာနိုင်ငံသားများသည် ကုလသမဂ္ဂ တက္ကသိုလ်၌ အာဏာသိမ်းပိုက်ခြင်းကို ဆန္ဒပြခဲ့ကြသည်။[၁၀၇] ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဝါရှင်တန်ဒီစီ၏ မြန်မာသံရုံးရှေ့၌ မြန်မာ-အမေရိကန်လူများ အယောက် ၁၅၀ ကျော် ဆန္ဒပြခဲ့ကြသည်။[၁၀၈] စင်္ကာပူရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံအတွက် ဆန္ဒဖော်ထုတ်ခြင်းမပြုလုပ်ရန် သတိပေးခဲ့သည်။[၁၀၉][၁၁၀]
အိန္ဒိယ၊[၁၁၁] ဘင်္ဂလားဒေ့ရှ်၊[၁၁၂] အင်ဒိုနီးရှား၊[၁၁၃] တရုတ်၊[၁၁၄] မလေးရှား၊[၁၁၅] ပါကစ္စတန်၊[၁၁၆] ဖိလစ်ပိုင်၊[၁၁၇] တောင်ကိုရီးယား၊[၁၁၈] စင်္ကာပူ[၁၁၉] စသောနိုင်ငံများသည် အာဏာသိမ်းပိုက်ခြင်းကို စိုးရိမ်ပါကြောင်းနှင့် အစိုးရနှင့်တပ်မတော်တို့သည် ညှိနှိုင်းဆွေးနွေးသင့်ကြောင်း တိုက်တွန်းခဲ့သည်။[၁၂၀] ဩစတြေးလျ၊[၁၂၁][၁၂၂] ကနေဒါ၊[၁၂၃] ပြင်သစ်၊[၁၂၄] ဂျာမနီ၊[၁၂၅] ဂျပန်[၁၂၆] နယူးဇီလန်၊[၁၂၇] စပိန်၊[၁၂၈] ဆွီဒင်၊[၁၂၉] တူရကီ၊[၁၃၀] ယူနိုက်တက်ကင်းဒမ်း[၁၃၁] နှင့် အမေရိကန်နိုင်ငံများ[၁၃၂] သည် ဖမ်းဆီးခံရသူတို့ကိုလွှတ်ပေးသင့်ကြောင်း ရာဇသံအမိန့်ဖြင့်ပြောဆိုခဲ့ကြသည်။[၁၃၃][၁၃၄] အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်သည်လည်း အာဏာသိမ်းပိုက်ခြင်းသည် နိုင်ငံတော်၏ဒီမိုကရေစီကို တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် တပ်မတော်အား လိုအပ်လာလျှင်ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။[၁၃၅][၁၃၆] ကမ္ဘောဒီးယား၊ ဗီယက်နမ် နှင့် ထိုင်းနိုင်ငံတို့သည် ထိုအာဏာသိမ်းခြင်းကိစ္စကို ပြည်တွင်းပြဿနာအဖြစ်နှင့်သာယူဆ၍ ဝင်ရောက်မစွက်ဖက်လိုကြောင်းပြောဆိုခဲ့ကြသည်။[၁၃၇][၁၃၈][၁၃၉]
ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှုးချုပ်ဖြစ်သူ အန်တိုနီရို ဂူတာရက်စ်သည် ထိုသို့အာဏာသိမ်းခြင်းသည် မြန်မာ့ဒီမိုကရေစီကိုထိခိုက်ကြောင်းပြောဆိုခဲ့သည်။[၁၄၀] ထို့အပြင်အာဆီယံအဖွဲ့သည်လည်း နိုင်ငံများအစည်းဝေးခေါ်ယူခဲ့၍ ဆွေးနွေးခဲ့ကြသည်။[၁၄၁][၁၄၂] ဥရောပ သမဂ္ဂသည်လည်း ထိုသို့အာဏာသိမ်းပိုက်ခြင်းနှင့်ပက်သက်၍ ဝေဖန်ခဲ့သည်။[၁၄၃][၁၄၄]
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံ၏ဒီမိုကရေစီပြန်လည်ဖော်ယူရေးနှင့် တပ်မတော်အားပစ်ဒဏ်ပေးနိုင်ရေးအတွက် အစည်းအဝေးခေါ်ယူခဲ့ကြသည်။[၁၄၅][၁၄၆][၁၄၇][၁၄၈] သို့သော်အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံလုံးမှ သဘောတူညီချက်မရရှိခဲ့ပေ။ တရုတ်နှင့်ရုရှားနိုင်ငံတို့သည် အစိုးရနှင့်ပြန်လည်ဆွေးနွှေးလိုသည်ဟုဆိုကာ သဘောတူပေးရန်ငြင်းဆိုခဲ့သည်။ ထို့အပြင် အမြဲတမ်းအဖွဲ့ဝင်များဖြစ်ကြသော တရုတ်နှင့်ရုရှားနိုင်ငံတို့သည် ဗီတိုအာဏာကိုအသုံးပြုခဲ့၍ ထိုသို့ပြုလုပ်ရန်ပိတ်ပင်ခဲ့သည့်အပြင် တရုတ်သည် "အစိုးရပြန်လည်ဖွဲ့စည်းခြင်း" သာဖြစ်သည်ဟုဆိုခဲ့သည်။[၁၄၉] အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများမဟုတ်ကြသော အိန္ဒိယနှင့်ဗီယက်နမ်နိုင်ငံတို့သည် ထိုသို့ဒီမိုကရေစီပြန်လည်ဖော်ယူရေးကို ပြုလုပ်ပေးရန်တောင်းဆိုခဲ့သည်။[၁၅၀]
ဆက်လက်ဖတ်ရှုရန်
- အောင်ဆန်းစုကြည်
- ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း (အင်္ဂလိပ်ဘာသာ)
- ရှစ်လေးလုံးအရေးအခင်း
- တပ်မတော်အစိုးရ (၂၀၂၁)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ကိုးကားချက်
- ↑ ၁.၀ ၁.၁ "Myanmar coup: Aung San Suu Kyi detained as military seizes control" (in en-GB)၊ ဘီဘီစီ၊ 2021-02-01။
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ Beech၊ Hannah။ "Myanmar’s Leader, Daw Aung San Suu Kyi, Is Detained Amid Coup"၊ The New York Times၊ 31 January 2021။
- ↑ "Myanmar military seizes power in coup after detaining Aung San Suu Kyi"၊ The Washington Post။
- ↑ Foundation၊ Thomson Reuters။ Myanmar military seizes power, detains elected leader Aung San Suu Kyi။
- ↑ Myanmar gov't declares 1-year state of emergency: President's Office။
- ↑ Myanmar Leader Aung San Suu Kyi, Others Detained by Military။ VOA (Voice of America) (February 1, 2021)။ 1 February 2021 တွင် ပြန်စစ်ပြီး။
- ↑ "Myanmar State Counsellor and President charged, detained for 2 more weeks" (in en-UK)၊ Myanmar Times၊ 2021-02-03။
- ↑ Adange၊ Christy။ "Myanmar Coup: Aung San Suu Kyi charged with military for “transceiver and handshake”" (in en-NZ)၊ Wall Street Journal၊ 2021-02-04။
- ↑ Quint၊ The။ "Days After Coup, Aung San Suu Kyi Charged for Breaching Import Law" (in en-IN)၊ The Quint၊ 2021-02-04။
- ↑ Solomon၊ Feliz။ "After Myanmar Coup, Aung San Suu Kyi Accused of Illegally Importing Walkie Talkies" (in en-US)၊ Eminetra၊ 2021-02-03။
- ↑ On This Day, The Day Myanmar’s Elected Prime Minister Handed Over Power (in en-US) (2020-09-26)။ 2021-02-01 တွင် ပြန်စစ်ပြီး။
- ↑ Butwell, Richard (1960). "The 1960 Election in Burma". Pacific Affairs 33 (2): 144–157. Pacific Affairs, University of British Columbia.
- ↑ Taylor၊ Robert (2015-05-25)။ General Ne Win။ ISEAS Publishing။ ISBN 978-981-4620-14-7။
- ↑ How A Failed Uprising Set The Stage For Myanmar's Future။ 2021-02-01 တွင် ပြန်စစ်ပြီး။
- ↑ Burma: 20 Years After 1990 Elections, Democracy Still Denied။ 1 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Dieter Nohlen, Florian Grotz & Christof Hartmann (2001) Elections in Asia: A data handbook, Volume I, p611 ISBN 0-19-924958-X
- ↑ Myanmar’s 1990 Election: Born of a Democratic Uprising, Ignored by the Military။ ဧရာဝတီသတင်းဌာန။ 1 February 2021 တွင် ပြန်စစ်ပြီး။
- ↑ How Myanmar's Fragile Push for Democracy Collapsed in a Military Coup။ 2021-02-01 တွင် ပြန်စစ်ပြီး။
- ↑ "As Myanmar opens to the world, the mess inside becomes more apparent"၊ Bloomberg.com။
- ↑ အာဏာမသိမ်းဘူးလို့ ‘မပြောနိုင်’ ဟု တပ်မတော် ခြိမ်းခြောက်
- ↑ Australia joins list of countries warning Myanmar military against staging coup amid fraud claims (in English) (Jan 30, 2021)။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ စစ်တပ်က အာဏာသိမ်းပြီလို့ ယူဆ - NLD ပြောခွင့်ရသူ။ VOA Burmese။
- ↑ Foundation၊ Thomson Reuters။ Aung San Suu Kyi and other leaders arrested, party spokesman says။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Internet disrupted in Myanmar amid apparent military uprising (in en-US) (31 January 2021)။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 February 2021 တွင် ပြန်စစ်ပြီး။
- ↑ ရန်ကုန်၊ နေပြည်တော် အပါအဝင် မြို့ကြီးအများစု အဆက်သွယ်ပြတ်နေ။ ဘီဘီစီမြန်မာ။
- ↑ Myanmar Military Blocks Internet During Coup (in en) (2021-02-02)။ 2021-02-04 တွင် ပြန်စစ်ပြီး။
- ↑ Hundreds of Myanmar MPs under house arrest (in en)။ 2021-02-04 တွင် ပြန်စစ်ပြီး။
- ↑ ၂၈.၀ ၂၈.၁ Myanmar Military Give MPs 24 Hours to Leave Naypyitaw (in en-US) (2021-02-03)။ 2021-02-04 တွင် ပြန်စစ်ပြီး။
- ↑ NLD lawmakers in Nay Pyi Taw defy military, take oath of office (in en-US) (2021-02-04)။ 2021-02-04 တွင် ပြန်စစ်ပြီး။
- ↑ ၃၀.၀ ၃၀.၁ Statement on Recent Detainees in Relation to the Military Coup (2021-02-04)။ 2021-02-04 တွင် ပြန်စစ်ပြီး။
- ↑ Three Saffron Revolution monks among those detained in February 1 raids (in en)။ 2021-02-04 တွင် ပြန်စစ်ပြီး။
- ↑ Coup plunges Myanmar further into a climate of religious nationalism - UCA News (in en)။ 2021-02-04 တွင် ပြန်စစ်ပြီး။
- ↑ "Myanmar's Aung San Suu Kyi 'detained by military', NLD party says"၊ ဘီဘီစီ၊ 1 February 2021။
- ↑ Myanmar military says it is taking control of the country (1 February 2021)။ 1 February 2021 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာ၊ တပ်မတော်ဗိုလ်ချုပ်ဟောင်း လက်ရှိဒုသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ်တာဝန်ယူ
- ↑ Myanmar military stages coup, declares state of emergency for a year (in en) (2021-02-01)။ 2021-02-01 တွင် ပြန်စစ်ပြီး။
- ↑ Myanmar to clarify voter fraud, hold new round of elections (2021-02-01)။ 2021-02-01 တွင် ပြန်စစ်ပြီး။
- ↑ Telecommunications disruptions shut down Myanmar banks (1 February 2021)။ 1 February 2021 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်(၉/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (in my)။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Myanmar military announces new State Administrative Council (2 February 2021)။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ ၄၁.၀ ၄၁.၁ ၄၁.၂ Aung San Suu Kyi, Win Myint to face charges as NLD calls for ‘unconditional’ release (in en-US) (2021-02-03)။ 2021-02-04 တွင် ပြန်စစ်ပြီး။
- ↑ ၄၂.၀ ၄၂.၁ Myanmar police file charges against Aung San Suu Kyi after coup (in English) (Feb 3, 2021)။ 3 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Myanmar police file charges against ousted leader Aung San Suu Kyi under import-export law (in English) (Feb 3, 2021)။ 3 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Myanmar police charge ousted leader Aung San Suu Kyi, days after military coup (in English) (Feb 3, 2021)။ 3 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Detained a Team of Journalists for Flying a Drone။ 2021-02-04 တွင် ပြန်စစ်ပြီး။
- ↑ Myanmar detains Australian adviser to Aung San Suu Kyi; first known arrest of foreign national since coup (in English) (Feb 6, 2021)။ 7 February 2021 တွင် ပြန်စစ်ပြီး။
- ↑ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယအကြိမ်မြောက် ပထမပုံမှန် အစည်းအဝေး ပထမနေ့ ခေါ်ယူ ကျင်းပ
- ↑ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် တတိယအကြိမ်မြောက် ပထမပုံမှန် အစည်းအဝေး ပထမနေ့ ခေါ်ယူ ကျင်းပ
- ↑ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် တတိယအကြိမ်မြောက် ပထမပုံမှန် အစည်းအဝေး ပထမနေ့ ခေါ်ယူ ကျင်းပ
- ↑ Tatmadaw seizes power under state of emergency, to rule for a year (in en-US) (1 February 2021)။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Myanmar election commission rejects military’s fraud claims (29 January 2021)။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Min Aung Hlaing: the heir to Myanmar’s military junta (in en) (1 February 2021)။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Myanmar military appoints ministers after ousting Suu Kyi in coup (in en-GB)။ 2021-02-02 တွင် ပြန်စစ်ပြီး။
- ↑ ၅၄.၀ ၅၄.၁ Could Min Aung Hlaing’s retirement break the political deadlock? (in en-US) (12 January 2021)။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Editor၊ Richard Lloyd Parry, Asia။ "Senior General Min Aung Hlaing’s secret motive for Burma coup" (in en)။
- ↑ ၅၆.၀ ၅၆.၁ General Min Aung Hlaing is the ambitious army chief and international pariah who seized power in Myanmar (in en)။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ ၅၇.၀ ၅၇.၁ Who profits from a coup? The power and greed of Senior General Min Aung Hlaing။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Pierson၊ David (2021-02-02)။ Myanmar's military upended its comfortable status quo by staging a coup. Why? (in en-US)။ 2021-02-02 တွင် ပြန်စစ်ပြီး။
- ↑ ၅၉.၀ ၅၉.၁ Lawder၊ David။ "Days before coup, IMF sent Myanmar $350 million in emergency aid; no precedent for refund" (in en)၊ Reuters၊ 2021-02-03။
- ↑ ၆၀.၀ ၆၀.၁ Lawder၊ David။ "IMF says members to guide decision on whether to recognize Myanmar's military leaders" (in en)၊ Reuters၊ 2021-02-05။
- ↑ Transcript of IMF Press Briefing (in en)။ 2021-02-05 တွင် ပြန်စစ်ပြီး။
- ↑ ၆၂.၀ ၆၂.၁ Crouch၊ Melissa (2021-02-02)။ The power and ambition behind Myanmar’s coup (in en)။ 2021-02-02 တွင် ပြန်စစ်ပြီး။
- ↑ ‘The constitution is invalid now’: NLD patron fires back at military (in en-US) (2021-02-01)။ 2021-02-02 တွင် ပြန်စစ်ပြီး။
- ↑ ၆၄.၀ ၆၄.၁ ၆၄.၂ After coup, medical workers spearhead civil disobedience campaign (in en-US) (2021-02-02)။ 2021-02-02 တွင် ပြန်စစ်ပြီး။
- ↑ "Statement from Myanmar military on state of emergency" (in en)၊ Reuters၊ 2021-02-01။
- ↑ ၆၆.၀ ၆၆.၁ Emergency Powers in Myanmar (in en) (2021-02-01)။ 2021-02-02 တွင် ပြန်စစ်ပြီး။
- ↑ Myanmar latest: NLD calls for Suu Kyi's release (in en-GB)။ 2021-02-02 တွင် ပြန်စစ်ပြီး။
- ↑ "Myanmar coup: Aung San Suu Kyi detained as military seizes control" (in en-GB)၊ BBC News၊ 2021-02-01။
- ↑ Nay Pyi Taw, Mandalay healthcare staff to join 'Civil Disobedience Campaign' (2 February 2021)။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Medics Prepare Civil Disobedience Against Military Rule (in en-US) (2 February 2021)။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ ၇၁.၀ ၇၁.၁ ၇၁.၂ ၇၁.၃ Teachers, students join anti-coup campaign as hospital staff stop work (in en-US) (2021-02-03)။ 2021-02-03 တွင် ပြန်စစ်ပြီး။
- ↑ Myanmar doctors stop work to protest coup as UN considers response (in English) (Feb 3, 2021)။ 3 February 2021 တွင် ပြန်စစ်ပြီး။
- ↑ ၇၃.၀ ၇၃.၁ Myanmar’s Medics Launch Civil Disobedience Campaign Against Coup (in en-US) (2021-02-03)။ 2021-02-04 တွင် ပြန်စစ်ပြီး။
- ↑ စစ်အစိုးရကို နေပြည်တော်က နိုင်ငံ့ဝန်ထမ်းတွေ ကန့်ကွက်ဆန္ဒပြ (in my)။ 2021-02-04 တွင် ပြန်စစ်ပြီး။
- ↑ Veteran activist calls for civil disobedience in wake of coup (in en)။ 2021-02-04 တွင် ပြန်စစ်ပြီး။
- ↑ Myanmar blocks Facebook as resistance grows to military coup (in English) (Feb 5, 2021)။ 5 February 2021 တွင် ပြန်စစ်ပြီး။
- ↑ #MilkTeaAlliance has a new target brewing: Myanmar’s military (in en) (2021-02-04)။ 2021-02-05 တွင် ပြန်စစ်ပြီး။
- ↑ Civilian Disobedience Campaign' takes flight in Myanmar (2021-02-05)။ 2021-02-05 တွင် ပြန်စစ်ပြီး။
- ↑ Songwriter Who Provided ‘Theme Song’ to 8888 Uprising Finally Honored (in en-US) (2018-08-09)။ 2021-02-04 တွင် ပြန်စစ်ပြီး။
- ↑ Myanmar coup: army blocks Facebook access as civil disobedience grows (in en) (2021-02-04)။ 2021-02-04 တွင် ပြန်စစ်ပြီး။
- ↑ Anti-coup protests ring out in Myanmar's main city (in English) (Feb 2, 2021)။ 3 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Myanmar coup latest: UN Security Council stops short of issuing statement (in en-GB)။ 2021-02-02 တွင် ပြန်စစ်ပြီး။
- ↑ Myanmar calls for boycott of Tatmadaw linked products and services (2021-02-03)။ 2021-02-03 တွင် ပြန်စစ်ပြီး။
- ↑ Military Chief’s Family Members Spend Big on Blockbuster Movies, Beauty Pageants (in en)။ 15 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2021 တွင် ပြန်စစ်ပြီး။
- ↑ စစ်အာဏာသိမ်းမှုကို အနုနည်းအာဏာဖီဆန်မှု တချို့ရှိလာခြင်း (in my)။ 2021-02-02 တွင် ပြန်စစ်ပြီး။
- ↑ Mandalay vice mayor, MCDC members resign (2021-02-03)။ 2021-02-03 တွင် ပြန်စစ်ပြီး။
- ↑ Mandalay citizens protest against Tatmadaw rule (2021-02-04)။ 2021-02-04 တွင် ပြန်စစ်ပြီး။
- ↑ Four arrested in Mandalay after street protest against military coup (in en)။ 2021-02-04 တွင် ပြန်စစ်ပြီး။
- ↑ https://www.aljazeera.com/news/2021/2/6/thousands-of-myanmar-protesters-face-off-with-police-in-yangon
- ↑ https://www.irrawaddy.com/news/thousands-take-to-streets-of-myanmar-to-protest-military-takeover.html
- ↑ ၉၁.၀ ၉၁.၁ ၉၁.၂ Staff၊ Reuters။ "Myanmar internet providers block Facebook services after government order" (in en)၊ Reuters၊ 2021-02-03။
- ↑ Directive to block social media service (in en) (2021-02-03)။ 2021-02-04 တွင် ပြန်စစ်ပြီး။
- ↑ Potkin၊ Fanny။ "After Facebook ban, thousands in Myanmar take to Twitter to plead #RespectOurVotes" (in en)၊ Reuters၊ 2021-02-05။
- ↑ Myanmar’s new military government is now blocking Twitter and Instagram (in en-US)။ 2021-02-06 တွင် ပြန်စစ်ပြီး။
- ↑ Directive to block social media services Twitter and Instagram in Myanmar (in en) (2021-02-05)။ 2021-02-06 တွင် ပြန်စစ်ပြီး။
- ↑ Myanmar junta blocks internet access as coup protests expand (2021-02-06)။ 2021-02-06 တွင် ပြန်စစ်ပြီး။
- ↑ Internet access partially restored in Myanmar as protests grow against military coup (in en)။ 2021-02-07 တွင် ပြန်စစ်ပြီး။
- ↑ ၉၈.၀ ၉၈.၁ ၉၈.၂ Thailand's Amata halts $1bn Myanmar property project after coup (in en-GB)။ 2021-02-02 တွင် ပြန်စစ်ပြီး။
- ↑ Thai developer invests $1bn to put Myanmar industry on global map (in en-GB)။ 2021-02-02 တွင် ပြန်စစ်ပြီး။
- ↑ Myanmar's real estate sector crashes (2021-02-05)။ 2021-02-05 တွင် ပြန်စစ်ပြီး။
- ↑ Kirin beer company cuts brewery ties with Myanmar military over coup (in English) (Feb 5, 2021)။ 5 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Kirin, parent company of Australian beer company Lion, cuts ties with Myanmar military after coup (in English) (Feb 5, 2021)။ 5 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Staff၊ Reuters။ "Total assessing impact of Myanmar coup on its projects" (in en)၊ Reuters၊ 2021-02-04။
- ↑ http://www.asahi.com/ajw/articles/14162323
- ↑ ด่วน! ชาว 'เมียนมา' ชู 3 นิ้วบุกประท้วงหน้าสถานทูต ต้านรัฐประหารในประเทศ (in th) (1 February 2021)။ 1 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Myanmar’s military stages coup d’etat: Live news
- ↑ Myanmar workers in Japan protest against Tatmadaw’s actions (2021-02-01)။ 2021-02-01 တွင် ပြန်စစ်ပြီး။
- ↑ ဝါရှင်တန်ဒီစီက မြန်မာစစ်သံရုံးရှေ့မှာ အမေရိကန်ရောက် မြန်မာတွေဆန္ဒပြ (in my)။ 2021-02-04 တွင် ပြန်စစ်ပြီး။
- ↑ Police issues warning against plans to protest in Singapore over current situation in Myanmar (in English) (Feb 5, 2021)။ 5 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Police warn against plans to protest in Singapore over situation in Myanmar (in English) (Feb 5, 2021)။ 5 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Feb 1၊ TIMESOFINDIA COM /။ Deeply concerned by developments in Myanmar, says India (in en)။ 2021-02-01 တွင် ပြန်စစ်ပြီး။
- ↑ "Bangladesh wants democratic process upheld in Myanmar"၊ Dhaka Tribune၊ 2A Media Limited.၊ 1 February 2021။
- ↑ Indonesia Urges All Parties in Myanmar to Exercise Self-Restraint။ Ministry of Foreign Affairs of the Republic of Indonesia။ 1 February 2021 တွင် ပြန်စစ်ပြီး။
- ↑ China 'notes' Myanmar coup, hopes for stability (1 February 2021)။ 1 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Press Release: Latest Situation in Myanmar။ Ministry of Foreign Affairs (Malaysia)။ 1 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Pakistan hopes from all sides in Myanmar to be restraint, work for peace: Zahid Hafeez (in en)။ 2021-02-01 တွင် ပြန်စစ်ပြီး။
- ↑ "Philippines following Myanmar situation with deep concern"၊ Philstar.com၊ 3 February 2021။
- ↑ S. Korea expresses concerns over Myanmar coup (February 1, 2021)။ February 1, 2021 တွင် ပြန်စစ်ပြီး။
- ↑ MFA Spokesperson's Comments in Response to Media Queries on the Detention of Myanmar Leaders and Officials (1 February 2021)။
- ↑ Goldman၊ Russell။ "Myanmar’s Coup, Explained" (in en-US)၊ The New York Times၊ 2021-02-01။
- ↑ Australia joins global condemnation of Myanmar generals (in English) (Feb 1, 2021)။ 3 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Statement on Myanmar။
- ↑ Justin Trudeau on Myanmar: “The democratic process must be respected” (2 February 2021)။
- ↑ https://uk.sports.yahoo.com/news/myanmar-aung-san-suu-kyi-072052284.html
- ↑ https://www.aa.com.tr/en/asia-pacific/germany-condemns-myanmar-coup-in-strongest-terms-/2129847
- ↑ "Japan urges Myanmar military to free Suu Kyi, restore democracy"၊ Manila Bulletin၊ 1 February 2021။
- ↑ Mahuta၊ Nanaia (1 February 2021)။ New Zealand statement on Myanmar။ 1 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Sánchez condena el golpe de Estado en Myanmar y pide vuelta a la democracia (in es) (2021-02-01)။ 2021-02-01 တွင် ပြန်စစ်ပြီး။
- ↑ Foreign Minister condemns military coup in Myanmar။ Sveriges Radio။
- ↑ "Turkey condemns, 'deeply concerned' by coup in Myanmar"၊ Anadolu Agency၊ 1 February 2021။
- ↑ UK condemns military coup in Myanmar (in en)။ Anadolu Agency (1 February 2021)။
- ↑ Statement by White House Spokesperson Jen Psaki on Burma (1 February 2021)။
- ↑ "‘Serious blow to democracy’: World condemns Myanmar military coup" (in en)၊ Al Jazeera၊ 1 February 2021။
- ↑ https://www.aa.com.tr/fr/monde/la-maison-blanche-menace-les-auteurs-du-coup-d%c3%a9tat-militaire-du-myanmar-de-sanctions/2129551
- ↑ Lee, Matthew (February 1, 2021)။ Biden threatens sanctions on Myanmar after military coup။ February 1, 2021 တွင် ပြန်စစ်ပြီး။
- ↑ Statement by President Joseph R. Biden, Jr. on the Situation in Burma (February 1, 2021)။ February 1, 2021 တွင် ပြန်စစ်ပြီး။
- ↑ "West condemns Myanmar coup but Thailand, Cambodia shrug"၊ Bangkok Post၊ Bangkok Post Public Company Ltd.၊ 1 February 2021။
- ↑ "Myanmar's army seizes power, detains Aung San Suu Kyi" (in en-CA)၊ National Post၊ 1 February 2021။
- ↑ "Myanmar military coup: Nordic and Asian reactions"၊ ScandAsia၊ 2 February 2021။
- ↑ Statement attributable to the Spokesperson for the Secretary General - on Myanmar
- ↑ https://www.reuters.com/article/myanmar-politics-asean-int/asean-calls-for-return-to-normalcy-in-myanmar-after-coup-idUSKBN2A124A
- ↑ https://news.detik.com/internasional/d-5357097/negara-negara-asean-bahas-kudeta-militer-di-myanmar
- ↑ https://twitter.com/vonderleyen/status/1356154420459933696
- ↑ Adkins၊ William။ "EU leaders condemn military coup in Myanmar"၊ Politico၊ 1 February 2021။ 1 February 2021 တွင် ပြန်စစ်ပြီး။
- ↑ "UNSC takes no action on coup in Myanmar"၊ Gulf Today၊ 3 February 2021။
- ↑ UN Security Council searches for unity on Myanmar (in English) (Feb 2, 2021)။ 3 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Security Council fails to agree statement condemning Myanmar coup (in English) (Feb 3, 2021)။ 3 February 2021 တွင် ပြန်စစ်ပြီး။ “The UN Security Council has failed to agree on a joint statement condemning Monday’s coup in Myanmar, after a two hour long emergency meeting failed to secure the support of China, a key Myanmar ally and a veto-holding permanent member of the council.”
- ↑ UN Security Council takes no action on Myanmar coup (in English) (February 3, 2021)။ 3 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Myanmar coup: China blocks UN condemnation as protest grows (in English) (Feb 3, 2021)။ 3 February 2021 တွင် ပြန်စစ်ပြီး။
- ↑ "Aung San Suu Kyi could face two years in jail over ‘illegal’ walkie-talkies"၊ The Guardian၊ 3 February 2021။