နယူးဇီလန်နိုင်ငံ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ကိုဩဒိနိတ်: 42°S 173°E / 42°S 173°E / -42; 173

နယူးဇီလန်
Aotearoa (Māori)
Blue field with the Union Flag in the top right corner, and four red stars with white borders to the right.
နယူးဇီလန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အလံတော် အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: "God Defend New Zealand"
(တမ်းပလိတ်:Lang-mi)

"God Save the Queen"[n ၁]
A map of the hemisphere centred on New Zealand, using an orthographic projection.
နယူးဇီလန်နိုင်ငံ၏ တည်နေရာ (အစွန်းအဖျားကျွန်းများ၊ ‌ရော့အမှီအခိုနယ်မြေနှင့် တိုကဲ့လောင်းကျွန်းများပါဝင်သည်)
မြို့တော်ဝယ်လင်တန်မြို့
41°18′S 174°47′E / 41.300°S 174.783°E / -41.300; 174.783
အကြီးဆုံးမြို့အော့ကလန်မြို့
ရုံးသုံး ဘာသာစကားများ
လူမျိုးစု (၂၀၁၈)
ကိုးကွယ်မှု
DemonymNew Zealander
Kiwi (informal)
အစိုးရပြည်ထောင်စု ပါလီမန် စည်းမျဉ်းခံဘုရင်စနစ်
ဒုတိယ အယ်လီဇဘက်
လစ်လပ်
Helen Winkelmann
Jacinda Ardern
ဥပဒေပြုလွှတ်တော်ပါလီမန်
(ကိုယ်စားလှယ်များလွှတ်တော်)
လွတ်လပ်သောအဆင့် ယူနိုက်တက် ကင်းဒမ်းမှ
၁၈၅၆ ခုနှစ် မေလ ၇ ရက်
၁၉၀၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်

၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်
ဧရိယာ
• စုစုပေါင်း
၂၆၈,၀၂၁ km2 (၁၀၃,၄၈၃ sq mi) (အဆင့်: ၇၅)
• ရေထု (%)
၁.၆[n ၄]
လူဦးရေ
• အောက်တိုဘာ ၂၀၂၁ ခန့်မှန်း
Neutral increase ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။[၄] (အဆင့် - 121)
• ၂၀၁၈ သန်းခေါင်စာရင်း
၄,၆၉၉,၇၅၅[၅]
• သိပ်သည်းမှု
[convert: မရေရာသော ကိန်းဂဏန်း] (အဆင့် - 167)
GDP (PPP)၂၀၂၁ ခန့်မှန်း
• စုစုပေါင်း
Increase $၂၂၆.၅၆၆ ဘီလီယံ[၆] (အဆင့် - ၆၄)
• Per capita
Increase $၄၄,၂၂၆[၆] (အဆင့် - ၄၂)
GDP (nominal)၂၀၂၁ ခန့်မှန်း
• စုစုပေါင်း
Increase $၂၄၃.၃၃၂ ဘီလီယံ[၆] (အဆင့် - ၅၀)
• Per capita
Increase $၄၇,၄၉၉[၆] (အဆင့် - ၂၂)
Gini (၂၀၁၉)Negative increase ၃၃.၉[၇]
အလယ်
HDI (၂၀၁၉)Increase ၀.၉၃၁[၈]
အလွန်မြင့် · ၁၄
ငွေကြေးနယူးဇီလန် ဒေါ်လာ ($) (NZD)
အချိန်ဇုန်NZST[n ၅] (UTC+12)
• နွေရာသီ (DST)
NZDT[n ၆] (UTC+13)
ရက်စွဲပုံစံdd/mm/yyyy[၁၀]
ယာဉ်ကြောစနစ်ဘယ်
တယ်လီဖုန်းကုဒ်+၆၄
ISO 3166 ကုဒ်NZ
Internet TLD.nz


နယူးဇီလန်သည် ပစိဖိတ်သမုဒ္ဒရာ၏ အနောက်တောင်ဘက်ပိုင်းတွင် ရှိသော ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မြောက်ဘက်ကျွန်းနှင့် တောင်ဘက်ကျွန်းဟူသော ကုန်းမြေကြီး ၂ ခု နှင့် စတူးဝတ်ကျွန်း/ရာကီအူရာနှင့် ချသန်ကျွန်းများ စသည့် ကျွန်းများ အပါအဝင် ကျွန်းငယ်လေးများစွာပါဝင်သည်။ အစကနဦးနေထိုင်သူ မောင်အိုရီလူမျိုးတိုက နယူးဇီလန်ကို Aotearoa ဟု အမည်ပေးပြီး အင်္ဂလိပ်ဘာသာဖြင့် ရှည်လျားသော တိမ်ဖြူများရှိသည့်မြေ ဟု ပြန်ဆိုကြသည်။ နယူးဇီလန်၏ နယ်မြေတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရသော်လည်း နယူးဇီလန်နှင့် လွတ်လပ်စွာပေါင်းစပ်ထားသော ကွတ်ကျွန်းများနှင့် နျူးဝေး၊ တိုကလို နှင့် အန္တာတိကရှိ နယူးဇီလန်၏ နယ်မြေအဖြစ်သတ်မှတ်ထားသော ရော့စ်လက်အောက်ခံမြေတို့ပါဝင်ကြသည်။

နယူးဇီလန်သည် ပထဝီအနေအထားအရထူးခြားသည်။ တက်စ်မန်ပင်လယ်ခြား၍ ဩစတြေးလျ၏ အရှေ့တောင်ဘက် ၂၀၀၀ ကီလိုမီတာ (၁၂၅၀ မိုင်) အကွာတွင် တည်ရှိသည်။ သူ၏ မြောက်ဘက်ရှိ အနီးဆုံးအိမ်နီးချင်းနိုင်ငံများမှာ နယူးကယ်လီဒိုးနီးယား၊ ဖီဂျီ နှင့် တုံဂါတို့ဖြစ်သည်။ သူ၏ ကာလကြာရှည်စွာ အထီးကျန်ရပ်တည်ခဲ့မှုကြောင့် နယူးဇီလန်တွင် ကွဲပြားခြားနား၍ ငှက်တို့ကြီးစိုးသော တိရစ္ဆာန်မျိုးစုများရှိသော်လည်း အများစုမှာ လူတို့ရောက်ရှိ၍ လူတို့နှင့်အတူပါလာသော နို့တိုက်သတ္တဝါများ ရောက်ရှိလာပြီးသည့် နောက်တွင် မျိုးတုံးသွားခဲ့သည်။

နယူးဇီလန်တွင် နေထိုင်ကြသူအများစုမှာ ဥရောပမှ ဆင်းသက်လာသူများဖြစ်ပြီး အစကနဦးနေထိုင်သူ မောင်အိုရီ လူမျိုးတို့မှာ လူနည်းစုလူမျိုးစုများအနက် ဦးရေအများဆုံးြဖစ်သည်။ အထူးသဖြင့် မြို့ကြီးများ၌ နေထိုင်သူများတွင် မောင်အိုရီများအပြင် အာရှသားနှင့် အခြားပိုလီနီးရှန်းများမှာလည်း ထင်ရှားသော လူမျိုးစုများဖြစ်သည်။ အဲလိဇဘက် ၂ သည် နယူးဇီလန်၏ ဘုရင်မဖြစ်ပြီး နိုင်ငံ၏ အကြီးအကဲလည်းဖြစ်သည်။ သူမအား ဘက်မလိုက်သော ဘုရင်ခံချုပ်က ကိုယ်စားပြုသည်။ ဘုရင်မသည် အကြီးအကဲဖြစ်သော်လည်း တိုင်းပြည်အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ဘုရင်မသည် နိုင်ငံရေးအရ ဩဇာအာဏာမရှိပဲ သူမ၏ ရာထူးသည် ပြယုဂ်သာဖြစ်သည်။ နိုင်ငံ၏ အာဏာကို အစိုးရ၏ အကြီးအကဲဖြစ်သော ဝန်ကြီးချုပ်၏ ဦးဆောင်မှုအောက်တွင် ရှိပြီး ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်တင်မြောက်ထားသော နယူးဇီလန်ပါလီမန်က ချုပ်ကိုင်ထားသည်။

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

သမိုင်း[ပြင်ဆင်ရန်]

ပိုလီနီးရှန်း အခြေချနေထိုင်သူများ[ပြင်ဆင်ရန်]

မောင်အိုရီတို့သည် အရှေ့ပိုလီနီးရှားမှ နယူးဇီလန်သို့ လာရောက် အခြေချကြပြီး သူတို့၏ရှည်လျားသော ပင်လယ်ခရီးစဉ်ကို ထိုနေရာတွင် အဆုံးသတ်ကြသည်။

နယူးဇီလန်နိုင်ငံသည် နောက်အကျဆုံး လူသားတို့ ရောက်ရှိနေထိုင်သည့် ကုန်းမြေများတွင် တစ်ခု အပါအဝင်ဖြစ်သည်။ ပထမဆုံး အခြေချနေထိုင်သူများဟု သိရှိရသူများမှာ အရှေ့ပိုင်းမှ ပိုလီနီးရှန်းများ ဖြစ်ပြီး သုတေသနပညာရှင် အများစုတို့၏ အဆိုအရ အေဒီ ၁၂၅၀-၁၃၀၀ ဝန်းကျင်ခန့်တွင် ကနူးလှေများဖြင့် ရောက်ရှိခဲ့သည် ဟု ဆိုကြသည်။ အချို့သော သုတေသနပညာရှင်တို့၏ အဆိုအရ အစောဆုံးရောက်ရှိနေထိုင်သူများမှာ အေဒီ ၅၀-၁၅၀ ခန့်တွင် ရောက်ရှိခဲ့ကြပြီး ထိုလူစုမှာ သေဆုံးသွားသည် သို့မဟုတ် ကျွန်းကို စွန့်ခွာသွားကြသည်ဟု ယူဆရသည်။ နောက်ထပ်ရာစုနှစ်များတွင် နောက်ဆုံးအခြေချ နေထိုင်သူများသည် ယခုအခါတွင် မောင်အိုရီဟု သိရှိကြသော ကွဲပြားခြားနားသည့် ယဉ်ကျေးမှု တစ်ခုကို တည်ထောင်ခဲ့သည်။ လူဦးရေကို အီဝီ(လူမျိုးစုများ) နှင့် ဟာပူ(လူမျိုးစုကွဲများ) ဟု နှစ်ပိုင်း ခွဲခြားနိုင်ပြီး ထိုနှစ်စုမှာ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ပြိုင်ဆိုင်ခြင်းနှင့် တခါတရံတွင် အချင်းချင်း တိုက်ခိုက်ခြင်းများ ရှိတတ်သည်။ အချိန်ကာလ တစ်ခုတွင် မောင်အိုရီ အဖွဲ့တစ်ဖွဲ့သည် ချာသန်ကျွန်းများသို့ ပြောင်းရွှေ့ခဲ့ကြပြီး ထိုနေရာတွင် သူတို့သည် ကွဲပြားခြားနားသော မောရီ ယဉ်ကျေးမှု တစ်ခုကို ထူထောင်ခဲ့ကြသည်။

ဥရောပမှ စွန့်စားရှာဖွေသူများ[ပြင်ဆင်ရန်]

နယူးဇီလန်သို့ ပထမဆုံး ရောက်ရှိသည်ဟု ယုံကြည်ရသော ဥရောပသားများမှာ ၁၆၄၂ ခုနှစ်တွင် ရောက်ရှိခဲ့သော ဒတ်ခ်ျစွန့်စားရှာဖွေသူ အေဘယ်လ် ဂျန်ဇွန်း တက်စ်မန်း နှင့် သူ၏ သင်္ဘောသားများ ဖြစ်သည်။ မောင်အိုရီတို့သည် သင်္ဘောသား ၄ ယောက်ကို သတ်ပစ်ခဲ့ကြပြီးနောက် ၁၇၆၈-၇၁ ခုနှစ်တွင် ဗြိတိသျှ စွန့်စားရှာဖွေသူ ဂျိမ်းစ်ကွတ် ရောက်ရှိလာသည့် အချိန်အထိ မည်သည့် ဥရောပသားမှ လာရောက်ခြင်း မရှိတော့ပေ။ ကွတ်ခ်သည် နယူးဇီလန်ကို ၁၇၆၉ တွင် ရောက်ရှိခဲ့ပြီး ကမ်းရိုးတန်း တစ်ခုလုံးကို မြေပုံဆွဲခဲ့သည်။ ကွတ်ခ် လာရောက်ပြီးသည့် နောက်တွင် ဥရောပနှင့် မြောက်အမေရိကမှ ဝေလငါးဖမ်း သင်္ဘောများ၊ ဖျံဖမ်း သင်္ဘောများနှင့် ကုန်သွယ်ရေး သင်္ဘောမျိုးစုံတို့ လာရောက်ခဲ့ကြသည်။ သူတို့သည် ဥရောပမှ သတ္တု ပစ္စည်းကိရိယာများနှင့် လက်နက်များကို မောင်ရီတို့၏ သစ်၊ အစားအသောက်၊ လက်မှုပစ္စည်းနှင့် ရေတို့ဖြင့် လဲလှယ်ကြသည်။ ရံဖန်ရံခါ ဆိုသလိုပင် ဥရောပသားတို့သည် ပစ္စည်းပေး၍ လိင်ကိစ္စကို ရယူကြသည်။

အာလူးနှင့် ပြောင်းချောသေနတ်တို့သည် ဥရောပသားတို့ မကြာခဏ ရောက်ရှိလေ့ရှိသည့် မြောက်ဘက်ပိုင်းမှ စတင်၍ တောင်ဘက်သို့ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ပြီး မောင်အိုရီတို့၏ လယ်ယာစိုက်ပျိုးရေးနှင့် စစ်ရေးတို့ကို ပြောင်းလဲစေခဲ့သည်။ အကျိုးဆက်အနေဖြင့် ၁၈၀၁ ခုနှစ်မှ ၁၈၄၀ အတွင်းတွင် တိုက်ပွဲပေါင်း ၆၀၀ ကျော်ဖြစ်စေခဲ့သော ပြောင်းချောသေနတ် စစ်ပွဲများ ဖြစ်စေခဲ့ပြီး လူပေါင်း ၃ သိန်းမှ ၄ သိန်း အထိ သေဆုံးစေခဲ့သည်။ ၁၉ ရာစုအတွင်းတွင် စတင်ဖြစ်ပွားခဲ့သော ရောဂါများမှလည်း မောင်အိုရီတို့၏ လူဦးရေကို ယခင်ထက် ၄၀ ရာခိုင်နှုန်းခန့် လျော့ကျ သွားစေခဲ့သည်။ ၁၉ ရာစု အစောပိုင်းမှ အစပြု၍ ခရစ်ယာန် သာသနာပြု တို့မှာ နယူးဇီလန်တွင် စတင်၍ အခြေချခဲ့ကြသည်။ သူတို့၏ အစပထမ ဦးတည်ရာမှာ လူ့အဖွဲ့အစည်း အတွင်းရှိ အုပ်ချုပ်သူတို့ကို ဆန့်ကျင်သူများသာ ဖြစ်သော်လည်း နောက်ဆုံးတွင် မောင်အိုရီ လူဦးရေ အတော်များများကို ခရစ်ယာန်ဘာသာသို့ ပြောင်းလဲ နိုင်ခဲ့သည်။

ဥရောပ အခြေချ နေထိုင်သူတို့၏ ဥပဒေမဲ့မှုများနှင့် ထိုနယ်မြေအပေါ် ပြင်သစ်တို့၏ စိတ်ဝင်စားမှု ပိုလာခြင်းတို့ကြောင့် ဗြိတိသျှ အစိုးရသည် ဂျိမ်းစ်ဘတ်စ်ဘီကို ၁၈၃၂ တွင် အင်္ဂလိပ် အုပ်ချုပ်သူ အနေဖြင့် စေလွှတ်ခဲ့သည်။ သို့သော် ဘတ်စ်ဘီသည် ဥရောပ အခြေချသူတို့ အပေါ် ဥပဒေ စိုးမိုးမှု ရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ သို့သော်လည်း ပထမဆုံးနိုင်ငံတော် အလံကို ၁၈၃၄ခုနှစ် မတ်လ ၂၀ ရက်တွင် စတင်အသုံးပြုခြင်းကို ကွပ်ကဲခဲ့သည်။ မှတ်ပုံတင်မထားသော နယူးဇီလန် သင်္ဘောကို ဩစတြေးလျတွင် အသိမ်းဆည်း ခံရပြီးနောက်တွင် ဖြစ်သည်။ ၁၈၃၅ ခုနှစ်တွင် အသေအချာ ဖွဲ့စည်းထားခြင်း မရှိသော နယူးဇီလန် လူမျိုးစုများ အစည်းအရုံးက အင်္ဂလန်နိုင်ငံ ရှိ ဝီလီယမ် ၄ ဘုရင်ကို နယူးဇီလန် လွတ်လပ်ရေး ကြေညာချက် ကို ပေးပို့ခဲ့ပြီး အကာအကွယ် ပေးရန် တောင်းဆိုခဲ့သည်။

နိုင်ငံရေးနှင့် အစိုးရ[ပြင်ဆင်ရန်]

နယူးဇီလန်သည် စည်းမျဉ်းခံဘုရင်စံနစ်နှင့် ပါလီမန်ဒီမိုကရေစီကို ကျင့်သုံးသည်။ စည်းမျဉ်းခံဆိုသော်လည်း အခြေခံဥပဒေ မပြဋ္ဌာန်းထားဘဲ ဓနသဟာဂနိုင်ငံခေါင်းဆောင် ဒုတိယမြောက်အဲလိဇဘတ်ကိုပင် နယူးဇီလန်ဘုရင်မအဖြစ် တင်မြှောက်ထားသည်။ နိုင်ငံခေါင်းဆောင်သည်လည်း သူပင်ဖြစ်သည်။ ဘုရင်မက ဘုရင်ခံချုပ်အဖြစ်နေပြီး နိုင်ငံ၏လုပ်ငန်းခွင့်အားလုံးကို ဝန်ကြီးချုပ်အား အာဏာကုန်လွှဲအပ်ထားသည်။ ဘုရင်ခံချုပ်သည် မင်းမိန့်ဖြင့် တရားမမှုများကို ပြန်လည်စစ်ဆေးစေခြင်း၊ ဝန်ကြီးများ ခန့်ခြင်း၊ သံအမတ်နှင့် အရေးပါသော အခြားအရာရှိများ နေရာပေးခြင်းကို ဆောင်ရွက်နိုင်သည်။ လုပ်လေ့လုပ်ထမရှိသော်လည်း လုပ်ပိုင်ခွင့်အနေဖြင့် ပါလီမန်အား ဖျက်သိမ်းခြင်း၊ မင်းမိန့်ဖြင့် ဥပဒေတည်စေခြင်းတို့ကို လုပ်နိုင်သေးသည်။ သို့သော် တော်ဝင်မိသားစုနှင့်ဘုရင်ခံချုပ်တို့၌ အခြေခံဥပဒေဖြင့် ထိန်းထားသေးရာ ဝန်ကြီးများ၏အကြံပေးချက်မပါဘဲ အမိန့်တည်စေရန် မလုပ်နိုင်ပြန်။

နယူးဇီလန်ပါလီမန်၌ ဥပဒေပြုအာဏာရှိပြီး ဘုရင်မကြီးနှင့် လွှတ်တက်အမတ်များပါလေသည်။ ၁၉၅၀ မတိုင်မီက အထက်လွှတ်တော်အဖြစ် ဥပဒေပြုကောင်စီရှိသေးသည်။ ထီးဆောင်းမင်းသာမက အခြားအစိုးရအဖွဲ့အစည်းများကိုပါ အာဏာသက်ရောက်စေမည့် ပါလီမန်၏အခွင့်အာဏာ လုပ်ပိုင်ခွင့်ဥပဒေကို ၁၆၈၉ တွင် အင်္ဂလန်၌ ပြဋ္ဌာန်းပြီး ယင်းကိုပင် နယူးဇီလန်၌လည်း ဥပဒေအဖြင့် ပြန်သုံးသည်။ အမတ်တို့ကို အများဆန္ဒအရ မဲကောက်တင်မြှောက်သည်။ ရွေးကောက်ခံအမတ်တို့က ဝန်ကြီးချုပ်ရွေးသည်။ ဝန်ကြီးများကိုမူ ဘုရင်ခံချုပ်က ဝန်ကြီးချုပ်၏အကြံပေးချက်အရ ခန့်သည်။

အထွေထွေရွေးကောက်ပွဲကို ၃ နှစ်တကြိမ် လုပ်သည်။ ၁၈၅၃ မှ ၁၉၉၃ ကာလအထိ မဲများများရသူထိုင်ခုံယူစနစ်ကို ကျင့်သုံးခဲ့သည်။ ၁၉၉၆ ရွေးကောက်ပွဲ၌ အချိုးကျကိုယ်စားပြုစနစ်ဖြင့် ပါတီအလိုက် အမတ်နေရာခွဲယူသောနည်းကို သုံးသည်။ ဤစနစ်၌ နယူးဇီလန်သားတို့က ၂ မဲပေးရသည်။ တမဲမှာ လူမျိုးစုအမတ်အတွက်ဖြစ်ပြီး နောက်တမဲမှာ ပါတီအတွက်ဖြစ်သည်။ လူမျိုးစုတို့အတွက် သီးသန့်ခွဲထားသော အမတ်နေရာ ၇၂ နေရာရှိပြီး ကျန် ၄၈ နေရာအတွက်ကို ပါတီတို့က ပြိုင်ဆိုင်ရသည်။ အောက်ထစ်အနေဖြင့် ကန့်သတ်ချက် ၂ ခုထားသည်။ ပါတီအတွက်မဲ ၅% ရသောပါတီက ပါတီအတွက်ခုံကို ယူနိုင်သည်။ လူမျိုးစုမဲအတွက် တနေရာ၊ သို့တည်းမဟုတ် တနေရာထက်ပို၍ ရထားသောပါတီသည် ပါတီအတွက်မဲ ၅% မပြည့်သော်လည်း ပါတီအတွက်ခုံများတွက် ဝေစုရနိုင်သေးသည်။

ရွေးကောက်ပွဲကို ၁၉၃၀ နှစ်များကစ၍ အမျိုးသားပါတီနှင့် အလုပ်သမားပါတီဟူသော ပါတီကြီး ၂ ခုက ကြီးစိုးထားသည်။ ၂၀၀၅ ခု၊ မတ်လမှ ၂၀၀၆ ခု၊ ဩဂုတ်လအတွင်း နယူးဇီလန်သည် အစိုးရအဖွဲ့တွင် အမျိုးသမီးအများဆုံးနိုင်ငံဖြစ်လာသည်။ နိုင်ငံအကြီးအကဲ၊ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၊ တရားသူကြီးချုပ်နေရာကို အမျိုးသမီးများက အစဉ်တစိုက် လက်လွှဲယူသည်။ လက်ရှိဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်းမှာ ၂၀၁၇ ခု၊ အောက်တိုဘာလ ၂၆ ရက်တွင် စ၍ရုံးထိုင်သည်။ ဂျက်စင်ဒါမှာ နိုင်ငံ၏ တတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သည်။

တရားသူကြီးချုပ်ခေါင်းဆောင်သော တရားရေးစနစ်တွင် နိုင်ငံတော်တရားရုံး၊ အယူခံရုံး၊ အထက်ရုံးနှင့် လက်အောက်ရှိ တရားရုံးများ ပါဝင်သည်။ မျှတသောတရားစီရင်မှုဖြစ်စေရန် တရားသူကြီးနှင့် ရှေ့နေရှေ့ရပ်များကို နိုင်ငံရေးအရ မရွေးချယ်ပေ။

ကမ္ဘာပေါ်၌ ဥပဒေစိုးမိုးမှုရှိပြီး အတည်ငြိမ်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ကြသည်။ ၂၀၁၇ ခုတွင် ဒီမိုကရေစီအခြေခိုင်မှုတွင် အဆင့် ၄ ချိတ်သည်။ ၂၀၁၇ ခု၊ အမေရိကန် နိုင်ငံတော်ဝန်ကြီးဌာနထုတ် လူ့အခွင့်အရေးစာတမ်းတစောင်အရ နယူးဇီလန်သည် တသီးပုဂ္ဂလတို့အခွင့်အရေးကို လေးစားသော်လည်း မာအိုရီလူမျိုးအတွက်သာ အသံထွက်ကြောင်း ဆိုထားသည်။ နိုင်ငံရေးဖြစ်စဉ်၌ လူထုပါဝင်မှုအများဆုံးဖြစ်ပြီး မကြာမီကလုပ်ခဲ့သော ရွေးကောက်ပွဲတွင် လူဦးရေ ၈၀% က မဲပေးသည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးရေးအဖွဲ့အစည်း (Organization of Economic Cooperation and Development) ရှိ နိုင်ငံများ၏ ပျှမ်းမျှရာနှုန်းမှာ ၆၈% သာ ရှိဖြစ်သည်။

နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ[ပြင်ဆင်ရန်]

ပြည်နယ်များ[ပြင်ဆင်ရန်]

ပထဝီနှင့် ရာသီဥတု[ပြင်ဆင်ရန်]

စီးပွားရေး[ပြင်ဆင်ရန်]

လူဦးရေပျံနှံ့ နေထိုင်မှု[ပြင်ဆင်ရန်]

အယူဘာသာများ[ပြင်ဆင်ရန်]

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

စာပေ[ပြင်ဆင်ရန်]

မောင်အိုရီတို့မှာ ရေးသားခြင်းကို အကြံဉာဏ်ဝေမျှခြင်း၏ မှော်နှင်တံဟု မြင်သည့်အတွက် ပါးစပ်ပြော ပုံပြင်များနှင့် ကဗျာများကို မှတ်တမ်းတင် ထားရှိသည်။ သို့သော်လည်း အက္ခရာဟူ၍ မရှိ။ ပုံအဖြစ်သာ ရေးခြင်း ဖြစ်သည်။ အက္ခရာကို ဗြိတိန်မှ ၁၉ ရာစု အစောပိုင်းတွင် ရသည်။

ကမ္ဘာ့ရေးရာကိစ္စများ၏ လွှမ်းမိုးမှု ရှိသော်လည်း ၁၉၃၀ ခန့်ကပင် စာရေးဆရာများက နယူးဇီလန်အခြေပြု စာပေတို့ကို ကြံဆရေးသားနေပြီ ဖြစ်သည်။ ပထမကမ္ဘာစစ်အပြီး တက္ကသိုလ်များ ချဲ့ထွင်ရာ ဒေသတွင်းစာပေနယ်လည်း ကျယ်လာသည်။ ၁၉၅၀ ဝန်းကျင်တွင် ဒေသတွင်းပုံနှိပ်တိုက်များ ရှိလာရာ မိမိတို့စာပေကို ပိုချဲ့နိုင်လာသည်။

အားကစား[ပြင်ဆင်ရန်]

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ရည်ညှန်းချက်များ[ပြင်ဆင်ရန်]

  1. Protocol for using New Zealand's National Anthems။ Ministry for Culture and Heritage။
  2. International Covenant on Civil and Political Rights Fifth Periodic Report of the Government of New Zealand (PDF) (အစီရင်ခံစာ)။ New Zealand Government။ 21 December 2007။ p. 89။ 24 January 2015 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး18 November 2015 တွင် ပြန်စစ်ပြီးIn addition to the Māori language, New Zealand Sign Language is also an official language of New Zealand. The New Zealand Sign Language Act 2006 permits the use of NZSL in legal proceedings, facilitates competency standards for its interpretation and guides government departments in its promotion and use. English, the medium for teaching and learning in most schools, is a de facto official language by virtue of its widespread use. For these reasons, these three languages have special mention in the New Zealand Curriculum.
  3. The New Zealand Land Cover DatabaseNew Zealand Land Cover Database 2။ Ministry for the Environment (New Zealand) (1 July 2009)။
  4. Population clock။ Statistics New Zealand။ The population estimate shown is automatically calculated daily at 00:00 UTC and is based on data obtained from the population clock on the date shown in the citation.
  5. 2018 Census population and dwelling counts။ Statistics New Zealand (23 Sep 2019)။
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ Report for Selected Countries and Subjects: October 2020အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့
  7. Household income and housing-cost statistics: Year ended June 2019 (XLSX)။ Statistics New Zealand။
  8. Human Development Report 2020ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (December 15, 2020)။
  9. New Zealand Daylight Time Order 2007 (SR 2007/185)။ New Zealand Parliamentary Counsel Office (6 July 2007)။
  10. There is no official all-numeric date format for New Zealand, but government recommendations generally follow date and time notation in Australia. See The Govt.nz style guide၊ New Zealand Government9 July 2021 တွင် ပြန်စစ်ပြီး.

ပြည်ပဆက်သွယ်ရေး[ပြင်ဆင်ရန်]


ကိုးကား အမှား - <ref> tags exist for a group named "n", but no corresponding <references group="n"/> tag was found