ဖိလစ်ပိုင်နိုင်ငံ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဖိလစ်ပိုင်သမ္မတနိုင်ငံ
Repúbliká ng̃ Pilipinas
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
ဆောင်ပုဒ်: "Maka-Diyós, Makatao, Makakalikasan, at Makabansâ"
နိုင်ငံတော်သီချင်း: လူပန်း ဟီနီရန်း
မြို့တော် မနီလာမြို့
အကြီးဆုံး မြို့ ကွီဇုန်မြို့
ရုံးသုံးဘာသာများ ဖိလစ်ပိုင်နှင့် အင်္ဂလိပ်
လူမျိုးများ Tagalog (၂၈.၁%)Cebuano (၁၃.၁%)Ilocano (၉%)Bisaya/Binisaya (၇.၆%)Hiligaynon Ilonggo (၇.၅%)Bikol (၆%)Waray (၃.၄%)၊ other (၂၅.၃%)
ကိုးကွယ်ယုံကြည်မှု Roman Catholic (၈၀.၉%)အစ္စလာမ် (၅%)Evangelical (၂.၈%), Iglesia ni Kristo (2.3%), အာဂလိပန် (2%)၊ အခြားခရစ်ယာန် (၄.၅%)၊ အခြားဘာသာများ (၁.၈%)၊ မဖြေ (၀.၆%)၊ ဘာသာမဝင်သူများ (၀.၁%)
အစိုးရ Unitary presidential constitutional republic
 •  သမ္မတ Gloria Macapagal-Arroyo
 •  ဒုတိယသမ္မတ နိုလီဒကစာတြို
ထူထောင်ရေး
 •  လွတ်လပ်ရေး (အမေရီက၊ ကြေညာ) ၂၄ ဇွန် ၁၈၉၈ 
 •  Self-government ၂၄ မတ် ၁၉၃၄ 
 •  လွတ်လပ်ရေး (အမေရီက၊ သတ်မှတ်) ၄ ဇူလိုင် ၁၉၄၆ 
 •  Current constitution ၂ ဖေ‌ဖေါ်ဝါရီ ၁၉၈၇ 
ဧရိယာ
 •  စုစုပေါင်း ၃၀၀,၀၀၀ km² (၁၁၅,၈၃၁ sq mi) (အဆင့်: ၇၂)
 •  ရေဖုံးလွှမ်းမှု (%) ၀.၆၁
လူဦးရေ
 •  ခန့်မှန်း ၉၀.၅ သန်း (အဆင့် - ၁၂)
 •  လူဦးရေသိပ်သည်းမှု ၂၉၅/km² (၇၆၅/sq mi)/km2 (အဆင့် - ၃၂)
GDP(PPP) ခန့်မှန်း
 •  စုစုပေါင်း US $၄၆၆.၆၃၂ သိန်းကုဋေ (အဆင့် - ၂၅)
 •  Per capita US $၅,၃၆၅.၂၈၇ (အဆင့် - ၉၉)
HDI ၀.၇၇၁ (အလယ်)
(အဆင့် - ၉၀)
ငွေ Peso (PHP "₱")
Calling code +၆၃
Internet TLD .ph

ဖိလစ်ပိုင်နိုင်ငံ

အမည်ရင်းမြစ်[ပြင်​ဆင်​ရန်​]

၁၉၄၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတခုဖြစ်လာသော ဖိလစ်ပိုင်းကျွန်းစုသည် အာရှအရှေ့တောင်ပိုင်းရှိ ကျွန်းစုဖြစ်သည်။ အာရှတိုက်ကမ်းခြေမှ အရှေ့တောင်ဘက် မိုင် ၅၀၀ ခန့်ဝေးသည်။ ထိုကျွန်းစုကို "ရတနာကျွန်းစု" ဟူ၍လည်း တခါတရံခေါ်ဝေါ်ကြသည်။

သမိုင်း[ပြင်​ဆင်​ရန်​]

ဖိလစ်ပိုင်ကျွန်းစုနှင့် တရုတ်နိုင်ငံတို့သည် အလယ်ခေတ်အခါကပင် အဆက်အဆံရှိခဲ့ကြောင်း အထောက်အထားတွေ့ရသည်။ 'မင်' ဘုရင်များ လက်ထက်တွင် ဖိလစ်ပိုင်နှင့် တရုတ်တို့သည် ကုန်သွယ်မှုပြုခဲ့ကြသည်။ ဥရောပတိုက်သားထဲမှ ဖိလစ်ပိုင်ကျွန်းစုကိုစတွေ့သူမှာ ဖာဒီနန်မဂျဲလင် Ferdinand Magellan အမည်ရှိ စပိန်ဘုရင့်အမှုတော်ထမ်း ပေါ်တူဂီတဦးဖြစ်သည်။ မဂျဲလင်သည် ဖိလစ်ပိုင်ကျွန်းစုကို စပိန်၏ပိုင်နက်အဖြစ် ကျေညာပြီးနောက် ၁၅၂၁ ခုနှစ်တွင် မတ်တန်ကျွန်းပေါ်၌ တိုင်းရင်းသားတို့၏လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့လေသည်။
မဂျဲလင်က စပိန်အဖြစ်ကြေညာခဲ့သော ထိုကျွန်းစုကို နောင်အခါစပိန်ပြည့်ရှင် ဒုတိယဖိလစ် (ထိုစဉ်က ဥပရာဇာမင်းသား) ကို ဂုဏ်ပြုသောအားဖြင့် ဖိလစ်ပိုင်ဟု ခေါ်ဝေါ်ခဲ့သည်။ ဆေးဗူးကျွန်းတွင် ၁၅၆၅ ခုနှစ်မှစ၍ စပိန်တို့ အခြေစိုက်နေထိုင်ခဲ့ရာ တဖြည်းဖြည်း အနှံ့အပြားဖြစ်လာသည်။ စပိန်တို့၏ စိုးမိုးမှုကို မိုရိုလူမျိုး၊ အီဂိုရုတ်လူမျိုးများက တွန်းလှန်ခဲ့ကြသေးသည်။ အခြားကျွန်းများသို့လည်း စပိန်စိုးမိုးမှု ပျံ့နှံ့သွား၍ လူအများစုသည် ဗရင်ဂျီဂိုဏ်းဝင်များ ဖြစ်လာကြလေသည်။
၁၉ ရာစုနှစ်တွင် လွတ်လပ်ရေးအတွက် လှုပ်ရှားမှုကြီး စတင်လာ၍ ၁၈၁၉ ခုနှစ်တွင် ဟိုဇေးရီဇားကြီးမှူးတည်ထောင်ခဲ့သော လီဂါဖိလစ်ပီနာအသင်းမှာ အင်အားအကောင်းဆုံးဖြစ်လေသည်။ အာဇာနည်ကြီးရီဇားအား စပိန်အစိုးရက ၁၈၆၉ ခုနှစ်တွင် သုတ်သင်စီရင်လိုက်သည်။ စပိန်တို့အား တိုင်းရင်းသားတို့က ပုန်ကန်မှုများသည် ဟိုမှသည်မှ ပေါ်ထွက်ခဲ့သော်လည်း ပြင်းပြင်းထန်ထန် အနှိမ်နင်းခံရသည်။ စပိန်-အမေရိကန် စစ်ပွဲအပြီး ၁၈၉၈ ခုနှစ်တွင် စပိန်အစိုးရက ဖိလစ်ပိုင်ကျွန်စုကို အမေရိကန်အစိုးရသို့ ပေးအပ်လိုက်လေသည်။
အမေရိကန်အစိုးရသည် ဖိလစ်ပိုင်ကို လွတ်လပ်ရေးပေးရန် ရည်ရွယ်ချက်ဖြင့်၊ အုပ်ချုပ်ရေးအဆင့်အတန်းကို တစတစ မြှင့်တင်ပေးသည်။ ၁၉၃၅ ခုနှစ်တွင် ဖိလစ်ပိုင်သည် ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိခဲ့၍ ဓနသဟာယနိုင်ငံဖြစ်လာသည်။ ပထမဦးဆုံးသမ္မတမှာ မန်းနွယ်ကေဆွန်းဖြစ်၏။ ထို့ပြင် ၁၉၄၆ ခုနှစ်တွင် လွတ်လပ်သော အချုပ်အချာအာဏာပိုင်နိုင်ငံ ဖြစ်လာစေမည်ဟု အမေရိကန်အစိုးရက ကတိထားခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာ၍ ဖိလစ်ပိုင်သည် ကမ္ဘာ့အရှေ့ဖျားတွင် စစ်ဒဏ်အခံရဆုံးသောနိုင်ငံ၊ အပျက်အစီးအများဆုံးသောနိုင်ငံ ဖြစ်ခဲ့ရသည်။
ဂျပန်တို့သည် ၁၉၄၁ ခုနှစ် ဒီဇင်္ဘာလ ၈ ရက်နေ့တွင် လေကြောင်းတိုက်ပွဲများ စတင်ဆင်နွှဲခဲ့၍ နောက် ၅ ရက်အကြာ၌ လူဇုန်ကျွန်းသို့ တက်မိခဲ့ကြလေသည်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် မနီလာမြို့ကို သိမ်းပိုက်ခဲ့၏။ အမေရိကန်နှင့် ဖိလစ်ပိုင်တပ်များက ဗာတန်းကျွန်းဆွယ်နှင့် ကော်ရက်ဂျီဒေါ်တွင် လပေါင်းများစွာအပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သည်။ သို့သော် ၁၉၄၂ ခုနှစ် မေလ ၆ ရက်နေ့တွင် ကော်ရက်ဂျီဒေါ်အညံ့ခံလိုက်ရ၍ ဗိုလ်ချုပ်မှူးဒေါက်ဂလပ်မက်အာသာလည်း မိမိဌာနချုပ်ကို သြစတြေလျသို့ ပြောင်းရွှေ့သွားရပြီးလျှင် ဗိုလ်ချုပ်မှူးဝန်းရိုက်မှာမူ သုံ့ပန်းအဖြစ် အဖမ်းခံရလေသည်။ ဂျပန်တို့ စိုးမိုးခဲ့စဉ်အတွင်း ပြောက်ကျားခုခံတော်လှန်မှုများရှိခဲ့သည်။ ၁၉၄၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့၌ ဗိုလ်ချုပ်မှူးမက်အာသာ၏ လက်အောက်ခံ မဟာမိတ်တပ်များသည် လေးတီးကျွန်းအား ပြန်လည်သိမ်းယူရေးကို စတင်ခဲ့ရာ ဖိလစ်ပိုင်အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ကုန်းနှင့်ရေ နှစ်ထွေသော တိုက်ပွဲများ၌ ဂျပန်တို့သည် အပြတ်အသတ်အရေးရှုံးနိမ့်ခဲ့၏။ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် မနီလာမြို့ကို ပြန်လည်သိမ်းယူခဲ့၍ ထိုနှစ်သြဂုတ်လအတွင်း ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားသောအခါတွင်မူ ဂျပန်တို့ သိမ်းပိုက်ထားသမျှ အားလုံးလိုလိုကိုပင် ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ဖြစ်လေသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် အမေရိကန်အစိုးရက ကတိပြုထားသည့်အတိုင်း လုံးဝလွတ်လပ်ရေးကို ပေးအပ်၍ ထိုနေ့ထိုရက်မှ စပြီးလျှင် ဖိလစ်ပိုင်သည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ ဖြစ်လာလေသည်။

နိုင်ငံရေးနှင့် အစိုးရ[ပြင်​ဆင်​ရန်​]

နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ[ပြင်​ဆင်​ရန်​]

ပြည်နယ်များ[ပြင်​ဆင်​ရန်​]

ပထဝီနှင့် ရာသီဥတု[ပြင်​ဆင်​ရန်​]

တောင်ပိုင်းတရုတ်ပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာအကြားတွင်တည်ရှိ၍၊ ပမာဏအားဖြင့် ဗြိတိသျှကျွန်းစုလောက်ရှိသည်။ ပုံပန်းသဏ္ဌာန်မှာ မြင့်မားသော တောင်ထိပ်ပေါ်မှ မြေပြင်ပေါ်သို့ ကျောက်တုံးတတုံးကို ပစ်ချသဖြင့် ကွဲကြေသွားပြီးလျှင် အပိုင်းစကြီးငယ်တို့ လွင့်စင် ကျရောက်နေသကဲ့သို့ပင်ဖြစ်သည်။ ဖိလစ်ပိုင်းကျွန်းစုတွင် ခန့်မှန်းခြေအားဖြင့် ကျွန်းပေါင်း ၇၀၀၀ ကျော်ပါဝင်သည်။ သို့သော် ၄၀၀ ကျော်ခန့်သာ ကျွန်းဟူ၍ ခေါ်နိုင်လောက်အောင် မြေပြင်ကျယ်ပြန့်သည်။

စီးပွားရေး[ပြင်​ဆင်​ရန်​]

တောင်စဉ်တောင်တန်းများ၏ အောက်ခြေတလျှောက်တွင် ကမ္ဘာပေါ်၌ အခန့်ညားဆုံးသော သစ်တောကြီးများတွင် ပါဝင်သည့် သစ်တောကြီးများ ပေါက်ရောက်လျှက်ရှိသည်။ မြင့်မားသော တောင်တန်းများတွင် ထင်းရှူးတောကကြီးများ ဖုံးလွှမ်းနေသည်။ ဖိလစ်ပိုင်သည် မြန်မာနိုင်ငံကဲ့သို့ သစ်ဝါးပေါသည်။ သစ်သည် ဖိလစ်ပိုင်၏ ထွက်ကုန်တမျိုးဖြစ်သည်။ မြေနိမ့်မြေပြန့် နည်းပါးသဖြင့် တောင်ကုန်းတောင်တန်းများပေါ်တွင် လှေကားထစ်များသဖွယ် စိုက်ခင်းများပြုလုပ်စိုက်ပျိုး လုပ်ကိုင်ကြသည်။
ဆန်စပါး၊ သကြား၊ ကြိမ်၊ မနီလာလျှော်၊ ဆေးရွက်၊ ကန်စွန်းဥ၊အာလူး၊ ကာဖီ၊ မြေပဲ၊ အုန်းသီး၊ အုန်းဆန်ခြောက်တို့သည် ဖိလစ်ပိုင်၏ အရေးပါသော ထွက်ကုန်များဖြစ်ကြသည်။ သရက်၊ ငှက်ပျောစသည်များကိုလည်း အကြီးအကျယ် စိုက်ပျိုးကြသည်။ ဓါတ်သတ္တုများဖြင့်လည်း အတော်အတန်ကြွယ်ဝသဖြင့် ရွှေ၊ သံ၊ ကြေးနီ၊ ကရိုမီယမ်၊ မန်ဂနိသတ္တုများကို အတော်အသင့် တူးဖော်ရရှိသည်။
ဖိလစ်ပီနိုလူမျိုးတို့၏ အဓိကလုပ်ငန်းမှာ စိုက်ပျိုးရေးဖြစ်၍ ဆန်သည် ဖိလစ်ပီနိုတို့၏ အဓိကအစာဖြစ်သည်။

လူဦးရေပျံ့နှံ့ နေထိုင်မှု[ပြင်​ဆင်​ရန်​]

ဖိလစ်ပိုင်ကျွန်းစုတွင် လူမျိုးစုံနေထိုင်ကြသည်။ ရှေးအကျဆုံး တိုင်းရင်းသားများမှာ နီဂရီတိုလူမျိုးဖြစ်သည်။ တောင်များပေါ်၌ သွားလာနေထိုင်ကြသော အီဂိုရုတ်လူရိုင်းမျိုးလည်း ရှိသေးသည်။ မင်ဒနာအိုကျွန်းစုတွင် မိုရိုလူမျိုးများ ယနေ့တိုင်တွေ့ရသေးသည်။ နောင်အခါ ထိုရှေးကျသော တိုင်းရင်းသားများအား အဆက်မပြတ် ဝင်ရောက်လာသော အင်ဒိုနီးရှားလူမျိုးများ လွှမ်းမိုးသွားခဲ့သည်။ ဖိလစ်ပီနိုဟု ခေါ်တွင်သူများသည် အင်ဒိုနီးရှားများနောက် ရောက်လာသော မလေး (ပသျှူး)လူမျိုးများ ဖြစ်သည်။ ထို့ပြင် တရုတ်၊ ဂျပန်၊ ဟိန္ဒူနှင့် ဥရောပတိုက်သားအနွယ်များလည်း အများအပြား အခြေစိုက်နေထိုင်လျှက် ရှိကြသည်။ တရုတ်တို့သည် လူနည်းစုဖြစ်သော်လည်း ကုန်သွယ်စီးပွားရေး၌ တွင်ကျယ်ကြသည်။ မက်စတီဇိုခေါ် ဖိလစ်ပီနိုနှင့် စပိန်ကပြားများကို အစိုးရဌာနကြီးများ၊ နိုင်ငံရေးလောက၊ စီးပွားရေးလောကတို့တွင် ခေါင်းဆောင်ပိုင်း၌ များသောအားဖြင့် တွေ့ကြရသည်။

ကိုးကွယ်သည့်ဘာသာများ[ပြင်​ဆင်​ရန်​]

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

အားကစား[ပြင်​ဆင်​ရန်​]

ဆက်စပ်ကြည့်ရှုရန်[ပြင်​ဆင်​ရန်​]

ရည်ညွှန်းချက်များ[ပြင်​ဆင်​ရန်​]

ပြည်ပဆက်သွယ်ရေး[ပြင်​ဆင်​ရန်​]

Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။