ဆွီဒင်နိုင်ငံ
ကိုဩဒိနိတ်: 63°N 16°E / 63°N 16°E
ဆွီဒင် ဘုရင့်နိုင်ငံ Konungariket Sverige (ဆွီဒင်) | |||||
---|---|---|---|---|---|
| |||||
ဆွီဒင်နိုင်ငံ၏ တည်နေရာ (အစိမ်းရင့်) – ဥရောပတိုက်အတွင်း (အစိမ်း နှင့် မီးခိုးရင့်) | |||||
မြို့တော် နှင့် အကြီးဆုံးမြို့ | စတော့ဟုမ်းမြို့ 59°21′N 18°4′E / 59.350°N 18.067°E | ||||
ရုံးသုံး ဘာသာစကားများ | ဆွီဒင် | ||||
နိုင်ငံတော်လူနည်းစုဘာသာစကားများ | |||||
လူမျိုးစု (၂၀၁၉) | |||||
ကိုးကွယ်မှု | ၆၆.၈% ခရစ်ယာန် —၆၀.၃% ဆွီဒင်ဘုရားကျောင်း[မှတ်စု ၁] ၃၇.၀% ဘာသာမဲ့ ၅.၀% အစ္စလာမ် ၁.၂% အခြား[၈][၉] | ||||
Demonym | |||||
အစိုးရ | ပြည်ထောင်စု ပါလီမန် စည်းမျဉ်းခံဘုရင်စနစ် | ||||
• ဧကရာဇ် | ကားလ် ၁၆ ဂူစတပ်ဖ် | ||||
အန်ဒရီယာ့စ် နိုလန် | |||||
စတီဖင် လောဗီယန် | |||||
ဥပဒေပြုလွှတ်တော် | ရီစတပ်လွှတ်တော် | ||||
သမိုင်း | |||||
• စုစည်းညီညွှတ်သော ဆွီဒင်နိုင်ငံထူထောင်ခဲ့ | ၁၂ ရာစု အစောပိုင်း | ||||
• ကာမာယူနီယံ၏ အစိတ်အပိုင်း | ၁၃၉၇–၁၅၂၃ | ||||
• ဆွီဒင်-နော်ဝေးယူနီယံ၏ အစိတ်အပိုင်း | ၁၈၁၄ ခုနှစ် နိုဝင်ဘာ ၄ – ၁၉၀၅ ခုနှစ် ဩဂုတ်[၁၀] | ||||
• ဥရောပသမဂ္ဂသို့ ဝင်ရောက်ခြင်း | ၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၁ ရက် | ||||
ဧရိယာ | |||||
• စုစုပေါင်း | ၄၅၀,၂၉၅ km2 (၁၇၃,၈၆၀ sq mi) (အဆင့်: ၅၅) | ||||
• ရေထု (%) | ၈.၃၇ (၂၀၁၅ ခုနှစ်အရ)[၁၁] | ||||
လူဦးရေ | |||||
• ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ် ခန့်မှန်း | ![]() | ||||
• သိပ်သည်းမှု | ၂၅/km2 (၆၄.၇/sq mi) (အဆင့် - ၁၉၈) | ||||
GDP (PPP) | ၂၀၂၀ ခန့်မှန်း | ||||
• စုစုပေါင်း | ![]() | ||||
• Per capita | ![]() | ||||
GDP (nominal) | ၂၀၂၀ ခန့်မှန်း | ||||
• စုစုပေါင်း | ![]() | ||||
• Per capita | ![]() | ||||
Gini (၂၀၂၀) | ![]() နိမ့် | ||||
HDI (၂၀၁၉) | ![]() အလွန်မြင့် · ၇ | ||||
ငွေကြေး | ဆွီဒင် ခရိုနာ (SEK) | ||||
အချိန်ဇုန် | CET (UTC+1) | ||||
• နွေရာသီ (DST) | CEST (UTC+2) | ||||
ရက်စွဲပုံစံ | YYYY-MM-DD | ||||
ယာဉ်ကြောစနစ် | ညာ[e] | ||||
တယ်လီဖုန်းကုဒ် | +၄၆ | ||||
ISO 3166 ကုဒ် | SE | ||||
Internet TLD | .se[f] | ||||
|
ဆွီဒင်နိုင်ငံ (တရားဝင်အခေါ်အားဖြင့် ကင်းဒမ်းအော့ဖ် ဆွီဒင်) သည် မြောက်ဥရောပရှိ စကင်ဒီနေးဗီးယန်းကျွန်းဆွယ်တွင်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဆွီဒင်နိုင်ငံသည် နော်ဝေနိုင်ငံ၊ ဖင်လန်နိုင်ငံ တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိပြီး ဒိန်းမတ်နိုင်ငံနှင့် အိုရီဆန်ရေလက်ကြားမှတဆင့် တံတားဖြင့် ဆက်သွယ်ထားသည်။
၄၅၀,၂၉၅ စတုရန်း ကီလိုမီတာ (၁၇၃,၈၆၀ စတုရန်းမိုင်) ရှိသဖြင့် ဆွီဒင်သည် ဥရောပ သမဂ္ဂ တွင် ဧရိယာအနေဖြင့် တတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ ၉.၄ သန်း ရှိသည်။ ဆွီဒင်တွင် လူဦးရေသိပ်သည်းမှု လျော့နည်းပြီး စတုရန်းကီလိုမီတာ တစ်ကီလိုမီတာတွင် ၂၁ ယောက် ( ၁ စတုရန်းမိုင်လျှင် ၅၄ ယောက်) မျှသာ နေထိုင်သည်။ လူဦးရေသိပ်သည်းမှုသည် နိုင်ငံ၏တောင်ဘက်ခြမ်းတွင် ပို၍ များသည်။ ၈၅ ရာခိုင်နှုန်းသော သူတို့သည် မြို့ပြဒေသတွင် နေထိုင်ကြသည်။ ဆွီဒင်၏မြို့တော်ဖြစ်သော စတော့ဟုမ်းမြို့တွင် လူဦးရေ ၁.၃ သန်းမျှ ရှိပြီး ဆွီဒင်၏ အကြီးဆုံးမြို့လည်း ဖြစ်သည်။
ဆွီဒင်နိုင်ငံသည် လွတ်လပ်ပြီး စည်းလုံးသောနိုင်ငံအဖြစ် အလယ်ခေတ်ကတည်းက ပေါ်ပေါက်လာခဲ့သည်။ ၁၇ ရာစု အတွင်းတွင် ဆွီဒစ်ရှ် အင်ပိုင်ယာကို ထူထောင်ရန်အတွက် နိုင်ငံ၏ နယ်နိမိတ်ကို ချဲ့ထွင်ခဲ့သည်။ အင်ပိုင်ယာသည် ဥရောပတွင် တန်ခိုးကြီးထွားသော အင်ပိုင်ယာတစ်ခု အဖြစ် ၁၇ ရာစု အတွင်းနှင့် ၁၈ ရာစု အစောပိုင်းတို့တွင် ကြီးထွားလာခဲ့သည်။ ၁၈ ရာစုနှင့် ၁၉ ရာစု အတွင်းတွင် စကင်ဒီနေးဗီးယန်း ကျွန်းဆွယ်ပြင်ပတွင် သိမ်းပိုက်ထားသော နယ်မြေ အများအပြားကို လက်လွတ် ဆုံးရှုံးခဲ့ရသည်။ ယနေ့ခေတ် ဖင်လန်နိုင်ငံ ဖြစ်သော ဆွီဒင်နိုင်ငံ အရှေ့ပိုင်းကို ၁၈၀၉ တွင် ရုရှားတို့ထံသို့ ဆုံးရှုံးခဲ့ရသည်။ ဆွီဒင်အနေနှင့် နောက်ဆုံးပါဝင် ပတ်သက်ခဲ့သော စစ်ပွဲမှာ ၁၈၁၄ ခုနှစ်တွင် ဖြစ်ပြီး ဆွီဒင် အနေနှင့် စစ်အင်အားကို အသုံးပြု၍ နော်ဝေကို ပြည်ထောင်စုအဖြစ် သွတ်သွင်းခဲ့သည်။ ထိုအချိန်မှစ၍ ဆွီဒင်သည် ငြိမ်းချမ်းသောနိုင်ငံဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေးကာလတွင် ဘက်မလိုက် ဝါဒကို ကျင့်သုံးပြီး စစ်ပွဲကာလတွင် မည်သူ့ဘက်မှ မပါဝင်ဘဲ နေခဲ့သည်။ ဆွီဒင်သည် ၁၉၉၅ ဇန်နဝါရီ ၁ ရက်မှစ၍ ဥရောပသမဂ္ဂ၏ အဖွဲ့ဝင် ဖြစ်ခဲ့ပြီး OECD အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။
ယနေ့ခေတ်ကာလတွင် ဆွီဒင်သည် စည်းမျဉ်းခံဘုရင်စနစ်နှင့် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး အလွန်တိုးတက်သော စီးပွားရေးအခြေအနေ ရှိသည်။ ၂၀၁၀ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ဒီမိုကရေစီကိန်းညွှန်းတွင် စတုတ္တနေရာ အဆင့်သတ်မှတ်ခြင်း ခံခဲ့ရပြီး ကုလသမဂ္ဂ၏ လူထုဖွံ့ဖြိုးမှုကိန်းညွှန်းတွင် နံပါတ် ၉ အဆင့် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ၂၀၁၀ တွင် ဆွီဒင်သည် ဥရောပသမဂ္ဂအတွင်း အဆင့်အမြင့်ဆုံး တီထွင်ထုတ်လုပ်နိုင်မှုနှင့် အမြန်ဆုံးစီးပွားရေး တိုးတက်မှု တို့ ရှိခဲ့သည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်က ဆွီဒင်အား ကမ္ဘာပေါ်တွင် ဒုတိယမြောက် ပြိုင်ဆိုင်မှု အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။ ဆွီဒင်သည် အချို့သော နယ်ပယ်များတွင် စက်မှုနှင့် နည်းပညာဆိုင်ရာ ဦးဆောင်သူအဖြစ် သတ်မှတ်ခြင်း ခံရသည်။
ဂေါ့သလူမျိုးတို့၏ နေရပ်[ပြင်ဆင်ရန်]
ဆွီဒင်နိုင်ငံတွင် ဘုရင့်အစိုးရစနစ်ဖြင့် အုပ်ချုပ်လျက်ရှိသော် လည်း၊ ပြည်သူတို့၏ အကျိုးစီးပွားကို ပြုစုသော အုပ်ချုပ်ရေး သာလျှင် ဖြစ်ပေသည်။ ဆွီဒင်နိုင်ငံသည် ငြိမ်းချမ်းရေးကို မြတ် နိုးသဖြင့် နှစ်ပေါင်းတစ်ရာကျော်မျှ အေးချမ်းသာယာလျက်ရှိခဲ့ သည်။ လွန်ခဲ့သောကမ္ဘာ စစ်ကြီးများတွင်လည်း ကြားနေခဲ့ သည်။ သယံဇာတပစ္စည်းကြွယ်၍ စက်မှုလုပ်ငန်း၌ တိုးတက် လျက်ရှိသည်။ ဆွီဒင်နိုင်ငံတွင် လင်းနီးယပ်၊ အဲလ်ဖရက် နိုဘယ် စသော ကမ္ဘာကျော်သိပ္ပံပညာရှင်များ ပေါ်ထွန်းခဲ့သည်။
ဆွီဒင်နိုင်ငံ။။ စကန်ဒီနေးဗီးယား ကျွန်းဆွယ်ကြီး အရှေ့ပိုင်းတစ်ခုလုံးကို ဖြန့်၍၊ ဥရောပတိုက်မြောက်ဘက်ဖျား၌ တည်ရှိသော တိုင်းပြည် သည်ကား ဆွီဒင်နိုင်ငံပင်ဖြစ်သည်။ တိုင်းပြည်၏ မြောက်ဘက် ဖျားအရပ်များ၌ နွေရာသီတွင် နေသည် တစ်လတိုင်တိုင် မဝင် ဘဲရှိတတ်သည်။ ဆောင်းအခါတွင်ကား နေသည် မိုးကုပ်စက် ဝိုင်းအထက်မှ တစ်လလုံးလုံး မတက်ချေ။ ဆွီဒင်နိုင်ငံရှိ အခြား အရပ်များ၌ နွေရာသီတွင် တစ်နေ့လျှင် ၂ နာရီ၊ ၃ နာရီခန့်မျှ သာမှောင်၍၊ ဆောင်ရာသီ၌မူ တစ်နေ့လျှင် ၂ နာရီ၊ ၃ နာရီမျှ သာ အလင်းရောင်ရရှိလေသည်။
အနောက်ဘက်တွင် နော်ဝေးနိုင်ငံရှိသည်။ နော်ဝေးနယ်စပ် တွင်ရှိသော တောင်ကုန်မြင့်သည် အရှေ့ဘက်သို့ မတ်စောက်နိမ့် ဆင်း၍၊ တောင်ဘက်သို့ ခပ်ပြေပြေဆင်းသွား၏။
တိုင်းပြည်၏ အရှေ့ဘက်နယ်စပ်မှာ ဗော့သနီးယား ပင်လယ်ကွေ့နှင့် ထိစပ်လျက်ရှိသဖြင့် ထိုနေရာ၌လည်း မြေသည်နိမ့်၍၊ သဲဆန်သောညွန်ပျောင်းများရှိသည်။ ပင်လယ် ကမ်းရိုးတန်းမှာ တောင်ဘက်သို့ ရောက်လေလေ၊ ကျောက် ထူထပ်လေလေ ဖြစ်သည်။ ဗောလတစ်ပင်လယ်ကမ်းခြေ၌မူ ကျောက်ဆောင်နှင့်ကျွန်းငယ်ကလေးများသည်ပြည့်နှက်လျက် ရှိ၏။ အကြီးဆုံးကျွန်းများမှာအရှေ့တောင်ကမ်းရိုးတန်းအနီးရှိ အာလန်ကျွန်းနှင့် ဂေါ့တလန်ကျွန်းများဖြစ်သည်။ ပင်လယ်ကမ်း ရိုးတန်းမှာ မိုင်ပေါင်း ၁၄ဝဝ ကျော်ရှည်၍၊ သင်္ဘောဆိပ် ကောင်းများစွာရှိ လေသည်။
ဆွီဒင်နိုင်ငံကို နော်လန်၊ ဆွီအာလန်နှင့် ယတ်တလန်ဟူ၍ နယ်ကြီး ၃ နယ်ခွဲထား၏။ နော်လန်နယ်ကား ဆွီဒင်နိုင်ငံ မြောက်ပိုင်းဖြစ်၍ တောရိုင်းများ၊ တောင်များအထူထပ်ဆုံးနေရာ ဖြစ်သည်။ လက်လူမျိုးများနေထိုင်ရာ ဒေသဖြစ်ပြီးလျှင် တော ရိုင်းများထဲ၌ ကီးရူးနဗာရခေါ် တောင်တန်းရှိရာ၊ ထိုတောင်မှ အလွန်ကောင်းသော သံရိုင်းများကို တူးဖော်ရရှိလေသည်။ ထို သံရိုင်းများကို နော်ဝေးနိုင်ငံ အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းခြေ ဖက်ရှိ နားဗစ်မြို့သို့ လျှပ်စစ်မီးရထားဖြင့် တင်ပို့ပြီးနောက် နိုင်ငံခြားများသို့ တင်ပို့လေသည်။ ဆွီဒင်အာလန်နယ်မှာ ဆွီဒင်နိုင်ငံ အလယ်ပိုင်းတွင်ရှိ၍၊ တိုင်းပြည်၏ ဗဟိုအချက်အချာဖြစ်သည်။ အင်းအိုင်ကြီးများနှင့် ထင်းရူးတောကြီးများရှိသည်။ စိမ်းလန်းစိုပြေသော လယ်ခင်းနှင့် လူနေအိမ်ခြေ စည်ကားသော မြို့ကြီးများလည်း ရှိ၏။ ထိုနယ်၌ ပင် လူဦးရေ ၇၇ဝဝဝဝ ကျော်ရှိသော ဆွီဒင်မြို့တော် စတော့ဟုမ်းမြို့ ရှိ၏။
ထိုမြို့တော်၏ မြောက်ဘက်တွင် ရှေးအခါက ဆွီဒင်ဘုရင်ကြီးများ စံရာမြို့ဖြစ်၍၊ ယခုအခါ
တက္ကသိုလ်မြို့ကြီးဖြစ်သော အပ်ဆားလားမြို့တည်ရှိ၏။ ဤနယ်မှာ ဆွီဒင်နိုင်ငံတွင် သံ၊ ကြေးနီ အစရှိသော သတ္တုများထွက်ရာ အချက်အချာဒေသဖြစ်သည်။
ယတ်တလန်နယ်သည်ကား၊ ရှေးအခါက ဂေါ့သလူမျိုးတို့၏ အရပ်ဒေသဖြစ်သည်။ ထိုနယ်၏ ၄ ပုံ ၃ ပုံမျှသော မြေယာကို ထွန်ယက်လုပ်ကိုင်နိုင်ကြသဖြင့် ထိုနယ်သည် လယ်ယာကိုင်းကျွန်း အဖြစ်ထွန်းဆုံးဒေသဖြစ်၏။ ယတ်တလန်နယ်မှာ ပင်လယ် ၂ ခုကို မျက်နှာမူပြီးလျှင်၊ သင်္ဘောဆိပ်များစွာ ရှိသဖြင့် ထင်ရှားသော နယ်ကြီးတစ်နယ်ဖြစ်လေသည်။ ထိုနယ်၌ရှိသော ယာ့တီဗောယီမြို့မှာ ဆွီဒင်နိုင်ငံတွင် ဒုတိယမြို့ကြီး ဖြစ်၍၊ အနောက်ဘက် ပင်လယ်ကမ်းခြေပေါ်၌ တည်ရှိသည်။ ထိုမြို့မှ သစ်၊ သံနှင့် သံမဏိများကို နိုင်ငံခြားသို့ ထုတ်ယူတင်ပို့သည်။ အခြားမြို့ကြီးများမှာ ဟယ်လဆင်ဗောယီနှင့် မာလမိုစသော မြို့များဖြစ်သည်။ ဤတောင်ပိုင်းနယ်သည်ကား ဆွီဒင်နိုင်ငံတွင် လူဦးရေအထူထပ်ဆုံးဖြစ်သည်။ ယာ့တီဗောယီမြို့နှင့် စတော့ဟုမ်းမြို့ကို တူးမြောင်းကြီးဖြင့် ဆက်သွယ်ထားရာ၊ ထိုတူးမြောင်းသည် ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာလမ်းမကြီးပင် ဖြစ်လေသည်။
ဆွီဒင်နိုင်ငံတွင် သံရိုင်းအပြင် ကြေးနီ၊ ဘော်၊ သွပ်နှင့် ကန့်မှုန့်များလည်းထွက်၏။ တွင်းထွက်သတ္တုများကြွယ်ဝသဖြင့် တယ်လီဖုန်းကရိယာ၊ မီးပြတိုက်ကရိယာ၊ အင်ဂျင်စက်နှင့် လျှပ်စစ်ကရိယာ၊ ကြွေထည်နှင့် မှန်ပစ္စည်းများ၊ စက္ကူ၊ မီးခြစ်၊ အထည် စသောပစ္စည်းများ ထုတ်လုပ်သော စက်ရုံကြီးများ ရှိလေသည်။ သင်္ဘောဆောက်လုပ်ခြင်း လုပ်ငန်းမှာလည်း တိုး တက်လျက်ရှိသည်။ စက်မှုလုပ်ငန်းအတွက် ကျောက်မီးသွေး မရှိသဖြင့်၊ ရေအားသုံး လျှပ်စစ်ဓာတ်အားကို အသုံးပြုရ၏။ စက်မှုလုပ်ငန်းများ တိုးတက်လာသော်လည်း၊ လူဦးရေ တဝက်နီးပါးမှာ လယ်ယာလုပ်ကိုင်ကြ၏။ အာလူးနှင့်သကြား မုန်လာကို အကြီးအကျယ် စိုက်ပျိုးကြပြီးလျှင်၊ သကြားမုန်လာ ဥမှ သကြားချက်လုပ်သော လုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင် ကြသည်။ ကျွဲနွားများ မွေးမြူ၍၊ ထောပတ်နှင့် ဒိန်ခဲကို ဂရိတ် ဗြိတိန်နှင့် အခြားနိုင်ငံမျာသို့ တင်ပို့၏။ တိုင်းပြည်တစ်ပြည်လုံး ၏ ထက်ဝက်ကျော်ကျော်မျှသောမြေမှာ သစ်တောများ ဖုံးအုပ် လျက်ရှိသဖြင့်၊ ဆွီဒင်နိုင်ငံ၏ သစ်လုပ်ငန်းမှာ အတော်ပင်ကြီး ကျယ်သည်။ သစ်တောထွက် ပစ္စည်းများဖြစ်သော သစ်၊ သစ် ပျော့ဖတ်၊ စက္ကူ၊ ပိုးတု၊ အိမ်ထောင်ပရိဘောဂ၊ မီးခြစ် စသည် တို့ကို နိုင်ငံခြားသို့ အမြောက်အမြားတင်ပို့သည်။ သစ်တော များ ပြန်လည်ထူထောင်ရေးကိစ္စကိုလည်း အစိုးရက ဂရုစိုက် ဆောင်ရွက်လျက်ရှိရာ၊ ပေါက်သော သစ်ပင်ဦးရေကိုကြည့်၍ သစ်သုံးစွဲရေးကိုပင် ကန့်သတ်ထားလေသည်။
ဆွီဒင်လူမျိုးများသည် ယဉ်ကျေးမှုတွင် အထက်တန်းကျ သော လူမျိုးတစ်မျိုးဖြစ်ရာ၊ ပညာရေးကို အထူးဂရုစိုက်လေ သည်။ အသက် ၇ နှစ်နှင့် ၁၄ နှစ်အကြားရှိ ကလေးသူငယ် များအား ပညာအခမဲ့ မသင်မနေရ ဥပဒေထုတ်ထား၏။ စတော့ဟုမ်းမြို့နှင့် ယာ့တီဗောယီမြို့များတွင် အပ်ဆားလားမြို့ မှာကဲ့သို့ တက္ကသိုလ်ကျောင်းများရှိ၏။ ဆွိဒင်လူမျိုးများမှာ သိပ္ပံပညာဘက်တွင် အထူးဝါသနာ ထုံ၍၊ ဆွီဒင်နိုင်ငံမှ လင်းနီးယပ်နှင့် အဲလ်ဖရက် နိုဘယ်တို့ကဲ့သို့ နာမည်ကျော် သိပ္ပံပညာရှင်များ ထွန်းကားပေါ်ထွက်ခဲ့၏။ အဲလ်ဖရက် နိုဘယ်ဆိုသူ ပုဂ္ဂိုလ်ကြီးကား အခြားမဟုတ်၊ ပညာ အရပ်ရပ်၌ အထူးတလည် ထူးချွန်သောပုဂ္ဂိုလ်များကို ရွေးချယ် ၍ နိုဘယ်ဆုများချီးမြှင့်ရန် အမွေဥစ္စာ အမြောက်အမြားထားခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်ပေသည်။
ဆွီဒင်နိုင်ငံတွင် အသက် ၂၃ နှစ်မှ ကျော်သောယောက်ျား မိန်းမများ မဲဆန္ဒပေး ခွင့်ရှိ၏။ ၁၉၁၄ ခုနှစ်ကစ၍ တိုင်းပြည်တွင် အရက်သေစာကို ကန့်သတ်၍ ရောင်းချရလေသည်။
ဆွီဒင်နိုင်ငံသည် ၁၃၉၇ ခုနှစ်က နော်ဝေး၊ ဒိန်းမတ်တို့ နှင့်ပူးပေါင်းခဲ့၏။ ထိုနောက် ၁၅၂၄ ခုနှစ်တွင် ဂပ်စတားဗပ် ဗာဆာဆိုသူ ခေါင်းဆောင်ကာ ဒိန်းလူမျိုးတို့ကို ပုန်ကန်၍ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံဖြစ်လာ လေသည်။ ၁၇ ရာစုနှစ် အစလောက်တွင် တန်ခိုးကြီးသော ဥရောပနိုင်ငံကြီး တစ်နိုင်ငံ ဖြစ်လာသည်။ နှစ်သုံးဆယ်စစ်ပွဲတွင် ဂျာမနီနိုင်ငံဖက်မှနယ်မြေ များကို သိမ်းယူခဲ့၏။ သို့ရာတွင် ၁၇ဝ၉ ခုနှစ်၌ ၁၂ ဆက် မြောက် ချားဘုရင်သည် ရုရှားနိုင်ငံတောင်ပိုင်း၌ ပီတာဘုရင် ကြီးနှင့်တိုက်ခိုက်ရာ စစ်ရေးရှုံးနိမ့်ပြီးလျှင် ဆွီဒင်နိုင်ငံမှာ တန်ခိုးမှေးမှိန်သွား၏။ ဆွီဒင်ပိုင်နယ်ပယ်များလည်း တစ်ဖြည်း ဖြည်း ဆုံးရှုံးသွားတော့၏။ ၁၈ဝ၇-၉ ခုနှစ်တွင် ရုရှနှင့်စစ်ဖြစ် ၍ အရေးရှုံးနိမ့်ရာ ဖင်းလန်နယ်ကို ရုရှနိုင်ငံသို့ ပေးအပ်လိုက်ရ ၏။ သို့ရာတွင် တစ်ဘက်မှ နော်ဝေးနိုင်ငံကို ဆွီဒင်နိုင်ငံနှင့် ပေါင်း၍ အုပ်ချုပ်နိုင်ခဲ့လေသည်။ သို့သော် ၁၉ဝ၅ ခုနှစ်တွင် နော်ဝေးသည် ဆွီဒင်နှင့်ခွဲထွက်၍ မိမိတို့ကြိုက်နှစ်သက်သူကို ဘုရင်အဖြစ်တင်မြှောက်၏။ ဆွီဒင်နိုင်ငံသည် ကမ္ဘာစစ်ကြီးများ အတွင်းတွင် ကြားနေနိုင်ငံအဖြစ် တည်ရှိခဲ့လေသည်။ စတုရန်းမိုင် ၁၇၃၄၃၆ မိုင် ကျယ်ဝန်း၍ လူဦးရေ ၇၁၉၂၃၁၆ ယောက် (၁၉၅၃ ခုနှစ်) ရှိသည်။ ဆွီဒင်နိုင်ငံ မြောက်ပိုင်းတွင် လက်လူမျိုးများ နေထိုင်၍ ငါးဖမ်းခြင်း၊ အမဲ လိုက်ခြင်းအလုပ်များဖြင့် အသက်မွေးမြူကာ အိုးခြေအိမ်ခြေ အတည်တကျမရှိဘဲ၊ တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းနေ ထိုင်လေ့ရှိကြသည်။[၂၀]
မှတ်စုများ[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Mottoes of The Kings and Queens of Sweden။ Royal Court of Sweden။ 23 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 October 2021 တွင် ပြန်စစ်ပြီး။
- ↑ Number of persons with foreign or Swedish background (detailed division) by region, age and sex. Year 2002 - 2019။ Statistics Sweden (31 December 2019)။
- ↑ The Act of Succession။ The Riksdag။
- ↑ Nergelius: pp. 42–44.
- ↑ Svenska kyrkan i siffror။ Church of Sweden (Svenska kyrkan)။
- ↑ ."SFS 1998:1591", Riksdagen
- ↑ Church of Sweden။ 16 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 October 2021 တွင် ပြန်စစ်ပြီး။
- ↑ Religions in Sweden | PEW-GRF။
- ↑ 5 facts about the Muslim population in Europe။ Pew Research Center။
- ↑ svensk–norska unionen (in sv)။ Nationalencyklopedin။
- ↑ Surface water and surface water change။ Organisation for Economic Co-operation and Development (OECD)။
- ↑ [၁] Statistics Sweden. Retrieved 8 July 2021.
- ↑ ၁၃.၀ ၁၃.၁ ၁၃.၂ ၁၃.၃ World Economic Outlook Database, October 2019။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့။
- ↑ Gini coefficient of equivalised disposable income – EU-SILC survey။ Eurostat။
- ↑ Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-5။ 16 December 2020 တွင် ပြန်စစ်ပြီး။
- ↑ Språklag (2009:600) (in sv)။ Riksdag (28 May 2009)။
- ↑ Landes၊ David။ "Swedish becomes official 'main language'"၊ 1 July 2009။
- ↑ Är svenskan också officiellt språk i Sverige? (in sv)။ Swedish Language Council (1 February 2008)။ 6 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 October 2021 တွင် ပြန်စစ်ပြီး။
- ↑ Statistical database - Select variable and values။ Statistikdatabasen.scb.se (19 March 2020)။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)