အဝခမီလူမျိုး

ဝီကီပီးဒီးယား မှ
(အဝခမီ မှ ပြန်ညွှန်းထားသည်)

အဝခမီလူမျိုးသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် ပါဝင်လေသည်။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲမှ လူမျိုးစု တစ်စုဖြစ်သည်။ အဝခမီတို့သည် မြောက်ပိုင်း ချင်းတောင်များမှ ခမီတို့နှင့်အတူ တစ်ဖြေးဖြေးဆင်းလာကြသည့် ခမီတို့နှင့် အနွယ်တူ လူမျိုးစု တစ်စုဟု ယူဆရပေသည်။ ခန်းလုံးတောင်တွင် ခမီအုပ်စုများနှင့်ခွဲကာ မီးချောင်း၊ ရန်ချောင်း၊ သီရိချောင်းအတိုင်း စုန်ဆင်းသွားပြီး ယင်းချောင်းဝ တစ်ဝိုက်၌ နေသော လူမျိုးကို (ခမီတို့အခေါ်) အဝခမီများဖြစ်သည်ဟု ထင်ရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ပုဆိုးကြမ်း ရေး တိုင်းရင်းသားလူမျိုးများ အဘိဓာန်