ကိုရီးယားသမ္မတနိုင်ငံ
ကိုဩဒိနိတ်: 36°N 128°E / 36°N 128°E
ကိုရီးယားသမ္မတနိုင်ငံ
| |||||
---|---|---|---|---|---|
| |||||
![]() တောင်ကိုရီးယားမှ ထိန်းချုပ်ထားသော မြေကို အစိမ်းရင့်ရောင်ဖြင့် ဖော်ပြထားပြီး ပိုင်ဆိုင်သည်ဟု ဆိုထားပြီး မထိန်းချုပ်နိုင်သော မြေကို အစိမ်းနုဖြင့် ဖော်ပြထားသည်။ | |||||
မြို့တော် နှင့် အကြီးဆုံးမြို့ | ဆိုးလ်မြို့ 37°33′N 126°58′E / 37.550°N 126.967°E | ||||
ရုံးသုံး ဘာသာစကားများ | ကိုရီးယား(Pyojuneo) ကိုရီးယား သင်္ကေတဘာသာစကား[၂] | ||||
တရားဝင်အရေးအသား | ကိုရီးယား | ||||
လူမျိုးစု (၂၀၁၉) |
| ||||
ကိုးကွယ်မှု |
| ||||
Demonym | |||||
အစိုးရ | ပြည်ထောင်စု သမ္မတ ဖွဲ့စည်းပုံ သမ္မတနိုင်ငံစနစ် | ||||
• သမ္မတ | ယွန်းဆော့ယော | ||||
ကင်ဘိုယောင်း | |||||
ပက်ဗြောင်းဆောင်း | |||||
ကင်မြောင်ဆိုး | |||||
ရိုနမ်ဆောက် | |||||
ဥပဒေပြုလွှတ်တော် | အမျိုးသားလွှတ်တော် | ||||
တည်ထောင်ခြင်းသမိုင်း | |||||
ဘီစီ ၇ ရာစု | |||||
၁၉၁၉ ခုနှစ် မတ် ၁ ရက် | |||||
၁၉၁၉ ခုနှစ် ဧပြီလ ၁၁ ရက် | |||||
• ဂျပန်အင်ပါယာမှ လွတ်လပ်ရေးရရှိခြင်း | ၁၉၄၅ ခုနှစ် ဩဂုတ် ၁၅ ရက် | ||||
• ၃၈ အပြိုင်မျဉ်း၏ ကိုရီးယားတောင်ဘက်ခြမ်း အမေရိကန် အုပ်ချုပ်ခြင်း | ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၈ ရက် | ||||
၁၉၄၈ ခုနှစ် ဩဂုတ် ၁၅ ရက် | |||||
၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် | |||||
• UNသို့ ဝင်ရောက်ခဲ့ | ၁၉၉၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက် | ||||
ဧရိယာ | |||||
• စုစုပေါင်း | ၁၀၀,၃၆၃ km2 (၃၈,၇၅၀ sq mi) (အဆင့်: ၁၀၇) | ||||
• ရေထု (%) | ၀.၃ (301 km2 / 116 mi2) | ||||
လူဦးရေ | |||||
• ၂၀၁၉ ခန့်မှန်း | ![]() | ||||
• သိပ်သည်းမှု | ၅၀၇/km2 (၁,၃၁၃.၁/sq mi) (အဆင့် - ၁၃) | ||||
GDP (PPP) | ၂၀၂၁ ခန့်မှန်း | ||||
• စုစုပေါင်း | ![]() | ||||
• Per capita | ![]() | ||||
GDP (nominal) | ၂၀၂၁ ခန့်မှန်း | ||||
• စုစုပေါင်း | ![]() | ||||
• Per capita | ![]() | ||||
Gini (၂၀၁၈) | ![]() အလယ် | ||||
HDI (၂၀၁၉) | ![]() အလွန်မြင့် · ၂၃ | ||||
ငွေကြေး | တောင်ကိုရီးယား ဝမ် (₩) (KRW) | ||||
အချိန်ဇုန် | ကိုရီးယား စံတော်ချိန် (UTC+9) | ||||
ရက်စွဲပုံစံ |
| ||||
ယာဉ်ကြောစနစ် | ညာ | ||||
တယ်လီဖုန်းကုဒ် | +၈၂ | ||||
Internet TLD |
တောင်ကိုရီးယား (ကိုရီးယား သမ္မတနိုင်ငံ) သည် အရှေ့အာရှတွင် ပါဝင်ပြီး အများအားဖြင့် ကိုရီးယားနိုင်ငံဟုသာ ခေါ်ဝေါ်ကြသည်။ ကိုရီးယားကျွန်းဆွယ်၏ တောင်ဘက်ပိုင်း ဖြစ်ပြီး အနောက်ဘက်တွင် တရုတ် ၊ အရှေ့ဘက်တွင် ဂျပန် ၊ နှင့် မြောက်ဘက်တွင် မြောက်ကိုရီးယား တို့ဖြင့် ဝန်းရံထားသည်။ မြို့တော်မှာ ဆိုးလ် ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယ လူဦးရေ အထူထပ်ဆုံး မြို့ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံဟု လူသိများသော ကိုရီးယားသမ္မတနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၃၈ဝ၃၁ ခန့် ကျယ်ဝန်းပြီး ၁၉၇၅ ခုနှစ် ကုလသမဂ္ဂအဖွဲ့ကြီး၏ ခန့်မှန်းချက်အရ လူဦးရေ ၃၃,ဝ၉၅,ဝဝဝ ခန့်ရှိသည်။ ၂၀၁၅ ခုနှစ် သန်းခေါင်စာရင်းအရ နိုင်ငံတော်ရှိ စုစုပေါင်းလူဦးရေ၏ ၅၆.၉% မှာ ဘာသာရေး အဖွဲ့အစည်းနှင့် မပတ်သက်ကြောင်း ဖော်ပြထားသော်လည်း အများစုမှာ နတ်ကိုးကွယ်သူများ ဖြစ်ကြသည်။ နိုင်ငံတော်လူဦးရေ၏ ၂၇.၆% မှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ပြီး၊ ၁၅.၅% မှာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြသူများ ဖြစ်သည်။ အစ္စလမ်ဘာသာဝင်နှင့် အခြားဘာသာဝင်များလည်း ရှိသည်။ မြို့တော်မှာ ဆိုးလ် ဖြစ်သည်။ နိုင်ငံတော်သမ္မတမှာ ယွန်းဆော့ယော ဖြစ်သည်။
ကိုရီးယားသမ္မတနိုင်ငံအား အမေရိကန်အစိုးရက စီးပွားရေးနှင့် စစ်ရေး အကူအညီများ ပေးခဲ့သည်။ ၁၉၇ဝ-၇၁ခုနှစ်မှ အစပြု၍ တောင်ကိုရီးယား နိုင်ငံတွင် အခြေစိုက်ခဲ့သော အမေရိကန် စစ်တပ်များကို တဖြည်းဖြည်းပြန်လည် လျှော့ချပေးခဲ့သည်။ တောင်နှင့်မြောက် ကိုရီးယားနိုင်ငံတို့ ပြန်လည်ပေါင်းစည်းရေးနှင့် ကွဲကွာနေသော မိသားစုများအား ပြန်လည်တွေ့ဆုံနိုင်ရေးအတွက် မြောက်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးနေဆဲ ဖြစ်သည်။
စီးပွားရေး[ပြင်ဆင်ရန်]
ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုသည် ပြီးခဲ့သော ဆယ်စုနှစ် လေးခုအတွင်း ကမ္ဘာပေါ်တွင် ဒုတိယ ဖြစ်ခဲ့သည်။ ကိုရီးယား၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပက်သတ်၍ ဟန်မြစ်ဝှမ်းမှ အံ့ဖွယ်ဖြစ်ရပ် ဟု တင်စားကြပြီး နိုင်ငံတကာ ပတ်ဝန်းကျင်၌ အာရှကျားလေးကောင် တွင် အပါအဝင်အဖြစ် လေးစားခြင်း ခံခဲ့ရသည်။ ထို့ကြောင့် တောင်ကိုးရီးယား၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် စံနမူနာပြ ဖြစ်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံသည် သယံဇာတများ နည်းပါး၍ နိုင်ငံပိုင်နက် နယ်နမိတ် ကျဉ်းမြောင်းသော်လည်း ၎င်း၏စီးပွားရေးသည် ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံး အဖြစ် သတ်မှတ်ကြသည်။ တောင်ကိုရီးယား၏ စီးပွားရေးသည် အာရှတွင် စတုတ္ထမြောက်နှင့် ကမ္ဘာပေါ်တွင် (၁၃) ခုမြောက် အင်အား အကြီးဆုံး ဖြစ်သည်။ အမေရိကန်၏ အဓိက ကုန်သွယ်ဘက် နိုင်ငံများတွင်လည်း အပါအဝင် ဖြစ်သည်။
စစ်ရေး[ပြင်ဆင်ရန်]
စစ်ရေးအင်အားကိုကြည့်လျှင် တောင်ကိုရီးယားသည် ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် အင်အားအကြီးဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့ ဒုတိယမြောက် တိုက်ပွဲဝင် အရံအင်အားများ ရှိကာ စစ်ရေးအသုံးစရိတ်သည် ကမ္ဘာပေါ်တွင် ထိပ်ဆုံး (၁၀) နိုင်ငံ စာရင်းဝင်ဖြစ်သည်။ တောင်ကိုရီးယား၏ စစ်ရေးအင်အားတွင် ကြည်းတပ် (Army)၊ ရေတပ်(Navy)၊ လေတပ် (Air Force) နှင့် ကမ်းတပ်တပ်ဖွဲ့ (Marine Corps) နှင့် အရံတပ်ဖွဲ့များ ပါဝင်သည်။ ၎င်း၏ တပ်ဖွဲ့အများစုကို ကိုရီးယား စစ်မဲ့ဇုံ ၏ အနီးအနားတွင် ချထားလျက် ရှိသည်။ တောင်ကိုရီးယား၏ အရွယ်ရောက်သည့် ယောက်ျားလေးတိုင်းသည် စစ်မှုမထမ်းမနေရ စနစ်ဖြင့် (၂) နှစ်ကြာ စစ်မှုထမ်းရသည်။
မှတ်စုများ[ပြင်ဆင်ရန်]
- ↑ ၁၉.၇% သည် ပရိုတက်စတင့်၊ ၇.၉% သည် ကက်သလစ်
ကိုးကား[ပြင်ဆင်ရန်]
- ↑ "A New Way of Seeing Country Social Responsibility" . Faculty of Philosophy and Social-Political Sciences. Archived 25 September 2013 at the Wayback Machine.
- ↑ You must specify title = and url = when using {{cite web}}. (in ko) (2016)။
- ↑ You must specify title = and url = when using {{cite web}}.။
- ↑ ၄.၀ ၄.၁ ၄.၂ ၄.၃ World Economic Outlook Database, October 2020။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့။
- ↑ Inequality - Income inequality - OECD Data။ Organisation for Economic Co-operation and Development။ 17 July 2021 တွင် ပြန်စစ်ပြီး။
- ↑ Human Development Report 2020 (in en)။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (15 December 2020)။