မွန်ပြည်သစ်ပါတီ

ဝီကီပီးဒီးယား မှ
မွန်ပြည်သစ်ပါတီ
New Mon State Party
ဥက္ကဋ္ဌနိုင်ဟံသာ
အထွေထွေ အတွင်းရေးမှူးနိုင်ဇေယျ
တည်ထောင်သူနိုင်ရွှေကျင်
တည်ထောင်ခြင်းဇူလိုင်လ ၂၀ ရက်နေ့ ၁၉၅၈ ခုနှစ် (ဇူလိုင်လ ၂၀ ရက်နေ့ ၁၉၅၈ ခုနှစ်)
ခွဲထွက်မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)
ဌာနချုပ်ရေးချောင်းဖျား (ဗဒိုပ်လုပ်ဍုင်)
လက်နက်ကိုင်အဖွဲ့အစည်းမွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်
နိုင်ငံရေး သဘောတရားဖက်ဒရယ်ပြည်ထောင်စုစနစ်
မွန်အမျိုးသားရေး
အရောင်အနီ၊ အဝါ၊ အပြာ၊အဖြူ
ဝက်ဘ်ဆိုဒ်
newmonstateparty.org
ပါတီအလံ
ဥက္ကဋ္ဌ နိုင်ဟံသာ

မွန်ပြည်သစ်ပါတီ(မွန်: ဗော်ဍုၚ်မန်တၟိ)ကို မွန်အမျိုးသားခေါင်းဆောင် ဥက္ကဋ္ဌ(နိုင်ရွှေကျင်)ကတည်ထောင်ခဲ့ပြီးလက်ရှိ ဥက္ကဋ္ဌမှာ နိုင်ဟံသာ၊ ဒုဥက္ကဋ္ဌမှာ နိုအောင်မင်း နှင့် အထွေထွေအတွင်းရေးမှူးမှာ နိုင်‌ဇေယျတွဲဖက်အထွေထွေအတွင်းရေးမှူးမှာ နိုင်ဝင်းလှ ပြည်တွင်းရေးရာဌာနကြီး တာဝန်ခံမှာ ဗဟိုအလုပ်မှုဆောင် နိုင်ဗညားလယ် နှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ၏ စစ်ဦးစီးချုပ် နိုင်ဗညားမဲ့စန်းတို့ ဖြစ်ကြသည်။

မွန်ပြည်သစ်ပါတီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင် ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]