ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အစိုးရအဖွဲ့
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအစိုးရအဖွဲ့ | |
---|---|
![]() အစိုးရအဖွဲ့၊ မြန်မာ | |
လက်ရှိ | |
ဖွဲ့စည်းရက်စွဲ | ၂ မတ် ၂၀၂၁ |
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ | |
နိုင်ငံတော်ခေါင်းဆောင် | ဝင်းမြင့် |
အစိုးရခေါင်းဆောင် | အောင်ဆန်းစုကြည် |
ဒုတိယ ခေါင်းဆောင် | မန်းဝင်းခိုင်သန်း (ခေတ္တ ဒုသမ္မတ) |
Member parties | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြား |
သမိုင်း | |
ယခင် | ဦးဝင်းမြင့်အစိုးရ |
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အစိုးရအဖွဲ့ (အင်္ဂလိပ်: Cabinet of Committee Representing Pyidaungsu Hluttaw) သည် စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ယခင်ဦးဝင်းမြင့်အစိုးရသည်သာ တရားဝင်အစိုးရအဖြစ် ဆက်လက်တည်ရှိနေသည်ဟု အသိမှတ်ပြုထားသော အစိုးရဖြစ်သည်။[၁] သို့သော် ယခင်အစိုးရခေါင်းဆောင်များဖြစ်သော သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်ထောင်စုဝန်ကြီးများသည် ဖမ်းဆီးထိန်းသိမ်းခံထားရသောကြောင့် တာဝန်များထမ်းဆောင်နိုင်ခြင်းမရှိစဉ်/သောကြောင့် ခေတ္တအစိုးရခေါင်းဆောင်နှင့် ခေတ္တပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်ခဲ့ကြသည်။[၂][၃]
မတ်လ ၂ တွင် လွှတ်တော်ကိုယ်စားပြုကော်မတီက ဝန်ကြီးဌာနကိုးခုကို တာဝန်ခံရန် ဝန်ကြီးလေးဦးခန့်အပ်ခဲ့ရာ သုံးဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဖြစ်၍ ကျန်တစ်ဦးမှာ ရန်ကုန်ဆေးတက္ကသိုလ် (၁) ၏ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးဖြစ်၏ ။ ကိုယ်စားပြုကော်မတီ၏ ထုတ်ပြန်ချက်အရ အရပ်သားအစိုးရ၏ တာဝန်များကိုအဓိကထမ်းဆောင်ရန်ဖြစ်သည်ဟု ဖော်ပြထားကာ ဝန်ကြီးများကိုယ်စားအခြားသင့်တော်သူရှိလျှင် ထပ်မံခန့်အပ်သွားမည်ဟု ကြေငြာခဲ့သည်။[၃][၄] မတ်လ ၉ တွင် ကော်မတီက ၂၀၁၆-၁၈ အတွင်း ပြည်ထောင်စုလွှတ်တော်နာယကတာဝန် ထမ်းဆောင်ခဲ့သော မန်းဝင်းခိုင်သန်းကို ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါကြေညာချက်၌ နိုင်ငံတော်ကို ကိုယ်စားပြုရန်အတွက်လည်းကောင်း နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရန်အတွက်လည်းကောင်း တာဝန်ပေးခြင်းဖြစ်သည်ဟု ဖော်ပြထား၏ ။[၅]
ခေါင်းဆောင်များ[ပြင်ဆင်ရန်]
ဝင်းမြင့် | သမ္မတ | အထိန်းသိမ်းခံ |
အောင်ဆန်းစုကြည် | နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် | အထိန်းသိမ်းခံ |
မန်းဝင်းခိုင်သန်း | ခေတ္တ ဒုတိယ သမ္မတ | ပြည်ထောင်စုလွှတ်တော် နာယက (၂၀၁၆-၁၈) |
အစိုးရအဖွဲ့[ပြင်ဆင်ရန်]
ဝန်ကြီးဌာန | အမည် | သက်တမ်း | အဖွဲ့ | ||
---|---|---|---|---|---|
စတင် | ကုန်ဆုံး | သက်တမ်း | |||
နိုင်ငံခြားရေး ဝန်ကြီးဌာန | ဇင်မာအောင် | ၂ မတ် ၂၀၂၁ | လက်ရှိ | ၃၉
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
သမ္မတရုံး ဝန်ကြီးဌာန | လွင်ကိုလတ် | ||||
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန | |||||
ဘဏ္ဍာရေး ဝန်ကြီးဌာန | တင်ထွန်းနိုင် | ||||
ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန | |||||
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန | |||||
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန | ဇော်ဝေစိုး | ပါမောက္ခချုပ် (ရန်ကုန်ဆေး ၁) | |||
ပညာရေးဝန်ကြီးဌာန | |||||
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန |
ကိုးကား[ပြင်ဆင်ရန်]
- ↑ "အသစ်ခန့်လိုက်တဲ့ဝန်ကြီးတွေဟာ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက်လို့ CRPH ပြော"၊ BBC (Burmese)၊ 2 March 2021။
- ↑ Appointment of Acting Union Ministers (in en) (2 March 2021)။
- ↑ ၃.၀ ၃.၁ "Defying Military Regime, Myanmar’s CRPH Names Four Acting Ministers"၊ The Irrawaddy၊ 2 March 2021။
- ↑ "Ousted MPs defy junta by appointing new government ministers"၊ Myanmar Now၊ 3 March 2021။
- ↑ "Myanmar security forces raid compound of striking rail workers"၊ Reuters၊ 10 March 2021။
- ↑ "CRPH က ပြည်ထောင်စုဝန်ကြီးတွေ စတင်ခန့်အပ်" (in my-MM)၊ BBC News မြန်မာ။
- ↑ "ခေတ္တပြည်ထောင်စုဝန်ကြီး ၄ ဦး CRPH ခန့်အပ်" (in my)၊ VOA။