ဇင်မာအောင်

ဝီကီပီးဒီးယား မှ
ဒေါ်ဇင်မာအောင်
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုးသားညီညွတ်ရေးအစိုးရ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ မတ် ၂၀၂၁
ခန့်အပ်သူCRPH
သမ္မတဦးဝင်းမြင့်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၁၆
ယခင်လူဦးသာဝင်း
မဲဆန္ဒနယ်ရန်ကင်းမြို့နယ်
အနိုင်ရမဲ အရေအတွက်27,392 (77.49%)[၁]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1976-06-14) ၁၄ ဇွန်၊ ၁၉၇၆ (အသက် ၄၇)
ရန်ကုန်မြို့
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိဘဦးအောင်ကြည်
ဒေါ်ရီရီမြင့်
မိခင်ကျောင်းအဝေးသင်တက္ကသိုလ်(ရန်ကုန်)
အလုပ်အကိုင်တက်ကြွလှုပ်ရှားသူ
နိုင်ငံရေးသမား
ဆုတံဆိပ်များInternational Women of Courage Award (၂၀၁၂)
Young Global Leader (၂၀၁၄)[၂]
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

ဒေါ်ဇင်မာအောင် (၁၄ ဇွန် ၁၉၇၆ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရန်ကင်းမြို့နယ် မဲဆန္ဒနယ် ကိုယ်စားပြု တာဝန်ထမ်းဆောင်လျက်ရှိသည်။[၃][၄]

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

ဒေါ်ဇင်မာအောင်ကို ၁၉၇၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ သူမသည် ရန်ကုန်၊ အဝေးသင်တက္ကသိုလ်မှ ရုက္ခဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။

နိုင်ငံရေးအသက်မွေးဝမ်းကြောင်းနှင့် လှုပ်ရှားမှုများ[ပြင်ဆင်ရန်]

ဒေါ်ဇင်မာအောင်သည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း တက္ကသိုလ်တက်စဉ်က မြန်မာစစ်အစိုးရအား ဆန့်ကျင်မှုတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၉၈ တွင် ငြိမ်းချမ်းသောဆန္ဒပြပွဲတစ်ခုတွင် ကဗျာတစ်ပုဒ်ဖတ်ရှုခြင်းနှင့် ရွေးကောက်ပွဲရလဒ်များအား လေးစားလိုက်နာရန် စစ်အစိုးရကို တောင်းဆိုခြင်းကြောင့် အဖမ်းခံခဲ့ရသည်။ သူမသည် ရှေ့နေတစ် ဦး ကိုယ်စားပြုခွင့်မပြုခဲ့သော စစ်ခုံရုံးတစ်ခု၏ ရှေ့မှောက်၌ အဖမ်းခံခဲ့ရပြီး ပြစ်မှုထင်ရှားကြောင်း စီရင်ချက်ချခဲ့သည်။ ဒေါ်ဇင်မာအောင်ကို ထောင်ဒဏ် ၂၈ နှစ်ချမှတ်ခဲ့သည်။ သူမသည် နိုင်ငံရေးအကျဉ်းသားအဖြစ် (၁၁) နှစ်ကြာနေထိုင်ခဲ့ပြီး (၉) နှစ်နီးပါးသည် တစ်ဦး တည်း ချုပ်နှောင်ခံခဲ့ရသည်။[၅] ၂၀၀၉ ခုနှစ်တွင် သူမအား ရုတ်တရက်လွှတ်ပေးခဲ့ပြီးနောက်[၅] အရပ်ဘက်လူ့အဖွဲ့အစည်း လှုပ်ရှားမှုများတွင် ပြန်လည်ပါဝင်ခဲ့သည်။[၄][၆]

၂၀၁၂ ခုနှစ် အပြည်ပြည်ဆိုင်ရာရဲရင့်သောအမျိုးသမီးဆုပေးပွဲအခမ်းအနားတွင် တွေ့ရသော မီရှဲလ် အိုဘားမား၊ ဇင်မာအောင်နှင့် ဟီလာရီ ကလင်တန်

ဒေါ်ဇင်မာအောင်သည် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှု၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး၊ တိုင်းရင်းသားလူမျိုးများ သည်းခံနိုင်စွမ်းနှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ကူညီထောက်ပံ့ပေးနေသော လူထုအခြေပြုအဖွဲ့အစည်းများကို တည်ထောင်ခဲ့သည်။ Rainfall အဖွဲ့က ပြည်သူ့ဘဝတွင် အမျိုးသမီးများပါဝင်မှုကို ပိုမိုအားပေးသည်။ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းက မြန်မာလူငယ်များအား နိုင်ငံရေးနှင့် ဒီမိုကရေစီအကြောင်းသင်ကြားပေးသည်။ ၂၀၁၂ ခုနှစ်တွင် သူမသည် ပဋိက္ခဖြစ်ပွားရာဒေသများရှိတိုင်းရင်းသားလူနည်းစုများအပေါ် သက်ရောက်သည့် ပြဿနာများနှင့် ပတ်သက်၍ အသိအမြင်မြှင့်တင်ရန် အဖွဲ့အစည်းတစ်ခုကို ဦးဆောင်ခဲ့သည်။ ထိုအချိန်က သူမသည် " အပြည်ပြည်ဆိုင်ရာရဲရင့်သောအမျိုးသမီးများဆု"ရှင်အဖြစ်အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီရော့ဒ်ကလင်တန်မှ အသိအမှတ်ပြုခဲ့သည်။[၄] ၂၀၁၃ ခုနှစ်မှစ၍ သူမသည် အပြည်ပြည်ဆိုင်ရာရွေးကောက်ပွဲစနစ်ဖောင်ဒေးရှင်း တွင် လုပ်ကိုင်ခဲ့သည်။[၆][၇][၈]

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ရန်ကင်းမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။[၉]

ကိုးကား[ပြင်ဆင်ရန်]

  1. Votes Records (in en)။ mypilar.org။ 30 September 2017 တွင် ပြန်စစ်ပြီး။
  2. ‘Women Have Courage and Power That Is Kept Hidden’ (in en)။ The Irrawaddy (29 March 2014)။ 30 September 2017 တွင် ပြန်စစ်ပြီး။
  3. The Myanmar Times။ A voice that demands to be heardmmtimes.com
  4. ၄.၀ ၄.၁ ၄.၂ 2012 International Women of Courage Award Winnersstate.gov။ 2014-04-28 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. ၅.၀ ၅.၁ 'What Others Dare Not Think'။ 2 June 2017 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ IFES - Zin Mar Aung on the Importance of Women in Peace and Politics in Myanmarifes.org။ 10 June 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 March 2020 တွင် ပြန်စစ်ပြီး။
  7. "‘ပြန်ထွက်လာတော့လည်း သိတဲ့အတိုင်းပဲ မြန်မာ့နိုင်ငံရေး အခြေအနေက ကဲငါတို့မလိုအပ်တော့ဘူးဆိုတဲ့ အနေအထားမျိုး မဟုတ်ဘူး’"။ 9 June 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 10 June 2015။ 
  8. Joshua Lipes။ "88 Generation Leader to Contest Myanmar Election Despite Pending Charges"၊ Radio Free Asia၊ 20 July 2015။ 21 July 2015 တွင် ပြန်စစ်ပြီး 
  9. Zin Mar: From Prison to Parliament (in en)။ Partners Asia (29 February 2016)။ 4 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 October 2017 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]