ဇင်မာအောင်
ဇင်မာအောင် | |
|---|---|
| ဝန်ကြီး နိုင်ငံခြားရေး အမျိုးသားညီညွတ်ရေးအစိုးရ | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၈ ဒီဇင်ဘာ ၂၀၂၅ | |
| ခန့်အပ်သူ | ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ |
| ခေါင်းဆောင် | အမျိုးသားညီညွတ်ရေးအစိုးရ |
| ယခင်လူ | ကိုယ်တိုင် |
| တာဝန်သက်တမ်း ၁၆ ဧပြီ ၂၀၂၁ – ၈ ဒီဇင်ဘာ ၂၀၂၅ | |
| ခန့်အပ်သူ | ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ |
| ခေါင်းဆောင် | အမျိုးသားညီညွတ်ရေးအစိုးရ |
| ယခင်လူ | ရာထူးစတင် |
| ဆက်ခံသူ | ကိုယ်တိုင် |
| ခေတ္တဝန်ကြီး နိုင်ငံခြားရေး (အမျိုးသားညီညွတ်ရေးအစိုးရ) | |
| တာဝန်သက်တမ်း ၂ မတ် ၂၀၂၁ – ၁၆ ဧပြီ ၂၀၂၁ | |
| ခန့်အပ်သူ | CRPH |
| ယခင်လူ | ရာထူးစတင် |
| ဆက်ခံသူ | ရာထူးလွှဲပြောင်း (အမျိုးသားညီညွတ်ရေးအစိုးရထံသို့) |
| ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
| ယခင်လူ | ဦးသာဝင်း (USDP) |
| မဲဆန္ဒနယ် | ရန်ကင်းမြို့နယ် |
| အနိုင်ရမဲ အရေအတွက် | ၂၇,၃၉၂ (၇၇.၄၉%)[၁] |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၄ ဇွန်၊ ၁၉၇၆ ရန်ကုန်မြို့ |
| လူမျိုး | မြန်မာ |
| နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| မိဘ | ဦးအောင်ကြည် ဒေါ်ရီရီမြင့် |
| မိခင်ကျောင်း | အဝေးသင်တက္ကသိုလ်(ရန်ကုန်) |
| အလုပ်အကိုင် | တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမား |
| ဆုတံဆိပ်များ | International Women of Courage Award (၂၀၁၂) Young Global Leader (၂၀၁၄)[၂] |
| ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
ဒေါ်ဇင်မာအောင် (၁၄ ဇွန် ၁၉၇၆ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သည်။လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ထမ်းဆောင်လျှက်ရှိသည်။ယင်းမတိုင်မီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရန်ကင်းမြို့နယ် မဲဆန္ဒနယ် ကိုယ်စားပြု တာဝန်အား စစ်တပ်မှ၂၀၂၁အဓမ္မအာဏာသိမ်းယူမှု မတိုင်မီထိ တာဝန်ထမ်းဆောင်ခဲ့သည်[၃][၄]
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]ဒေါ်ဇင်မာအောင်ကို ၁၉၇၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။သူသည် ရန်ကုန်၊ အဝေးသင်တက္ကသိုလ်မှ ရုက္ခဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။
နိုင်ငံရေးဖြတ်သန်းမှုများ
[ပြင်ဆင်ရန်]ဒေါ်ဇင်မာအောင်သည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း တက္ကသိုလ်တက်စဉ်က မြန်မာစစ်အစိုးရအား ဆန့်ကျင်မှုတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။
၁၉၉၈ ခုနှစ် တွင် ငြိမ်းချမ်းသောဆန္ဒပြပွဲတစ်ခုတွင် ကဗျာတစ်ပုဒ်ဖတ်ရှုခြင်းနှင့် ရွေးကောက်ပွဲရလဒ်များအား လေးစားလိုက်နာရန် စစ်အစိုးရကို တောင်းဆိုခြင်းကြောင့် အဖမ်းခံခဲ့ရသည်။
သူသည် ရှေ့နေတစ်ဦးမျှ ကိုယ်စားပြုခွင့်မပြုခဲ့သည့် စစ်ခုံရုံးတစ်ခု၏ ရှေ့မှောက်၌ ပြစ်မှုထင်ရှားကြောင်း စီရင်ချက်ချခံခဲ့ရသည်။ထောင်ဒဏ် ၂၈ နှစ်ချမှတ်ခံရသူ ဒေါ်ဇင်မာအောင်သည် နိုင်ငံရေးအကျဉ်းသားအဖြစ် (၁၁) နှစ်ကြာနေထိုင်ခဲ့ပြီး၊ (၉) နှစ်နီးပါးသည် တစ်ဦးတည်း ချုပ်နှောင်ခံခဲ့ရသည်။[၅] ၂၀၀၉ ခုနှစ်တွင် သူ့အား စစ်အစိုးရက လွတ်ငြိမ်းဖြင့် ရုတ်တရက်လွှတ်ပေးခဲ့ပြီးနောက်[၅] အရပ်ဘက်လူ့အဖွဲ့အစည်း လှုပ်ရှားမှုများတွင် ပြန်လည်ပါဝင်ခဲ့သည်။[၄][၆]

ဒေါ်ဇင်မာအောင်သည် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှု၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် တိုင်းရင်းသားအရေးအပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ကူညီထောက်ပံ့ပေးသည့် လူထုအခြေပြုအဖွဲ့အစည်းများကို တည်ထောင်ခဲ့သည်။
Rainfall အဖွဲ့သည် ၎င်းတည်ထောင်ခဲ့သည့်အဖွဲ့များထဲမှ ထင်ရှားသည့်အဖွဲ့တစ်ခုဖြစ်သည်။ထို့အတူ
မြန်မာလူငယ်များအား နိုင်ငံရေးနှင့် ဒီမိုကရေစီအကြောင်းသင်ကြားပေးသည့် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းတွင်လည်း ၎င်းပါဝင်ခဲ့သည်။
၂၀၁၂ ခုနှစ်တွင် သူသည် ပဋိက္ခဖြစ်ပွားရာဒေသများရှိ တိုင်းရင်းသားလူနည်းစုများအပေါ် သက်ရောက်သည့် ပြဿနာများနှင့် ပတ်သက်၍ အသိအမြင်မြှင့်တင်မည့် အဖွဲ့အစည်းတစ်ခုကို ဦးဆောင်ခဲ့သည်။ထိုအချိန်က သူသည် " အပြည်ပြည်ဆိုင်ရာရဲရင့်သောအမျိုးသမီးများဆု"ရှင်အဖြစ် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီရော့ဒ်ကလင်တန်မှ အသိအမှတ်ပြုခဲ့သည်။[၄]
၂၀၁၃ ခုနှစ် တွင် သူသည် အပြည်ပြည်ဆိုင်ရာရွေးကောက်ပွဲစနစ်ဖောင်ဒေးရှင်းတွင် လုပ်ကိုင်ခဲ့သည်။[၆][၇][၈]
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအရောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ရန်ကင်းမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။[၉]
၂၀၂၁ ခုနှစ်နောက်ပိုင်းဖြစ်ရပ်များ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက် တွင် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သည်။[၁၀]သူသည် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုပြီး အနိုင်ရ ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာခံထားရသူဖြစ်သည်။[၁၁] [၁၂]
သို့သော်လည်း စစ်တပ်သည် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ် ကို မဲမသမာမှုပြုလုပ်သည်ဆိုသောစွပ်စွဲချက်ဖြင့် လက်မခံဘဲ၊၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် တွင် ကျင်းပရန်ရှိသည့် တတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများခေါ်ယူမှုအား တားဆီးခဲ့သည်။
ထိုနေ့တွင် နေပြည်တော်၊စည်ပင်ရိပ်သာရှိ ဒေါ်ဇင်မာအောင် သည် လွှတ်တော်အစည်းအဝေးတက်ကြမည့် အခြားသောလွှတ်တော်ကိုယ်စားလှယ်များနည်းတူ လွှတ်တော်မတက်နိုင်ရေး ရဲ နှင့် စစ်သားများပါသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပိတ်ပင်တားဆီးခြင်းကို ခံခဲ့ရသည်။[၁၃]ဤသို့ဖြင့် တတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများခေါ်ယူမှုသည် ပျက်ပြယ်သွားခဲ့ရသည်။
၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၃ ရက် တွင် အာဏာသိမ်းစစ်တပ် သည် နေပြည်တော်၊စည်ပင်ရိပ်သာရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအား ၂၄နာရီအတွင်း မိမိနေအိမ်များသို့ ထွက်ခွာသွားကြရန် ဖိအားပေးခဲ့၍ ကိုယ်စားလှယ်များ ထွက်ခွာခဲ့ကြရသည်။[၁၄] [၁၅]ထိုသို့ထွက်ခွာကြရာတွင် ကိုယ်စားလှယ်အချို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာ နယ်မြေများသို့ ထွက်ခွာသွားခဲ့ကြသည်။
၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၅ ရက် တွင် ၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအရေးပေါ်အစည်းအဝေးကို Online Conferencing System ဖြင့် ကျင်းပခဲ့ကြသည်။
အစည်းအဝေးသို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် နှင့် အခြားသောကိုယ်စားလှယ်အချို့မှလွဲ၍ NLD ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၉၈ ဦး တက်ရောက်ခဲ့ပြီး၊ ဒိန်းမတ်၊ ဆွီဒင်၊ အမေရိကန်ပြည်ထောင်စု နှင့် ချက်သမ္မတနိုင်ငံသံရုံးများမှ ကိုယ်စားလှယ်များ ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ကြသည်။[၁၆]
ထိုအစည်းအဝေးမှတဆင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားထုတ်ပြန်ကြေညာချက် (၂/၂၀၂၁)၊ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဖွဲ့စည်းပေါ်ထွက်လာခဲ့သည်။
ကနဦးအဖွဲ့ဝင် ၁၅ ဦး တွင် ဒေါ်ဇင်မာအောင် လည်း ပါဝင်ခဲ့သည်။
စစ်တပ်ဘက်ကလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)အဖွဲ့ဝင်များ အားလုံးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)အပြင်၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ နှစ်ခုဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် အမှုဖွင့်ကာ၊ ဖမ်းဝရမ်းထုတ်ခဲ့သည်။[၁၇]
သို့သော်လည်း ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ခဲ့သည်။၂၀၂၁ ခုနှစ်၊မတ်လ ၂ရက် တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် ၎င်းကို ခေတ္တ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ဧပြီ ၁၆ ရက် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့သည့်အခါ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့ပြီး၊၂၀၂၅ ခုနှစ်၊ဒီဇင်ဘာ ၈ ရက် အမျိုးသားညီညွတ်ရေးအစိုးရပြုပြင်ပြောင်းလဲချိန်တွင်လည်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ပေးခံခဲ့ရသည်။[၁၈]
သူသည် နိုင်ငံတကာမျက်နှာစာတွင် အမျိုးသားညီညွတ်ရေးအစိုးရကို ကိုယ်စားပြုပြီး နိုင်ငံခြားရေးကိစ္စရပ်များကို ဆောင်ရွက်ရသူအဖြစ် အရေးပါခဲ့သည်။[၁၉] [၂၀]
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]
ဖေ့စ်ဘွတ်ခ် ပေါ်ရှိ ဇင်မာအောင်- ဇင်မာအောင် 7 November 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Freedom Freedom အင်တာဗျူး
ကိုးကား
[ပြင်ဆင်ရန်]- ↑ Votes Records (in en)။ mypilar.org။ 29 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 September 2017 တွင် ပြန်စစ်ပြီး။
- ↑ ‘Women Have Courage and Power That Is Kept Hidden’ (in en)။ The Irrawaddy (29 March 2014)။ 30 September 2017 တွင် ပြန်စစ်ပြီး။
- ↑ The Myanmar Times။ A voice that demands to be heard။ mmtimes.com။
- 1 2 3 2012 International Women of Courage Award Winners။ state.gov။ 2014-04-28 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- 1 2 'What Others Dare Not Think'။ 4 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 June 2017 တွင် ပြန်စစ်ပြီး။
- 1 2 IFES - Zin Mar Aung on the Importance of Women in Peace and Politics in Myanmar။ ifes.org။ 10 June 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 March 2020 တွင် ပြန်စစ်ပြီး။
- ↑ "‘ပြန်ထွက်လာတော့လည်း သိတဲ့အတိုင်းပဲ မြန်မာ့နိုင်ငံရေး အခြေအနေက ကဲငါတို့မလိုအပ်တော့ဘူးဆိုတဲ့ အနေအထားမျိုး မဟုတ်ဘူး’"။ 9 June 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 10 June 2015။
- ↑ Joshua Lipes။ "88 Generation Leader to Contest Myanmar Election Despite Pending Charges"၊ Radio Free Asia၊ 20 July 2015။ 21 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 4 July 2018။
- ↑ Zin Mar: From Prison to Parliament (in en)။ Partners Asia (29 February 2016)။ 4 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 October 2017 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၃) ကျင်းပ။ MOI Myanmar (၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်စာရင်း ထုတ်ပြန်ပြီးစီး။ RFA (၉ နိုဝင်ဘာ ၂၀၂၀)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၅၀) ရွေးကောက်တင်မြှောက်ခံရသည့်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ။ MOI Myanmar (၁၁ ဒီဇင်ဘာ ၂၀၂၀)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နေပြည်တော် စည်ပင်ဝင်းကို စစ်တပ်၊ ရဲနဲ့ ပိတ်ထား။ VOA (၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စည်ပင်ဧည့်ရိပ်သာက လွှတ်တော်ကိုယ်စားလှယ်များကို တပ်မတော်က နေရပ်ပြန်ခိုင်း။ DVB (၂ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်က လွှတ်တော်အမတ်တွေကို ၂၄ နာရီအတွင်းထွက်ဖို့ ဖိအားပေး။ RFA (၃ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ NLD အမတ် ၁၅ ဦးပါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်း။ VOA (၅ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အာဏာသိမ်း တပ်မတော်က CRPH အဖွဲ့ဝင်များကို ဖမ်းဝရမ်းထုတ်ထား။ The Irrawaddy (၁၆ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ NUG က ဝန်ကြီးဌာန ၅ ခု လျော့ချပြီး ယခင်လူဟောင်းများဖြင့် အပြောင်းအလဲလုပ်။ Mizzima Burmese (၈ ဒီဇင်ဘာ ၂၀၂၅)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ‘‘နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ စစ်တပ်က ကမ်းလှမ်းနေတာ မဟုတ်ဘူး’’ - NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်။ BBC (၂၉ စက်တင်ဘာ ၂၀၂၄)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် အပါအဝင် ဘယ်အာဏာရှင်ကိုမှ နေရာမရစေရဘူး။ Myanmar Now (၁၈ မတ် ၂၀၂၅)။ ၁၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။