ရွှေပုံ
ဒေါက်တာ ရွှေပုံ | |
|---|---|
| ဝန်ကြီး ကျန်းမာရေး အမျိုးသားညီညွတ်ရေးအစိုးရ | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၈ ဒီဇင်ဘာ ၂၀၂၅ | |
| ခန့်အပ်သူ | ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ |
| ခေါင်းဆောင် | အမျိုးသားညီညွတ်ရေးအစိုးရ |
| ယခင်လူ | ဒေါက်တာဇော်ဝေစိုး |
| ဒုတိယဝန်ကြီး ကျန်းမာရေး အမျိုးသားညီညွတ်ရေးအစိုးရ | |
| တာဝန်သက်တမ်း ၁၆ ဧပြီ ၂၀၂၁ – ၈ ဒီဇင်ဘာ ၂၀၂၅ | |
| ခန့်အပ်သူ | ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ |
| ခေါင်းဆောင် | ဒေါက်တာဇော်ဝေစိုး |
| ယခင်လူ | ရာထူးစတင် |
| ဆက်ခံသူ | ဒေါက်တာခင်မောင်လွင် |
| ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
| ယခင်လူ | ဦးကြင်သိန်း (USDP) |
| မဲဆန္ဒနယ် | ပဲခူးမြို့နယ် |
| အနိုင်ရမဲ အရေအတွက် | ၁၄၉၁၉၀မဲ [၁] |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂၄ ဖေဖော်ဝါရီ၊ ၁၉၅၁ ပဲခူးမြို့နယ် |
| နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| မိခင်ကျောင်း | ရန်ကုန်ဆေးတက္ကသိုလ် |
| အလုပ်အကိုင် | ဆရာဝန် နိုင်ငံရေးသမား |
ဒေါက်တာ ရွှေပုံ (အင်္ဂလိပ်: Dr. Shwe Pon;၂၄ ဖေဖော်ဝါရီ ၁၉၅၁ မွေးဖွား) သည် မြန်မာနိုင်ငံရေးသမားနှင့် ဆေးဘက်ဆိုင်ရာဆရာဝန်တစ်ဦးဖြစ်သည်။သူသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။[၂][၃]
နိုင်ငံရေးဘဝ
[ပြင်ဆင်ရန်]ဒေါက်တာရွှေပုံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့်အတူ ၁၉၈၈ ခုနှစ်မှစ၍ ရှည်လျားပြီး ထင်ရှားသော နိုင်ငံရေးဘဝကို ပိုင်ဆိုင်ခဲ့သည်။ NLD အတွင်း သူမ၏ တာဝန်များမှာ
- ပဲခူးတိုင်းဒေသကြီး အလုပ်အမှုဆောင်ကော်မတီဝင်
- ဗဟိုကော်မတီဝင် (NLD၊ ပဲခူးတိုင်းဒေသကြီး) (၂၀၁၂ ခုနှစ်အထိ)
- ဗဟိုအမျိုးသမီးများ အလုပ်အဖွဲ့ကော်မတီဝင် နှင့်
- အမျိုးသားကျန်းမာရေးကွန်ရက်၏ ဒုတိယဥက္ကဋ္ဌ တို့ ဖြစ်သည်။
သူသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် ပဲခူးမဲဆန္ဒနယ်ကို ကိုယ်စားပြု၍ လွှတ်တော်အမတ်အဖြစ် ထပ်မံရွေးကောက်တင်မြှောက်ခြင်းခံရသည်။
လွှတ်တော်အမတ်ဘဝတွင် သူသည် အရေးကြီးသော ကော်မတီများစွာတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
- အပြည်ပြည်ဆိုင်ရာဆက်ဆံရေးကော်မတီ (ပြည်သူ့လွှတ်တော်)
- အမျိုးသမီးများနှင့် ကလေးသူငယ်အခွင့်အရေးကော်မတီ (ပြည်သူ့လွှတ်တော်)နှင့်
- အပြည်ပြည်ဆိုင်ရာ ပါလီမန်သမဂ္ဂ (ပြည်ထောင်စုလွှတ်တော်) တို့ ဖြစ်သည်။
ဆေးဘက်ဆိုင်ရာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ
[ပြင်ဆင်ရန်]နိုင်ငံရေးလုပ်ငန်းများအပြင် ဒေါက်တာရွှေပုံသည် သူမ၏ ဆေးဘက်ဆိုင်ရာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင်လည်း ဘဝကို မြှုပ်နှံခဲ့သည်။
- ပဲခူးမြို့နယ် သမဝါယမဆေးခန်းတွင် မြို့နယ်ဆေးဘက်ဆိုင်ရာအရာရှိ အဖြစ် (၁၉၇၈–၁၉၉၂)
- ပဲခူးမြို့နယ်ရှိ Marie Stopes International တွင် အဓိကတာဝန်ခံ အဖြစ် (၂၀၀၄–၂၀၁၂) နှင့်
- သုခပရဟိတဆေးခန်း (ပဲခူး) တွင် တာဝန်ခံဆရာဝန် အဖြစ် (၂၀၁၂–၂၀၁၅) တို့ ဖြစ်သည်။
ဝန်ကြီးဘဝ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးသည့်နောက် ဒေါက်တာရွှေပုံသည် လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်ခဲ့ရသည်။
၂၀၂၁ ခုနှစ်၊ဧပြီ ၁၆ ရက် တွင် ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ကျန်းမာရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခံရသည်။စင်ပြိုင်အစိုးရအဖွဲ့ထဲ ထိုသို့ပါဝင်မှုကြောင့် စစ်ကောင်စီ ၏ အမှုဖွင့်ခြင်းကို ခံခဲ့ရသည်။[၄] [၅]
၂၀၂၅ ခုနှစ်၊ဒီဇင်ဘာ ၈ ရက် တွင် သူသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကျန်းမာရေးဝန်ကြီး ဖြစ်လာခဲ့သည်။[၆] [၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ (in en)။ 8 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 June 2021 တွင် ပြန်စစ်ပြီး။
- ↑ ဒေါက်တာ ရွှေပုံ၏ကိုယ်ရေးရာဇဝင်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ကျန်းမာရေးဝန်ကြီးဌာန။ ၁၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ဖွဲ့စည်းမှုအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတွင် တင်သွင်းအတည်ပြုခဲ့ပြီး ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ကတိပြု ကျမ်းသစ္စာဆို။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (၈ ဒီဇင်ဘာ ၂၀၂၅)။ ၁၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မတရားအသင်းဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တရားမဝင် စင်ပြိုင် အစိုးရ ဖွဲ့စည်းခြင်းအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထား။ MOI Myanmar (၂၂ ဧပြီ ၂၀၂၁)။ ၁၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ NUG အစိုးရအဖွဲ့ဝင်များကို အကြမ်းဖက်စစ်အုပ်စုက အမှုဖွင့်တရားစွဲ။ DVB (၂၃ ဧပြီ ၂၀၂၁)။ ၁၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ NUG အစိုးရ ဝန်ကြီးအချို့ကို နေရာပြောင်းပြီး အနည်းငယ် ပြင်ဆင်ဖွဲ့စည်း (၈ ဒီဇင်ဘာ ၂၀၂၅)။ ၁၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ NUG က ဝန်ကြီးဌာန ၅ ခု လျော့ချပြီး ယခင်လူဟောင်းများဖြင့် အပြောင်းအလဲလုပ်။ Mizzima Burmese (၈ ဒီဇင်ဘာ ၂၀၂၄)။ ၁၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။