ဂျာထွယ်ပန်

ဝီကီပီးဒီးယား မှ
ဂျာထွယ်ပန်
ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၆ ဧပြီ ၂၀၂၁; ၂ နှစ် အကြာက (၂၀၂၁-၀၄-16)
ကိုယ်ရေး အချက်အလက်များ
မွေးဖွားကချင်ပြည်နယ်, မြန်မာ
လူမျိုးမြန်မာနိုင်ငံသား
မိခင်ကျောင်းစီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံ လန်ဒန်ကျောင်း (လူမှုမနုဿဗေဒ မဟာဘွဲ့)
မြောက်အီလီနွိုက်တက္ကသိုလ် (မနုဿဗေဒ မဟာဘွဲ့)
အလုပ်အကိုင်တက်ကြွလှုပ်ရှားသူ
နိုင်ငံရေးသမား
ဝက်ဘ်ဆိုဒ်moe.nugmyanmar.org

ဂျာထွယ်ပန်သည် ကချင်လူမျိုး လူငယ့်အရေးတက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးသမားဖြစ်သည်။[၁] ကြားကာလ ကချင်နိုင်ငံရေး ညှိနှိုင်းဆောင်ရွက်မှုအဖွဲ့ (KPICT) ကို ကိုယ်စားပြုလျက်[၂] ၂၀၂၁ ခုနှစ် ဧပြီလ ၁၆တွင် ဖွဲ့စည်းလိုက်သော အမျိုးသားညီညွတ်ရေးအစိုးရတွင် ပညာရေးဒုဝန်ကြီးအဖြစ် ပါဝင်လာသူဖြစ်သည်။[၃]

သိက္ခာတော်ရ ဒေါက်တာ မရန်ဂျာဂွန်းနှင့် လဇိန်လုအောင်တို့က မွေးဖွားသည်။ မွေးချင်းမောင်နှမ နှစ်ဦးရှိသည်။[၄]

စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံ လန်ဒန်ကျောင်း (LSE ) မှ လူမှုမနုဿဗေဒဘာသာရပ် မဟာဘွဲ့၊ အမေရိကန်နိုင်ငံရှိ မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ်မှ မနုဿဗေဒ မဟာဘွဲ့ ရရှိထားသူ ဖြစ်သည်။[၅]

ယခင် မိုင်ဂျာယန်အခြေစိုက် School of Intensive English Programs (IEP) ကျောင်းတွင် နည်းပြတစ်ဦးအဖြစ်လည်းကောင်း၊ Institute of Liberal Arts and Science (School of IEP) ၏ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ Kachinland Research Center တွဲဖက်ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပြီး သုတေသန စာတမ်းများစွာကို ရေးသားထုတ်ဝေခဲ့သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. "Who’s Who in Myanmar’s National Unity Government"၊ The Irrawaddy၊ 16 April 2021။ 
  2. "ဖက်ဒရယ်ရဲ့ အနှစ်သာရ အပြည့်အ၀ရှိတဲ့ ပညာရေးစနစ်ကို ဖော်ဆောင်မယ် "ဆိုတဲ့ ပညာရေး ဒုဝန်ကြီး ကချင်တိုင်းရင်းသူ ဒေါ်ဂျာထွယ်ပန်"၊ Myitkyina News Journal၊ 20 April 2021။ 5 July 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 24 April 2021။ 
  3. Formation of the National Unity Government of Myanmar - CRPH။ Committee Representing Pyidaungsu Hluttaw (15 April 2021)။ 7 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 April 2021 တွင် ပြန်စစ်ပြီး။
  4. "ကချင်သမိုင်း၊ စာပေယဉ်ကျေးမှုတို့ ဖော်ထုတ်ခဲ့သူ သိက္ခာတော်ရ ဒေါက်တာ မရန်ဂျာဂွန်း ကွယ်လွန်" (in en)၊ Mizzima Myanmar News and Insight 
  5. ၅.၀ ၅.၁ "အမျိုးသားညီညွတ်ရေးအစိုးရတွင် ပါဝင်လာသော ကချင်အမျိုးသား ၃ ဦးအကြောင်း – Kachin News Group (KNG)"၊ burmese.kachinnews.com