ဂျာထွယ်ပန်
ဂျာထွယ်ပန် | |
|---|---|
| ဝန်ကြီး ပညာရေး အမျိုးသားညီညွတ်ရေးအစိုးရ | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၈ ဒီဇင်ဘာ ၂၀၂၅ | |
| ခန့်အပ်သူ | ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ |
| ခေါင်းဆောင် | အမျိုးသားညီညွတ်ရေးအစိုးရ |
| ယခင်လူ | ဒေါက်တာဇော်ဝေစိုး |
| ဒုတိယဝန်ကြီး ပညာရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ | |
| တာဝန်သက်တမ်း ၁၆ ဧပြီ ၂၀၂၁ – ၈ ဒီဇင်ဘာ ၂၀၂၅ | |
| ခန့်အပ်သူ | ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ |
| ခေါင်းဆောင် | ဒေါက်တာဇော်ဝေစိုး |
| ယခင်လူ | ရာထူးစတင် |
| ဆက်ခံသူ | မရှိသေး |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ကချင်ပြည်နယ်, မြန်မာ |
| လူမျိုး | ကချင်လူမျိုး |
| မိခင်ကျောင်း | စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံ လန်ဒန်ကျောင်း (လူမှုမနုဿဗေဒ မဟာဘွဲ့) မြောက်အီလီနွိုက်တက္ကသိုလ် (မနုဿဗေဒ မဟာဘွဲ့) |
| အလုပ်အကိုင် | တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမား |
| ဝက်ဘ်ဆိုဒ် | moe.nugmyanmar.org |
ဂျာထွယ်ပန်သည် ကချင်လူမျိုး လူငယ့်အရေးတက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးသမားဖြစ်သည်။[၁] ကြားကာလ ကချင်နိုင်ငံရေး ညှိနှိုင်းဆောင်ရွက်မှုအဖွဲ့ (KPICT) ကို ကိုယ်စားပြုလျက်[၂] ၂၀၂၁ ခုနှစ် ဧပြီလ ၁၆တွင် ဖွဲ့စည်းလိုက်သော အမျိုးသားညီညွတ်ရေးအစိုးရတွင် ပညာရေးဒုဝန်ကြီးအဖြစ် ပါဝင်လာသူဖြစ်သည်။[၃]၂၀၂၅ ခုနှစ်၊ဒီဇင်ဘာ ၈ ရက် တွင် ပညာရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသည်။[၄]
ပညာရေး
[ပြင်ဆင်ရန်]စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံ လန်ဒန်ကျောင်း (LSE ) မှ လူမှုမနုဿဗေဒဘာသာရပ် မဟာဘွဲ့၊ အမေရိကန်နိုင်ငံရှိ မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ်မှ မနုဿဗေဒ မဟာဘွဲ့ ရရှိထားသူ ဖြစ်သည်။[၅]
ယခင် မိုင်ဂျာယန်အခြေစိုက် School of Intensive English Programs (IEP) ကျောင်းတွင် နည်းပြတစ်ဦးအဖြစ်လည်းကောင်း၊ Institute of Liberal Arts and Science (School of IEP) ၏ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ Kachinland Research Center တွဲဖက်ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပြီး သုတေသန စာတမ်းများစွာကို ရေးသားထုတ်ဝေခဲ့သည်။[၅]
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]သိက္ခာတော်ရ ဒေါက်တာမရန်ဂျာဂွန်းနှင့် လဇိန်လုအောင်တို့က မွေးဖွားသည်။မွေးချင်းမောင်နှမ နှစ်ဦးရှိသည်။[၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Who’s Who in Myanmar’s National Unity Government"၊ The Irrawaddy၊ 16 April 2021။
- ↑ "ဖက်ဒရယ်ရဲ့ အနှစ်သာရ အပြည့်အ၀ရှိတဲ့ ပညာရေးစနစ်ကို ဖော်ဆောင်မယ် "ဆိုတဲ့ ပညာရေး ဒုဝန်ကြီး ကချင်တိုင်းရင်းသူ ဒေါ်ဂျာထွယ်ပန်"၊ Myitkyina News Journal၊ 20 April 2021။ 5 July 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 24 April 2021။
- ↑ Formation of the National Unity Government of Myanmar - CRPH။ Committee Representing Pyidaungsu Hluttaw (15 April 2021)။ 7 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 April 2021 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ဖွဲ့စည်းမှုအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတွင် တင်သွင်းအတည်ပြုခဲ့ပြီး ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ကတိပြု ကျမ်းသစ္စာဆို။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (၈ ဒီဇင်ဘာ ၂၀၂၅)။ ၁၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- 1 2 "အမျိုးသားညီညွတ်ရေးအစိုးရတွင် ပါဝင်လာသော ကချင်အမျိုးသား ၃ ဦးအကြောင်း – Kachin News Group (KNG)"၊ burmese.kachinnews.com။
- ↑ "ကချင်သမိုင်း၊ စာပေယဉ်ကျေးမှုတို့ ဖော်ထုတ်ခဲ့သူ သိက္ခာတော်ရ ဒေါက်တာ မရန်ဂျာဂွန်း ကွယ်လွန်" (in en)၊ Mizzima Myanmar News and Insight။