မာတိကာသို့ ခုန်သွားရန်

တူးခေါင်

ဝီကီပီးဒီးယား မှ
ဒေါက်တာတူးခေါင်'
ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၆ ဧပြီ ၂၀၂၁; ၅ နှစ် အကြာက (၂၀၂၁-၀၄-16)
ကိုယ်ရေး အချက်အလက်များ
မွေးဖွားကချင်ပြည်နယ်၊ မြန်မာ
လူမျိုးမြန်မာနိုင်ငံသား
နိုင်ငံရေးပါတီတစ်သီးပုဂ္ဂလ
မိခင်ကျောင်းမြစ်ကြီးနားဒီဂရီကောလိပ်
ခွန်ကန်တက္ကသိုလ်
အလုပ်အကိုင်သုတေသီ
နိုင်ငံရေးသမား
ဝက်ဘ်ဆိုဒ်monrec.nugmyanmar.org

ဒေါက်တာတူးခေါင် (ခ) ခလင်တူးခေါင်သည် ကချင်လူမျိုး[၁] ရုက္ခဗေဒပညာရှင်၊ တစ်သီးပုဂ္ဂလသုတေသီ၊[၂] ခရစ်ယာန်ဓမ္မဆရာ၊ နိုင်ငံရေးသမား ဖြစ်သည်။

ငယ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ခလင်ဂါဒေသတွင် မွေးဖွားပြီး၊ ဂျိန်းဖောမျိုးနွယ်စု၊ ခလင်ဒူဝါ မျိုးနွယ်ဝင် (Hkalen Duwa) ဖြစ်သည်။ ကချင်လက်နက်ကိုင်တပ်ရင်း ၁(ကသာ)မှ ဖခင်ဖြစ်သူ အငြိမ်းစားယူပြီးနောက် မိုးကောင်းမြို့နယ် မရမ်းကျေးရွာတွင် အခြေချ နေထိုင်ခဲ့ကြသည်။ ကေအိုင်အေထံ ရိက္ခာထောက်ပံ့မှုနှင့် စွပ်စွဲခံရကာ ဖခင်ဖြစ်သူ မြစ်ကြီးနားထောင်၌ အကျဉ်းကျစဉ် မိခင်၏ ဦးဆောင်မှုဖြင့် မြစ်ကြီးနားသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။[၃]

တက္ကသိုလ်ကျောင်းသားဘဝ၊ ၁၉၈၈ ခုနှစ်တွင် ကချင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၌ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ကချင်ဘာသာဖြင့် နှစ်စဉ် ကချင်မဂ္ဂဇင်းထုတ်ဝေရန် ဦးဆောင်ဦးရွက်ပြုခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ်လက်အောက်ရှိ မြစ်ကြီးနားဒီဂရီကောလိပ်မှ ရုက္ခဗေဒဘာသာရပ် သိပ္ပံဘွဲ့ရရှိသည်။[၃]

မြန်မာဓမ္မသင်တန်းကျောင်း (MIT)၊ အင်းစိန်မှ မဟာဓမ္မပညာဘွဲ့ ရရှိပြီး စီတာပူ နှစ်ခြင်းအသင်းတော်တွင် ဓမ္မဆရာ၊ လူငယ်ဒါရိုက်တာ၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။[၃]

နိုင်ငံရေးလှုပ်ရှားမှု

[ပြင်ဆင်ရန်]

၂၀၀၇ ခုနှစ်မှစ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ခြင်း၊ လူငယ်များကို အမြင်ဖွင့်သင်တန်းပေးခြင်းတို့ကြောင့် စသုံးလုံး၏ စောင့်ကြည့်ခြင်းခံရသည်။[၃] ၂၀၁၀ အစောပိုင်းနှစ်များတွင် ထိုင်းနိုင်ငံ၌ တိမ်းရှောင်နေစဉ် ခွန်ကန်တက္ကသိုလ်မှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ ရရှိခဲ့ကာ လူမှုရေးသိပ္ပံ ပါရဂူသင်တန်းသားအဖြစ် ဆက်လက်တက်ရောက်ခဲ့သည်။[၄]

၂၀၁၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ကန်းဆပ်ရှိ ဗဟို နှစ်ခြင်းအသင်းတော် ဓမ္မကျမ်းစာသင်ကျောင်းနှင့် MIT တို့ ပူးပေါင်းစီစဉ်သည့် Doctor of Ministry Program တွင် ပါဝင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ငြိမ်းချမ်းရေးလေ့လာမှုပညာ ပါရဂူဘွဲ့ရရှိသည်။[၅]

၂၀၂၁ ခုနှစ် ဧပြီလ ၁၆တွင် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းသောအခါ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။[၆][၇][၈][၉]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ "Myanmar's parallel government grapples with foreign investment dilemma"၊ Nikkei Asia။ 3 July 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 7 July 2021။
  2. ↑ "Ethnic Politicians, Analysts Weigh in on NLD’s Promise of a ‘National Unity’ Govt" (in en)၊ Burma News International။
  3. 1 2 3 4 Biography - Union Minister။
  4. ↑ "Who’s Who in Myanmar’s National Unity Government"၊ The Irrawaddy၊ 16 April 2021။
  5. ↑ Lecturers။ 10 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 July 2021 တွင် ပြန်စစ်ပြီး။
  6. ↑ "Parallel Myanmar Government Launched to Challenge Military Junta" (in en)၊ Radio Free Asia။
  7. ↑ "Ready To Fight Against The Military Regime, This Is The Composition Of The Myanmar National Unity Cabinet" (in en)၊ VOI - Waktunya Merevolusi Pemberitaan။ 3 July 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 10 July 2021။
  8. ↑ "CRPH announces lineup of interim ‘national unity government’" (in en)၊ Myanmar NOW။
  9. ↑ "စစ်ကောင်စီဖြုတ်ချရေးနှင့် ဖယ်ဒရယ်ရေး “အမျိုးသား ညီညွတ်ရေး အစိုးရ” ရည်မှန်း"၊ ဧရာဝတီ၊ 16 April 2021။