တင်ထွန်းနိုင်
တင်ထွန်းနိုင် | |
|---|---|
| ဝန်ကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၈ ဒီဇင်ဘာ ၂၀၂၅ | |
| ခန့်အပ်သူ | ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ |
| ခေါင်းဆောင် | အမျိုးသားညီညွတ်ရေးအစိုးရ |
| ယခင်လူ | ကိုယ်တိုင် |
| တာဝန်သက်တမ်း ၁၆ ဧပြီ ၂၀၂၁ – ၈ ဒီဇင်ဘာ ၂၀၂၅ | |
| ခန့်အပ်သူ | ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ |
| ခေါင်းဆောင် | အမျိုးသားညီညွတ်ရေးအစိုးရ |
| ယခင်လူ | ရာထူးစတင် |
| ဆက်ခံသူ | ကိုယ်တိုင် |
| ခေတ္တဝန်ကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး (အမျိုးသားညီညွတ်ရေးအစိုးရ) | |
| တာဝန်သက်တမ်း ၂ မတ် ၂၀၂၁ – ၁၆ ဧပြီ ၂၀၂၁ | |
| ခန့်အပ်သူ | CRPH |
| သမ္မတ | ဦးဝင်းမြင့် |
| ယခင်လူ | ရာထူးစတင် |
| ဆက်ခံသူ | ရာထူးလွှဲပြောင်း(အမျိုးသားညီညွတ်ရေးအစိုးရထံသို့) |
| ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
| ယခင်လူ | ဦးမောင်ပါ (USDP) |
| မဲဆန္ဒနယ် | ဆိပ်ကြီးခနောင်တိုမြို့နယ် |
| အနိုင်ရမဲ အရေအတွက် | ၈,၃၉၂မဲ [၁] |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၃၀ ဇန်နဝါရီ၊ ၁၉၇၁ ဆီမီးခုံ၊ မြင်းခြံခရိုင် |
| နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| မိခင်ကျောင်း | မန္တလေးနည်းပညာတက္ကသိုလ် ရန်ကုန်စီးပွားရေးတက္ကသိုလ် |
| အလုပ်အကိုင် | နိုင်ငံရေးသမား |
ဦးတင်ထွန်းနိုင် (၃၀ ဇန်နဝါရီ ၁၉၇၁ မွေးဖွား)သည် အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး၊လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ဝန်ကြီး အဖြစ် ထမ်းဆောင်လျှက်ရှိသည်။
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံရွာ၌ ၁၉၇၁ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် မွေးဖွားခဲ့သည်။မန္တလေးစက်မှုတက္ကသိုလ်မှ အီလက်ထရွန်းနစ်အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့သည့်အပြင်၊ရန်ကုန် စီးပွားရေး တက္ကသိုလ် မှလည်း စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ကို ရရှိခဲ့သည်။
နိုင်ငံရေးဖြတ်သန်းမှု
[ပြင်ဆင်ရန်]ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားပြု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ ရွေးကောက်ခံ အမတ်ဖြစ်သည်။
၂၀၂၁ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စသည့်ဝန်ကြီးဌာနများ၏ ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် တရားဝင်ခန့်အပ်ခဲ့သည်။[၂] [၃]
၂၀၂၁ ခုနှစ်၊ဧပြီ ၁၆ ရက် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စဉ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး အဖြစ် တာဝန်ပေးခံခဲ့ရပြီး၊၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက် အမျိုးသားညီညွတ်ရေးအစိုးရ ပြုပြင်ပြောင်းလဲမှုလုပ်စဉ် အဆိုပါဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ဆက်လက်တာဝန်ပေးခံခဲ့ရသည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ (in en)။ 8 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 June 2021 တွင် ပြန်စစ်ပြီး။
- ↑ ခေတ္တပြည်ထောင်စုဝန်ကြီးများကို CRPH က ခန့်အပ်။ DVB (၂ မတ် ၂၀၂၁)။ ၁၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ခေတ္တပြည်ထောင်စုဝန်ကြီး ၄ ဦး CRPH ခန့်အပ်။ VOA (၂ မတ် ၂၀၂၁)။ ၁၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ NUG အစိုးရ ဝန်ကြီးအချို့ကို နေရာပြောင်းပြီး အနည်းငယ် ပြင်ဆင်ဖွဲ့စည်း။ DVB (၁၁ ဒီဇင်ဘာ ၂၀၂၅)။ ၁၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။