မာတိကာသို့ ခုန်သွားရန်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ

ဝီကီပီးဒီးယား မှ

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (အင်္ဂလိပ်: National Unity Consultative Council, NUCC) ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ [] မတ်လ ၃၁ ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည်ပြုခဲ့ပြီး မေလ ၂၄ ရက်နေ့မှစ၍ ယင်းပဋိညာဉ်ကို ပြန်လည်သုံးသပ်လျက်ရှိသည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြည်သူ့ညီလာခံကျင်းပ၍ သုံးသပ်ထားသော ပဋိညာဉ်ကို အတည်ပြုခဲ့သည်။

ပါဝင်ဖွဲ့စည်းမှု

[ပြင်ဆင်ရန်]

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတွင် အောက်ပါအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ ပါဝင်သည်-

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ
  • နိုင်ငံရေးပါတီများ
  • ဖက်ဒရယ်ယူနစ်များ၊ လူမျိုးအလိုက်အတိုင်ပင်ခံကောင်စီများ
  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (KNU, KNPP, ABSDF အပါအဝင် ရှစ်ဖွဲ့)
  • သပိတ်ကော်မတီများ
  • CDM လှုပ်ရှားမှုတွင် ပါဝင်သူများ
  • အရပ်ဘက်အဖွဲ့အစည်းများ (အမျိုးသမီး၊ လူငယ်အဖွဲ့အစည်းများ)

NUCC တွင် စုစုပေါင်း အဖွဲ့အစည်းပေါင်း ၃၃ ဖွဲ့မှ လူပုဂ္ဂိုလ်များ ပါဝင်သည်။

အဖွဲ့ဝင်များ

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ မေ ၄ ရက်တွင် ထုတ်ပြန်ကြေညာထားသော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏ အဖွဲ့ဝင် အဖွဲ့အစည်းများနှင့် ကောင်စီဝင် ကိုယ်စားလှယ်များ အမည်စာရင်းများမှာ[] -

စဉ် အစုအဖွဲ့ ကော်စီဝင်ဦးရေ
၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ၁၄
၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (MPU)
၂။ နိုင်ငံရေးပါတီများ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
၃။ သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့်လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက် အဖွဲ့အစည်းများ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေးတွင် ပါဝင်နေကြသော နိုင်ငံ့ဝန်ထမ်းများအပါအဝင် CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ် လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
စစ်အာဏာရှင်ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ-မန္တလေး
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ(GSC)
အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး သပိတ်အင်အားစု (GSCB)
အခြေခံနှင့် အဆင့်မြင့်ပညာအထွေထွေသပိတ်ကော်မတီ (GSCBHE)
အထွေထွေ သပိတ် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (GSCC)
လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN)
မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစု (MLA)
မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ (MPSSC)
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ် (MTF)
Synergy လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့
နည်းပညာဆိုင်ရာ ဆရာ/ဆရာများအဖွဲ့ချုပ် (TTF)
အမျိုးသမီးမဟာမိတ်အဖွဲ့ - မြန်မာ (WAC - M)
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB
အမျိုးသမီးငြိမ်းချမ်းရေးကွန်ယက် (WPN)
၄။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSF)
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
ကရင်အမျိုးသားအစည်းအရုံး
၅။ ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/လူမျိုး ကိုယ်စားပြုအဖွဲ့အစည်း/ ကောင်စီများ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)
မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)
စုစုပေါင်း ကောင်စီဝင်ဦးရေ ၆၂
* လူနာမည်နှင့် အဖွဲ့အစည်းနာမည်အချို့ကို ပုဂ္ဂိုလ်ရေးလုံခြုံရေးအရ ဖော်ပြထားခြင်း မရှိပါ။

အဓိက ဖြစ်ရပ်များ

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ ဩဂုတ် (၂၂) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေး ရပ်တည်ချက် (၁၀) ချက်နှင့် အခြေခံမူ (၈) ချက်ကို ထုတ်ပြန်ခဲ့သည်။ []

ကိုးကား

[ပြင်ဆင်ရန်]