ဝေဠုဝတီမိဖုရား

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဝေဠုဝတီမိဖုရားသည် ပုဂံခေတ်၌ နရသိင်္ခမင်းလက်ထက်၌ ပေါ်ပေါက်လာသော မိဖုရားတစ်ပါး ဖြစ်သည်။

အမည်ခေါ်တွင်ရပုံ[ပြင်ဆင်ရန်]

မြင်စိုင်း ဝက်ဝံအရပ်ရှိ လူတို့သည် ဝါးတောထဲမှ ကြီးစွာသောဝါး၏ အထဲ၌ သံသေဒဇ ပဋိသန္ဓေအဖြစ် မွေးဖွားလာသော မိန်းမငယ်တစ်ဦးကို တွေ့ရှိခဲ့လေသည်။ ထိုမိန်းမငယ်ကို သူကြီးအိမ်သို့ ပို့လိုက်ကြ၍ သူကြီးမိသားစုက ထိုမိန်းမငယ်ကို ပြုစုစောင့်ရှောက် ကျွေးမွေးထားလေသည်။ ဝါးတောထဲမှ ရသောကြောင့် ဝေဠုဝတီဟု အမည်ပေးခဲ့လေသည်။ မိန်းမငယ်သည် အရွယ်ရောက်လာသောအခါ လှပတင့်တယ်သည် ဆို၏။

ဘုရင်အကြိုက်[ပြင်ဆင်ရန်]

လှပသောသမီးပျိုကို တောနှင့်မတန်၊ ရှင်ဘုရင်နှင့်သာ ထိုက်မည်ဟု သူကြီးက စဉ်းစားကား နရသိင်္ခမင်းထံ ဆက်သလိုက်သည်။ နရသိင်္ခမင်းက သေချာစွာကြည့်၍ အကဲခတ်လေသည်။ သို့သော်ရှင်ဘုရင်က နှစ်သက်ဟန်မတူဘဲ မယ်တော်မိဖုရားကြီးအား ဘုန်းမဆုံသည် ဖြစ်၍ `နားကျယ်နှင့် ဝမ်းပျက်လိလိ´ဟု တိုးညင်းစွာ မိန့်တော်မူ၏။ (နားကျယ်နှင့် ဝမ်းပျက်လိလိ ဆိုသည်မှာ နားရွက်တစ်ဖက်က အဆမတန်ကြီးမားနေသည်။ ထို့ကြောင့် အမြင်မလှ ဖြစ်နေသည်ဟု ဆိုခြင်းဖြစ်သည်။) ညီတော် အိမ်ရှေ့မင်းနှင့် စုံဖက်ပါစေဟု ဆိုသည်။

မယ်တော်မိဖုရားကြီးကလည်း သားတော်ငယ် အိမ်ရှေ့မင်း နရပတိစည်သူနှင့် စုံဖက်ရန်သဘောတူလိုက်လေသည်။ မယ်တော်မိဖုရားကြီးသည် ဝေဠုဝတီအားခေါ်တော်မူပြီး နားကိုတန်ရုံဖြတ်ပြီး ဆက်လေသည်။ (စာကြွင်း=ထိုခေတ်အခါကတည်းက မြန်မာနိုင်ငံတွင် မျက်နှာအလှ ပြုပြင်မှုရှိနေပြီး ဖြစ်၍ ဂုဏ်ယူစရာပင် ဖြစ်ပေသည်။) နားတန်လေသော် အလွန်အဆင်းလှသည်ဖြစ်၍ ယောကျင်္ားတစ်ကာတို့ မြင်လျှင် တိမ်းညွှတ်ကုန်၏၊ မယ်တော်မိဖုရားကြီးလည်း မင်းသမီးတကာတို့၏ တတ်အပ်သော အတတ်တို့ကို ပဲ့ပြင်သွန်သင်တော်မူလေသည်။ ဝေဠုဝတီမင်းသမီးသည် သံသေဒဇ ပဋိသန္ဓေယူသူဖြစ်၍ အရောင်အဆင်းကား မိန်းမဟူသမျှနှင့် မတူကုန်။

နရသိင်္ခမင်းက ဝေဠုဝတီမင်းသမီးကို မြင်သောအခါ အလွန်သဘောကျလျှက် ရယူလိုကာ စဉ်းစားတော်မူသည်။ ညီတော်အိမ်ရှေ့မင်းကို ခေါ်တော်မူပြီး ငဆောင်ချမ်းအရပ်၌ မငြိမ်မသက်ဖြစ်နေ၍ စစ်ချီရန် လွှတ်လေသည်။ နရပတိစည်သူ မင်းသားလည်း စစ်သည်အင်အားအပြည့်နှင့် ငဆောင်ချမ်းသို့ စစ်ချီတော်မူသည်။ ညီတော်မရှိခိုက်တွင် ခယ်မတော် ဝေဠုဝတီမင်းသမီးကို မိဖုရားအဖြစ် နန်းတင်တော်မူလေသည်။

ကံဆိုးသူ မြင်းခံငပြည့်[ပြင်ဆင်ရန်]

အိမ်ရှေ့မင်း နရပတိစည်သူ မင်းသားသည် စစ်မထွက်ခင်ကတည်းက နောင်တော်၏ အကြံကို ရိပ်မိတော်မူ၍ မြင်းခံငပြည့်ကို မြင်းနှင့် တကွ `ငါ့အိမ်တော်တွင် အခင်းထွက်လျှင် လျင်လှစေ´ဟု မှာတော်မူခဲ့လေသည်။ နရသိင်္ခမင်း ဝေဠုဝတီမင်းသမီးကို နန်းတင်တော်မူသောအခါ မြင်းခံငပြည့်သည် အလျှင်အမြန် အိမ်ရှေ့မင်းစစ်ချီရာသို့ လိုက်လေသည်။ ငါးပယ်ချောင်းအရပ်သို့ ရောက်သော် နေဝင်လေပြီ။ ငပြည့်သည် ချောင်းကိုမကူးတော့ဘဲ ချောင်းကမ်းစပ်တွင် အိပ်လေသည်။ နောက်တစ်နေ့ အရုဏ်တက်၌ မြင်းကိုစီး၍ ခရီးဆက်သည်။ မကြာမှီ အိမ်ရှေ့မင်း၏ တပ်နှင့် ပက်ပင်းတိုး၍ လျှောက်တင်သောအခါ နရပတိစည်သူက အချိန်မီ ရောက်မလာခဲ့၍ မြင်းခံငပြည့်ကို သတ်စေအမိန့် ပေးလိုက်လေသည်။

မျှော်လင့်ထားသော အောင်စွာငယ်[ပြင်ဆင်ရန်]

[၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. တက္ကသိုလ်စိန်တင်၏ ပုဂံရှာပုံတော်(၂)