ရွှေဖျင်းညီနောင်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ရွှေဖျင်းညီနောင်တို့သည် လည်း အနော်ရထာမင်းထံပါးတွင် သူရဲကောင်းစစ်သည်တော် အဖြစ်အမှုတော် ထမ်းခဲ့ကြသည်။ ရန်သူ့နယ်မြေအတွင်းစည်းသို့ လျှို့ဝှက်ထိုးဖောက် ဝင်ရောက်ရသော အထူးစစ်သည် အဖြစ်ပင် အမှုတော် ထမ်းခဲ့ကြသည်။ ၎င်းတို့သည် တရုတ်ဘုရင် ဥတည်ဘွား ၏ ကိုယ်ရံတော်အစောင့်အရှောက်တပ်များ ကို လျှို့ဝှက်ထိုးဖောက်၍ ဥတည်ဘွား ၏ ခန္ဓာကိုယ်ပေါ်တွင် ထုံးဖြူဖြင့် မျဉ်းသုံးကြောင်းဆွဲခဲ့ပြီး နံရံပေါ်တွင်လည်း အနော်ရထာမင်းကြီး၏ရာဇသံ ကို ရေးထားခဲ့သည့် အဖြစ်အကြောင်း နောက်ပိုင်းတွင် ပိုမို ထင်ရှားကျော်ကြားလာခဲ့သည်။ ထိုအကြောင်းခြင်းရာကြောင့် အင်အားစွမ်းပကား ကြီးမားလှသော တရုတ် စစ်တပ်ကြီးနှင့် တရုတ်ဘုရင်ကြီး တို့သည် ကြောက်ရွံ့ ထိတ်လန့်၍ မြန်မာတို့နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ကြသည်။

ပုဂံပြည် ဦးတည်ဘွားတို့ အကြား အရေးတော်ပုံတွင် အောင်မြင်စွာအမှုတော်ထမ်းခဲ့ သော်လည်း နောက်ပိုင်းတွင်မူ ၎င်းတို့သည် ကွပ်မျက်ခြင်းခံခဲ့ကြရသည် ။ မန္တလေးမြို့ ၏ မြောက်ဖက် တောင်ပြုန်းအရပ်တွင် တည်ထားမည့် စေတီ တစ်ဆူ ဌာပနာ ဆောက်လုပ် ရာတွင်၎င်းတို့ ပါဝင် ရန် ငြင်းပယ်ခဲ့ သဖြင့် ရာဇမာန်ရှခြင်း ခံခဲ့ကြရသည်ဟု ယေဘုယျအားဖြင့် ယူဆကြသည်။ ညီနောင်နှစ်ဦး အား အညှိုးအတေးထားရှိသော သူတို့သည် စေတီ တွင် အုတ်နှစ်ချပ်စာနေရာကို အနော်ရထာမင်းကြီး မြင်သာစေရန် အလွတ်ထားခဲ့သည်။ အနော်ရထာမင်းကြီးသည် အမှုသွားအမှုလာကို စုံစမ်းကြားနာ စစ်ဆေးတော်မူပြီးနောက် ၎င်းညီနောင်နှစ်ဦးအားအမိန့်တော် မနာခံသည့် ပြစ်ဒဏ်မျှသာပေးရန် ရာဇသတ် ချမှတ်ခဲ့သည်။ သို့ရာတွင် ၎င်းညီနောင်တို့သည် ပြစ်ဒဏ်အစား သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

၎င်းတို့ကို သတ်ဖြတ် ပြီးနောက် အနော်ရထာမင်းကြီး၏ ဖောင်တော်သည် ရွေ့လျား၍ မရပဲ ဖြစ်နေခဲ့သည်။ ဤသို့ ဖြစ်ရခြင်း မှာ ရွှေဖျင်းညီနောင်တို့အား သတ်ဖြတ်ခြင်းကို မလိုလားသော မိတ်ဆွေ မင်းမှုထမ်းတို့၏ အသံတိတ် ဆန္ဒပြ ကန့်ကွက်ခြင်းကြောင့်လည်း ဖြစ်ဖွယ်ရာသည်။ ထိုစဉ်က တော်ဝင် သင်္ဘောသားတို့ အများစုမှာ မွတ်စလင်များ ဖြစ်ကြသည်။ အိန္ဒိယလူမျိုး နန်းတွင်းပညာရှိ ပုဏ္ဏားဖြူ ပုဏ္ဏားမည်းများက ရွှေဖျင်းညီနောင်တို့သည် အနော်ရထာမင်းကြီးအား သစ္စ္စာစောင့်သိစွာ အမှုတော်ထမ်းခဲ့သော်လည်း မတရားသဖြင့် အပြစ်ပေး ခံရပြီး နတ် အဖြစ်သို့ ဘဝ ပြောင်းသွား၍ မကျေနပ်ချက်ကို ဖော်ပြ သည့်အနေဖြင့် တော်ဝင်ဖောင်တော် ၏ တက်မ ကို ဆွဲကိုင် ထားသောကြောင့် ဖောင်တော် ရွေ့လျားမရ ဖြစ်နေသည် ဟူ၍ လျှောက်တင်ကြသည်။ ထိုသို့လျှောက်တင်ကြသောအခါ အနော်ရထာမင်းကြီးသည် ရွှေဖျဉ်းညီနောင်နှစ်ဦးအား ရည်စူး၍ နတ်ကွန်း ကြီးတစ်ခု ဆောက်လုပ်စေပြီး လူတို့အား ထိုညီနောင်ကို ကိုးကွယ်ပသစေသည်။

စွမ်းပကားကြီးမား စိုးရိမ်ဖွယ်ရာ သော ပြိုင်ဘက် တို့အား သတ်ဖြတ်ရှင်းလင်းပြီးနောက် အသတ်ဖြတ်ခံ တို့အား ကြည်ညိုသော ဘက်တော်သား မိတ်ဆွေ များ ကျေနပ်နှစ်သိမ့်စေရန် အလို့ငှါ သေပြီးသော သူတို့ ၏ အစိမ်းနတ် ကို လူတို့ကိုးကွယ် ရာ အဖြစ် သမုတ်၍ နတ်ကွန်း ဆောက်လုပ်ခြင်း အလေ့သည် ရှေးမြန်မာဘုရင်တို့ ပြုလေ့ပြု ထ ရှိသော ရာဇ ပရိယာယ် တစ်မျိုးသာလျှင် ဖြစ်သည်။ ဤသို့ဖြင့် တောင်ပြုန်း ရွာသည် ငါးရက် ခန့်စည်ကားသော တောင်ပြုန်းပွဲတော်ကြီး ကို နှစ်စဉ် ကျင်းပရာ ဌာနေ တစ်ခု ဖြစ်လာသည်။ မန္တလေးမြို့ မြောက်ဖက် ၁၄ ကီလိုမီတာ အကွာရှိ တောင်ပြုန်း ရွာတွင် နတ်ကွန်း ပေါင်း ၇၀၀ဝ ခန့်ရှိပြီး နတ်ကွန်း ၂၀၀ဝ နီးပါးသည် ရွာ၏ အကျော်ကြားဆုံး မင်းသား ညီနောင်ဖြစ်ကြသည့် ရွှေဖျဉ်းကြီး နှင့် ရွှေဖျဉ်းလေး တို့အား ရည်စူးကိုးကွယ် ထားခြင်း ဖြစ်သည်။

ယနေ့တိုင် အယုံအကြည်ရှိသူများသည် နတ်ကွန်းဖြင့် ညီနောင်နှစ်ဦးတို့အား ကိုးကွယ်ကြသည်။ ထို ကိုးကွယ်သူများသည် မိရိုးဖလာဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ဝက်သားကို ရှောင်ကြသည်။ ယနေ့တိုင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပမြဲဖြစ်သည့် တောင်ပြုန်းပွဲတော်သို့ သွားရောက်စဉ် ဘတ်စ်ကား (သို့) ကားပေါ်တွင် တစ်ဦးတစ်ယောက်မှ ဝက်သားကို သယ်ဆောင်သွားခြင်းမပြုရဟု ယုံကြည်ကြသည်။ ကြေကွဲဖွယ်ရာ ကွပ်မျက်မှု ကို အကြောင်းခံသည့် အုပ်ချပ်နှစ်ချပ်စာ နေရာလွတ်ကို ယနေ့တိုင် မြင်တွေ့ရမည်ဖြစ်သည်။

အနော်ရထာမင်းကြီး (ခရစ် ၁၀၄၄-၁၀၇၇) လက်ထက် တွင် မြန်မာမွတ်စလင် စစ်သည်တော်များနှင့် ကိုယ်ရံတော် သက်တော်စောင့် တပ်များလည်း ရှိခဲ့သည်။ မင်းကြီးစွာစော်ကဲ နန်းစံ အုပ်ချုပ်သော မွန် (တလိုင်း) တို့၏ မြို့တော် မုတ္တမမြို့အား အနော်ရထာမင်းကြီး စစ်ပြုတိုက်ခိုက်စဉ် မွတ်စလင် စစ်တပ်အရာရှိ နှစ်ဦးသည် အလွန် ပြင်းပြင်းထန်ထန် ခုခံကာကွယ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

http://en.wikipedia.org/wiki/Islam_in_Myanmar#Byat_Wi_and_Byat_Ta