စောလူးမင်းကျောက်စာ

ဝီကီပီးဒီးယား မှ

ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ပုဂံခေတ် စောလူးမင်း ကျောက်စာအား မြစ်သားမြို့၌ တွေ့ရှိခဲ့ပြီး မြန်မာ့သမိုင်းတွင် သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသည့် ကျောက်စာများအနက် အစောဆုံး ကျောက်စာတစ်ချပ်ဖြစ်သည်။ ပုဂံခေတ်တွင် ရေးထိုးခဲ့သည့် ကျောက်စာများတွင် ရာဇကုမာကျောက်စာ (မြစေတီ)မှာ မြန်မာသက္ကရာဇ် ၄၇၅ ခုနှစ်တွင် ရေးထိုးခဲ့သောကြောင့် ယင်းကျောက်စာထက် ယခုတွေ့ရှိထားသည့် စောလူးမင်းကျောက်စာ (၄၁၅ ခုနှစ်)မှာ နှစ်ပေါင်း ၆၀ ခန့် စောခဲ့သည်ဟု ပညာရှင်များက ပြောဆိုခဲ့သည်။[၁][၂]

မွန်ဘာသာ။[ပြင်ဆင်ရန်]

(၅) - - - ပိပါသာစ ဇနာစ သုဂ္ဂပတ္တိတာ တေ - - - - - -

(၆) ။ ဗုဒ္ဓဓမ္မဿတေဇေန အရိယသင်္ဃ - - - - - -

(၇) ပ္ပကာ။ ဗဇြာဘရဏဒေဝဿ (ဣ - -) - - - - - -

(၈) - - - - ခိပ္ပ မေဝသဝိဇ္ဇျတု။ ဝ ။ တုရ်္လ[ပေါယ်]- - - -

(၉) - - - - (ပေါကာ) မအုတ်ကုရ်ကောမ်ပၞာန် - - -

(၁၀) ရုက္ဍောရ် မ္လစ်သာဂေါးဟ် မုန် တုရ်္လ ေ[ပါယ်]- - - - - -

(၁၁) - - - လိည်ဗ္လ[းဟ်] တုလႝပေါယ်ဗိစာရ် - - - -

(၁၂) (တိ) - - မောယ် ကျ[ာ]က်ထရ်ၜါရ် ကျ[ာက် ဩေရ်ၜါရ်]- - - - - - - - -

(၁၃) တုယ် ဒေဝတာဝ် [မနုသ်] ဂုမ်လုင် - - - - - - - - -

(၁၄) တုလႝပေါယ် (မျိုလ်) အဘိ[ပြာ]ယ် - - - - - ယ - -

(၁၅) ပ် ဒုံသစ် အုတ်ဍိက်က္လန် ဂုမ်[လုင်]- - - - က္လံ - - -

(၁၆) - - တိတေယ် ကုကျာက်ထရ်ၜါရ် ကျာက်[ဩေည်]ၜါ[ရ်] - - -

(၁၇) - ( ဗ္လ)းဟ် ဒုင်ကေတ် တုလႝပေါယ်ကေလ်လ္အိတ် ေ[ဍယ်ကာလ်သကရာဇစၞာမ် ပ]

(၁၈) န်က္လံပန်စသ်မောယ်။ အသိနသမ္ၑစ္ဆရ်။ - - - - - - - - - - - - - - - -

(၁၉) (ရ်- -ရာဝ)နက္ချတြ၊ ရိဒ္ဓိ ဇောဂ။ သိမိ - - - - - - - - - - - - - - - - -

(၂၀) ဨယ် တိတေယ် ကု ကျာယ်ထရ်ၜါရ် [ကျာက်ဩေည်ၜါရ်]- - - - - - - - - - - - -

(၂၁) တုယ်။ တုရ်္လပေါယ် ဗုသစ်[ဗ္လးဟ်]- - - - - - - - - - - - - - - - - -

(၂၂) - - - - န် ဨယ်ကုန္ဒံ ရုပ်ကျာက်ဒုန်လူ[ယ် ဇိကႝုဨယ်] - - - - - - [သိနြင်ဨယ် ဩရ်]

(၂၃) ဂေါအ် ဒသ်ကျာက် ရောဝ်ဂေါ[းဟ် တုရ်္လပေါယ်ရာဓနာမိစ်ဒအ်] - - - - - - -

(၂၄) - - - - - - - ကေတ်တုန်တုယ် - - - - - - - - - - - - - - - - - - - - - -

(၂၅) ပေက္ခာပန်ဝေါအ် - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

(၂၆) ပ္လိည်။ (အုတ်)ကျာက် - - - - - - - - - - - - - - - - - - - - - - [တုရ်္လပေါယ်]

(၂၇) (ၐြီ)ဗဇြာဘရဏဒေဝ် [ေ]ကလ်တုန် ညးဟ်ပဝ်သမ္ဘုစ် ညးဟ်ရိန္လေးဟ်စသ် ဇိ[ည္ဇေးဟ်] စသ် - -

(၂၈) - - - အ်၊ ဇ္လောဝ်စသ်လုဂုင်္ရ် တိက္လံဗၞင် ဩောအ်လ္ငိမ် ။ ဝ ။

ခေတ်မွန်ဘာသာ[ပြင်ဆင်ရန်]

(၅) - - - ပိပါသာစ ဇနာစ သုဂ္ဂပတ္တိတာ တေ - - - - - -

(၆) ။ ဗုဒ္ဓဓမ္မဿတေဇေန အရိယသင်္ဃ - - - - - -

(၇) ပ္ပကာ။ ဗဇြာဘရဏဒေဝဿ (ဣ - -) - - - - - -

(၈) - - - - ခိပ္ပ မေဝသဝိဇ္ဇျတု။ ဝ ။ တလပိုယ် - - - -

(၉) - - - - ဗုကာံ မအိုတ် ကုကောမ် ပၞာန် - - -

(၁၀) ရုက္ဍောရ် မ္လစ်သာဂှ် မိန်တၠပိုယ်- - - - - -

(၁၁) - - - လီုတုဲ တၠပိုယ် ဗစာ- - - -

(၁၂) (တိ) - - မွဲ ကျာ်ထဝ်ၜါ ကျာက်ဩန်ၜါ - - - - - - - -

(၁၃) တုဲ ဒေဝတဴ မၞိဟ်ဂမၠိုင် - - - - - - - - -

(၁၄) တၠပိုယ် မယဵု အဘိပြာယ် - - - - - ယ - -

(၁၅) ပ် ဗၠးကျာ် အိုတ်ဍိက်ကလောန် ဂမၠိုင် - - - ကၠံ - - -

(၁၆) - - နတဲ ကုကျာ်ထဝ်ၜါ ကျာ်ဩန်ၜါ - - -

(၁၇) - တုဲ ဒုင်ကဵု တၠပိုယ်ကဵု လအိတ် ပ္ဍဲကာလ်သက္ကရာ သၞာံ ပ

(၁၈) န်ကၠံပန်စှ်ောမွဲ၊၊ အသိနသမ္ၑစ္ဆရ်။ - - - - - - - - - - - - - - - -

(၁၉) (ရ်- -ရာဝ)နက္ချတြ၊ ရိဒ္ဓိ ဇောဂ။ သိမိ - - - - - - - - - - - - - - - - -

(၂၀) အဲ နတဲ ကုကျာ်ထဝ်ၜါ ကျာ်ဩန်ၜါ - - - - - - - - - - - -

(၂၁) တုဲ၊၊ တၠပိုယ် ဗလးသၠးတုဲ - - - - - - - - - - - - - - - - -

(၂၂) - - - - န် အဲခၞံ ရုပ်ကျာ် ဒလာဲဇကုအဲ - - - - - - [စရင်အဲ ဩဝ်]

(၂၃) ဂွံ ဒှ်ကျာ် ရဴဂှ် တၠပိုယ် ရာဒနာမိက်ရ၊၊ - - - - - - -

(၂၄) - - - - - - - ကေတ်တုန်တုဲ - - - - - - - - - - - - - - - - - - - - - -

(၂၅) ပေက္ခာပန်ဝွံ - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

(၂၆) ပလိုတ်။ အိုတ် ကျာ် - - - - - - - - - - - - - - - - - - - - - - [တၠပိုယ်]

(၂၇) (ၐြီ)ဗဇြာဘရဏဒေဝ် ကဵုတုန် ညးပဝ်သၟုတ် ညးလှ်ေစှ် ညးဒယှ်ေစှ်

(၂၈) - - - အ်၊ ဂၠဴစှ်လ္ၚောဝ် တိကၠံဗၞင် ဩောအ်လ္ၚီ။ ဝ ။ (၆) ဘုရား နှင့် တရားတော်တို့၏ တန်ခိုးတော်အရှိန်ဖြင့် - - - - - - -

မြန်မာ[ပြင်ဆင်ရန်]

(၇) - - - - - ။ ဗဇြောဘရဏဒေဝမင်းအား - - - - - - - - - - - - - - - - - - -

(၈) - - - - ပြီးပြည့်စုံပါစေသတည်း။ ဝ ။ ငါတို့အရှင်သည် - - - - - - - - - -

(၉) ပုဂံပြည် အလုံးစုံသော စစ်သည်တော်များ - - - - - - - - - - - - - - - - - - - - -

(၁၀) ရိက္ခာ(မြို့)မြစ်သားသည် ငါတို့အရှင်အား - - - - - - - - - -

(၁၁) - - - ပျက်စီး၍ ငါတို့အရှင် ဆင်ခြင် - - - - - - - - - - - - - - - -

(၁၂) - - တစ်(ခု)၊ ရွှေဆင်းတုတော်နှစ်ဆူ ငွေဆင်းတုတော် နှစ်ဆူ - -- - - -

(၁၃) ပြီး၍ နတ် လူအပေါင်းတို့အား - - - - - - - - - - - - - - - - - - - - - - - - - - -

(၁၄) - - ငါတို့အရှင်သည် မိမိလိုလားအပ်သောဘဝ(အဘိပြာယ်)ကို ဆုပန်၍ - - - - - - - - -

(၁၅) ဒုံသစ်? အားလုံးသော ကျွန်အလုပ်သမားတို့ - - - - - - - - - - - - - - -

(၁၆) လက်ဖြင့်ပြုလုပ်သော ရွှေဆင်းတုတော်နှစ်ဆူ ငွေဆင်းတုနှစ်ဆူ  - - - -

(၁၇) ပြီးနောက် ခံယူတော်မူ၍ ငါတို့အရှင် ပေးသနားတော်မူသော ထိုကာလ၌ သက္ကရာဇ်

(၁၈) လေးရာ့လေးဆယ်တစ်။ အသိနနှစ်။ - - - - - - - - - - - - - - - - - - - - -

(၁၉) - - - - - - - - - - နက္ချတြ။ ရိဒ္ဓိ ဇောဂ။ သိမိ - - - - - - - - - - - - - - - - - - -

(၂၀) ငါလက်ဖြင့် ပြုလုပ်သော ရွှေဆင်းတုတော်နှစ်ဆူ ငွေဆင်းတုတော်နှစ်ဆူ - - - - - -

(၂၁) - - - - ပြီး၏။ ငါတို့အရှင်သည် ရေစက်သွန်းမင်္ဂလာပြုလုပ်တော်မူ၍ - - - - - - -

(၂၂) - - - - - ငါသည် ငါ့ခန္ဓာကိုယ်ပမာဏရှိ ဘုရားရုပ်တုတော်တစ်ဆူကို ပြုလုပ်၏ -  - - -

(၂၃) ဤငါ့ကောင်းမှုသည် ဘုရားဖြစ်ရပါစေ။ ထိုကဲ့သို့ [ငါတို့အရှင် ဆုတောင်း၏]- - - - - -

(၂၄) - - - - - - - - - တစ်ဖန်ယူကုန်၍ - - - - - - - - - - - - - - - - - - - - - - - - - - - - - -

(၂၅) ဤဥပေက္ခာလေးပါး - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

(၂၆) အနောက်ရပ်။ ဆင်းတုတော်အားလုံးတို့အား - - - - - - - - - - - - - - -ငါတို့အရှင်

(၂၇) (ၐြီ)ဗဇြာဘရဏဒေဝ်သည် တစ်ဖန်ပေးတော်မူသည်ကား ဆွမ်းတော်တင်သူ ကခြေသည် ဆယ်ယောက်၊ - -

(၂၈) - - - - နွားဆယ်ရှဉ်း မြေတရာပါယ် စပါးတစ်ထောင်တင်  ။ ဝ ။

ပါဠိဘာသာ[ပြင်ဆင်ရန်]

(၁) ဥံ မဇ္ဇ ဒေဝေါ နာမ တသော ဝြိဝိက္ကြမေ မမ - - - ဓာမော ယသ သော ဝိပုဎိန္ဓာတော။ တဿ မ

(၂) ညာသ္ထပနတော မဟဗ္ဗဎိ ပဇြန္တ ဒေဝေါနာမ တ - -  တော ဎိကသံမတော။ တဿ ပုတ္တော မဇြပညော ပု

(၃) ညသဝဿ ဎိန္နဿ သဝကော ဗုဒ္ဓသာသနေ။ ဗဇြိဘရဏဒေဝေါတိ တဿပုတ္တော မမြော သသောပုညဝါ

(၄) ပညာပတော ပုရေကုမာနိ။ ဟိတောဒေဝမ - န - ဎကေကုတော မဎိကဝိဒ္ဓကေ တေန္ဓာယ ပုကတိ ဝိနိ

(၅) - - - - - - ကတေနာမ ယဇိဎိက - - - - ဎိဒေ ဎိဒေါတိ သမိသုတော။ ပန္ဓ သုနိယ ရုပ

(၆) - - - - - - - - - - - - တ္တဿ ဇလိမနပိ - တိ။ သာမာဒ္ဓေ ဗုဒ္ဓရူပါနိ ဇိနိရူပမာ ကတာ

(၇) - - - - - - ညေဝ ကာရိတံသ - - - န္နမယမေ ကတေ ဗုဒ္ဓရူပ တထာ ပရံ တထာ ရူပမဿ

(၈) ------------------------- နိ ယဝသနံ ပတေ ဗုဒ္ဓရူပံ တထာသတံ ပတေ သဗ္ဗ သဟ

(၉) -------------------------ပစ္ဆိမာ ယဒိသာ ယဿ တထာတိ ယဿ သမ ဟကေ ဒေတမံ

(၁၀) ------------------------ရောနိသော။ ယေ ပိမ္ပေ သာဓိဝါသာတေ ဇနာည္စေ သုဂ္ဂပတ္ထိတာ

(၁၁) ------------------------------ ပ္ပကာ။ ဗုဒ္ဓဓမ္မဿ တေဇေန အရိယ သံဃဿ တေဇသာ

(၁၁) ---------------------------------------- ဗဇြိဘရဏဒေဝဿ ဣစ္ဆိတံ ပတ္ထိတံ ဗဒါ

(၁၂) ----------------------------------------------------------------------------------------------------

ဝေါဟာရများ အဓိပ္ပါယ်ဖေါ်ထုတ်ချက်။[ပြင်ဆင်ရန်]

မဇ္ဇဒေဝေါနာမ၊ မဇ္ဇမည်သော မင်းကြီး။ ။ တသော၊ ထိုမင်းသည်။ ဝြိဝိက္ကြမ၊ မွန်မြတ်သောအလုပ်။ ဓာမော/ဓမ္မော၊ တရားသော၊ ယသ၊ ကျော်ကြားသော။ တဿမညာသ္ထပနတော၊ ထိုမင်း၏သားတော်။ မဟဗ္ဗဎိ ပဇြန္တဒေဝေါနာမ၊ မဟဗ္ဗဎိ ပဇြန္တ မည်သော မင်းကြီး။ တဿပုတ္တော၊ ထိုမင်း၏ သားတော်။ မဇြပညော၊ ဉာဏ်ပညာရှိ၏။ ပုညသဝဿ၊ ဘုန်းတန်ခိုးရှိ၏။ ဎိန္နဿ၊ သဒ္ဓါတရားကြည်လင်၏။ သဝကောဗုဒ္ဓသာသနေ၊ ဘုရားသာသနာတော်၏ သာဝကဖြစ်၏။ ဗဇြိဘရဏဒေဝေါတိ၊ ဗဇြိဘရဏမည်သော မင်းကြီး။ ပုညဝါ၊ ဘုန်းတန်ခိုးကြီး၏။ ပညာဝတော၊ ဉာဏ်ပညာကြီး၏။ သာမာဒ္ဓေဗုဒ္ဓ၊ ရွှေဆင်းတုတော်။ ရူပါနိဇိနိရုပမာ၊ ငွေဖြင့်ပြုလုပ်ထားသော ဆင်းတုတော်။ ကတာ၊ ပြုလုပ်၏။ ကတေ၊ ရည်စူး၍။ ဗုဒ္ဓဓမ္မဿ တေဇေန၊ ဘုရား၊ တရား၏ တန်ခိုးအရှိန်ဖြင့်လည်းကောင်း။ အရိယသံဃဿ တေဇသာ၊ အရိယသင်္ဃာများ၏ တန်ခိုးအရှိန်ဖြင့်လည်းကောင်း။ ဣစ္ဆိတံ ပတ္ထိတံ၊ အလိုရှိ တောင့်တအပ်သော။

မြန်မာပြန်။[ပြင်ဆင်ရန်]

(၁-၂) ဥုံ၊ မဇ္ဇဒေဝမည်သော ထိုမင်းသည် ကောင်းမှုကုသိုလ်ကို ပြုလုပ်ခဲ့၏။ ထိုမင်းကြီးသည် တရားသောမင်း ကျော်ကြားသောမင်း ဖြစ်၏။ (၂-၃) ထိုမင်းကြီး၏သားတော်သည် မဟဗ္ဗဎိ ပဇြန္တဒေဝ မည်၏။ ထိုမဟဗ္ဗဎိ ပဇြန္တဒေဝမင်းကြီးသည် ပညာရှိပြီး ဘုန်းတန်ခိုးကြီး၏၊ ဘုရားသာသနာတော်၌လည်း သဒ္ဓါကြည်လင်သူဖြစ်၏။ (၃-၄) ထိုမဟဗ္ဗဎိ ပဇြန္တဒေဝမင်းကြီး၏သားတော်သည် ဗဇြိဘရဏဒေဝမည်၏။ ထိုဗဇြိဘရဏဒေဝမင်းလည်း ဉာဏ်ပညာနှင့် ပြည့်စုံ၍ ဘုန်းတန်ခိုးကြီး သဒ္ဓါကြည်လင်သူ ဖြစ်၏။ (. . .) (၆) ထိုမင်းကြီးသည် ရွှေဆင်းတုတော် ငွေဆင်းတုတော်များ ပြုလုပ်လှူဒါန်းခဲ့၏။ (၁၀) ထိုတို့လှူဒါန်းခဲ့သည့် အကျိုးငှာ ဘုရား တရား အရိယသင်္ဃာတော်များ၏ တန်ခိုးအရှိန်ဖြင့် ဗဇြိဘရဏမင်းကြီးသည် ဘုရားအဖြစ်သို့ ရောက်စေကြောင်း ဆုတောင်း၏။

မှတ်ချက်။ အဓိပ္ပါယ်မသိသော ပါဠိဝေါဟာရများ ရှိနေသေးသဖြင့် ပါဠိပညာရှိများ ဆက်လက်အားထုတ်ရန် လိုအပ်နေသေးကြောင်း။

ပျူဘာသာ[ပြင်ဆင်ရန်]

  1. - - - - - - - - - - - - - - - - - - - - - - - - - - - - - - - (ရိဥဟ္မိလ္စေမ္ဂေး ၜံး)ဝေါ(တး)မိံမ္လေးသ - -
  2. - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
  3. - - - ဥဒိန္ဂုး ဝ္ၜေါ (ဇမ္ဇ ဝိဗဇြိ)[ဘရဏ] - - (တြး -ိ ရယ ဝေါ ဗ္ဇြ - သ - ဎေါဠမဒေါးသးဂ စ္ၜေါၜိံး ဆ ပ္လံသုယပ္လံသုဒံ ဠာသော -
  4. န်မပံ နွု(ဒိံး န်လးသ်ယဟ်ဂ) - - - - - (ဟ်ဒးမွႝနပိကွငွေားတံ လုန်ဂးက်ဒေားမွဟန်ဂ)တံ (ဎ)ၜံး(နှိံ)တံ ၜံးဟွထက်နိ
  5. ၜံးဟွဖ်ဟုက်နိ တောက်ဍသော ၜံးနှး ဟ်ယက်ဍရာ ဟ်လေးၜံးထူၜံးမွခလိး - - ဖ်ယုက်နိန်ဂ ဝေါသ်မုၜံးဟွ (န်ဓိံးတး ၜ ပယဒေိံသော) ယံပ်လံအ ၜံးဝေါစိၜံး
  6. - ဝ္ၜေါဗဇြောဘရဏ - - - - - - ထြး ၜူဓ (တပးန္ဒိံပံးတ္လေားဠလိဝေါ ငုဂ့ဇ ဝ္ၜေါဇြော - ရ) - - - - - - - -
  7. - - - - - - - - - - - - - - - - - - - - - - - - - ဝံဆေ - - ။ ဝ ။

မြန်မာပြန်[ပြင်ဆင်ရန်]

(၁ - ၂) - - - - - - - - - - - - - - - - - - - - - - - - - - - - - (ရိဥဟ္မိလ္စေမ္ဂေး ၜံး)ဝ့(တး)မိံမ္လေးသ - -[ပြင်ဆင်ရန်]

“ၜံးဝ့” မင်းမြတ် ဟု အဓိပ္ပါယ်ရသည်။ ပျူ၌ “မင်း” ဟု အဓိပ္ပါယ်ရှိသော ဝေါဟာရများမှာ “တ္ဒး၊ တ္ဒးၜံး၊ ဝံ၊ ဝ့၊ ဥဝေါ့း၊ ဥဝံ၊ ဩိး၊ တုံး၊ တြးၜံး။” အားလုံး ကိုးလုံးရှိသည်။ နောက်ပြီး “မိံမ္လေးသ” သည် “မြို့မြစ်သား” ဟု အဓိပ္ပါယ်ရသည်။ မြစေတီကျောက်စာ၌ “တိံပြိးရိမဓနဗူ” ပြည်ရိမဓနဗူ၌” ဟု တွေ့ရသည်။ ဒါကြောင့် “ပြည်” ဟုအဓိပ္ပါယ်ရှိသော “ပြိး”သည် မင်းနေပြည်တော်ဖြစ်ပြီး သာမန်လူနေမြို့ရွာများအတွက်က “မိံ” ဖြစ်နိုင်သည်ဟု ယူဆသည်။ ပျူဝါကျတည်ဆောက်ပုံများကိုကြည့်ပြီး “ၜံးဝ့” နှင့် “မိံမ္လေးသ” ကြားမှာ ရှိသည့် “တး” သည် “ရောက်ရှိသည်” ဟု အဓိပ္ပါယ်ဖြစ်နိုင်သည်ဟု ယူဆသည်။ ကျန်သည့်စာများကို အဓိပ္ပါယ်မဖေါ်နိုင်သေးပါ။

(၃) - - ဥဒိန္ဂုး ဝ္ၜေါ (ဇမ္ဇ ဝိဗဇြိ)[ဘရဏ] - - (တြး -ိ ရယ ဝေါ ဗ္ဇြ - သ - ဎေါဠမဒေါးသးဂ စ္ၜေါၜိံး ဆ ပ္လံသုယပ္လံသုဒံ ဠာသော -[ပြင်ဆင်ရန်]

“ဝ္ၜေါ” သည် “ဝေါ” နှင့် “ၜံး” နှစ်ခုထပ်ထားသော စာလုံးဖြစ်သည်။ “ၜံးဝေါ” သည်လည်း “မင်း”ဟု အဓိပ္ပါယ်ရသည်။ “ဝ္ၜေါမမ္ဇ” သည် ပါဠိမူ၌ တွေ့ရသည့် “မဇ္ဇဒေဝ” နှင့် အဓိပ္ပါယ်တူ ဖြစ်နိုင်သည်။ “ဎေါဠမဒေါးသးဂစ္ထေါၜိံး” “စေတီကိုလွှတ်သောကာလ” “ဎေါ - ထို”၊ “ဠ - ကာလ”၊ မဒေါးသး - လွှတ်သောအခါ၊ ရေစက်ချသောအခါ”၊ “စ္ထော - စေတီ” “ၜိံး - သည်”။

“ဆပ္လံသုယပ္လံသုဒံ” “နှစ်လေးရာလေးဆယ့်တစ်”။ မြစေတီကျောက်စာ၌လည်းကောင်း။ သရေခေတ္တရာမှ အရိုးအိုးကျောက်စာ၌လည်းကောင်း “ခုနှစ်” ဟု အဓိပ္ပါယ်ရှိသော ပျူ ဝေါဟာရသည် “သှိး” ဟု တွေ့ရသည်။ ထိုကြောင့် “သှိး” နှင့် “ဆ” ဤနေရာ၌ ရှင်းလင်းရန် လိုအပ်သည်။ တိဗက်စကား၌ “နိး” သည် “ပြီးသော” ဟု အဓိပ္ပါယ်ဆောင်ပြီး “အသက်” သို့မဟုတ် “နှစ်” သည် “သ”တစ်လုံးသာ ခေါ်သည်။ ထို့ကြောင့် “သှိး” သည် “ပြီးခဲ့သည့်နှစ်” သို့မဟုတ် “နှစ်ပြီးသော” ဟု အဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် “သှိး” နှင့် “သ”သည် အဓိပ္ပါယ်တူတူသာ ဖြစ်သည်။ “သ” နှင့် “ဆ” သည် အသံချင်းနီးစပ်မှုရှိသည့်အတွက်ကြောင့် ဤနေရာ၌ တွေ့ရသည့် “ဆ” သည် “သက္ကရာဇ်” သို့မဟုတ် “ခုနှစ်” ဟု အဓိပ္ပါယ်ရသည်။

“ပ္လံ - လေ”၊ “သု - ဆယ့်”၊ “ယ - ရာ”၊ “ဒံ - တစ်”။ “ပ္လံသုယပ္လံသုဒံ” ကို တိုက်ရိုက်ဘာသာပြန်သည့်အခါ “လေးဆယ့် ရာလေး ဆယ့်တစ်” ဟု အဓိပ္ပါယ်ရသည်။ သို့သော် မွန်စာမျက်နှာ၌ “(ပ)န်က္လံပန်စသ်မောယ်” “လေးရာ့လေးဆယ့်တစ်” ဟု တွေ့ရသည့်အတွက်ကြောင့် ဤနေရာ၌လည်း ထိုအဓိပ္ပါယ်သာ ဖြစ်ရမည်။

“ဠာသော”။ ဠာ - လ။ သော - ဆယ်။ “ဠာသော” ဆယ်လမြောက်လ/ပြာသိုလ?။ ဠာ ဝေါဟာရ နှင့်ပတ်သက်ပြီး သရေခေတ္တရာမှ အရိုးအိုးကျောက်စာများ၌လည်း တွေ့ရသည်။ သို့သော် အရိုးအိုးကျောက်စာ၌ ရှေ့ဆရာတွေက “ဠ” ကို “ဒ” ဖြင့် အက္ခရာပြန်ထားပြီး “ဠေ” ကို “ဒေ” ဟု အက္ခရာပြန်ထားသည်။ အရိုးအိုးကျောက်စာ၌ တချို့နေရာတွင် “ဠေ” ဟု တွေ့ရပြီး တချို့နေရာတွင် “ဠာ” ဟု တွေ့ရသည်။ “ဠာ” ဝေါဟာရသည် (PTB) က *s/g-la သလ/ဂလ သို့မဟုတ် “*la3 လာ” ဟု တွေ့ရသည်။ ကရင်တို့က “လ”ကို “လာ” ဟု အခုအချိန်အထိ ခေါ်နေဆဲဖြစ်သည်။ လကို ရှေ့ခေတ်မြန်မာစကားလည်း “လာ” ဟု ခေါ်သည်။ ဥပမာ “တနင်္လာ” “တနင်” က မွန်ဝေါဟာရ “တငယ်/တၛယ်” ကလာပြီး “လာ” က PTB ကနေလာသည်။ ထိုကြောင့် “တနင်္လာ” က “လနေ့” ဟု အဓိပ္ပါယ်ရသည်။ တနင်္လာ ကို မွန်တို့က “တငယ်စန်” “တငယ်” က “နေ့” “စန်” က သက္ကတ/ပါဠိ “စန္ဒြ” ကလာပြီး “လ”ဟုအဓိပ္ပါယ်ရသည်။ “တနင်္ဂနွေနေ့” လည်း ထိုနည်းတူသာ ဖြစ်သည်။ “တနင်္ဂ/တနင်” က မွန် “တၛယ်”ကနေလာပြီး “နွေ”က “နေ”ဟု အဓိပ္ပါယ်ရသည်။ “တနင်္ဂနွေနေ့” “နေနေ့” ဟု အဓိပ္ပါယ်ရ။ မွန်တို့က “တငယ်အဒိုက်”၊ “အဒိုက်” က “အာဒိန္န” သက္ကတ/ပါဠိ ကလာပြီး အဓိပ္ပါယ်က “နေ” ဖြစ်သည်။ မြန်မာစကား “နွေရာသီ”သည် “နေရာသီ” ဟု အဓိပ္ပါယ်ရသည်။

“ဠာသော” လဆယ် “ပြာသိုလ”ဟု ကျွန်တော်ယူဆသည်။ ယခုခေတ်မြန်မာ (၁၂) နာမည်နှင့်ပတ်သက်ပြီး အမြင်အမျိုးမျိုး ပြောကြတော့လည်း တချို့လတွေက ဂဏန်းအတိုင်းသာ ခေါ်သည်ဟု ကျွန်တော်ယူဆသည်။ ဥပမာ တန်ခူးလ ကို ကရင်တွေက “လာတာ” ဟု ခေါ်သည်။ “တန်” နှင့် “တာ”တို့သည် “တစ်” ဟုအဓိပ္ပါယ်ရှိသော *te31 (PTB) နှင့် “တံ” ပျူကနေလာသည်ဟု ယူဆသည်။

(၄) န်မပံ နွု(ဒိံး န်လးသ်ယဟ်ဂ) - - - - - (ဟ်ဒးမွႝနပိကွငွေားတံ လုန်ဂးက်ဒေားမွဟန်ဂ)တံ (ဎ)ၜံး(နှိံ)တံ ၜံးဟွထက်နိ[ပြင်ဆင်ရန်]

စာကြောင်း (၃) အဆုံး၌ “လ” ကို တွေ့ရပြီးဖြစ်သည့်အတွက်ကြောင့် လရဲ့အနောက် “နေ့”လာမည်ကို သေချာသည်။ န္မပံ က လအကြောင်းကို ဆက်ပြောသောဝေါဟာရ ဖြစ်နိုင်သည်။ လပြည့် ဖြစ်နိုင်သည်။ “နြု” က နေ့ဖြစ်နိုင်ပြီး “ဒိံး” က “သုံး” “နြုဒိံး” “အင်္ဂါနေ့” ဖြစ်နိုင်သည်ဟု ကျွန်တော်ယူဆသည်။

မြဟန္ဂတံ - “တံ” ကို “တစ်” ဟု အဓိပ္ပါယ်ရသည့်အတွက်ကြောင်း “မြဟန္ဂ”သည် ပစ္စည်းတစ်ခုခု ဖြစ်နိုင်သည်။ နောက်ပြီး “ၜံးနွိံတံ” လည်း “ၜံးနွိံ” ကအဓိပ္ပါယ် မသိနိုင်သော်လည်း အလှူပစ္စည်းတစ်ခုခု ဖြစ်နိုင်ကြောင်း ပြောနိုင်သည်။ “ၜံးဟြထကှိ” က မွန်စာမျက်နှာ၌ တွေ့ရသည့် “ကျာက်ထရ်ၜါရ် - ရွှေဘုရားနှစ်ဆူ” ဟု အဓိပ္ပါယ်ရသည်။ မြစေတီကျောက်စာ၌လည်း “ၜံးဟြထ” ဟုတွေ့ရသည်။ “ကှိ” သည် သရေခေတ္တရာ အရိုးအိုးကျောက်စာ၌ ဗလက်တင် (Charles Otto Bladden) က ခုနှစ် ဟု အဓိပ္ပါယ်ဖေါ်ပြထားသည်၊ ဦးမြပျူဖတ်စာ၌လည်း “ခုနှစ်”ဟုသာ ဖေါ်ပြထားသည်။ သို့သော် မွန်စာမျက်နှာ၌ “ကျာက်ထရ်ၜါရ်” “ရွှေဘုရားနှစ်ပါး” ဟု သေချာစွာ ဖေါ်ပြထားသည့်အတွက်ကြောင့် “က္နိ” သည် “၇/ခုနှစ်” မဟုတ် “၂/နှစ်” ဖြစ်နေသည်ကို သိရသည်။

(၅) ၜံးဟွဖ်ဟုက်နိ တောက်ဍသော ၜံးနှး ဟ်ယက်ဍရာ ဟ်လေးၜံးထူၜံးမွခလိး - - ဖ်ယုက်နိန်ဂ ဝေါသ်မုၜံးဟွ (န်ဓိံးတး ၜ ပယဒေိံသော) ယံပ်လံအ ၜံးဝေါစိၜံး[ပြင်ဆင်ရန်]

“ၜံးဟွဖ်ဟုက်နိ” “ငွေဘုရားနှစ်ပါး”။ “ငွေ”ကို PTB ၌ *plu ဟု ဆိုသည်။ “အဖြူရောင်”ဟု အဓိပ္ပါယ်ရသည်။ ထိုနည်းတူစွာ “ရွှေ” ဆိုသည့် မြန်မာစကားသည် မူရင်း PTB က *s-rwəy ကနေလာသည်။ “အဝါရောင်”ဟု အဓိပ္ပါယ်ရသည်။ ငွေ အဖြူဟုအဓိပ္ပါယ်ရှိသော *plu၊ ရွှေ အဝါရောင်ဟု အဓိပ္ပါယ်ရှိသော *s-rwəy ကနေ မူရင်းဆင်းသက်လာသည်ဟု တွေ့ရသည်။

“တောက္ဍသောၜံးနွး” “အရှဉ်းတဆယ်နွား”။ နွားဟု အဓိပ္ပါယ်ရှိသော PTB ဝေါဟာရများမှာ “နွ” *nwa နှင့် “ငွ” *ŋwa ဖြစ်သည်။ မွန်စာမျက်နှာ “ဇ္လောဝ်စသ်လုဂုရ်”ကိုကြည့်ပြီး “တောက္ဍ” သည် “အရှဉ်း” ဟု အဓိပ္ပါယ်ဖြစ်နိုင်သည်။ “သော” နှင့် “သု” ထူးခြာချက်က “သော”က ဆယ်။ “သု”က ဆယ့် ဖြစ်သည်။

“ဟ်ယက်ဍရာ” “စပါးစိုက်ပျိုးမြေတရာပယ်”။ “ရာ” က “တရာ”။ စပါးစိုက်ပျိုးမြေ/လယ်မြေကို PTB က *hya ဟု ခေါ်သညျ။ ယခုခေတ်မြန်မာစကား “ယာ” နှင့်အတူတူဖြစ်သည်။ “တောက်ဍသော” နှင့် “ဟ်ယက်ဍရာ”တွေကိုကြည့်ပြီး “က်ဍ” သည် “ခု” ဟု အဓိပ္ပါယ်ဖြစ်နိုင်သည်။

“ဟ္လေးၜံးထူၜံးမြ” “စပါးတင်းတစ်ထောင်”။ “ဟ္လေး” သို့မဟုတ် “က္လေး” သည် “တင်း” ဖြစ်နိုင်သည်။ အရိုးအိုးကျောက်စာ၌ အိုးကို “က္လေး” ဟု တွေ့ရသည်။ “က္လေး” သည် မွန်ဝေါဟာရ “က္လဟ်” ကနေလာသည်။ “ထူ” က မြစေတီကျောက်စာ၌ တွေ့ရသလို PTB မှာလည်း *s-toŋ ဟု တွေ့ရသည်။ အဓိပ္ပါယ်က “တစ်ထောင်” ဖြစ်သည်။ စပါးဟု အဓိပ္ပါယ်ရှိသော PTB ဝေါဟာရသည် *ma သို့မဟုတ် *mey ဟု တွေ့ရသည်။ ထိုကြောင့် “မြ”သည် စပါးဖြစ်နိုင်သည်။

“ခလိး - - သော” “လှည်းဆယ်စီး” လယ်မြေနှင့် လယ်မြေလုပ်ကိရိယာများကို လှူဒါန်းထားသည့်အတွက်ကြောင့် “ခလိး” သည် “လှည်း”ဖြစ်နိုင်မည်ဟု ယူဆသည်။

“နိးန္ဂ ဝေါသ္မုၜံးဟြ န္ဓိံးတးၜပိလောယေဒိံသော” “ၜံးဟြ” က “ဘုရား”၊ “သ္မု” က မွန်ဝေါဟာရ “သမ္ဘုတ်” “ဆွမ်းတော်” ဟုအဓိပ္ပါယ်ရသည်။ “ၜ” သည်“နှင့်” ဟု အဓိပ္ပါယ်ရနိုင်သည်။ “သော” ဆယ်။ မွန်စာမျက်နှာ၌ “ညးဟ်ပဝ်သမ္ဘုစ် ညးဟ်ရိန္လေးဟ်စသ်” “ဆွမ်းတော်တင်သူ အကသည်ဆယ်ယောက်” ဟု တွေ့ရသည့် ဤနေရာသည် ထိုအဓိပ္ပါယ်သာ ဖြစ်နိုင်သည်။

“ယံဠောအသော ဝေါစိၜံး” “စိ” သည် အုတ်ခွက်၌လည်း တွေ့ရသည်။ အဓိပ္ပါယ်က “ပြုလုပ်သည်”။

(၆) - ဝ္ၜေါဗဇြောဘရဏ - - - - - - ထြး ၜူဓ (တပးန္ဒိံပံးတ္လေားဠလိဝေါ ငုဂ့ဇ ဝ္ၜေါဇြော - ရ) - - - - - - - -[ပြင်ဆင်ရန်]

“ဝ္ၜေါ” သည် စာကြောင်း (၃) မှာလည်း တွေ့ရသည်။ အဓိပ္ပါယ်က “မင်း” ဖြစ်သည်။ “ဝ္ၜေါ”အနောက်မှာ အက္ခရာ သိပ်မတွေ့ရပါ နည်းနည်းတွေ့ရသည့်အက္ခရာများကို ကြည့်ပြီး တခြားနေရာ၌ တွေ့ရသည့် ဘုရင်ဘွဲ့အမည် “ဗဇြောဘရဏဒေဝ” ဖြစ်နိုင်သည်ဟု ယူဆသည်။ နောက်ပြီး “တြးၜူဓ” က မြတ်စွာဘုရား၊ ထိုကြောင့် ဤနေရာတွင် ဘုရားဖြစ်စေကြောင်း ဗဇြောဘရဏမင်း ဆုတောင်းစကား ဖြစ်နိုင်သည်။

(၇) - - - - - - - - - - - - - - - - - - - - - - - - - ဠောတောဍောဂေဥဝံဆဲဆေလ ။ ဝ ။[ပြင်ဆင်ရန်]

“ဥဝံ” က “မင်း” ဟုအဓိပ္ပါယ်ရပြီး “ဆဲ” “ဆုတောင်းသည်၊ ဆိုသည်” ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် အောက်ဆုံးစာ နှစ်ကြောင်း၏ အဓိပ္ပါယ်က “သဗ္ဗညုတဉာဏ်တော်ရှင် ဘုရားသခင်ဖြစ်စေသော်ဟု ဗဇြောဘရဏဒေဝမင်းက ဆုတောင်းသည်” ဟု အဓိပ္ပါယ်ဖြစ်နိုင်သည်။

ပုဂံခေတ် စောလူးမင်း၏ ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုး ထားသည့် ကျောက်စာကို မြစ်သားမြို့ ပေတောကျောင်းတိုက်အတွင်းမှ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က စတင်တွေ့ရှိခဲ့ပြီး တွေ့ရှိချိန်၌ ကျောက်စာချပ် သုံးချပ်ကို တွေ့ရှိခဲ့ကာ နိုဝင်ဘာ ၂၇ ရက်တွင် နောက်ဆုံးကျန်ရှိနေသည့် ကျောက်စာချပ်အား ထပ်မံတွေ့ရှိခဲ့သည်။ ကျောက်စာတွင် စာကြောင်းအနည်းစုကိုသာ ရှင်းရှင်းလင်းလင်းဖတ်နိုင်ပြီး အချို့မှာ ဖတ်မရအောင် ပျက်စီးနေသည်။[၃] စောလူးမင်း ရေးထိုးစိုက်ထူခဲ့သည့် ကျောက်စာသည် ဘာသာစကား ခြောက်မျိုးဖြင့် နှစ်ဖက်ရေးထိုးထားသည်ကို တွေ့ရှိရသည်။ အဆိုပါ ကျောက်စာ၌ ပါဠိဘာသာဖြင့် အများဆုံး ရေးထိုးထားရာဘက်တွင် မြန်မာဘာသာဖြင့် ရှစ်ကြောင်း၊ ပျူပါဠိဖြင့် ၁၄ ကြောင်းနှင့် ပျူစာစစ်စစ် ခုနစ်ကြောင်း စာကြောင်းရေ စုစုပေါင်း ၂၉ ကြောင်း ပါရှိသည်။ မွန်စာ အများဆုံးဖြင့် ရေး ထိုးထားရာဘက်၌ ပါဠိဘာသာဖြင့် ရှစ်ကြောင်း၊ မွန်ဘာသာဖြင့် ၁၅ ကြောင်း၊ ကျွမ်း (သို့မဟုတ်) ယွန်းဘာသာဖြင့် လေးကြောင်းဖြင့် စာကြောင်းရေ စုစုပေါင်း ၂၇ ကြောင်း ပါဝင်ကြောင်း သိရသည်။[၁]

ကျောက်စာတိုင်၏ အပိုင်းအစများကို စပ်ဆက်ကြည့်သောအခါ အမြင့် ၄ ပေ ၃ လက်မ၊ အကျယ် ၂ ပေခွဲရှိပြီး၊ အထူ ၅ လက်မခန့် ရှိသည်။ ကျောက်စာသည် မျက်နှာပြင် နှစ်ဖက်စလုံးတွင် ရေးထိုးထားသော ကျောက်စာဖြစ်သည်။[၃]

မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိထားသည့် ကျောက်စာများ အနက်မှ ဘာသာစကား ခြောက်မျိုးဖြင့် ရေး ထိုးထားသောကြောင့် ဘာသာအများဆုံးပါရှိသည့် ကျောက်စာတစ်ချပ် ဖြစ်သည်။ ယင်းကျောက်စာကို စောလူးမင်းမှ မြန်မာသက္ကရာဇ် ၄၁၅ ခုနှစ်တွင် ရေးထိုးခဲ့ပြီး ကျောက်စာ၌ စောလူးမင်းသည် မိမိကိုယ်အတိုင်းအတာ ပမာဏရှိသော ဆင်းတုတော် တစ်ဆူကို ဘုရား၌ လှူသည်။ ရွှေဆင်းတု နှစ်ဆူကို ဌာပနာသည်။ ကျွန် ၁၀၀၊ နွားအရှဉ်း ၁၀၊ လယ် ၁၀၀ ပယ်နှင့် စပါးတင်း ၁၀၀၀ ကို ရေစက်သွန်းချ လှူဒါန်းသည်" ဟု မွန်ကဗျည်းကျောက်စာ ပညာရှင် ဦးနိုင်ဘရှင်၏ ဘာသာပြန်ဆိုထားချက်အရ သိရသည်။

၁၁ ရာစု ခေတ်ဦးဖြစ်သည့် စောလူးမင်း၏ ကျောက်စာတွင် ကျိန်စာ၊ ဆုတောင်းစာများ ပါဝင်ပြီး ပျူပါဠိဘာသာဖြင့် ရေးထိုးထားရာဘက်၌ ဆင်းတုတော်သုံးဆူပါ လှူဒါန်းခဲ့ကြောင်း ရေးထိုးထားသည်။ နောက်ထပ်တွေ့ရှိရသည့် ဘာသာစကား တစ်မျိုးမှာ မြန်မာဘာသာစကား (သို့မဟုတ်) ပါဠိ ဘာသာစကား တစ်မျိုးဖြစ်သည့် ဒေဝနာဂရီဘာ သာစကားဖြင့် ရေးထိုးထားသည်ဟု ယူဆရသည်။

ကျောက်စာတွင် စောလူးမင်း၏ ဘွဲ့တော်ကို ဖတ်ရှုနိုင်ခဲ့ပြီး စောလူးမင်း မိဖုရား၏ ရေးထိုး ထားသော ကျောက်စာ တစ်ချပ် ဖြစ်သည်။[၄]

မူလသတင်းထုတ်ပြန်ချက်များတွင် ဘာသာငါးမျိုးဖြင့် ရေးထိုးထားသည်ဟု ဖော်ပြခဲ့ကြသော်လည်း အထောက်အထား ခိုင်လုံမှု မရှိသေးကြောင်း၊ စောလူးမင်း၏ အမည်နာမကိုသာ ဖော်ထုတ်နိုင်ခဲ့ပြီး မြစေတီကျောက်စာ (ရာဇကုမာရ်ကျောက်စာ) ထက်စော၊ မစော ရေးထိုးထားသည့် သက္ကရာဇ်ကိုလည်း အသေးစိတ် ပြန်လည်စစ်ဆေးနေကြောင်း မန္တလေးတိုင်း ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ပြောကြားထားသည်။[၅]

ယခုတွေ့ရှိထားသည့် ၁၁ ရာစု ခေတ်ဦးတွင် ရေးထိုးခဲ့သော စောလူးမင်း ကျောက်စာအား ယင်းကျောက် စာ တွေ့ရှိခဲ့သည့် မြစ်သားမြို့ရှိ ပေတောကျောင်းတိုက် အတွင်း၌ ပြန်လည် စိုက်ထူထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ သံလွင်: သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသော အစောဆုံး ကျောက်စာအဖြစ် ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ပုဂံခေတ် စောလူးမင်း၏ကျောက်စာ မြစ်သားမြို့၌ တွေ့ရှိ
  2. စောလူးမင်း ကျောက်စာ ပေတော ပရဟိတ ကျောင်းအတွင်းတွေ့ - BBC Burmese - မြန်မာ့ရေးရာ
  3. ၃.၀ ၃.၁ စောလူးမင်း ကျောက်စာ သမိုင်းကွက်လပ်ကို ဖြည့်ပေးနိုင်မလား | ဧရာဝတီ။ 26 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 May 2014 တွင် ပြန်စစ်ပြီး။
  4. The MYAWADY Daily: စောလူးမင်းမိဖုရား သီရိစန္ဒာဝဋံသကာဒေဝီ ၏ ကျောက်စာရှင်းတမ်း
  5. စောလူးမင်းကျောက်စာ စာတမ်းဖတ်ကြားလိုသူများ ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ဆက်သွယ်နိုင် | Printing & Publishing Enterprise[လင့်ခ်သေ]