မာတိကာသို့ ခုန်သွားရန်

အမျိုးသားညီညွတ်ရေး အစိုးရ

ဝီကီပီးဒီးယား မှ
(NUG မှ ပြန်ညွှန်းထားသည်)
အမျိုးသားညီညွတ်ရေးအစိုးရ
National Unity Government

ကြားကာလ အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ
လက်ရှိ
အစိုးရခေါင်း​ဆောင်များ
ဖွဲ့စည်းရက်စွဲ၁၆ ဧပြီ ၂၀၂၁; ၅ နှစ် အကြာက (၂၀၂၁-၀၄-16)
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ
နိုင်ငံတော်အကြီးအကဲဦးဝင်းမြင့်ဒူဝါလရှီးလ,
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်ဒုသမ္မတ
အစိုးရခေါင်းဆောင်ဒူဝါလရှီးလ(ယာယီသမ္မတ),
မန်းဝင်းခိုင်သန်း, ပြည်ထောင်စုဝန်ကြီးချုပ်
အဖွဲ့ဝင် ဦးရေ၂၉ ဦး
အဖွဲ့ဝင် ပါတီ
Status in legislatureပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ
အတိုက်အခံ အစိုးရ
အတိုက်အခံ ခေါင်းဆောင်မင်းအောင်လှိုင်
သမိုင်း
ပြီးခဲ့သော ရွေးကောက်ပွဲ၂၀၂၀ ရွေးကောက်ပွဲ
ယခင်
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၁ခုနှစ် မတ်လ ၃၁ရက်က ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်၍ အတည်ပြု ဖွဲ့စည်းလိုက်သော ကြားကာလ ညီညွတ်ရေးအစိုးရ ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ် ၆ ဦးကို နိုင်ငံပေါင်း ၅ နိုင်ငံတွင် ခန့်အပ်ထားသည်။[][][][]

အစိုးရအဖွဲ့တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ်များ၊ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများမှ ထင်ရှားသူများ ပါဝင်သည်။ စစ်အစိုးရကမူ အမျိုးသားညီညွတ်ရေး အစိုးရကို တရားမဝင်ဟု ပြောဆိုခဲ့သည်။[]

နိုင်ငံတကာအနေဖြင့် ၎င်းတို့အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြရန် NUG က တောင်းဆိုခဲ့ပြီး၊[] ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဦးလွင်ကိုလတ်ကလည်း မကြာမီကာလအတွင်း ကမ္ဘာ့နိုင်ငံကြီးအချို့၏ အသိအမှတ်ပြုမှုကို မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။[] နိုင်ငံတကာကုန်သွယ်ရေးသမဂ္ဂ အကျိုးတူပူးပေါင်းအဖွဲ့က နိုင်ငံတကာအစိုးရများနှင့် ကုလသမဂ္ဂအနေဖြင့် NUG ကို အသိအမှတ်ပြုကြရန် နှိုးဆော်ထားသကဲ့သို့၊[] အာဆီယံဒေသတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဧပြီလ ၂၄ရက်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်အစိုးရကိုယ်စားလှယ်ထက် NUG ကိုသာ ဖိတ်ခေါ်သင့်ကြောင်း တိုက်တွန်းသည်။[]

အောက်တိုဘာလ ၅ ရက်တွင် ပြင်သစ်နိုင်ငံ အထက်လွှတ်တော်က အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။အောက်တိုဘာ ၇ ရက်တွင်လည်း ဥရောပ ပါလီမန်က အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်များကို ချက်သမ္မတနိုင်ငံ အပါအဝင် တောင်ကိုရီးယားနိုင်ငံ စသည့်နိုင်ငံများတွင် ထားရှိပြီးဖြစ်သည်။

အမျိုးသားညီညွတ်ရေး အစိုးရသစ်နှင့်အတူ ပြည်သူ့အသံ ရုပ်သံလိုင်း (Public Voice TV) ကိုလည်း ထုတ်လွှင့်ခဲ့သည်။[၁၀] ၂၀၂၁ မေလ ၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။[၁၁] မေလ ၈ ရက်နေ့တွင် စစ်ကောင်စီမှ ထိုတပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့ဟု ထုတ်ပြန်ကြေညာခဲ့သည်။[၁၂][၁၃]

၂၀၂၅ ခုနှစ်၊ဒီဇင်ဘာ ၈ ရက် တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် “အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့” အား နိုင်ငံတော်သမ္မတ၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံတော် ဒုတိယသမ္မတ၊ပြည်ထောင်စုဝန်ကြီးချုပ်၊ပြည်ထောင်စုဝန်ကြီး ၁၃ဦး၊ဒုတိယဝန်ကြီး ၁၂ ဦးဖြင့် လျော့ချ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

အရေးပေါ်အခြေအနေ ကြေညာခြင်း

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှ စတင်ပြီး နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကြေညာခဲ့သည်။ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းရန် လိုအပ်လာသော အခြေအနေ အရပ်ရပ်ကြောင့် ပြည်ထောင်စုနိုင်ငံတော် တစ်ဝန်းလုံးအား အရေးပေါ်အခြေအနေအဖြစ် စက်တင်ဘာလ ၇ ရက်နေ့မှ ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် စက်တင်ဘာလ ၇ ရက်နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း နှင့် အလုပ်ဆင်းရန် မလိုအပ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ထုတ်ပြန်ကြေညာခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရကပြည်သူ့ခုခံတွန်းလှန်စစ်စတင်ကြောင်းကြေညာပြီးသည်နှင့်တစ်ပြိုင်နက်မြန်မာနိုင်ငံတစ်ဝန်းစစ်ရေးလှုပ်ရှားမှုများအရှိန်အဟုန်မြင့်မားလာသည်။[၁၄][၁၅]

အစိုးရအဖွဲ့ (၈ ဒီဇင်ဘာ ၂၀၂၅ မှစ၍)

စဉ်အမည်တာဝန်စတင်ကုန်ဆုံးသက်တမ်း
ဦးဝင်းမြင့်နိုင်ငံတော်သမ္မတ၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
ဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
ဒူဝါလရှီးလယာယီသမ္မတ၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
မန်းဝင်းခိုင်သန်းပြည်ထောင်စုဝန်ကြီးချုပ်၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
ပြည်ထောင်စုဝန်ကြီးများ
ဒေါက်တာဇော်ဝေစိုးပြည်ထောင်စုဝန်ကြီးချုပ်ရုံး၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
ဒေါ်ဇင်မာအောင်နိုင်ငံခြားရေးဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
ဦးလွင်ကိုလတ်ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
ဦးရည်မွန်ကာကွယ်ရေးဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
ဒေါက်တာလျန်မှုန်းဆာခေါင်းဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
၁၀ဦးတင်ထွန်းနိုင်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
၁၁ဒေါက်တာဝင်းမြတ်အေးလူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
၁၂ဂျာထွယ်ပန်ပညာရေးဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
၁၃ဒေါက်တာရွှေပုံကျန်းမာရေးဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
၁၄ဒေါက်တာတူးခေါင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
၁၅ဦးအောင်မျိုးမင်းလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
၁၆ဦးသိန်းဦးတရားရေးဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
၁၇ဦးစိုးသူရထွန်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
ဒုတိယဝန်ကြီးများ
၁၈ဒေါက်တာစိုင်းခိုင်မျိုးထွန်းနိုင်ငံခြားရေးဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
၁၉ဒေးဗစ်ဂွမ်အောင်နိုင်ငံခြားရေးဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
၂၀ခူးထဲဘူးပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
၂၁ဦးကျော်နီပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
၂၂ဦးဌေးငွေပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၃၀ မတ် ၂၀၂၆၁၆၇ ရက်
၂၃နိုင်ကောင်းရွက်ကာကွယ်ရေးဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
၂၄မိုင်းဝင်းထူးဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
၂၅မင်းဇေယျာဦးစီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
၂၆ဒေါက်တာငိုင်းတမ်မောင်းလူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
၂၇ဒေါက်တာခင်မောင်လွင်ကျန်းမာရေးဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
၂၈ခွန်စောဖူးသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်
၂၉ဦးအောင်ကျော်မိုးလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၃၁ ဇူလိုင် ၂၀၂၆[၁၆]၂၃၅ ရက်
၃၀ဦးမော်ထွန်းအောင်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၈ ဒီဇင်ဘာ ၂၀၂၅၂၇၉ ရက်

အစိုးရအဖွဲ့ (၁၆ ဧပြီ ၂၀၂၁-၈ ဒီဇင်ဘာ ၂၀၂၅)

စဉ် ရာထူး အမည် ဂုဏ်ဒြပ် တာဝန်သက်တမ်း နိုင်ငံရေးပါတီ ရင်းမြစ်
စတင် ပြီးဆုံး ရက်ပေါင်း
၁။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နိုင်ငံတော် အကြီးအကဲ ၁၆ ဧပြီ ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၂၃၆ ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် [၁၇]
၂။ နိုင်ငံတော်ဒုတိယသမ္မတ (ယာယီသမ္မတ) ဒူဝါလရှီးလ နိုင်ငံတော် ဒုတိယ အကြီးအကဲ ၁၆ ဧပြီ ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၂၃၆ ရက် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ / Kachin Political Interim Coordination Team
၃။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
(အကျဉ်းကျခံနေရ)
အစိုးရအဖွဲ့ အကြီးအကဲ ၁၆ ဧပြီ ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၂၃၆ ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၄။ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အစိုးရအဖွဲ့ ဒုတိယအကြီးအကဲ ၁၆ ဧပြီ ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၂၃၆ ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

NUG ပြည်ထောင်စုဝန်ကြီးများ(၁၆ ဧပြီ ၂၀၂၁-၈ ဒီဇင်ဘာ ၂၀၂၅)

စဉ် ဝန်ကြီးဌာန အမည် သက်တမ်း
စတင် ကုန်ဆုံး သက်တမ်း
၁။ နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင် ၁၆ ဧပြီ ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၂၃၆ ရက်
၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဦးလွင်ကိုလတ်
၃။ ကာကွယ်ရေးဝန်ကြီးဌာန ဦးရည်မွန်
၄။ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း
၅။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဦးတင်ထွန်းနိုင်
၆။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဒေါက်တာဝင်းမြတ်အေး
၇။ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒေါက်တာဆာဆာ
၈။ ပညာရေးဝန်ကြီးဌာန ဒေါက်တာဇော်ဝေစိုး
၉။ ကျန်းမာရေးဝန်ကြီးဌာန ဒေါက်တာဇော်ဝေစိုး
၁၀။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒေါက်တာတူးခေါင်
၁၁။ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန နော်ဆူဇန်နာလှလှစိုး
၁၂။ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဦးအောင်မျိုးမင်း ၃ မေ ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၂၁၉ ရက်
၁၃။ အလုပ်သမား ဝန်ကြီးဌာန နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏ ၃ မေ ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၂၁၉ ရက်
၁၄။ တရားရေး ဝန်ကြီးဌာန ဦးသိန်းဦး ၅ ဇွန် ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၁၈၆ ရက်
၁၅။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဦးထင်လင်းအောင်
၁၆။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဦးစိုးသူရထွန်း
၁၇။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒေါ်ခင်မမမျိုး ၂၅ ဩဂုတ် ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၁၀၅ ရက်

NUG ဒုတိယဝန်ကြီးများ(၁၆ ဧပြီ ၂၀၂၁-၈ ဒီဇင်ဘာ ၂၀၂၅)

စဉ် ဝန်ကြီးဌာန အမည် နိုင်ငံရေးပါတီ သက်တမ်း
စတင် ကုန်ဆုံး သက်တမ်း
၁။ ကာကွယ်ရေးဝန်ကြီးဌာန နိုင်ကောင်းရွက် မွန်ပြည်သစ်ပါတီ ၁၆ ဧပြီ ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၂၃၆ ရက်
ဒေါ်ခင်မမမျိုး တစ်သီးပုဂ္ဂလ ၁၆ ဧပြီ ၂၀၂၁ ၂၅ ဩဂုတ် ၂၀၂၁ ၁၃၁ ရက်
၂။ ကျန်းမာရေးဝန်ကြီးဌာန ဒေါက်တာရွှေပုံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၆ ဧပြီ ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၂၃၆ ရက်
ဒေါက်တာခင်မောင်လွင် တစ်သီးပုဂ္ဂလ ၁၆ မေ ၂၀၂၅ ၈ ဒီဇင်ဘာ ၂၀၂၅ ၂၀၆ ရက်
၃။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဦးမင်းဇေယျာဦး မွန်ညီညွတ်ရေးပါတီဝင်ဟောင်း ၁၆ ဧပြီ ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၂၃၆ ရက်
၄။ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးမိုးဇော်ဦး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၆ ဧပြီ ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၂၃၆ ရက်
၅။ ပညာရေးဝန်ကြီးဌာန ဂျာထွယ်ပန် Kachin Political Interim Coordination Team ၁၆ ဧပြီ ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၂၃၆ ရက်
ဒေါက်တာစိုင်းခိုင်မျိုးထွန်း တစ်သီးပုဂ္ဂလ ၃ မေ ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၂၁၉ ရက်
၆။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ခူထဲဘူး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ၁၆ ဧပြီ ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၂၃၆ ရက်
၇။ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန ဦးချစ်ထွန်း ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ၁၆ ဧပြီ ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၂၃၆ ရက်
မိုင်းဝင်းထူး တအောင်း(ပလောင်)အမျိုးသားပါတီ ၁၆ ဧပြီ ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၂၃၆ ရက်
၈။ လူသားချင်းစာနာထောက်ထားရေးနှင့်

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန

ဒေါက်တာငိုင်းတမ်မောင်း [၁၈] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၃၀ စက်တင်ဘာ ၂၀၂၂ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၆၉ ရက်
၉။ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဦးအောင်ကျော်မိုး တစ်သီးပုဂ္ဂလ ၃၀ ဇွန် ၂၀၂၃ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၁၆၁ ရက်
၁၀။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်

ထိန်းသိမ်းရေးဝန်ကြီးဌာန

ခွန်းဘီထူး ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ ၁၆ ဧပြီ​၂၀၂၁ ၂၉ ဇန်နဝါရီ ၂၀၂၃  နှစ်၊ ၂၂၇ ရက်
ခွန်းစောဖူး ကယန်း အမျိုးသားပါတီ ၂၈ ဇူလိုင် ၂၀၂၃ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၁၃၃ ရက်
၁၁။ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒေးဗစ်ဂွမ်အောင် တစ်သီးပုဂ္ဂလ ၆ နိုဝင်ဘာ ၂၀၂၂ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၃၂ ရက်
၁၂။ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒေါ်အိသဉ္ဖာမောင် လူ့ဘောင်သစ်ဒီမိုကရက်တစ်

ပါတီဝင်ဟောင်း

၁၆ ဧပြီ ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၂၃၆ ရက်
၁၃။ အလုပ်သမား ဝန်ကြီးဌာန ဦးကျော်နီ (ခ) ဦးကျော်ကျော် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမား

သမဂ္ဂများအဖွဲ့ချုပ်

၃ မေ ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၂၁၉ ရက်
၁၄။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လဖိုင်မော်ထွန်းအောင် ရှမ်းတိုင်းရင်းသားများ

ဒီမိုကရေစီအဖွဲ့ချုပ်

၂၆ ဇူလိုင် ၂၀၂၁ ၈ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၁၃၅ ရက်

နိုင်ငံတကာ ကိုယ်စားလှယ်ရုံးများ

စဉ် နိုင်ငံများ ကိုယ်စားလှယ်အမည် ဖွင့်လှစ်သည့်ရက်စွဲ ရင်းမြစ်
၁။  ဩစတြေးလျ ဒေါက်တာထွန်းအောင်ရွှေ ဩဂုတ် ၃၊ ၂၀၂၂; ၄ နှစ် အကြာက [၁၉]
၂။  ချက်သမ္မတနိုင်ငံ ဦးလင်းသန့် အောက်တိုဘာ ၂၇၊ ၂၀၂၁; ၄ နှစ် အကြာက [၂၀]
၃။  ပြင်သစ် နန်းဆုမွန်အောင် မတ် ၂၂၊ ၂၀၂၂; ၄ နှစ် အကြာက [၂၁]
၄။  ဂျပန် စောဘလှသိန်း ဇူလိုင် ၃၁၊ ၂၀၂၂; ၄ နှစ် အကြာက [၂၂]
၅။  ယူနိုက်တက်ကင်းဒမ်း
  1. ဦးမောင်မောင်အောင်
  2. ဒေါက်တာသက်ကိုကို
၆။  နော်ဝေ ဒေါက်တာမောင်မောင်မြင့် ဒီဇင်ဘာ ၈၊ ၂၀၂၁; ၄ နှစ် အကြာက
၇။  တောင်ကိုရီးယား ဦးရန်နိုင်ထွန်း
၈။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ ဦးမိုးဇော်ဦး နိုဝင်ဘာ ၁၈၊ ၂၀၂၂; ၃ နှစ် အကြာက [၂၃]


ဝေဖန်မှုများ

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် “မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်တဲ့ NUG အစိုးရ” ဆိုတဲ့ ခေါင်းစဉ်ဖြင့် မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက “ပြည်သူ့နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်အထိ ရောက်ရှိအောင် ဦးဆောင်နိုင်ရန် လက်ရှိ NUG အစိုးရသည် ခေါင်းဆောင်မှုစွမ်းရည် လုံလောက်မှုမရှိသေးသောကြောင့် အချိန်မီ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်သည်။” ဟု ရေးသားထောက်ပြသည်။​[၂၄]

အဓိက ဖြစ်ရပ်များ

၂၀၂၅

  • ၁၅ ဇူလိုင် - အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီးနှင့် ဒုဝန်ကြီး ၁၈ ဦးသည် မြန်မာပြည် မြောက်ပိုင်း နှင့် တောင်ပိုင်းရှိ တော်လှန်ရေးနယ်မြေများတွင် တာဝန်ထမ်းဆောင်နေကြောင်း NUG ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးထက်နိုင်ဦးက မဇ္ဈိမကို ပြောသည်။[၂၅]
  • ၁၆ ဇူလိုင် - ကက်သလစ် ဘာသာဝင် ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်ခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၈ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်။[၂၆]

၂၀၂၆


အခြားဖတ်ရန်

ကိုးကား

  1. "အမျိုးသားညီညွတ်ရေးအစိုးရသစ်ဖွဲ့စည်းကြောင်း CRPH ကြေညာ"၊ 16 ဧပြီ 2021။
  2. "အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းကြောင်း CRPH ကြေညာ"၊ Radio Free Asia
  3. "အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း" (in my)၊ Committee Representing Pyidaungsu Hluttaw၊ 16 April 2021။
  4. Opponents of Myanmar's junta set up national unity government (2021-04-16)။ 2021-04-16 တွင် ပြန်စစ်ပြီး။
  5. Myanmar activists hold 'blue shirt' protests; report says junta chief to attend summit (2021-04-21)။ 2021-04-22 တွင် ပြန်စစ်ပြီး။
  6. Myanmar unity government says it must be part of any ASEAN bid to end crisis (2021-04-18)။ 2021-04-22 တွင် ပြန်စစ်ပြီး။
  7. Some countries will officially recognise Myanmar's shadow government in the coming days, says new minister (in en)။ 6 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-04-22 တွင် ပြန်စစ်ပြီး။
  8. Myanmar: National unity government must be recognised (in en)။ 7 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-04-22 တွင် ပြန်စစ်ပြီး။
  9. Myanmar's National Unity Government must be invited to this week's ASEAN Special Summit, MPs say (in en-US) (2021-04-20)။ 2021-04-22 တွင် ပြန်စစ်ပြီး။
  10. ပြည်သူ့အသံ ရုပ်သံ (Public Voice Television) ကို စတင်ထုတ်လွှင့် PVTV
  11. Sebastian Strangio။ "Can Myanmar’s New ‘People’s Defense Force’ Succeed?"၊ The Diplomat၊ 6 May 2021။
  12. "Myanmar junta designates shadow government as 'terrorist' group"၊ Deutsche Welle၊ 8 May 2021။
  13. CRPH ၊ NUG ၊ PDF နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများအား အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန် (in my)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  14. စက်တင်ဘာ ၇ ရက်မှစ၍ အရေးပေါ်အခြေအနေသတ်မှတ်ကြောင်း NUG အစိုးရကြေညာ (in en) (7 စက်တင်ဘာ 2021)။ ၇ စက်တင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  15. တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများ အလုပ်မဆင်းရန် NUG အရေးပေါ်အခြေအနေ ကြေညာ (in en)။ ၇ စက်တင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  16. NUG လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုး ရာထူးမှ နုတ်ထွက် (in my)။ 2026-07-31 တွင် ပြန်စစ်ပြီး။
  17. "Who's Who in Myanmar's National Unity Government"၊ The Irrawaddy၊ 16 April 2021။
  18. ချင်းအမတ် ဒေါက်တာငိုင်းတမ်မောင်းကို NUGလူသာချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဒုဝန်ကြီးအဖြစ် ခန့်အပ် လူထုနွေဦး (၃၀ စက်တင်ဘာ ၂၀၂၂)။ 25 June 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၈ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  19. NUG ကိုယ်စားလှယ်ရုံး ဩစတြေးလျ တရားဝင်ဖွင့်လှစ် လူထုနွေဦး။ 13 July 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-7-12 တွင် ပြန်စစ်ပြီး။
  20. ချက်သမ္မတနိုင်ငံတွင် NUG အစိုးရ၏ မြန်မာကိုယ်စားလှယ်ရုံးဖွင့်လှစ် DVB။ 2025-7-12 တွင် ပြန်စစ်ပြီး။
  21. အင်တာဗျူးကဏ္ဍ – အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြင်သစ်နိုင်ငံကိုယ်စားလှယ်အနေနဲ့ တာဝန်ယူထားသူ နန်းစုမွန်အောင်ကို သူမ လုပ်ဆောင်နေရတဲ့အပိုင်းနဲ့ ပတ်သက်ပြီး KIC-ကရင်သတင်းဌာနရဲ့ အယ်ဒီတာ စအိုင်ဆူးက ဆက်သွယ်မေးမြန်းထား တာ ဖြစ်ပါတယ်။ KIC။ 25 January 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-7-12 တွင် ပြန်စစ်ပြီး။
  22. NUG ဂျပန်ကိုယ်စားလှယ်ရုံး တရားဝင်ဖွင့်လှစ် လူထုနွေဦး။ 2025-7-12 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  23. ဝါရှင်တန်ဒီစီမှာ NUG နိုင်ငံခြားရေးဝန်ကြီးရုံး ဖွင့်လှစ် RFA Burmese။ 2025-7-12 တွင် ပြန်စစ်ပြီး။
  24. NUG မဖြစ်မနေ ပြောင်းလဲရန် လိုအပ်ဟု ဒေါက်တာတေဇာဆန်း ထောက်ပြ DVB Burmese။ ၁၀ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  25. နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၆ ဇူလိုင် ၂၀၂၅ ) Mizzima။ ၂၀၂၅-၇-၁၃ တွင် ပြန်စစ်ပြီး။
  26. ကက်သလစ်ဘုန်းတော်ကြီးကို သတ်ဖြတ်မှု ကျူးလွန်သူ ၈ ဦးကို NUG စစ်ခုံရုံး ထောင်ဒဏ် နှစ် ၂၀ စီချ Myanmar Now။ 17 July 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-7-12 တွင် ပြန်စစ်ပြီး။
  27. NUG ပြည်ထဲရေး ဒုဝန်ကြီးအဖြစ် ဦးဌေးငွေကို CRPH အတည်ပြုခန့်အပ် ၃၀ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  28. mmblogmaster (2026-03-30)။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီအား KIO ၊KNU ၊KNPP ၊CNF ၊NUG တို့ ပူးပေါင်းဖွဲ့စည်း (in en-US)။ 2026-03-31 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ