မာတိကာသို့ ခုန်သွားရန်

အင်းဝခေတ်

ဝီကီပီးဒီးယား မှ
(အင်းဝနေပြည်တော် မှ ပြန်ညွှန်းထားသည်)
အင်းဝခေတ်
အင်းဝနေပြည်တော်
သမိုင်းဝင် နေပြည်တော်နှင့် ခေတ်
Ava Kingdom
အစိုးရ
 • အမျိုးအစားသက်ဦးဆံပိုင်ဘုရင်စနစ်
 • ပထမဆုံးမင်းသတိုးမင်းဖျား (၁၃၆၄–၁၃၆၇)
 • ထင်ရှားသောမင်းမင်းကြီးစွာစော်ကဲ (၁၃၆၇–၁၄၀၀)
 • ထင်ရှားသောမင်းမဟာသီဟသူရ (၁၄၆၈–၁၄၈၀)
 • နောက်ဆုံးမင်းစည်သူကျော်ထင် (၁၅၅၁–၁၅၅၅)
လူဦးရေ
 • ယခင်ခေတ်များစစ်ကိုင်းခေတ် နှင့် ပင်းယခေတ်
 • နောက်ဆက်တွဲခေတ်တောင်ငူခေတ်

အင်းဝခေတ် သည် ပုဂံခေတ် ကုန်ဆုံးပြီးနောက် မြန်မာနိုင်ငံ အလယ်ပိုင်း အင်းဝမြို့ကို ဗဟိုပြု၍ ပေါ်ထွန်းလာသည့် သမိုင်းဝင် ခေတ်တစ်ခေတ် ဖြစ်သည်။ ရှမ်းသွေးမကင်းသည့် မင်းဆက်များ ဖြစ်သော်လည်း မြန်မာမှု၊ မြန်မာဟန်နှင့် မြန်မာဘာသာစကားအတိုင်း လိုက်နာကျင့်သုံးကာ မြန်မာမင်းများအဖြစ် အုပ်ချုပ်ခဲ့ကြသည်။[၁] မြန်မာစာပေသမိုင်းတွင် အထူးထင်ရှားသည့် ရဟန်း၊ လူပုဂ္ဂိုလ် စာဆိုရှင်များနှင့် စစ်သူရဲကောင်းများ ပေါ်ထွန်းခဲ့သည်။ ကြီးမားသော စွမ်းဆောင်မှုအနေဖြင့် မွန်တို့၏ ဟံသာဝတီမှ ရာဇာဓိရာဇ်နှင့် အနှစ်လေးဆယ်စစ်ကို ဆင်နွှဲခဲ့သည်။[၂] အထက်ရှမ်းတို့ကိုလည်း ခေတ်ဦးပိုင်းတွင် အတန်အတင့် လွှမ်းမိုးနိုင်သည်။ သို့သော် မကြာခဏ မင်းပြောင်းမင်းလွဲဖြစ်ခြင်း၊ စစ်ဘေးဒုက္ခများခြင်း၊ နောက်ပိုင်းမင်းဆက်များ၏ အရည်အချင်းညံ့ဖျင်းခြင်း၊ လက်အောက်ခံပဒေသရာဇ်များနှင့် မြောက်ပိုင်းမှ မောဝ်ရှမ်းများ အင်အားကြီးလာကာ ပုန်ကန်ခြင်းတို့ကြောင့် မြန်မာတို့အတွက် ကိုယ်ပိုင်ရပ်တည်ခွင့်ကို ဆက်လက်၍ တည်ထောင်ပေးခဲ့သည်ဟု ဆိုသည့်တိုင် အလွန်ထွန်းကားသည့် ခေတ်တစ်ခေတ်ဖြစ်မလာခဲ့ပေ။ ခရစ်သက္ကရာဇ် ၁၅၅၅ ခုနှစ်တွင် တောင်ငူမင်းဆက် ဘုရင့်နောင်မင်းတရားကြီးက အင်းဝကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အင်းဝခေတ် ပြီးဆုံးခဲ့သည်။[၃]

စာဆိုတော်များ

[ပြင်ဆင်ရန်]

အင်းဝခေတ်သည် မြန်မာစာပေ သမိုင်းတွင် ပျို့၊ ကဗျာ၊ ရတုနှင့် မော်ကွန်းများ အလွန်တရာ ထွန်းကားခဲ့သော ခေတ်ဖြစ်ပြီး စာဆိုတော် ပညာရှင်ပေါင်း (၄၉) ဦး ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ အင်းဝခေတ်ကို အောက်ပါအတိုင်း အပိုင်းလေးပိုင်း ခွဲခြားနိုင်သည်-[၄]

  1. ပထမအင်းဝခေတ်: စာဆိုတော် (၂၃) ဦး ပေါ်ပေါက်ခဲ့သည်။ (ဥပမာ- ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလဝံသ)
  2. ဒုတိယအင်းဝခေတ်: စာဆိုတော် (၁၂) ဦး ပေါ်ပေါက်ခဲ့သည်။
  3. တတိယအင်းဝခေတ်: စာဆိုတော် (၉) ဦး ပေါ်ပေါက်ခဲ့သည်။
  4. စတုတ္ထအင်းဝခေတ်: စာဆိုတော် (၅) ဦး ပေါ်ပေါက်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ ထင်အောင်၊ မောင်။ (၁၉၆၇)။ A History of Burma။ ကိုလံဘီယာ တက္ကသိုလ် ပုံနှိပ်တိုက်။
  2. ↑ ကုလား၊ ဦး။ (၁၇၂၄)။ မဟာရာဇဝင်ကြီး (ဒုတိယတွဲ)။ ရာပြည့်စာအုပ်တိုက် (၂၀၀၆ ပြန်လည်ပုံနှိပ်)။
  3. ↑ မှန်နန်းရာဇဝင်တော်ကြီး (ဒုတိယတွဲ)။ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ။
  4. ↑ မန္တလေးနေ့စဉ်၊ ၃. ၁၂.၂၀၁၇၊ စာ-၈