အမျိုးသားပြတိုက် (ရန်ကုန်)

ဝီကီပီးဒီးယား မှ
(အမျိုးသားပြတိုက် မှ ပြန်ညွှန်းထားသည်)
အမျိုးသားပြတိုက် (ရန်ကုန်)
တည်ထောင်ခြင်း၁၉၅၂
တည်နေရာ၆၆/၇၄ ပြည်လမ်း
ဒဂုံ ၁၁၁၉၁၊ ရန်ကုန်မြို့
ရန်ကုန်တိုင်းဒေသကြီး
ဝက်ဘ်ဆိုဒ်http://www.culture.gov.mm/

အမျိုးသားပြတိုက်သည် ရန်ကုန်မြို့ပြည်လမ်းတွင် တည်ရှိသည်။ အမျိုးသားပြတိုက်တွင် သမိုင်းနှင့် ယဉ်ကျေးမှု ဆိုင်ရာပြကွက်များကို ပြသထားသည်။ ဓာတ်ပုံရိုက်နိုင်သော ပစ္စည်းများ မယူရပါ။ ပစ္စည်းများကို locker များတွင် ထည့်ခဲ့နိုင်သည်။ ဝင်ကြေး ၅၀၀ကျပ် ကျသည်။

ပြတိုက်ဖွင့်ချိန် - နံနက် ၉:၃၀ မှ ညနေ ၄:၃၀ နာရီ အထိ

ပြတိုက်ပိတ်ရက် - တနင်္လာနေ့ နှင့် ပြန်ထမ်းဝင်ရုံးပိတ်ရက်များ

မြေညီထပ်[ပြင်ဆင်ရန်]

မြေညီထပ်တွင် "မြန်မာ့အက္ခရာနဲ့လက်ရေးမူပြခန်း" ရှိသည်။ မြန်မာဗျည်းအက္ခရာများ၊ ပျူပုဂံအင်းဝ၊ တောင်ငူ စသည့် စဉ့်ကွင်းရုပ်ကြွစာများ၊ ပျူခေတ် ကျောက်အိုးထွင်းစာများ၊ AD ဆယ့်တစ်ရာစုနှင့် ဆယ့်သုံးရာစုမှ အုတ်ခွက်စာများ၊ ကျောက်စာထွင်းထားသည့် ပန်းပုရုပ်များ၊ ဆယ့်ရှစ်ရာစုမှ မွန်ခေါင်းလောင်းစာများ၊ ကုန်းဘောင်ခေတ်စာပေမှာက ကြေးကမ္မဝါများ၊ ထန်းရွက်နှင့် ပြုလုပ်ထားတဲ့ စာချွန်တော်များကို ပြသထားသည်။


နာမည်ကြီးစာရေးဆရာများ ဖြစ်သော ရွှေဥဒေါင်းဦးဖိုးကျားဦးဥတ္တမဦးဘချိုသခင်ကိုယ်တော်မှိုင်းဒဂုန်ရွှေမျှားကာတွန်းဦးဘဂျမ်းဒဂုန်ခင်ခင်လေးဇော်ဂျီဂျာနယ်ကျော်မမလေး အပြင် ယနေ့ခေတ်စာရေးဆရာဖြစ်သော မိုးမိုး(အင်းလျား) အပါအဝင် စာရေးဆရာအတော်များများ၏ လက်ရေးမူများကို ချိတ်ဆွဲပြသထားသည်။


ရှေးခေတ်ဘုရင်တွေ အသုံးပြုခဲ့သော ပလ္လင်တော်ပုံများကို ပုံတူအသေးလေးများ လုပ်ထားသည်။ အလည်တည့်တည့်တွင် တကယ့် ရွှေရောင်ပလ္လင်အကြီးကို ဆလိုက်မီးများ ထိုးထားပြီး ပြသထားသည်။ နန်းတွင်း အသုံးအဆောင်ပစ္စည်းများကိုပြထားသည်။ မန္တလေးနန်းတွင်း အဆောက်အဦးငယ်လေးများ၊ သလွန်ညောင်စောင်း၊ AD ဆယ့်ရှစ်ရာစုက မန္တလေးနန်းတွင်းမှာ အသုံးပြုခဲ့သည့် အနက်ရောင် သစ်သားပန်းပုရုပ်များ နှင့် ပန်းကန်စင်များ၊ ဆဒ္ဒန်ဆင်မင်းနှင့် သုဝဏ္ဏသာမဇာတ်တော် ပါ သစ်သားထွင်းထားသော စင်တစ်ခုအပြင် သီပေါမင်း၏ဒုရင်တော် နှင့် မိဖုရားခေါင်ကြီး၏ မဟလ္လတာတန်ဆာတို့ကိုပါ ပြသထားသည်။ မှန်စီရွှေချထားသော လိုက်ကာများ၊ ဘီရိုများ၊ ကင်းဝန်မင်းကြီးကို ပြင်သစ်ကလက်ဆောင်ပေးထားသော ကြေးကုတင်၊ နန်းတွင်းပုရပိုဒ်များ၊ ဆင်စွယ်နဲ့လုပ်ထားသည့် ကမ္မဝါများ၊ မြန်မာ့စစ်တုရင်ဒင်္ဂါးပြား၊ ငွေစာကျည်တောက်၊ ဆင်စွယ်ရိုးတပ်ငွေဓားလွယ်၊ စော်ဘွားဝတ်စုံ၊ ဝေါထမ်းယာဉ်စသည်တို့ဖြစ်သည်။

ဒုတိယထပ်[ပြင်ဆင်ရန်]

ဒုတိယထပ်တွင် "မြန်မာ့သမိုင်းတင်ခေတ်ပြခန်း"ရှိသည်။ ပျူစောထီးကျန်စစ်သားအနော်ရထာမင်းနဲ့ လောကနတ်ရုပ်တုတွေကို ပြသထားသည်။


"သမိုင်းတင်ခေတ်ဦးသဘာ၀သမိုင်းပြခန်း" မှာ ပျူခေတ်က အသုံးပြုဆင်ယင်ခဲ့ကြတဲ့ ပျူခေတ်ပုတီးရောင်စုံတွေ၊ မြေပုတီးကုံး၊ ဗိဿနိုးကျောက်အရိုးအိုးများ၊ တကောင်းမြို့ဟောင်းမှတူးဖော်ရရှိသော အိုးခြမ်းပဲ့ အသုံးအဆောင်ပစ္စည်းများ၊ တိရစ္ဆာန်အရိုးအပိုင်းအစများ၊ ကျောက်ဖြစ်ရုပ်ကြွင်းများကို ပြသထားသည်။

တတိယထပ်[ပြင်ဆင်ရန်]

တတိယထပ်တွင် တူရိယာပြခန်းရှိသည်။ စိန်ဗေဒါနှင့် မိချောင်းပုံတူရိယာ၊ တယောဘင်ဂျိုပုလွေပတ္တလားဗျပ်စောင်း၊ ဗုံတို၊ ဗုံရှည်၊ အိုးစည်ဝါးလက်ခုတ် စသော မြန်မာ့တူရိယာများအပြင် ဇာတ်မင်းသားဦးဖိုးစိန်၏ ဝတ်စုံ၊ ပုလွေနှင့် နှဲ၊ ဦးဖိုးစိန်၏ ဓာတ်ပုံတို့ကို ပြသထားသည်။ မြန်မာ့ရိုးရာအသုံးအဆောင်ပစ္စည်းများဖြစ်သော ယွန်းထည်ဖြင့် ပြုလုပ်သည့် ဆွမ်းချိုင့်များ၊ ခြင်းတောင်းများ၊ ပန်းကန်ခွက်ယောက်၊ သစ်သားကနုတ်ထွင်းပခက်မျး၊ နွားလှည်းယာဉ်တပ်ထားသော အိမ်၊ သစ်ထွင်းကုလားထိုင်၊ ကွမ်းအစ်၊ ဆင်စွယ်ဓားအိမ်၊ ယောက်မ၊ ငရုတ်ဆုံ၊ ဝါးဖြင့်ပြုလုပ်ထားသော ပစ္စည်းများ၊ ထန်းဖိနပ်၊ မျောက်ရုပ်နှင့် လေးဂွ၊ နွားလှည်း၊ အင်းရိုးရာလှေများ လှော်တက်များ ကို ပြသထားသည်။

စတုတ္ထထပ်[ပြင်ဆင်ရန်]

စတုတ္ထအထပ်မှာတော့ ပန်းချီးပြခန်းရှိသည်။ အင်းဝ၊ ကုန်းဘောင်၊ ရတနာပုံခေတ်က ပန်းချီတွေအပြင် ဦးဘဉာဏ်ရဲ့လက်ရာအတော်များများကိုချိပ်ထားတာတွေ့ရသည်။ ပဒေါင်၊ ပအိုဝ်း၊ ကချင်၊ နာဂ စတဲ့ တိုင်းရင်းသူပုံများ ကိုလည်းတွေ့ရှိရသည်။

ပဉ္စမထပ်[ပြင်ဆင်ရန်]

နောက်ဆုံးငါးထပ်မှတော့ ဗုဒ္ဓဝင်ပြခန်းရှိသည်။ ဘုရားဆင်းတုတော်အနည်းအကျဉ်းနဲ့ ဗုဒ္ဓဝင်ပန်းချီတချို့

"တိုင်းရင်းသားကျေးရွာပြခန်း" နှင့် အာဆီယံပြခန်းရှိသည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]