ဟိုချီမင်းစီးတီး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
SaigonCollage.jpg

ဟိုချီမင်းစီးတီးသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်ပြီး ယခင်က ဆိုင်ဂုံမြို့ဟု ခေါ်ဝေါ်သောမြို့ဖြစ်သည်။ တစ်ချိန်က ပရေးနော်ကာဟု ခေါ်ဝေါ်ကြပြီး ခမာလူမျိုးတို့၏ ဆိပ်ကမ်းမြို့ဖြစ်ခဲ့သည်။အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရှေ့တောင်ဘက်ပိုင်းတွင် တည်ရှိသည်။

ဆိုင်ဂုံဆိုသော အမည်ဖြင့် ပြင်သစ်ကိုလိုနီ ကိုချင်ချိုင်းနား၏ မြို့တော်ဖြစ်ခဲ့ပြီး ၁၉၅၅ မှ ၁၉၇၅ ခုနှစ် အထိ တောင်ဗီယက်နမ်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ဆိုင်ဂုံအား အနီးရှိ ဂိုင်းဒင်းဒေသနှင့် ပေါင်းစပ်၍ ဟိုချီမင်းစီးတီးဟု အမည်ပြောင်းခဲ့သည်။

တရုတ် ပင်လယ်ကမ်းရိုးတန်းနှင့် ၃၄ မိုင်မျှသာကွာဝေး၍ ဆိုင်ဂုံမြစ် ပေါ်တွင် တည်ရှိသည်။ ကူးသန်းရောင်းဝယ်ရေးတွင် အချက် အခြာ ဌာနတစ်ခုဖြစ်၍ ပြင်သစ်နိုင်ငံနှင့် အမြဲပင်ဆက်သွယ် လျက်ရှိ၏။

ပြင်သစ်တို့မသိမ်းပိုက်မီအချိန်က ဆိုင်ဂုံမှာ 'ဂိုင်ဒင်သန်' ဟု ခေါ်တွင်၍ ကိုချင်ချိုင်းနားပြည် အောက်ပိုင်းမြို့တော်ဖြစ်ခဲ့ သည်။ ၁၈၅၉ ခုနှစ်တွင် ပြင်သစ်တို့သိမ်းယူခြင်းခံခဲ့ရ၏။ ဆိုင်ဂုံနှင့်အနီးရှိ ရှော်လွန်မြို့တို့မှာ မီးရထား၊ ဓာတ်ရထား၊ မော်တော်ကားလမ်းနှင့် တူးမြောင်းများဖြင့် ဆက်သွယ်လျက်ရှိ သဖြင့် တစ်ဆက်တည်းကဲ့သို့ပင် ဖြစ်နေ၏။ ယင်းနှစ်မြို့တွင် ဆန်စက်၊ ဆပ်ပြာစက်၊ စီးကရက်စက်ရုံ၊ သစ်စက်၊ တိုင်ယာ စက်ရုံနှင့် သစ်သီးစည်သွတ်စက်ရုံ အမြောက်အများရှိသည်။ ဆိုင်ဂုံမြို့သည် ခေတ်မီမြို့ကြီးတစ်မြို့ဖြစ်၍ ပြင်သစ်တို့ အခြေစိုက်ခဲ့သဖြင့် အရိပ်အာဝါသကောင်းသောလမ်းကျယ်ကြီး များနှင့် ပြင်သစ်ဆန်၍ လှပသောတိုက်တာအဆောက်အအုံကြီး များစွာရှိ၏။ ၁၉၄ဝ ပြည့်နှစ် သန်ကောင်စာရင်းအရ လူဦးရေ ၁၈၉,၇၅ဝ ယောက်ရှိသည့်အနက် ပြင်သစ်နှင့် ဥရောပတိုက် သားများ တစ်သောင်းကျော်ခန့်ရှိလေသည်။

အင်ဒိုချိုင်းနား၏ ထွက်ကုန်ဝင်ကုန် ထက်ဝက်ခန့်မျှကို ဆိုင်ဂွန်မြို့ဆိပ်ကမ်းမှတစ်ဆင့် သယ်ယူပို့ဆောင်လျက်ရှိသည်။ ကြီးကျယ်သော ထွက်ကုန်များမှာ ဆန်စပါး၊ ကြက်ပေါင်စေး၊ ပြောင်း၊ ကျွန်းသစ်၊ သံဖြူ၊ လက်ဖက်ခြောက်၊ ငရုတ်ကောင်း နှင့် သားရေစိမ်းများဖြစ်ပြီးလျှင်၊ ဝင်ကုန်များမှာ အများအားဖြင့် ပြင်သစ်နှင့် အင်္ဂလိပ်ကုန်စည်များသာဖြစ်သော အထည်အလိပ်၊ ရေနံထွက်ပစ္စည်းများ၊ ဝါဂွမ်း၊ သံနှင့် သံမဏိစက် ကရိယာ၊ စက္ကူအစရှိသည်တို့ဖြစ်ကြ၏။ တရုတ်နိုင်ငံ၊ ယိုးဒယားနိုင်ငံ၊ စင်္ကာပူ၊ ဂျာဗားကျွန်းနှင့်လည်း ကုန်သွယ်ရောင်းဝယ်ဖောက် ကားလျက်ရှိလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)