ပုဇွန်တောင်ချောင်း

ဝီကီပီးဒီးယား မှ
ပုဇွန်တောင်ချောင်းအား ကောင်းကင်မှ တွေ့မြင်ရပုံ

ပုဇွန်တောင်ချောင်း(အထက်မြစ်ညာတွင် ငမိုးရိပ်ချောင်းဟုလူသိများ)သည် ရန်ကုန်မြစ်အတွင်းသို့ စီးဝင်သော ချောင်းတစ်ခုဖြစ်သည်။ ရန်ကုန်မြို့လယ်နေရာကို အနောက်ဘက်နှင့် တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်တွင် ပုဇွန်တောင်ချောင်းတို့ ဆုံရာအရပ်တွင် တည်ထားခဲ့သည်။[၁] ပုဇွန်တောင်ချောင်းပတ်လည်ဧရိယာတွင် မြန်မာပြည်ဖွား အိန္ဒိယအနွယ်ဝင်လူမျိုးများ အများဆုံးနေထိုင်ကြသည်။ ကမ္ဘာအကြီးဆုံးခေါင်းလောင်းများထဲမှ တစ်ခုဖြစ်သော ဓမ္မစေတီခေါင်းလောင်းကြီးသည် ၁၆၀၈ ခုနှစ်တွင် သန်လျင်မြို့ မြို့ဝန် ငဇင်ကာသည် ရွှေတိဂုံစေတီတော်မြတ်ကြီးမှ ဖြုတ်ယူသယ်ဆောင်ခဲ့ကာ ထို ပုဇွန်တောင်ချောင်းအတွင်း နှစ်မြုပ်ခဲ့သည်ဟု ဆိုကြသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Codrington၊ Stephen (2005)။ Planet Geography။ Solid Star Press။ pp. 556, 558, 561။ ISBN 9780957981935
  2. "The Dhammazedi Bell: an inauspicious tale"၊ မြန်မာတိုင်း(မ်)၊ 12 July 2010။ 27 September 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 2 October 2013။ 

ကိုဩဒိနိတ်: 16°46′N 96°12′E / 16.767°N 96.200°E / 16.767; 96.200