ပဒုမ္မာ အားကစားကွင်း
| အမည် | ပဒုမ္မာ အားကစားကွင်း |
|---|---|
| တည်နေရာ | စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး |
| ပိုင်ဆိုင်သူ | အားကစား ဝန်ကြီးဌာန |
| ဝင်ဆံ့ပမာဏ | ၃,၀၀၀ |
| မျက်နှာပြင် | မြက်ခင်းပြင် |
ပဒုမ္မာ အားကစားကွင်းသည် ဘက်စုံသုံး အားကစားကွင်းတစ်ခုဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် တည်ရှိသည်။ ပရိသတ် ၃,၀၀၀ သာဆန့်ကာ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်းနှင့်စာလျှင် ပို၍ သေးငယ်သော်လည်း ပိုပြီး ခေတ်မှီသော အားကစားကွင်း ဖြစ်သည်။ နိုင်ငံတွင်းနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများအဖြစ် ဘောလုံးနှင့် အခြားအားကစား ပြိုင်ပွဲများ ကျင်းပလေ့ရှိသော အားကစားကွင်းလည်း ဖြစ်သည်။
ပဒုမ္မာကစားကွင်းနေရာသည် ၁၉၆၀ကာလတွေတုန်းက လွတ်လပ်ရေးကွက်သစ် ကျူးကျော်ရပ်ကွက်ကြီးသာဖြစ်ခဲ့ပြီး ၁၉၆၈လောက်တွင်၎င်းကျူးရပ်ကွက်ကို ဖယ်ရှားရှင်းလင်းကာ ပဒုမ္မာအားကစားကွင်းအဖြစ်တည် ခဲ့ကြ၏။ မူလကွင်း၏အကာနံရံများကိုသွပ်ပြားများဖြင့်ကာရံထားပြီး အားကစားအရုပ်ပြားများကပ်ထားပါသည်။ ဆောင်းရာသီတွင် ရွှေမန်း မြို့တော်သိန်းအောင်၊စိန်မဟာသဘင်၊ပန်တြာကြည်လင်၊ဂျိုးဖြူ၊ မိုးဝင်း၊မန္တာလေးသိန်းဇာ်၊ဦးမောင်မောင်ဆပ်ကက်စ်နှင့်အာဇာနီစမ်းစမ်း၊တွံ တေးသိန်းတန်စသည့် ဇာတ်သဘင်များတင်ဆက်ကပြကြပါ၏။ စိုင်းထီးဆိုင်တို့၏ သဘာဝ၏ရင်သွေးငယ်များအဖွဲ့လဲရုံသွင်းတီးခတ်ဖျော်ဖြေခဲ့ရ၍ပရိသတ်အများအပြားတိုးဝှေ့အားပေးလွန်း၍ဆူဆူပူပူဖြစ်ကြကာ နိုင်ငံတော် ကဝင်ရာက်ထိမ်းသိမ်းခဲ့ရသောသမိုင်းရှိခဲ့ပါသည်။
ကိုးကား
[ပြင်ဆင်ရန်]
ပြင်ပလင့်များ
[ပြင်ဆင်ရန်]| ဤ အဆောက်အအုံများ မြန်မာနိုင်ငံရှိ အားကစားကွင်းနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |