ရန်ကုန်မြို့သစ်စီမံကိန်း

ဝီကီပီးဒီးယား မှ

ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေမှ အဆိုပြုသော စီမံကိန်းဖြစ်သည်။ အဆိုပြုမြေနေရာသည် ၄,၇၄၅ ဟတ်တာကျယ်ဝန်းပြီး လှိုင်သာယာ-တွံတေး မြစ်ကြောင်းလမ်းမှ ဆိပ်ကြီးခနောင်တိုမြို့နယ်အကြားတွင် ဖြစ်သည်။ ပွင့်လင်းမြင်သာမှုမရှိဟုသော စွပ်စွဲချက်များကြောင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ အဆိုပါစီမံကိန်းကို ဆိုင်းငံထားခဲ့ရသည်။ ထိုစီမံကိန်းသတင်းကြောင့် ဒလတွံတေးဆိပ်ကြီးခနောင်တိုမှ မြေဈေးများ အဆမတန်မြှင့်တက်ခဲ့သည်။ ဆိုင်းငံကာလ ၁၀ လကျော်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင် ထိုစီမံကိန်းကို လက်ခံခဲ့သည်။[၁] ထိုစီမံကိန်းတွင် မြစ်ကူးတံတားကြီး ငါးစင်းနှင့် မြို့အင်္ဂါရပ်နှင့်ညီသော အခြေခံအဆောက်အအုံများ ပါဝင်သည်။[၂] ထိုစီမံကိန်းသည် အစောပိုင်းတွင် ရန်ကုန်မြို့တော် ဖွံဖြိုးရေးစီမံကိန်း Master Plan အဖြစ် Japan International Cooperation Agency (JICA)မှ အဆိုပြုသော စီမံကိန်းတွင်လည်း မပါဝင်ပေ။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Myanmar's controversial new Yangon town expansion project to resume after suspension
  2. Three companies submit tenders for Yangon New City Project။ 10 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 April 2016 တွင် ပြန်စစ်ပြီး။
  3. JICA rejects link between master plan and ‘new city’ expansion။ 13 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။