လွတ်လပ်ရေးကျောက်တိုင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်

လွတ်လပ်ရေးကျောက်တိုင်သည် ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလပန်းခြံအတွင်းတွင် တည်ဆောက်ထားသည့် သမိုင်းဝင် လွတ်လပ်ရေးကျောက်တိုင် ဖြစ်သည်။ လွတ်လပ်ရေးကျောက်တိုင်ကို ၁၉၄၈ခုနှစ်၊ ဇန်နဝါရီ ၄ ရက် နံနက် ၈နာရီတွင် အုတ်မြတ်ချ၍ ၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ လွတ်လပ်ရေးကျောက်တိုင်၏ အမြင့်ပေမှာ ၁၅၀ ဖြစ်ပြီးဘေးပတ်လည်၌ ကျောက်တိုင် ငယ်ငါးခု ခြံရံလျက်ရှိသည်။ ကျောက်တိုင်၏ ဘေးပတ်လည်တွင် လွတ်လပ်ရေးကြေညာစာတမ်းကို မော်ကွန်းထိုးရေးသားထားသည်။ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် တည်ဆောက်ရေးကော်မီတီ၏ အတွင်းရေးမှူးမှာ ရန်ကုန်မြို့ ဗိုလ်တထောင်မဲဆန္ဒနယ်မှ တိုင်းပြုပြည်ပြုလွှတ်တော်အမတ် ပါလီမန်အတွင်းဝန် သီရိပျံချီဦးသန်းစိန်ဖြစ်သည်။

ကြယ်ငါးပွင့်ဝန်းရံလျက်[ပြင်ဆင်ရန်]

အလယ်ပင်မကျောက်တိုင်ကြီးနှင့် အရံကျောက်တိုင်ငယ်များကို ငါးမြှောင့်ကြယ် ပုံသဏ္ဌာန် ပြုလုပ်ထားသဖြင့် အထက်မှစီး ၍ကြည့်လျှင် အလံတော်တွင်မြင်ကြရသည့် အတိုင်းကြယ်ကြီးတစ်လုံးတွင် ကြယ်ငါးလုံး ရံလျက် တွေ့မြင်နိုင်သည်။

ပတ်ဝန်းကျင်ထူးခြားမှု[ပြင်ဆင်ရန်]

လွတ်လပ်ရေးကျောက်တိုင်၏ ဝန်းကျင်၌ ဆူးလေစေတီတော်မြတ်ကြီး၊ တရားရုံးချုပ် အဆောက်အုံဟောင်းကြီး၊ မြို့တော်ခန်းမစသည့် သမိုင်းဝင် ရှေးဟောင်း အဆောက်အအုံများ ရှိသည့်အတွက် လွတ်လပ်ရေးကျောက်တိုင်၏ အနှစ်သာရနှင့် အဓိပ္ပါယ်မှာ ပို၍ လေးနက်ပေါ်လွင်စေသည်။

တိုင်းချစ်ပြည်ချစ်[ပြင်ဆင်ရန်]

လွတ်လပ်ရေးကျောက်တိုင် အခြေ ပတ်လည်၌ခြင်္သေ့ရုပ် ၁ဝ ရုပ် ဝန်းရံစောင့် ကြပ်ပြီး ကမ္ပည်းမော်ကွန်းရေးထိုးထားသည့် လွတ်လပ်ရေးနှင့်တိုင်းရေးပြည်ရေးဆိုင်ရာ အချက်အလက်များမှာ တိုင်းပြည်အတွက် အနှစ်သာရနှင့်အဓိပ္ပာယ်လေးနက်လှသည်။ ဖတ်ကြည့်သောအခါဇာတိသွေး ဇာတိမာန် များတက်ကာ တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ် များတဖွားဖွားဖြစ်ပေါ်လာပြီး ကြက်သီး ဖြန်းဖြန်းထမိသည်အထိ နှလုံးသားတွင် စိတ်လှုပ်ရှားခြင်းခံစားမှု ဖြစ်ရသည်။ နှလုံးသားစိတ်လှုပ်ရှားမှုနှင့်အတူ ဦး နှောက်တွင်လည်း စဉ်းစားစရာ၊ တွေးခေါ်စ ရာ၊သင်ခန်းစာယူစရာ၊ မျှော်လင့်စရာများ ကို အတွေးမုန်တိုင်းဆင်မိသည်။

လွတ်လပ်ရေးကြေညာစာတမ်း[ပြင်ဆင်ရန်]

လွတ်လပ်ရေးရရချင်း လွတ်လပ်ရေး ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။ ယ နေ့ခေတ်လူငယ်များ သိကြမည်မဟုတ်။ ဖတ်ဖူးကြမည်လည်းမဟုတ်။ လူကြီးများ လည်းမှတ်မိကြတော့မဟုတ်။ လွတ်လပ်ရေး ကြေညာစာတမ်း အထောက်အထားကို ရှာဖွေရန်လည်း မလွယ်။ လွတ်လပ်ရေးကြေ ညာစာတမ်းသည် သမိုင်းဝင်ဖြစ်သည်။ ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံရှိသရွေ့ မြန်မာတို့၏ နှလုံးသားထဲတွင် စွဲစွဲမြဲမြဲ ကမ္ပည်းမော်ကွန်းတင်ထားကြရမည့် သမိုင်း အမွေကောင်းတစ်ခုဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

သူရိယသုတစာမျက်နှာ