ဗိုလ်ချုပ်အောင်ဆန်းဈေး
တည်နေရာ | ဗိုလ်ချုပ်အောင်ဆန်းလမ်း ပန်းဘဲတန်း ၁၁၁၄၃ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
---|---|
ကိုဩဒိနိတ် | 16°46′49.36″N 96°9′20.16″E / 16.7803778°N 96.1556000°Eကိုဩဒိနိတ်: 16°46′49.36″N 96°9′20.16″E / 16.7803778°N 96.1556000°E |
ဖွင့်လှစ်သည့်နေ့စွဲ | ၁၉၂၆ |
အထပ်အရေအတွက် | ၂ |
ဝက်ဘ်ဆိုဒ် | www.bogyokeaungsanmarket.com |
ဗိုလ်ချုပ်အောင်ဆန်းဈေး သည် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တွင်တည်ရှိသည်။ ကိုလိုနီခေတ်ဦးက ယခုဗိုလ်ချုပ်အောင်ဆန်းဈေးနေရာတွင် အယ်လီဖင့်စတုံး၊ အင်ပါရာဖာရစီ ကဇာတ်ရုံနှင့် စီနီမာဒီပဲရစ် ရုပ်ရှင်ရုံများ တည်ရှိခဲ့သည်။ ရန်ကုန်မြူနီစပါယ်အဖွဲ့ (ယခု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ) က ၁၉၂၆ ခုနှစ်တွင် ဈေးသစ်ကြီး ဆောက်လုပ်ခဲ့ရာ မြူနီစပါယ်မင်းကြီးစကော့ကို ဂုဏ်ပြုသောအားဖြင့် စကော့ဈေးဟု အမည်တွင်ခဲ့သည်။ ဂျပန်ခေတ်တွင် ရန်နိုင်ဈေးဟု ခေါ်ဆိုခဲ့ပြီး နောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းဈေးဟု အမည်ပြောင်းခဲ့သည်။[၁]
ဗိုလ်ချုပ်အောင်ဆန်းဈေးသည် ရှေးဟောင်းအဆောက်အဦး တစ်ခုဖြစ်ပြီး ရှေးဟောင်း အမွေအနှစ် အဆောက်အအုံ တစ်ခုအဖြစ် သတ်မှတ်ထားရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]စကော့ဈေးအား ၁၉၂၆ ခုနှစ်[၂]တွင် တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံ၌ ဘောလုံးအားကစားကို စတင်မိတ်ဆက်ပေးခဲ့သူ[ကိုးကားချက်လိုသည်] ဗြိတိသျှလူမျိုး အုပ်ချူပ်သူအရာရှိ ဆာ ဂျိမ်း(စ်) ဂျော့ စကော့(ဒ်)အား ဂုဏ်ပြု၍ မှည့်ခေါ်ထားဆိုကြသော်လည်း အမှန်၌ ထိုစဉ်က မြူနီစပါယ်ကော်မရှင်နာမင်းကြီး ဂါဗင် စကော့(ဒ်)အား ဂုဏ်ပြုသောအားဖြင့် မှည့်ခေါ်ခြင်းဖြစ်သည်။[၃] ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဗိုလ်ချူပ်အောင်ဆန်း အား ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချူပ်အောင်ဆန်းဈေးဟူ၍ ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ တင်နိုင်တိုး (2013)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၇။
- ↑ Bogyoke Aung San Market။ Myanmar's Net။ 4 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-03-10 တွင် ပြန်စစ်ပြီး။
- ↑ A History of Rangoon by B.R. Pearn, American Baptist Mission Press, Rangoon, 1939, p. 284.
ပြင်ပလင့်များ
[ပြင်ဆင်ရန်]ဤ မြန်မာနိုင်ငံရှိ အဆောက်အဦများနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |