အ.ထ.က(၂)ဒဂုံ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ရွေးချယ်သတ်မှတ်ခြင်းများ
အ.ထ.က(၂)ဒဂုံ (မြို့မကျောင်း)

အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံ (အတိုကောက် အ.ထ.က(၂) ဒဂုံ၊ ယခင်အမည် မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်) သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အမှတ် ၃၅၃ တွင် တည်ရှိသည်။ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၇) ရက်တွင် ဗဟန်းမြို့နယ်၌ စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။ ထိုစဉ်က မြို့မ ကျောင်းအုပ် ဆရာကြီးမှာ ဦးဘလွင် (၁၈၉၂-၁၉၆၈) ဖြစ်သည်။[၁] မြို့မကျောင်းကို ဗဟန်းမြို့နယ် မှသည် လမ်းမတော်မြို့နယ်၊ လမ်းမတော်မြို့နယ် မှသည် ဒဂုံမြို့နယ် ဂေါ်ဒွင်လမ်း (မြို့မကျောင်းလမ်း)သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ၁၉၆၅ ခုနှစ် ပြည်သူပိုင်သိမ်းဆည်းသည်အထိ ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း အမည်တွင်ခဲ့သည်။ ပြည်သူပိုင်သိမ်းပြီးနောက် အ.ထ.က(၂) ဒဂုံ အဖြစ် တည်ရှိခဲ့သည်။[၂]

အ.ထ.က (၂) ဒဂုံ (မြို့မအထက်တန်းကျောင်း)
၁၉၂ဝ ပြည့်နှစ် တွင်စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

၁၉၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ဗမာနိုင်ငံ ဒုတိယ ဘုရင်ခံ ဆာရယ် ဂျီနယ် ကရက်ဒေါက်က အတည်ပြုလိုက်သော တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ပေးရန် အနှံ့အပြား တောင်းဆိုမှုများကို အစိုးရက မလိုက်လျောသောကြောင့် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့) တွင် မြန်မာပြည်၏ ပထမဆုံး တက္ကသိုလ်ကျောင်းသားသပိတ် ပေါ်ပေါက်လာလေသည်။ ထိုသို့ ကျောင်းသားသပိတ် မှောက်စဉ်အတွင်း ပညာသင်မပျက်စေခြင်းငှာ ရန်ကုန်မြို့ဗဟန်းရပ်ကွက်တွင် အမျိုးသား ကောလိပ်တစ်ကျောင်းကို ပညာရေးစိတ်ထက်သန်သူများနှင့် သပိတ်မှောက် ကျောင်းသားများက ဦးစီးတည်ထောင်ကြ၏။ နောင်တွင် သပိတ်လှန်သော်လည်း သပိတ်မှောက်ကျောင်းသားများပင် ကျွန်ပညာကို ဆက်လက် မသင်လိုတော့ပြီဟု ဆုံးဖြတ်ကာ တိုင်းပြည်အနှံ့ မြို့မကျောင်း အစရှိသော အမျိုးသားကျောင်း ၉၃ ကျောင်း တည်ထောင်ခဲ့၏။ မြို့မကျောင်း သည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ ဗဟန်း မြို့နယ်တွင် စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။[၂]

ပန်းကန်စက်ဦးသော် နှင့် ဆာဦးသွင် တို့သည် မြို့မကျောင်းဆောက်လုပ်ရေးအတွက် ငွေကြေး မ တည် လှူဒါန်းခဲ့သည်။[၃] မီးပုံးပျံ ဦးကျော်ရင် သည် ရန်ကုန်မြို့၊ ကန်တော်ကြီး အလယ်ကျွန်း၌ မီးပုံးပျံ သုံးကြိမ်တိုင် အောင်မြင်စွာ စီးပြခဲ့ပါသည်။ ရရှိသမျှ ငွေအားလုံးကိုလည်း ကုန်ကျစရိတ်မျှသာ နှုတ်ယူပြီး မြို့မကျောင်း ဆောက်လုပ်ရေး ရန်ပုံငွေသို့ လှူဒါန်းခဲ့သည်။

မြို့မကျောင်းကို ဗဟန်းမြို့နယ် မှသည် လမ်းမတော်မြို့နယ်၊ လမ်းမတော်မြို့နယ် မှသည် ဒဂုံမြို့နယ် ဂေါ်ဒွင်လမ်း (မြို့မကျောင်းလမ်း)သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ မြိုမ အမျိုးသားကျောင်းကြီးသည် ကျောင်းအဆောက်အအုံ ထည်ဝါရုံမျှမက ပညာရေး၊ စည်းကမ်း၊ စိတ်ဓာတ် တို့တွင်ပါ အလွန်ထင်ရှား အောင်မြင်ခဲ့ရာ 'မြို့မဖခင် ဦးဘလွင်' ဟု ဂုဏ်ပြုခဲ့ကြသည်။ မြို့မကျောင်းသစ်ကြီးကို ဒဂုံ မြို့နယ်ဂေါ်ဒွင်လမ်း( မြို့မကျောင်းလမ်း) ၌ ၁၉၂၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် တနင်္လာနေ့ ညနေ ၄:၃ဝ နာရီတွင် အလယ်တောရ ဆရာတော် ဦးကောသလ္လ ကိုယ်တိုင် ပန္နက်ချပေးခဲ့ပြီး ၁၉၃၁ ခုနှစ်ဒီဇင်ဘာလ (၄) ရက်တွင်ဖွင့်လှစ်ခဲ့သည်။[၄]

မြို့မကျောင်းသည် ကိုလိုနီခေတ် မြန်မာနိုင်ငံ ပညာရေး လောကတွင် ထင်ရှားသည်။ အထူးသဖြင့် အမျိုးသား ပညာရေးကို အင်္ဂလိပ်အစိုးရကျောင်း၊ သာသနာပြု မစ်ရှစ်ကျောင်းများနှင့် ရင်ပေါင်တန်းနိုင်ရန် မြို့မ အမျိုးသား အထက်တန်းကျောင်းကြီးကို ပြုစု ပျိုးထောင်ပေးခဲ့သည် မြို့မ ဖခင်၊ သုခမိန် တစ်ဦးအဖြစ် ထင်ရှားသည်။ မြို့မကျောင်း အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ သမာဓိမြို့ဝန် ပန်းကန်စက် ဦးသော်[၅]၊ မြို့မကျောင်း အုပ်ချုပ်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ ဓာတုဗေဒမင်းကြီးနှင့် ဝန်ကြီး ဦးချစ်သောင်း၊ ရန်ကုန်မြို့ မြို့မ မိန်းကလေးကျောင်း တည်ဆောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဆာဦးသွင် တို့မှာမြန်မာပြည် သမိုင်းတွင်လွန်စွာထင်ရှားသည်။[၂]

ကျောင်းအုပ်ဆရာကြီးများ[ပြင်​ဆင်​ရန်​]

  1. ဦးဘလွင် BA (Honours) MA (၁၉၂၉-၁၉၅၃)
  2. ဦးအေးသွယ်(BA)(၁၉၅၃-၁၉၅၇)
  3. ဦးဘတင် BA (၁၉၅၇-၁၉၆၈)
  4. ဦးဘစော (BA. BEd) (၁၉၆၈-၁၉၇၀)
  5. ဦးလှသိန်း (BA. BEd.)(၁၉၇၀-၁၉၇၂)
  6. ဦးငြိမ်းမောင်(BA. BEd)(၁၉၇၂ - ၁၉၈၂)
  7. ဦးဝင်းစိုး(BA. BEd)(၁၉၈၂ - ၁၉၈၄)
  8. ဦးတင်ဝင်း(BA. BEd)(၁၉၈၄ - ၁၉၈၈)
  9. ဦးခင်မောင်ညွန့်(BA. Ed. BEd)(၁၉၈၈ - ၁၉၉၀)
  10. ဦးဟန်သိန်း (BA. BEd)(၁၉၉၀ - ၁၉၉၇)
  11. ဦးသာဝင်း (BEd)(၁၉၉၈- ၁၉၉၉)
  12. ဦးတင်လှိုင်း (BEd)(၁၉၉၉- ၂၀၀၂)
  13. ဦးတင်မောင်ထွန်း (BSc. Dip .Ed.)(၂၀၀၂-)
  14. ဦးအေးသင်း (BA., B.Ed)(ယခု) [၆][၇]


ထင်ရှားသည့် ကျောင်းသားကျောင်းသူဟောင်းများ[ပြင်​ဆင်​ရန်​]

၁၉၂၀ ရန်ကုန်ကောလိပ် သပိတ်မှောက် ကျောင်းသားကြီးများ ဖြစ်ကြသော ဆရာကြီးဦးအေးသွယ် ၊ ဆရာ ဦးဘတင်၊ ဆရာကြီး ဦးစံထွား၊ ဆရာ ဦးလှမိုး၊ ဆရာ ဦးအောင်မင်း၊ ဆရာ ဦးဘဝင်း၊ ဆရာတင့် (မြို့မကျောင်း)ဆရာဟိန်ဆရာ ဇော်ဂျီ၊ ဆရာ သိပ္ပံမောင်ဝ နှင့် ဆရာ မြို့မမောင် စသော မြို့မ ဆရာကြီးများ၏ ကျေးဇူးတရားသည် လွန်စွာမှ ကြီးမားလှပေသည်။ [၈] ၁၉၃၆ ခုနှစ် တက္ကသိုလ် သပိတ်၊တက္ကသိုလ် သံမဏိတပ်၊ ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်၊ ရေနံမြေသပိတ်၊ ၁၉၄၆ ခုနစ် အထွေထွေ သပိတ် စသော အရေးတော်ပုံများတွင် ဆရာဟိန်၊ ဆရာ ဦးလှမိုး၊ ဆရာတင့် (မြို့မကျောင်း) စသော မြို့မ ဆရာကြီးများသည် မျိုးချစ်စိတ်ဓာတ်ဖြင့်ရှေ့တန်းမှပါဝင် ကူညီခဲ့သည်။ [၄]

နိုင်ငံရေးသမားများ[ပြင်​ဆင်​ရန်​]

မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှုသမိုင်းတွင် မြို့မ ကျောင်းသားဟောင်းများအသင်း ဥက္ကဌ မြန်မာနိုင်ငံ ၏ပထမဆုံး ဝန်ကြီးချုပ် ဦးနု (နု-အက်တလီ စာချုပ်)[၉]မြန်မာနိုင်ငံ၏ ပထမဆုံး ဒုတိယ ဝန်ကြီးချုပ်၊ကာကွယ်ရေး ဝန်ကြီး ဗမာ့လွတ်လပ်ရေးတပ်မတော်၏ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ရဲဘော်သုံးကျိပ်ဝင် သခင်လှဖေ( ဗိုလ်ချုပ်လက်ျာ) (လက်ျာ-ဖရီးမင်းစာချုပ်)၊ ရဲဘော်သုံးကျိပ်ဝင် ဝန်ကြီး ဗိုလ်မင်းခေါင် ၊ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးကြီးဇေယျ[၁၀][၁၁]ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဌ မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဌ မြို့မ-ဦးသန်းကြွယ် (ပင်လုံစာချုပ်) [၁၂][၁၃]ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သောင်းတင် နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်မှူးချုပ် ချစ်လှိုင်၊ ဗိုလ်မှူးကြီးအောင်သိမ်း (ရေ)အစရှိသော မြို့မကျောင်းသားဟောင်း များသည် ထင်ရှားခဲ့သည်။

ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဘုန်းမြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဝင်း၊ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး မောင်လှ၊ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ဝန်ကြီး ဗိုလ်ချုပ်စိန်ထွား[၁၄] ၊ Captain ကျော်သိန်းလွင် (မြို့မ ဦးဘလွင် ၏သား)၊ ဗိုလ်မှူးကြီး သောင်းကြည် (လမ်းစဉ်ပါတီ တွဲဖက် အတွင်းရေးမှူး)၊ ကက (ဆေး) တပ်မတော် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး သံအမတ်ကြီး ဗိုလ်မှူးချုပ် ကျော်ဝင်း(ဒေါက်တာကျော်ဝင်း)[၁၅]၊၊ တပ်မတော် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး လှဘူး (ဒေါက်တာလှဘူး)၊ သံအမတ်ကြီး ဗိုလ်မှူးကြီး ညွန့်ဆွေ (ဒုတိယဝန်ကြီး)၊ ဗိုလ်မှူးကြီး တင့်ဝေအေး (ဦးဆောင်ညွန်ကြား ရေးမှူး) အစရှိ သော မြို့မကျောင်းသား ဟောင်းများသည် လည်းပါဝင်ခဲ့သည်။

စာပေပညာရှင်များ[ပြင်​ဆင်​ရန်​]

မြို့မဟောင်းစာပေပညာရှင် စာရေးဆရာ စာရေးဆရာမများမှာ ဆရာဇော်ဂျီဆရာသိပ္ပံ မောင်ဝဦးနုမောင်ထင်မြို့မဆရာဟိန်ဆရာကြီး ဦးစံထွားဦးတင့်ဆွေကထိက ဒေါ်မြင့်သန်းမြို့မ အုန်းလင်းယုန် မောင်မောင်ကြီးကြီးစောမစန္ဒာယုဝတီခင်ဦးမောင်ဆုရှင်တိုက်စိုးခင်မောင်အေး (မန္တလေး)ဝဏ္ဏကျော်ထင်ဦးသက်ထွန်းဂျာနယ်ကျော်မမလေးဂျာနယ်ကျော် တင့်ဆွေသတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်မြို့မ-မြင့်ကြွယ်တက္ကသိုလ် တင်မြင့်စိန်လွင်လေးသောင်းဝင်းဗိုလ်တင်ထွေးမြင့်သိန်း (ရန်ကုန်တက္ကသိုလ်)ဓမ္မဗျူဟာ ဒေါ်ခင်လှတင် အစရှိသူတို့ ဖြစ်ကြသည်။ [၄]

အနုပညာရှင်များ[ပြင်​ဆင်​ရန်​]

မြို့မဟောင်းကြီးများ[ပြင်​ဆင်​ရန်​]

ကျော်ကြားမှု[ပြင်​ဆင်​ရန်​]

မြို့မကျောင်း ဆောင်ပုဒ်များ
  • အမျိုးသားကျောင်းများအစ-မြို့မကျောင်းက
  • အမျိုးသားပညာရေးအစ-မြို့မကျောင်းက
  • တို့ဗမာအစည်းအရုံးအစ-မြို့မကျောင်းက
  • နဂါးနီ စာအုပ်အသင်းအစ-မြို့မကျောင်းက
  • ကျောင်းသား တပ်ဖွဲ့များအစ-မြို့မကျောင်းက
  • ရဲဘော်သုံးကျိပ်အစ-မြို့မကျောင်းက
  • ဗမာ့ ထွက်ရပ်ဂိုဏ်းအစ-မြို့မကျောင်းက
  • တပ်မတော်အစ-မြို့မကျောင်းက
  • ကျောင်းသားသပိတ်များအစ-မြို့မကျောင်းက
  • ပင်လုံစာချုပ်အစ-မြို့မကျောင်းက
  • အာဇာနည်နေ့ အစ-မြို့မကျောင်းက
  • လက်ျာ-ဖရီးမင်း စာချုပ်အစ-မြို့မကျောင်းက
  • နု-အက်တလီ စာချုပ်အစ-မြို့မကျောင်းက
  • အင်္ကျီအဖြူရောင်၊ လုံချည်အစိမ်း တူညီကျောင်းဝတ်စုံအစ-မြို့မကျောင်းက
  • ပြည်ထောင်စုစိတ်ဓာတ်အစ-မြို့မကျောင်းက

ဟူ၍ မြန်မာ့သမိုင်းစာမျက်နှာများတွင်ထင်ရှားလှသည်။

မြန်မာနိုင်ငံ အစိုးရက မြို့မကျောင်းကို ဂုဏ်ပြုသော အားဖြင့် ကျောင်းတည်ရှိရာ လမ်းကို ဂေါ်ဒွင်လမ်းမှ မြို့မကျောင်းလမ်း အဖြစ်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ မြို့မကျောင်းကို ဂုဏ်ပြုသော အားဖြင့် မိုင်ဒါကွင်း ကို မြို့မ ကွင်း အဖြစ်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။

အင်္ကျီအဖြူရောင်၊ လုံချည်အစိမ်း တူညီကျောင်းဝတ်စုံအစ၊ မြို့မက[ပြင်​ဆင်​ရန်​]

မြို့မကျောင်း အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ပန်းကန်စက် ဦးသော်[၅] က မြို့မကျောင်း၏ လုံချည် အစိမ်းရောင်နှင့် အင်္ကျီအဖြူရောင် ကျောင်းဝတ်စုံသည် နှစ်ပေါင်းများစွာကတည်းကပင် သတ်မှတ်ဝတ်ဆင်ခဲ့ကြောင်း ယခု မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ကျောင်းဝတ်စုံကို တူညီဝတ်စုံ သတ်မှတ်ရာတွင် မိမိတို့ မြို့မကျောင်း၏ လုံချည်အစိမ်း အင်္ကျီအဖြူရောင်ကို စံပြ နမူနာယူပြီး သတ်မှတ်သင့်ကြောင်း၊ အဖြူရောင်သည် စိတ်ထားဖြူစင်ခြင်း။ ရိုးသားဖြောင့်မတ်ခြင်းကို ကိုယ်စားပြုပြီး အစိမ်းရောင်သည် စိမ်းလန်းစိုပြည်သော မြန်မာ့ ဆန်ရေစပါးကို ကိုယ်စားပြုကြောင်း၁၉၆၂ ခုနစ်တွင် မြို့မကျောင်း (၄၂) နှစ် မြောက် နှစ်ပတ်လည် အခမ်းအနားတွင် မိန့်ကြားခဲ့သည်။ များမကြာမီ မြန်မာနိုင်ငံ အစိုးရကလည်း တစ်နိုင်ငံလုံးရှိ ကျောင်းများအားလုံး၏ တူညီ ဝတ်စုံ အဖြစ် အဖြူနှင့် အစိမ်းကို သတ်မှတ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ မှတ်တမ်းများတွင် တွေ့ရှိရပါသည်။ ထိုကြောင့် အင်္ကျီအဖြူရောင်၊ လုံချည်အစိမ်း တူညီကျောင်းဝတ်စုံအစ၊ မြို့မက ဟူ၍ ဆိုရိုးစကား ပေါ်ထွန်းလာခဲ့သည်။[၂]

မြို့မကျောင်းစိန်ရတုအခမ်းအနား (၁၉၉၅)[ပြင်​ဆင်​ရန်​]

၁၉၉၅ ခုနှစ် တွင် မြို့မကျောင်း၏ (၇၅ )နှစ်ပြည့် စိန်ရတု ကို အထက ၂ ဒဂုံ၊ အထက ၃ ဒဂုံ တွင် ကျင်းပခဲ့သည်။ ၁၉၉၅ ခုနစ်၊ မြို့မကျောင်းစိန်ရတု (၁၉၂၀-၁၉၉၅) ကျင်းပရာ မြန်မာနိုင်ငံ ပညာရေး ကော်မတီ ဥက္ကဌ ဗိုလ်ချုပ်ကြီး ခင်ညွန့် အမှူးပြုသော အစိုးရ ဝန်ကြီးများ၊ (အငြိမ်းစား) ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သောင်းတင်၊ (အငြိမ်းစား) ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်မှူးချုပ် ချစ်လှိုင်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဘုန်းမြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဝင်း၊ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး မောင်လှ၊ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ဝန်ကြီး ဗိုလ်ချုပ်စိန်ထွားရှေ့နေချုပ် ဦးသာထွန်း၊ (အငြိမ်းစား) တက္ကသိုလ် စာပေးစာယူ ဌာနမှူး တောင်ကြီးကောလိပ် ကျောင်းအုပ်ကြီးဦးစန်း၊ မြို့မဆရာကြီး ဦးဘလွင်၏ သမီး ဒေါ်စုစုလွင်၊ အငြိမ်းစား သံအမတ်ကြီး ဝဏ္ဏကျော်ထင်ဦးသက်ထွန်း၊ (အငြိမ်းစား)တပ်မတော် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး လှဘူး (ဒေါက်တာလှဘူး)၊ ဗိုလ်မှူးကြီး ညွန့်ဆွေ (သံအမတ်ကြီး ဒုတိယ ဝန်ကြီး)၊ ဝန်ကြီး ဟင်္သာတဦးမြ၏ သား ဦးငွေစိုးနှင့် ဦးသာထွန်း၊ အငြိမ်းစား ကထိက ဌာနမှူး မြန်မာစာ အဖွဲ့ဝင်စာရေးဆရာမကြီး ကထိက ဒေါ်မြင့်သန်း၊ စာရေးဆရာမကြီး ဒေါက်တာ ဒေါ်ရီရီလှ (ယုဝတီခင်ဦး)၊ စာရေးဆရာကြီးဦးမျိုးသန့်(မောင်ဆုရှင်)၊ စာရေးဆရာ သမိုင်းပညာရှင်ဦးမြင့်ကြွယ်(မြို့မ-မြင့်ကြွယ်)၊မြို့မ ကျောင်းသားကျောင်းသူဟောင်းများအသင်း အတွင်းရေးမှူးဦးတင့်ဆွေ ၊အကယ်ဒမီ စန္ဒရားလှထွတ်၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်းနိုင် ၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခင်သီတာထွန်း ၊ရုပ်ရှင်သရုပ်ဆောင်မောင်သန်းဝင်း၊ (အငြိမ်းစား) မြို့မဆရာကြီးဦးစောလွင်၊ (အငြိမ်းစား) မြို့မကျောင်းအုပ်ဆရာကြီးဦးငြိမ်းမောင်၊ (အငြိမ်းစား)မြို့မကျောင်းအုပ်ဆရာကြီးဦးတင်ဝင်း၊ ဗီအိုအေ မြန်မာပိုင်းသတင်းဌာနညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဇော်၊ မြို့မကျောင်းအုပ်ဆရာကြီးဦးဟန်သိန်း၊ (အငြိမ်းစား) ဗိုလ်မှူးကြီး တင့်ဝေအေး (ဦးဆောင်ညွန်ကြား ရေးမှူး)၊ ဆရာမဒေါ်ခင်ဆွေ၊ ဆရာမဒေါ်သောင်းရီ ၊ မြို့မဆရာကြီးဦးဘတင်၏ သား ဆရာ ဦးလှသွင်၊ မြို့မဆရာကြီး ဦးဘတင်၏သမီး ဆရာမဒေါ်ရီရီတင်နှင့် ဆရာမဒေါ်ညွန့်ညွန့်တင်၊ ဆရာဦးသန်းဦး၊ အိန္ဒိယနိုင်ငံရှိ ထေရဝါဒ ဗုဒ္ဓအယူဝါဒ ကမ္ဘာ့ ဝိပဿနာ ဆရာကြီးဦးဂိုအင်ကာ ၏ သား ဗန္ဓုလ ဦးမောင်ရွှေ ၊ ဦးဝင်းဗိုလ် နှင့် ဒေါ်ဆွေဆွေဟန် အစရှိ သော မြို့မဟောင်းကြီးများ၊ အထက( ၂ )ဒဂုံ၊ အထက ( ၃ ) ဒဂုံ (မြို့မကျောင်းမောင်နှမ ) မှ မြို့မ မျိုးဆက်သစ် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ [၄]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. (၁၉၉၅) ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ်. ရန်ကုန်တက္ကသိုလ်. 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ မြို့မ-, မြင့်ကြွယ်. မြို့မ ဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒန်းအစ. ရန်ကုန်မြို့: ပြန်ကြားရေး ဝန်ကြီးဌာန စာပေဗိမာန်. 
  3. ဝိုင်အမ်ဘီအေ ၇၅ နှစ် ခရီး၊ ရန်ကုန်၊ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း၊ ၁၉၈၂။
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ (၁၉၉၆) မြို့မ မဂ္ဂဇင်း. မဂ္ဂဇင်းအတွင်းရေးမှူး ဆရာမဒေါ်ခင်ဆွေ. 
  5. ၅.၀ ၅.၁ မောင်ဇေယျာ (မတ် ၂၀၁၀). မြန်မာလူကျော် ၁ဝဝ (ပထမအုပ်) စာအုပ်. UNITY စာပေ. 
  6. http://www.maukkha.org/index.php/news-menu/myanmar-educational-news-maukkha/3266-2013-05-19-11-10-30
  7. http://www.myanmarinternationaltv.com/news/national-day-celebration-myoma-school
  8. https://www.myanmarisp.com/2010/Articles-3/art0105/
  9. ၁၉၃၉ - တရုတ်ပြည်သွား အဖြစ်အပျက် များကို ဂန္ဓာလရာဇ် အမည်ဖြင့် သခင်နု ရေး၍ နဂါးနီ စာအုပ်တိုက်မှ ထုတ်ဝေ။
  10. ကျော်ငြိမ်း (သုတေသနအရာရှိ) (၁၉၉၈). ရဲဘော်သုံးကျိပ်, ပထမ အကြိမ်. အင်းဝ စာအုပ်တိုက်. 
  11. သခင်အောင်ကြီး(ပေါင်းတည်)၏ ထပ်တစ်လဲလဲ အမှားများ သခင်တင်မြ (ဆောင်းပါး) (04 Nov 2011)။
  12. နိုင်ငံတော်, အစိုးရ (၁၉၇၂). ပင်လုံညီလာခံ သမိုင်းစဉ် အကျဉ်း. ပြန်ကြားရေး ဝန်ကြီးဌာန၊ စာပေဗိမာန်, ၁၃၈. 
  13. ၁၉၈၀ မေမြို့ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း
  14. Reports on meetings of the National Convention Convening CommissionThe New Light of Myanmar။ 2012-02-19 တွင် ပြန်စစ်ပြီး။
  15. https://www.facebook.com/notes/alumni-myanmar-institutes-of-medicine-amim/brief-biography-of-brig-gen-dr-kyaw-win-frcp-dtmh/170800699604091
  16. ၁၉၉၅ ခုနှစ် မြို့မကျောင်း စိန်ရတု အထိမ်းအမှတ်စာအုပ်
  17. ၁၉၉၅ ခုနှစ်ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ်စာအုပ်
  18. ခင်နှင်းဦး (ဇူလိုင် ၁၉၉၅). "ပထမဦးဆုံး အာဇာနည်နေ့ အခမ်းအနား" အတွဲ ၂၊ အမှတ် ၁၁. 

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]