မာတိကာသို့ ခုန်သွားရန်

လန်ဒန်မြို့

ဝီကီပီးဒီးယား မှ
လန်ဒန်မြို့
မြို့တော်
တင်စားခေါ်ဝေါ်သည့်အမည်များ: သည် ဘစ် စမုတ် ၊ သည် ဂရိတ် ဝမ်၊ ခေတ်သစ် ဘေဘီလုံ[]
လန်ဒန်မြို့၏ တည်နေရာ
အချုပ်အခြာအာဏာပိုင်နိုင်ငံယူနိုက်တက် ကင်းဒမ်း
နိုင်ငံအင်္ဂလန်နိုင်ငံ
အုပ်ချုပ်ရေး
 • အမျိုးအစားမဟာ လန်ဒန် အာဏာပိုင်

လန်ဒန်မြို့သည် အင်္ဂလန်နိုင်ငံနှင့် ယူနိုက်တက် ကင်းဒမ်း (ယူကေ)၏ မြို့တော်ဖြစ်သည်။ ယူနိုက်တက် ကင်းဒမ်းတွင် အကြီးဆုံး မက်ထရိုပိုလစ်တန် ဒေသ ဖြစ်သည်။ သိမ်းမြစ်သည် လန်ဒန်မြို့ကို ပင်လယ်နှင့် ဆက်သွယ်ပေးထားသည်။ နှစ်ပေါင်း ၂၀၀၀ ကျော်ကြာပြီဖြစ်ပြီး လန်ဒန်မြို့ကို ရောမခေတ်က တည်ထောင်ခဲ့ကာ ထိုစဉ်အခါက လန်ဒီနီယမ်ဟု အမည်တွင်သည်။[] လန်ဒန်မြို့၏ ဗဟိုအချက်အချာ တမိုင်ပတ်လည်ရှိ ရှေးဟောင်း လန်ဒန်မြို့သည် အလယ်ခေတ်က အသွင်အပြင်အတိုင်း ဆက်လက် တည်ရှိဆဲဖြစ်သည်။ သို့သော်လည်း ၁၉ ရာစုနှစ်နောက်ပိုင်းတွင် “လန်ဒန်မြို့”ဟု ဆိုရာ၌ ဤရှေးဟောင်း မြို့ရိုးအပါအဝင် ပတ်ပတ်လည် တိုးချဲ့ကျယ်ပျံ့လာသည့် မြို့ပြကြီး တရပ်လုံးကို ညွှန်းဆိုလာပြီ ဖြစ်သည်။ []

လန်ဒန်သည် ကမ္ဘာ့ဦးဆောင်ဦးရွက် မြို့ပြတစ်ခု ဖြစ်ပြီး အနုပညာ၊ စီးပွားရေး၊ ပညာရေး၊ ဖျော်ဖြေရေး၊ ဖက်ရှင်၊ ဘဏ္ဍာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ မီဒီယာ၊ ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုများ၊ သုတေသန လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ နှင့် ပို့ဆောင်ရေး လုပ်ငန်းများ အားလုံးအတွက် ထင်ရှား ကျော်စောသည်။ .[] နယူးယောက်မြို့ နှင့်အပြိုင် ကမ္ဘာ့အကြီးဆုံး ငွေကြေးဌာန တစ်ခု ဖြစ်သည်။ [][][] ဥရောပတွင် မြို့တစ်ခုချင်း အနေနှင့် ဂျီဒီပီ အမြင့်ဆုံးလည်း ဖြစ်သည်။ [] ဥရောပရှိ အကြီးဆုံး ကုမ္ပဏီ အခု ၅၀၀ မှ အခု ၁၀၀ ကျော်တို့၏ ဌာနချုပ် ရှိရာ မြို့လည်း ဖြစ်သည်။ [] ကမ္ဘာပေါ်တွင် နိုင်ငံတကာ ခရီးသည် အများဆုံး လာရောက် လည်ပတ်သည့် မြို့လည်း ဖြစ်သည်။ [၁၀] လန်ဒန် ဟိသ်ရိုး လေဆိပ် သည် ကမ္ဘာပေါ်တွင် နိုင်ငံတကာ ခရီးသည် အနေနှင့် ကြည့်လျှင် အလုပ်အများဆုံး လေဆိပ်တစ်ခု ဖြစ်သည်။ [၁၁] လန်ဒန်ရှိ တက္ကသိုလ် ၄၃ ခု ပေါင်း၍ ဥရောပတွင် အဆင့်မြင့် ပညာရေးအတွက် တစ်နေရာတည်း အများဆုံး တစုတစည်းတည်း ရှိနေရာ ဒေသ အဖြစ် ရှိသည်။ [၁၂]၂၀၁၂ ခုနှစ်တွင် လန်ဒန်သည် နွေရာသီ အိုလံပစ် အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် ၃ကြိမ်မြောက် လက်ခံ ကျင်းပသည့် ပထမဆုံးမြို့ ဖြစ်လာခဲ့သည်။[၁၃]

လန်ဒန် တွင် အမျိုးမျိုးသော ယဉ်ကျေးမှုနှင့် အမျိုးမျိုးသော လူများ ရှိကြသည်။ မဟာ လန်ဒန် ဒေသ အတွင်း ဘာသာစကား ၃၀၀ ကျော်ကို ပြောဆိုလျက် ရှိကြသည်။[၁၄] မဟာ လန်ဒန် အာဏာပိုင် အဖွဲ့၏ ခန့်မှန်းချက် အရ ၂၀၁၅ တွင် လူဦးရေ ၈.၆၃ သန်းခန့် ရှိမည်ဟု ခန့်မှန်းရပြီး ဥရောဂ သမ္မဂ္ဂ အတွင်း လူဦးရေ အားဖြင့် အများဆုံး စည်ပင်သာယာ နယ်နိမိတ် ဖြစ်သည်။[၁၅] ယူကေ တစ်ခုလုံး လူဦးရေ၏ ၁၂.၅ ရာခိုင်နှုန်းမျှ ဖြစ်သည်။ လန်ဒန်မြို့ပြ ဒေသသည် ပဲရစ်မြို့ ပြီးလျှင် ဥရောပ သမ္မဂ္ဂ အတွင်း ဒုတိယမြောက် လူဦးရေ အများဆုံး ဖြစ်ပြီး ၂၀၁၁ ခုနှစ် လူဦးရေ စာရင်းအရ ၉.၇ သန်းကျော် ဖြစ်သည်။[၁၆] လန်ဒန် မက်ထရိုပိုလစ်တန်ဒေသသည် ဥရောပတွင် လူဦးရေ အများဆုံး မက်ထရိုပိုလစ်တန် ဒေသ တစ်ခု ဖြစ်ပြီး နေထိုင်သူ ၁၃,၈၇၉,၇၅၇ မျှ ရှိသည်။ မဟာလန်ဒန် အာဏာပိုင် အဖွဲ့ကမူ မြို့တော် ဒေသ အတွင်း (အင်္ဂလန် နိုင်ငံ အရှေ့တောင်ပိုင်း၏ ဒေသ အတော်များများ အပါအဝင် လူဦးရေ ၂၂.၇ သန်းမျှ ရှိသည်ဟု ဆိုသည်။[၁၇] လန်ဒန် သည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး မြို့အဖြစ် ၁၈၃၁ ခုနှစ်မှ ၁၉၂၅ အထိ တည်ရှိခဲ့သည်။[၁၈]

လန်ဒန်တွင် ကမ္ဘာ့ အမွေခံ နေရာ ၄ ခုမျှ ပါဝင်သည်။ ၎င်းတို့မှာ လန်ဒန် မျှော်စင်၊ ကူး ဥယျာဉ်၊ ဝက်မင်စတာ နန်းတော်၊ ဝက်မင်စတာ ဘုန်းကြီးကျောင်း နှင့် စိန့်မာဂရက် ဘုရားကျောင်းတို့ ပါဝင်သော နေရာ၊ ဂရင်းဝစ်ချ်ရှိ သမိုင်းဝင် အခြေချ နေထိုင်ရာ နေရာတို့ ဖြစ်ကြသည်။ အခြား ထင်ရှားသော နေရာများမှာ ဘက်ကင်ဟမ် နန်းတော်၊ လန်ဒန်အိုင်း ခေါ် ချားရဟတ်ကြီး ၊ ပီကာဒေးလီ ဆားကစ်၊ စိန့်ပေါလ် ဘုရားကျောင်း၊ တာဝါ တံတား၊ ထရာဖဲလ်ဂါရင်ပြင် နှင့် ရှာ့ဒ် မိုးမျှော်တိုက်တို့ ဖြစ်ကြသည်။ လန်ဒန်တွင် ပြတိုက်များ၊ ပြခန်းများ၊ စာကြည့်တိုက်များ၊ အားကစားပွဲများ နှင့် အခြားသော ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်း အများအပြား ရှိသည်။ ၎င်းတို့ ထဲတွင် ဗြိတိသျှ ပြတိုက်၊ အမျိုးသား အနုပညာပြခန်း၊ တိတ် မော်ဒန်၊ ဗြိတိသျှ စာကြည့်တိုက် နှင့် ၄၀ ဝက်စ်အင်န်း ပြဇာတ်ရုံများ ပါဝင်သည်။[၁၉] လန်ဒန် မြေအောက်ရထားသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး မြေအောက် ရထားလမ်း ဖြစ်သည်။[၂၀][၂၁]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

အမည်ကို လေ့လာခြင်း

[ပြင်ဆင်ရန်]
လန်ဒန်ဟူသော အမည်သည် သိမ်းမြစ် မှ တဆင့် ဆင်းသက်လာခြင်း ဖြစ်နိုင်သည်။

လန်ဒန်ဟူသော အမည်သည် မည်သို့ ဖြစ်ပေါ်လာသည်ဆိုသည်မှာ တိတိပပ မပြောနိုင်ပေ။[၂၂] လန်ဒန်ဟူသော အမည်မှာ ရှေးအမည်ဖြစ်ပြီး ၂ရာစု တွင် စတင် တွေ့ရှိခဲ့ရသည်။ အေဒီ ၁၂၁ ခုနှစ်တွင် လန်ဒီနီယမ် ဟု မှတ်တမ်းတွေ့ရပြီး ထိုအမည်မှာ ရောမ-ဗြိတိသျှ အရင်းအမြစ် ဖြစ်သည်။[၂၂] လန်ဒန် အမည်နှင့် ပတ်သက်၍ ပထမဆုံး ရှင်းလင်းရန် ကြိုးစားသူမှာ မန်းမောက်စ်မှ ဂျက်ဖရီ ဖြစ်ပြီး သူ၏ အဆိုအရ လွတ်ဘုရင် ၏ အမည်မှည့်ခေါ်မှုဟု သူက ဆိုသည်။ သို့သော် သူ၏ ရှင်းလင်းတင်ပြချက်ကို ယခုအခါ ပယ်ချခဲ့ကြပြီး ဖြစ်သည်။

၁၈၉၈ မှ စ၍ လက်ခံ ခဲ့သော အယူအဆမှာ လန်ဒန်ဟူသော အမည်သည် ဆဲလ်တစ် အရင်းအမြစ် ဖြစ်ပြီး လန်ဒီနို ဟူသော လူ ပိုင်ဆိုင်သော နေရာဟု အဓိပ္ပာယ်ရသည် ဟူ၍ ဖြစ်သည်။ သို့သော် ထိုအယူအဆကိုလည်း ပယ်ချခဲ့ပြီး ဖြစ်သည်။ ၁၉၉၈ တွင် ရစ်ချတ်ကုတ် တင်ပြခဲ့သော အယူအဆအရ လန်ဒန် ဟူသော အမည်မှာ ဆဲလ်တစ်ခေတ်မတိုင်မီ ရှေးခေတ် ဥရောပ စကား *(p)lowonida မှ လာသည်ဟု ယူဆခဲ့ပြီး အလွန်ကျယ်၍ ခံတပ်ဆောက်ရန် မဖြစ်နိုင်သောနေရာဟု သိမ်းမြစ်ကို အစွဲပြု၍ ခေါ်ဝေါ်သည်ဟု သူက ဆိုသည်။

၁၈၈၉ အထိ လန်ဒန် ဆိုသော အမည်မှာ လန်ဒန်မြို့တော်ကိုသာ ရည်ညွှန်းသော်လည်း ယခုအခါ လန်ဒန် ကောင်တီ နှင့် မဟာလန်ဒန် ဒေသတို့ကိုပါ ရည်ညွှန်း ခေါ်ဆိုကြသည်။

သမိုင်း မတင်မီခေတ်

[ပြင်ဆင်ရန်]

မကြာသေးမီက တွေ့ရှိခဲ့သော ရှာဖွေတွေ့ရှိမှု နှစ်ခု အရ လန်ဒန် သိမ်း ဒေသ အနီးတွင် အစောပိုင်း အခြေချ နေထိုင်မှုများ ရှိနိုင်သည်ဟု ညွှန်ပြနေသည်။ ၁၉၉၉ ခုနှစ်တွင် ဘောက်ဆော တံတား၏ မြောက်ဘက် ကမ်းခြေတွင် ကြေးခေတ် တံတား တစ်ခု၏ အကြွင်းအကျန်များကို တွေ့ရှိခဲ့ရသည်။[၂၃] ထိုတံတားမှာ သိမ်းမြစ်ကို ဖြတ်ကူးသော တံတား သို့မဟုတ် ယခု မရှိတော့သော ကျွန်းတစ်ခုသို့ ဆက်သွယ်ထားသည်ဟု ထင်ရသည်။ ဒန်ဒရိုလိုဂျီ (သစ်ပင်များကို လေ့လာသော ပညာ) အရ သစ်များသည် ဘီစီ ၁၅၀၀ ခန့်မှ ဟု သိရသည်။[၂၃] ၂၀၁၀ ခုနှစ်တွင် ဘောက်ဆောတံတား၏ တောင်ဘက် သိမ်းမြစ်၏ ကမ်းခြေတွင် ကြီးမားသော သစ်အဆောက်အဦး တစ်ခု၏ အခြေများကို တွေ့ရှိခဲ့ပြီး ဘီစီ ၄၅၀၀ ခန့်က ဟု သိရသည်။[၂၄] မီဆိုလစ်သစ် အဆောက်အဦးများ၏ အသုံးပြုမည့် ရည်ရွယ်ချက်ကိုမူ မသိရပေ။ သို့သော်လည်း အဆောက်အဦး နှစ်ခုစလုံးသည် တောင်ဘက် ကမ်းခြေတွင် တည်ရှိပြီး အက်ဖရာမြစ်မှ သိမ်းမြစ်အတွင်းသို့ စီးဝင်သော နေရာတွင် ဖြစ်သည်။[၂၄]

ရောမခေတ် လန်ဒန်

[ပြင်ဆင်ရန်]
အေဒီ ၁၃၀၀ တွင် လန်ဒန်သည် ရောမမြို့ရိုးအတွင်းတွင် တည်ရှိခဲ့သည်။

လန်ဒန်ဒေသတွင် ဆဲလ်တစ် ဘရစ်တန်တို့၏ အခြေချ နေထိုင်မှု သာဓကများကို ကြဲပြန့်လျှက် တွေ့ရှိရသော်လည်း ပထမဆုံး အကြီးမားဆုံး အခြေချ နေထိုင်မှုများကို တွေ့ရသည်မှာ အေဒီ ၄၃ ခုနှစ် ရောမတို့ ကျူးကျော်ဝင်ရောက်ပြီးနောက်တွင် ဖြစ်သည်။[၂၅] သို့သော်လည်း ထိုသို့ အခြေချ နေထိုင်မှုများမှာ အေဒီ ၆၁ ခုနှစ် အထိသာ တည်ရှိခဲ့ပြီး ဘောဒစ်ကာ ဘုရင်မ ဦးဆောင်သော အိုက်စ်နီ လူမျိုးစုတို့ အလုံးအရင်းနှင့် ဝင်ရောက်ပြီး ပြာပုံဖြစ်အောင် မီးရှို့ ဖျက်ဆီး ပစ်ခဲ့ကြသည့် အချိန် အထိပင် ဖြစ်သည်။[၂၆] ထို့နောက်တွင် ကြီးမားစွာ စီမံကိန်းချ ဆောင်ရွက်သော လန်ဒီနီယမ် မြို့တော် စည်ပင်ဝပြော လာခဲ့ပြီး ရောမ ခရိုင် ဘရစ်တန်နီယာ၏ မြို့တော် ကိုလ်ချက်စတာအား အေဒီ ၁၀၀ ခုနှစ်တွင် ကျော်လွန် သွားခဲ့သည်။ ၂ ရာစုနှစ် အတိုးတက်ဆုံး အချိန်တွင် ရောမလန်ဒန်၌ လူဦးရေ ၆၀,၀၀၀ မျှ ရှိခဲ့သည်။

အန်ဂလို ဆက်ဆွန် လန်ဒန် (ဗိုက်ကင်းခေတ်)

[ပြင်ဆင်ရန်]

၅ ရာစု အစောပိုင်း ရောမတို့၏ အုပ်ချုပ်မှု ပျက်သုဉ်းပြီးနောက် လန်ဒန်သည် မြို့တော် အဖြစ် ဆက်လည် မတည်ရှိတော့ဘဲ တံတိုင်းကာရံထားသော လန်ဒီနီယမ် မြို့ကို စွန့်ပစ်ခဲ့ကြသည်။ သို့သော် ရောမ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းမှာ စိန့်မာတင် အင်သည်ဖီးလ် ဒေသတွင် အေဒီ ၄၅၀ ခန့်အထိ ဆက်လက်တည်ရှိခဲ့သည်။[၂၇] အေဒီ ၅၀၀ ခန့်မှ စ၍ အန်ဂလို ဆက်ဆွန်တို့သည် လူဒန်ဝစ် ဟု ခေါ်သော မြို့ကို ထိုနေရာတွင်ပင် ဆက်လက်တည်ထောင်ခဲ့ပြီး ယခင် ရောမခေတ် မြို့တော်၏ အနောက်ဘက် ခပ်ကျကျတွင် ဖြစ်သည်။[၂၈] အေဒီ ၆၈၀ ခန့်သို့ ရောက်သော အခါတွင် အဓိက ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည် အထိ ပြန်လည် တိုးတက်လာခဲ့သော်လည်း အကြီးအကျယ် ကုန်ထုတ်လုပ်မှု ပြုသည့် အထောက်အထား အနည်းငယ်သာ တွေ့ရသည်။ အေဒီ ၈၂၀ ခုနှစ်မှစ၍ ဗိုက်ကင်း တို့၏ ဆက်တိုက် ကျူးကျော်မှု များကြောင့် မြို့၏ စည်ကားမှု လျော့ကျ လာခဲ့သည်။ မှတ်တမ်းများ အရ ဗိုက်ကင်းများက လန်ဒန်ကို သုံးကြိမ် တိုက်ခိုက်ခဲ့ပြီး အေဒီ ၈၅၁ ခုနှစ်နှင့် ၈၈၆ ခုနှစ် တိုက်ခိုက်မှု နှစ်ခုတွင် အောင်မြင်ခဲ့ကာ အေဒီ ၉၉၄ တိုက်ခိုက်မှုတွင် ဗိုက်ကင်းတို့ ရှုံးနိမ့်ခဲ့သည်။[၂၉]

၁၄၇၁ လန်ကက်စတာ မြို့စား၏ လန်ဒန်မြို့ သိမ်းပိုက်စဉ် ယောက်မြို့စား ဆယ်လီက တိုက်ခိုက်နေပုံ

အလယ်ခေတ်

[ပြင်ဆင်ရန်]
ဝက်မင်စတာ ဘုန်းကြီးကျောင်း (၁၇၄၉ ခုနှစ် ကာနဲလက်တို၏ ပန်းချီကားတွင် တွေ့ရပုံ) သည် ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု ဖြစ်ပြီး လန်ဒန်၏ ရှေးအကျဆုံးနှင့် အရေးကြီးဆုံး အဆောက်အဦးတစ်ခု ဖြစ်သည်။

ဟတ်စတင်းတိုက်ပွဲကို အောင်မြင်ပြီးနောက်တွင် နော်မန်ဒီမြို့စားကြီး ဝီလီယံအား အသစ်ဆောက်လုပ်ပြီးစီးသော ဝက်မင်စတာ ဘုန်းကြီးကျောင်းတွင် ၁၀၆၆ ခရစ္စမတ်နေ့တွင် အင်္ဂလန်ဘုရင်အဖြစ် ဘိသိက်သွန်း၍ နန်းတင်ခဲ့သည်။[၃၀] ဝီလီယံသည် မြို့၏ အရှေ့တောင်ဘက်စွန်းတွင် အင်္ဂလန်ရှိ ကျောက်တုံးဖြင့် တည်ဆောက်ထားသော နော်မန်ပုံစံ ရဲတိုက်များထဲမှ ပထမဆုံးဖြစ်သော လန်ဒန်ရဲတိုက်ကြီးကို မြို့နေလူထု ကြောက်ရွံ့စေရန် ရည်ရွယ်၍ တည်ဆောက်ခဲ့သည်။ [၃၁] ၁၀၉၇ တွင် ဒုတိယမြောက် ဝီလီယံဘုရင်သည် ဝက်မင်စတာ ခန်းမ ကို ဝက်မင်စတာ ဘုန်းကြီးကျောင်း အနီးတွင် တည်ဆောက်ခဲ့သည်။ ထိုခန်းမသည် ဝက်မင်စတာ နန်းတော်၏ အစ ဖြစ်သည်။ [၃၂][၃၃]

၁၂ ရာစုတွင် နိုင်ငံအတွင်း လှည်လည်သွားလာနေ‌သော တော်ဝင်အင်္ဂလိပ်နန်းတော်ကို ခြံရံထားသော အစိုးရ အဖွဲ့အစည်းများသည် အရွယ်အစား ကြီးမားလာပြီး ခေတ်မီလာသဖြင့် တစ်နေရာတည်းတွင် အခြေချနေထိုင်မှု များလာသည်။ တော်ဝင်ရတနာ ဘဏ္ဍာ အများစုမှာ ဝင်ချင်စတာမှ လန်ဒန်တာဝါသို့ ရွှေ့ပြောင်းသိမ်းဆည်း ထားသော်လည်း လုပ်ငန်းဆောင်တာ အများစု အတွက် လုပ်ကိုင်သည့်နေရာမှာ ဝက်မင်စတာ ဖြစ်လာသည်။ ဝက်မင်စတာ မြို့တော်မှာ အစိုးရပိုင်းဆိုင်ရာ အနေနှင့် မြို့တော်ဖြစ်လာခဲ့သော်လည်း အနီးအနားရှိ လန်ဒန်မြို့တော်မှာ နိုင်ငံ၏ အကြီးဆုံးမြို့နှင့် အဓိက ကူးသန်းရောင်းဝယ်ရေးဌာနအဖြစ် ဆက်လက်တည်ရှိပြီး သီးခြားအုပ်ချုပ်ရေးဌာနဖြစ်သော လန်ဒန်ကော်ပိုရေးရှင်း၏ အုပ်ချုပ်မှုအောက်တွင် စည်ပင်ထွန်းကားလာခဲ့သည်။ ၁၁၀၀ ခုနှစ်တွင် လူဦးရေ ၁၈,၀၀၀ သာရှိသော်လည်း ၁၃၀၀ ခုနှစ်တွင် လူဦးရေ ၁၀၀,၀၀၀ အထိ ဖြစ်လာခဲ့သည်။ [၃၄]၁၄ ရာစု အလယ်ပိုင်းတွင် ပလိပ်ရောဂါကပ်ဆိုးကြီးကြောင့် လန်ဒန်လူဦးရေ၏ ၃ ပုံ ၁ ပုံမျှ သေကြေပျက်စီးခဲ့ရသည်။[၃၅] ၁၃၈၁ လယ်သမားများ ပုန်ကန်မှုတွင်လည်း လန်ဒန်သည် အဓိကနေရာ ဖြစ်ခဲ့သည်။[၃၆]

၁၂၉၀ ခုနှစ် ပထမမြောက် အက်ဒဝပ်ဘုရင်က ဂျူးလူမျိုးများကို နှင်မထုတ်မီ အချိန်အထိ လန်ဒန်သည် အင်္ဂလန်ရှိ ဂျူးလူမျိုး အများစု နေထိုင်ရာ အဓိကနေရာ ဖြစ်ခဲ့သည်။ ၁၁၉၀တွင် ဂျူးလူမျိုးများ အပေါ် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ဘုရင်အသစ်၏ နန်းတက်ပွဲတွင် ဂျူးလူမျိုးများ သူတို့ဘာသာ လာရောက်ခဲ့ကြပြီးနောက် ဘုရင်က ဂျူးများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည် ဆိုသော ကောဠာဟာလ ထွက်ပေါ်လာ၍ ဖြစ်သည်။[၃၇] ၁၂၆၄ခု ဒုတိယမြောက် ဘာရွန်စစ်ပွဲ အတွင်းတွင် ဆိုင်မွနိဒီ မောင့်ဖောင့် သူပုန်များက အကြွေးစာရင်းများကို သိမ်းဆည်းရန် ကြိုးစားရင်း ဂျူးလူမျိုး ၅၀၀ ခန့်ကို သတ်ဖြတ်ခဲ့သည်။[၃၈]

ခေတ်သစ် အစောပိုင်း

[ပြင်ဆင်ရန်]
၁၅၉၃ ခုနှစ် လန်ဒန်မြို့ မြေပုံ။ သိမ်းမြစ်ပေါ်တွင် ဖြတ်သန်းထားသော တံတားတစ်စင်းသာ ရှိသည်။ သို့သော်လည်း မြစ်တောင်ဘက်ခြမ်းကမ်းပါးရှိ ဆောက်သ်ဝပ် ၏ အစိတ်အပိုင်းများမှာ ဖွံ့ဖြိုးနေပြီ ဖြစ်သည်။

တူးဒေါခေတ်အတွင်းတွင် ပြုပြင်‌ပြောင်းလဲရေး လှုပ်ရှားမှုများကြောင့် ပရိုတက်စတင့် ဝါဒဘက်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး လန်ဒန်ရှိ အိမ်ခြံမြေအများစုကို ဘုရားကျောင်းတော်မှ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့ခြင်းကြောင့် မြို့တော်အတွင်း ကုန်သွယ်ရေးနှင့် စီးပွားရေး အရှိန်မြင့်လာခဲ့သည်။ ၁၄၇၅ တွင် ဟန်းဆေတစ်အဖွဲ့မှ အင်္ဂလန်၏ ပင်မ ကုန်သွယ်ရေး အခြေစိုက်စခန်းကို လန်ဒန်တွင် တည်ထောင်ခဲ့ပြီး စတားဟော့ဖ် အော့ဖ် စတီးလ်ယတ်ဒ် ဟု ခေါ်ဆိုခဲ့သည်။ ထိုအခြေစိုက် စခန်းသည် ၁၈၅၃ ခုနှစ်အထိ တည်ရှိခဲ့ပြီး ဟန်းဆေတစ်မြို့တော်များ ဖြစ်သော လူးဘက်၊ ဘရီမန် နှင့် ဟမ်းဘတ်တို့မှ အရှေ့တောင်ပိုင်း ရထားကုမ္ပဏီအား ရောင်းချ လိုက်ချိန်အထိ ဖြစ်သည်။ ဆေးမဆိုးရသေးသော သိုးမွှေးအထည်များကို လန်ဒန်မှ အောက်ပိုင်းနိုင်ငံများ ဖြစ်သော နယ်သာလန်၊ ဘယ်လဂျီယမ် နှင့် လူဇင်ဘတ်နိုင်ငံ တို့သို့ တင်ပို့ ရောင်းချကြသည်။

သို့သော်လည်း အင်္ဂလိပ် ရေကြောင်းကုန်သွယ်ရေးသည် ဥရောပ အနောက်မြောက်ပိုင်းမှ ကျော်လွန်နိုင်ခြင်း မရှိခဲ့ပေ။ မြေထဲပင်လယ်ဒေသနှင့် အီတလီသို့ ဆက်သွယ်သော ကုန်သွယ်ရေးလမ်းကြောင်းသည် ပုံမှန်အားဖြင့် အန့်ဝပ်ကို ဖြတ်ကျော်၍ အယ်လ်ပ်တောင်တန်း များပေါ်မှ ဖြတ်ကျော်သွားလေ့ ရှိသည်။ ဂျီဘရော်လ်တာ ရေလက်ကြားကို ဖြတ်ကျော်၍ အင်္ဂလန်သို့ အသွားအပြန် ပြုလုပ်ကြသော သင်္ဘောများမှာ အများအားဖြင့် အီတလီ နှင် ရာဂူဆန်နိုင်ငံမှသာ ဖြစ်သည်။ ၁၅၆၅တွင် နယ်သာလန်မှ အင်္ဂလန်သို့ သင်္ဘောလမ်းကြောင်းကို ပြန်ဖွင့်ပြီးနောက် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ အလွန်အမင်း များပြားလာခဲ့သည်။ လန်ဒန်တွင် တော်ဝင်အိတ်ချိန်းကို တည်ထောင်ခဲ့သည်။ ပို့ကုန်ဦးစားပေး စီးပွားရေးစနစ် ဖွံ့ဖြိုးလာခဲ့ပြီး လက်ဝါးကြီးအုပ်လုပ်ကိုင်သည့် ကုမ္ပဏီများဖြစ်သည့် အရှေ့အိန္ဒိယကုမ္ပဏီ ကဲ့သို့သော ကုမ္ပဏီများကို တည်ထောင်ကြပြီး ကမ္ဘာသစ်သို့ ကုန်သွယ်ရေး ချဲ့ထွင်ခဲ့ကြသည်။ လန်ဒန်သည် မြောက်ပင်လယ်၏ အဓိကဆိပ်ကမ်းမြို့ ဖြစ်လာခဲ့ပြီး အင်္ဂလန်နိုင်ငံအတွင်း နှင့် ပြည်ပမှ ရွှေ့ပြောင်းနေထိုင်သူများ ရောက်ရှိလာခဲ့သည်။ လူဦးရေသည် ၁၅၃၀တွင် ၅၀,၀၀၀ မျှရှိရာမှ ၁၆၀၅ခုနှစ်တွင် ၂၂၅,၀၀၀ အထိ တိုးပွားလာခဲ့သည်။

၁၆ ရာစုအတွင်း ပြဇာတ်လောက တိုးတက်မှုနှင့် ပတ်သက်၍ အပြင်းအထန် ဆန့်ကျင်မှုများ ရှိနေစဉ် အချိန်က ဝီလီယံ ရှိတ်စပီးယားနှင့် ၎င်း၏ ခေတ်ပြိုင်များသည် လန်ဒန်တွင် နေထိုင်ခဲ့ ကြသည်။ တူဒေါခေတ် ကုန်ဆုံးသွားသည့် ၁၆၀၃ ခုနှစ် အထိတိုင်အောင်ပင် လန်ဒန်သည် သိပ်သည်းစွာ တည်ရှိသည်။ ၁၆၀၅ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ဝက်မင်စတာ၌ ပထမ ဂျိမ်းဘုရင်အား လုပ်ကြံရန် ကြံစည်သော သေနတ်ယမ်းလုပ်ကြံမှု ဖြစ်ပွားခဲ့သည်။

၁၆၃၇တွင် ချားလ်(၁)၏ အစိုးရသည် လန်ဒန်ဒေသအတွင်း အုပ်ချုပ်ရေးကို ပြုပြင်ပြောင်းလဲရန် ကြိုးစားခဲ့သည်။ ထိုအစီအစဉ်အရ မြို့တော် ကော်ပိုရေးရှင်းအား မြို့တော်အနီးအနားရှိ တိုးချဲ့လာသောဒေသများကိုပါ ပါဝင်အောင် ထည့်သွင်း၍ နယ်နိမိတ်နှင့် အုပ်ချုပ်ရေးကို တိုးချဲ့ရန် ဖြစ်သည်။ ဘုရင်မှ လန်ဒန်၏ လွတ်လပ်မှုကို လျော့နည်းအောင် ပြုလုပ်မည်ကို စိုးရိမ်သောကြောင့် လည်းကောင်း၊ ထိုတိုးချဲ့ဒေသများကို အုပ်ချုပ်ရန် စိတ်ဝင်စားမှု မရှိသောကြောင့် လည်းကောင်း၊ မြို့တော်အတွင်းရှိ အသင်းအဖွဲ့များမှ အာဏာကို ခွဲဝေခြင်း မပြုလိုသောကြောင့် လည်းကောင်း ကော်ပိုရေးရှင်းမှ ငြင်းဆန်ခဲ့သည်။ "မဟာငြင်းပယ်မှုကြီး"ဟု နောင်တွင်ခေါ်ဆိုခဲ့ကြသော အဆိုပါကိစ္စ လန်ဒန်မြို့၏ သီးသန့်ဖြစ်သော အုပ်ချုပ်ရေး အနေအထား ဖြစ်လာရခြင်း၏ အကြောင်းရင်း ဖြစ်သည်။

အင်္ဂလိပ် ပြည်တွင်းစစ်တွင် လန်ဒန်မြို့သား အများစုတို့သည် လွှတ်တော်ဘက်မှ ရပ်တည်ခဲ့ကြသည်။၁၆၄၂ တွင် ဘုရင့်သစ္စာခံတို့၏ ကနဦးအောင်မြင်မှုသည် ဘရန့်ဖို့ဒ်နှင့် တန်း ဟမ်ဂရင်းစစ်ပွဲတို့တွင် ထိပ်ဆုံးသို့ ရောက်ရှိလာသောအခါ လန်ဒန်မြို့အား ဆက်သွယ်ရေးလိုင်းဟု ခေါ်သော ကာကွယ်ရေးတံတိုင်းဖြင့် ဝန်းရံထားခဲ့သည်။ ထိုကာကွယ်ရေး တံတိုင်းအား လူပေါင်း ၂၀,၀၀၀ ခန့်ဖြင့် တည်ဆောက်ခဲ့ပြီး ၂လမကြာဘဲ ပြီးစီးခဲ့သည်။

ခေတ်သစ် နှောင်းပိုင်း နှင့် ယနေ့ခေတ်

[ပြင်ဆင်ရန်]

အစိုးရ

[ပြင်ဆင်ရန်]

ပထဝီဝင်

[ပြင်ဆင်ရန်]

လူဦးရေ ပျံ့နှံ့နေထိုင်ပုံ

[ပြင်ဆင်ရန်]

စီးပွားရေး

[ပြင်ဆင်ရန်]

သယ်ယူပို့ဆောင်ရေး

[ပြင်ဆင်ရန်]

ပညာရေး

[ပြင်ဆင်ရန်]

ယဉ်ကျေးမှု

[ပြင်ဆင်ရန်]

ထင်ရှားသော ပုဂ္ဂိုလ်များ

[ပြင်ဆင်ရန်]

အပန်းဖြေရာ နေရာများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Julien Temple, London: The Modern Babylon
  2. Roman။ The Museum of London။ 2008-06-07 တွင် ပြန်စစ်ပြီး။
  3. Mills၊ David (2001-02-22)။ Dictionary of London Place Names။ Oxford Paperbacks။ ISBN 978-0192801067OCLC 45406491
  4. Global Power City Index 2009။ Institute for Urban Strategies – The Mori Memorial Foundation။ 14 December 2010 တွင် ပြန်စစ်ပြီး။
  5. Global Financial Centres 7။ Z/Yen (2010)။ 5 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 April 2010 တွင် ပြန်စစ်ပြီး။
  6. ""World's Most Economically Powerful Cities"."၊ Forbes၊ 15 July 2008။ 3 October 2010 တွင် ပြန်စစ်ပြီး 
  7. Worldwide Centres of Commerce Index 2008။ Mastercard။
  8. Global city GDP rankings 2008–2025။ PricewaterhouseCoopers။ 19 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 November 2010 တွင် ပြန်စစ်ပြီး။
  9. "Chennai as a global finance hub??accessdate=18 October 2010"၊ The Financial Express၊ 20 July 2009။ [လင့်ခ်သေ]
  10. Bremner၊ Caroline။ "Euromonitor International's Top City Destination Ranking"၊ Euromonitor International၊ 10 January 2010။ 18 October 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 5 March 2011။ 
  11. "Delta Expects New Slots To Foster Growth At Heathrow Airport"၊ The Wall Street Journal၊ 23 February 2011။ 7 March 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 19 May 2011။ 
  12. Number of international students in London continues to grow။ Greater London Authority။ 24 November 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2010 တွင် ပြန်စစ်ပြီး။
  13. IOC elects London as the Host City of the Games of the XXX Olympiad in 2012။ International Olympic Committee (6 July 2005)။ 3 June 2006 တွင် ပြန်စစ်ပြီး။
  14. Languages spoken in the UK population။ National Centre for Language။ 19 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 June 2008 တွင် ပြန်စစ်ပြီး။
  15. Largest EU City. Over 7 million residents in 2001။ Office for National Statistics။ 26 July 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 June 2008 တွင် ပြန်စစ်ပြီး။
  16. 2011 Census – Built-up areas။ Office for National Statistics။ 29 June 2013 တွင် ပြန်စစ်ပြီး။
  17. The London Plan (March 2015)။ The Greater London Authority။ 7 July 2015 တွင် ပြန်စစ်ပြီး။
  18. London: The greatest city။ Channel 4။ 19 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 October 2008 တွင် ပြန်စစ်ပြီး။
  19. "West End Must Innovate to Renovate, Says Report"၊ What's On Stage၊ 25 January 2008။ 15 November 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 19 May 2011။ 
  20. "Oyster card celebrates 150th Tube anniversary"၊ BBC News၊ 10 December 2012။ 10 January 2013 တွင် ပြန်စစ်ပြီး 
  21. "Shanghai now the world's longest metro"၊ Railway Gazette International၊ 4 May 2010။ 4 May 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 19 May 2011။ 
  22. ၂၂.၀ ၂၂.၁ Mills 2001, p. 139
  23. ၂၃.၀ ၂၃.၁ Denison, Simon (July 1999). "First 'London Bridge' in River Thames at Vauxhall". British Archaeology (46). Retrieved on 15 April 2011.  မော်ကွန်းတင်ပြီးမိတ္တူ။ 27 April 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2015 တွင် ပြန်စစ်ပြီး။
  24. ၂၄.၀ ၂၄.၁ Milne၊ Gustav။ London's Oldest Foreshore Structure!Frog Blog။ Thames Discovery Programme။ 19 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 April 2011 တွင် ပြန်စစ်ပြီး။
  25. Perring၊ Dominic (1991)။ Roman London။ London: Routledge။ p. 1။ ISBN 978-0-203-23133-3CS1 maint: ref=harv (link)
  26. British History Timeline —Roman Britain။ BBC။ 19 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 June 2008 တွင် ပြန်စစ်ပြီး။
  27. The last days of Londinium။ Museum of London။ 8 January 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 March 2013 တွင် ပြန်စစ်ပြီး။
  28. The early years of Lundenwic။ The Museum of London။ 10 June 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 July 2015 တွင် ပြန်စစ်ပြီး။
  29. Viking Attackshttps://web.cn.edu/kwheeler/။+ 24 August 2014 တွင် ပြန်စစ်ပြီး။
  30. History – 1066 – King William။ BBC။ 19 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 May 2008 တွင် ပြန်စစ်ပြီး။
  31. Tinniswood၊ Adrian။ A History of British Architecture — White Tower။ BBC။ 19 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 May 2008 တွင် ပြန်စစ်ပြီး။
  32. UK Parliament — Parliament: The building။ UK Parliament (9 November 2007)။ 11 March 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 April 2008 တွင် ပြန်စစ်ပြီး။
  33. Palace of Westminster။ UK Parliament။ 4 April 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 April 2008 တွင် ပြန်စစ်ပြီး။
  34. Schofield၊ John; Vince၊ Alan (2003)။ Medieval Towns: The Archaeology of British Towns in Their European Setting။ Continuum International Publishing Group။ p. 26။ ISBN 978-0-8264-6002-8CS1 maint: ref=harv (link)
  35. "Black Death" . BBC History. Retrieved on 3 November 2008. 
  36. Richard II (1367–1400)။ BBC။ 19 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 October 2008 တွင် ပြန်စစ်ပြီး။
  37. England။ JewishEncyclopedia.com (1906)။
  38. Robin R. Mundilldate = 2010၊ The King's Jews၊ London: Continuum၊ pp. 88–99၊ ISBN 978-1-84725-186-2