ကော့မှူးမြို့
ပုံပန်းသွင်ပြင်
ကော့မှူးမြို့ | |
---|---|
ကော့မှူးမြို့ တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 16°30′0″N 96°10′0″E / 16.50000°N 96.16667°Eကိုဩဒိနိတ်: 16°30′0″N 96°10′0″E / 16.50000°N 96.16667°E | |
Country | မြန်မာ |
တိုင်း | ရန်ကုန် |
မြို့ | ရန်ကုန် |
မြို့နယ် | ကော့မှူး |
ရန်ကုန်တိုင်းတွင်းမှ မြို့နယ်တစ်ခုဖြစ်သည်။ ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့မှ ကားလမ်းခရီးဖြင့်လွယ်ကူစွာ သွားရောက်နိုင်သည်။ ဒလ၊ တွံတေးသွားရာကားလမ်းကြောင်းပေါ်မှ ကွမ်းခြံကုန်းမြို့၊ဒေးဒရဲ မြို့များသွားရာလမ်းဘက်သို့ ခွဲထွက်သောလမ်းကြောင်းပေါ်တွင် တည်ရှိသည်။
ခေါ်တွင်ပုံ
[ပြင်ဆင်ရန်]မွန်အရေးအသား “ကံမုတ်”၊ မွန်အသံထွက် ကော့မု မှ ဆင်းသက်လာသည်။ ကံ (ကော့)သည် ကျွန်းဖြစ်သည်။ မုတ်(မု)ဟူသည် အစွန်း (အငူ) ဖြစ်သည်။ အငူကျွန်း၊ အငူကုန်းဟု ဆိုလိုသည်။
စီးပွားရေး
[ပြင်ဆင်ရန်]ဆန်စပါး၊ ကွမ်းရွက်၊ ကွမ်းသီးနှင့် ငါး၊ ပုဇွန်စသော ရေထွက်ပစ္စည်းများ ထွက်ရှိသည်။ တွံတေးတောကြီးတန်းနှင့် တဆက်တည်းဖြစ်သဖြင့် သစ်ဝါး ထုတ်ခြင်းလုပ်ငန်းကို လည်း လုပ်ကိုင်ကြသည်။ ဝါးသည် အဓိက ပို့ကုန်တခုပင် ဖြစ်သည်။