ပြည်ထောင်စုတော်လှန်ရေးကောင်စီအဖွဲ့
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၂ မတ် ၁၉၆၂ |
ဖျက်သိမ်းခြင်း | ၃ မတ် ၁၉၇၄ |
အဖွဲ့အစည်းအမျိုးအစား | ကောင်စီ |
ဌာနချုပ် | ရန်ကုန်မြို့ |
ဌာနအကြီးအမှူးများ | ဦးနေဝင်း၊ ဥက္ကဋ္ဌ |
ပြည်ထောင်စု တော်လှန်ရေး ကောင်စီ အဖွဲ့ (အင်္ဂလိပ်: Union Revolutionary Council; အတိုကောက် URC; တော်လှန်ရေးကောင်စီ ဟုလည်း သိကြ) သည် မြန်မာနိုင်ငံ၏ အမြင့်ဆုံး အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်ပြီး ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဦးနု၏ အရပ်သားအစိုးရထံမှ အာဏာသိမ်းခဲ့ကာ ၁၉၇၄ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ၁၉၇၄ ခုနှစ် မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထုတ်ပြန်ကြေငြာချိန်အထိ အုပ်ချုပ်ခဲ့သည်။ ထို့နောက် အုပ်ချုပ်ရေးအာဏာကို လွှတ်တော်နှစ်ရပ်ပေါင်း ဥပဒေပြုလွှတ်တော်ဖြစ်သော ပြည်သူ့လွှတ်တော်သို့ လွှဲပြောင်းပေးခဲ့သည်။[၁][၂]
တော်လှန်ရေးကောင်စီ၏ ခံယူချက်သည် ၁၉၆၂ ခုနှစ် ဧပြီ ၃၀ ရက်တွင် ချမှတ်ခဲ့သော မြန်မာနိုင်ငံအား ဆိုရှယ်လစ် ဒီမိုကရက်တစ်စနစ် ပြောင်းလဲရန် ရည်ရွယ်သော မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ် ကို အခြေခံသည်။[၂] ၁၉၆၂ ခုနှစ် ဇူလိုင် ၄ ရက်နေ့တွင် တော်လှန်ရေးကောင်စီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို တည်ထောင်ခဲ့သည်။[၃] ၁၉၆၂ ခုနှစ်မှာ ၁၉၇၁ ခုနှစ်အထိ မဆလသည် တော်လှန်ရေးကောင်စီ၏ အမာခံအဖွဲ့ဝင်များအပါအဝင် အမြုတေအဖွဲ့ဝင်များအား ပါတီဝင်အဖြစ် ပြောင်းလဲခဲ့သည်။[၃] ပါတီ၏ ပထမအကြိမ် ညီလာခံတွင် ပါတီဝင်ပေါင်း ၃၄၄,၂၂၆ ဦး ရှိခဲ့သည်။[၃] ၁၉၈၁ ခုနှစ်တွင် မဆလပါတီဝင်ဦးရေမှာ ၁.၅ သန်းအထိ ရှိခဲ့သည်။[၃]
ဦးဆောင်မှု
ပြည်ထောင်စု တော်လှန်ရေးကောင်စီအဖွဲ့ကို ဥက္ကဋ္ဌဖြစ်သူ ဦးနေဝင်းနှင့် အဖွဲ့ဝင် ၁၆ ဦးမှ ဦးဆောင်သည်။[၄]
တော်လှန်ရေးကောင်စီအဖွဲ့ တည်ထောင်သူ အဖွဲ့ဝင်များအားလုံးသည် တပ်မတော်အရာရှိများ ဖြစ်ကြပြီး ယင်းတို့မှာ[၁][၅][၆][၇]
- ဗိုလ်ချုပ်ကြီး နေဝင်း BC-3502 (ပေါင်းစပ်ညှိနှိုင်းရေး အရာရှိချုပ်)
- ဗိုလ်မှူးချုပ် အောင်ကြီး BC-5458 (ဒုတိယ ပေါင်းစပ်ညှိနှိုင်းရေး အရာရှိချုပ်) (ကြည်း)
- Commodore သန်းဖေ (၁၉၆၂ တွင် ကွယ်လွန်) (ဒုတိယ ပေါင်းစပ်ညှိနှိုင်းရေး အရာရှိချုပ်) (ရေ)
- ဗိုလ်မှူးချုပ် Thomas 'Tommy' Cliff (ဒုတိယ ပေါင်းစပ်ညှိနှိုင်းရေး အရာရှိချုပ်) (လေ) (၁၉၆၄ တွင် နုတ်ထွက်)
- ဗိုလ်မှူးချုပ် တင်ဖေ (၁၉၇၀ တွင် နုတ်ထွက်) BC-3508 (စစ်ထောက်ချုပ်)
- ဗိုလ်မှူးကြီး သန်းစိန် BC-3574 (Colonel-General Staff)
- ဗိုလ်မှူးကြီး ကျော်စိုး (၁၉၇၄ တွင် အငြိမ်းစားယူ) BC-3526 (စစ်ရာထူးခန့်ချုပ်)
- ဗိုလ်မှူးကြီး ချစ်မြိုင် (၁၉၆၄ တွင် အနားပေး) BC-3520 (ဒုတိယစစ်ထောက်ချုပ်)
- ဗိုလ်မှူးကြီး ခင်ညို (၁၉၆၅ တွင် အနားပေး) BC-3537 (တပ်မတော်လေ့ကျင့်ရေးညွှန်ကြားရေးမှူးချုပ်)
- ဗိုလ်မှူးကြီး လှဟန် (ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးချုပ်)
- ဗိုလ်မှူးချုပ် စန်းယု BC-3569 (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး)
- ဗိုလ်မှူးချုပ် စိန်ဝင်း BC-3525 (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး)
- ဗိုလ်မှူးကြီး သောင်းကြည် BC-3523 (အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်]] တိုင်းမှူး)
- ဗိုလ်မှူးကြီး ကြည်မောင် (၁၉၆၃ တွင် ထုတ်ပယ်) BC-3516 (အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး)
- ဗိုလ်မှူးကြီး မောင်ရွှေ (၁၉၇၂ တွင် နုတ်ထွက်) BC-3575 (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး)
- ဗိုလ်မှူးကြီး စောမြင့် (၁၉၆၄ တွင် ထုတ်ပယ်) BC-3518 (Administrator of Border Regions)
- ဗိုလ်မှူးကြီး တန်ယုဆိုင် (၁၉၆၈ တွင် နုတ်ထွက်) BC-5090 (Vice-Commissioner of General of People's Police)
ကိုးကား
- ↑ ၁.၀ ၁.၁ Heinz၊ L.C. (6 March 1962)။ An Analysis of the Current Situation in Burma။ US Department of State။ 11 October 2012 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Moscotti၊ Albert D. (1977)။ Burma's Constitution and Elections of 1974။ Institute of Southeast Asian Studies။ pp. 171–172။
- ↑ ၃.၀ ၃.၁ ၃.၂ ၃.၃ Seekins၊ Donald M. (2006)။ Historical Dictionary of Burma။ Scarecrow Press။ ISBN 9780810854765။
- ↑ Historical Background။ Burma Yearbook 2000 (2000)။ 9 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 October 2012 တွင် ပြန်စစ်ပြီး။
- ↑ "A Voluntarily abdicated Majesty" or "A Usurper": A Brief Political History of Ne Win။ 9 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 October 2012 တွင် ပြန်စစ်ပြီး။
- ↑ Mya Maung (1991)။ The Burma Road to Poverty။ Praeger။ pp. 119။ ISBN 9780275936136။
- ↑ Nakanishi၊ Yoshihiro (2013)။ Strong Soldiers, Failed Revolution : The State and Military in Burma။ NUS Press။ p. 102။ ISBN 9789971697020။
Table 4.1