အမ္ဗပါလီ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အမ္ဗပါလီ[ပြင်ဆင်ရန်]

ကမ္ဘာဦးအခါကမဟုတ်ဘဲ`ဥပပတ် ပဋိသန္ဓေ´နှင့် လူလာဖြစ်သော ထူးခြားသည့် လူတစ်ယောက်ရှိခဲ့ဘူးသည်။ ထိုသူမှာ အမ္ဗပါလီ ဖြစ်သည်။ အမ္ဗပါလီသည် အရင်ဘဝ ဘုရားရှင်များ လက်ထက်တွင် ကုသိုလ်ကောင်းမှုများကို ဆည်းပူး အားထုတ်ခဲ့သည်။ လူ့ပြည် နတ်ပြည်စုန်ဆန်ပြီး သံသရာမှာ ကျင်လည်ခဲ့ရသည်။ သိခီဘုရားရှင်လက်ထက်၌ ဘိက္ခုနီမ ဖြစ်ခဲ့သည်။ သီလသိက္ခာပုဒ်တွေ မကျိုးမပေါင်အောင် စောင့်ထိန်းနေထိုင်ခဲ့သည်။ တစ်နေ့သောအခါ အမ္ဗပါလီလောင်း ဘိက္ခုနီမ သည် တခြား ဘိက္ခုနီမ များနှင့်အတူ စေတီတစ်ဆူသို့ သွားရောက်ပူဇော်ကြသည်။ သူတို့ရှေ့က ကြွသွားသော ရဟန ္တာမတစ်ဦးသည် ချေဆတ်ရင်း သလိပ်ခဲတစ်ခု စေတီယင်ပြင်ပေါ်တွင် အမှတ်မထင် လွင့်စင်ကျသွားခဲ့သည်။ ရဟန ္တာမက သလိပ်ခဲ လွင့်စင်ကျ သွားသည်ကို မမြင်၍ မဖယ်ရှားဘဲ ကြွမြဲတိုင်းသွားခဲ့သည်။ ရဟန ္တာမ၏ နောက်က စေတီတော်ကို လင်္ကျာရစ် လှည့်ပြီး ကြည်ညိုလာတဲ့ အမ္ဗပါလီလောင်းသည် ရဟန ္တာမ၏ သလိပ်ခဲကို သွားတွေ့သည်။ စေတီယင်ပြင်ပေါ်မှ သလိပ်ခဲကို တွေ့သည့်အခါ အမ္ဗပါလီက `ဒီယင်ပြင်ပေါ်မှာ သလိပ်ခဲကို ဘယ်ပြည့်တန်ဆာမက ထွေးပစ်ခဲ့ရတာလဲ´ဟု ဆဲဆိုမည်တမ်းသည်။ တခြား ဘိက္ခုနီမများက `ငါတို့ရှေ့က သိက္ခာကြီးတဲ့ ပုဂ္ဂိုလ်မြတ်တွေ ကြွသွားခဲ့တယ်။ ဒီပုဂ္ဂိုလ်ကြီးတွေလဲ မတော်တဆ ဖြစ်နိုင်တယ်။´ ဒါကြောင့် အမ္ဗပါလီကို အခုလိုမပြောမဆိုဘို့ သတိပေးကြသေးသည်။ သို့သော် အမ္ဗပါလီလောင်း ဘိက္ခုနီမ က အပြောမလျော့ဘူး။ `ငါပြောတာက မှန်တာကို ပြောတာ၊ ပြည့်တန်ဆာမလို မဆင်မခြင်လုပ်လို့ ပြည့်တန်ဆာမ လို့ပြောရတာ´လို့ ထပ်ပြန်ပြောသည်။ အမ္ဗပါလီလောင်း ဘိက္ခုနီမ သည် ထိုဘဝ၌ သီလကို ကောင်းစွာ စောင့်ထိန်းပြီး နေထိုင်ခဲ့သည်။ `နောက်နောင်သော ဘဝတွေမှာ အမိဝမ်းထဲမှာ ဂဗ ္ဘသေယျက ပဋိသန္ဓေ မနေရသည့်သူ ဖြစ်ရပါစေ´ဟု ဆုတောင်းခဲ့သည်။

အမ္ဗပါလီလောင်း သည် ထိုဆုတောင်းကြောင့် ဘဝပေါင်းများစွာ နတ်ပြည်မှာဘဲ ဖြစ်ခဲ့ရသည်။ နောက်ဆုံးဘဝ ဗုဒ္ဓဂေါတမ လက်ထက်တွင် ဝေသာလီပြည်၊ လိစ္ဆဝီမင်းများ၏ ပိုင်နက်ဖြစ်သော သရက်ဥယျာဉ်ရှိ သရက်ပင်တစ်ပင်မှာ ဥပပတ် ပဋိသန္ဓေ နှင့် လူလာဖြစ်သည်။ ဥယျာဉ်စောင့်က သရက်ဥယျာဉ်ကို လှည့်လည်ကြည့်ရှု့သည့်အခါ မိန်းကလေးကို သွားတွေ့သည်။ ဥယျာဉ်စောင့်သည် မိန်းကလေးကို လူ လို့မထင်မှတ်ဘူး၊ နတ်ကလာပြီး ကိုယ်ထင်ပြနေသည်ဟု မှတ်ထင်နေသည်။ မိန်းကလေးအနားကို ဥယျာဉ်စောင့်သွားသောအခါ မည်သည့်စကားမျှမပြောသဖြင့် နတ်မဟုတ်မှန်း သိသည်။ ထိုမိန်းကလေးကို အိမ်ခေါ်လာပြီး သမီးအဖြစ် မွေးစားသည်။ သရက်ပင်ကရသည့် သမီးဖြစ်လို့ အမ္ဗပါလီဟု အမည်ပေးထားသည်။ အမ္ဗပါလီ အရွယ်ရောက်လာသည့် အခါ လိစ္ဆဝီမင်းများကို ဆက်သလိုက်သည်။ အမ္ဗပါလီသည် အလွန်လှသဖြင့် လိစ္ဆဝီမင်းအားလုံးက လိုချင်နှစ်သက်ကြသည်။ နောက်ဆုံး လိစ္ဆဝီမင်းများသည် သူရသင့်သည်၊ ငါရသင့်သည်ဟု ငြင်းခုန်ရန်ဖြစ်ကြသည်။ လိစ္ဆဝီမင်းများ ခိုက်ရန်ဖြစ်သောအခါ ငြိမ်းအေးအောင် တရားသူကြီးက အမ္ဗပါလီကို ပြည့်တန်ဆာမ အရာမှာထားရမည်ဟု တရားစီရင်လေသည်။ တရားသူကြီး စီရင်သလိုပင် အမ္ဗပါလီသည် ပြည့်တန်ဆာမ ဖြစ်သွားရသည်။ (ဘဝတစ်ခုမှာ ရဟန္တာမကို ပြည့်တန်ဆာမ ဟု ဆဲဆိုခဲ့သည့် မကောင်းမှုအကုသိုလ် ကံရဲ့ အကျိုးပေးဖြစ်သည်။)

ပြည့်တန်ဆာမ အမ္ဗပါလီကို သူမ ဥပပတ် ပဋိသန္ဓေနေခဲ့သော သရက်ဥယျာဉ်ကို လက်ဆောင်အဖြစ် ပေးလိုက်သည်။ အမ္ဗပါလီကို လူတိုင်းမဆက်ဆံရအောင် အသပြာ တစ်ရာကျပ်ဟု သတ်မှတ်ထားသည်။ အမ္ဗပါလီသည် ဗုဒ္ဓဘုရားရှင်ကို အလွန်ကြည်ညိုသူ ဖြစ်သည်။ မိမိသရက်ဥယျာဉ်အတွင်း ကျောင်းဆောက်ပြီး ဘုရားနှင့်တကွ သံဃာတော်များကို အမြဲလှူဒါန်းပူဇော်လေသည်။ အချိန်ကျလာသောအခါ အမ္ဗပါလီတွင် ဝိမလကောဏ္ဍည အမည်ရှိ သားတော် မထေရ်တပါး ပင်ရှိလာလေသည်။ မိမိသားတော် ဝိမလကောဏ္ဍည မထေရ်က တရားဟောပြမှုကြောင့် သာသနာ့ဘောင်ဝင်ကာ ဘိက္ခုနီမ ပြုလေသည်။ ဘိက္ခုနီမ အဖြစ်နဲ့ ဝိပဿနာတရားအားထုတ်မှုကြောင့် ရဟန္တာမ ဖြစ်သွားသည်။ [၁]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. အပဒါန် ပါဠိတော်