ဗြဟ္မာဘုံ
ဗြဟ္မာဘုံ[ပြင်ဆင်ရန်]
- မြင့်မြတ်သော ဈာန် စသည့် ဂုဏ်တို့ဖြင့် ကြီးပွားကြသူများကို “ဗြဟ္မာ” ဟုခေါ်သည်။
ကာမဂုဏ်ဝတ္တု မွဲနိုင်သမျှမွဲမှသာ ဈာန်စသည့်တရားများ ကြွယ်ဝပြီး ကြီးပွားကြကုန်သည်။ ဗြဟ္မာဘုံ(၂၀)တွင်
- ရူပဗြဟ္မာဘုံ(၁၆)ဘုံ၊
- အရူပဗြဟ္မာဘုံ(၄)ဘုံ ရှိသည်။
ရူပဗြဟ္မာ ဘုံ[ပြင်ဆင်ရန်]
- ဗြဟ္မာပါရိသဇ္ဇာဘုံမှ အကနိဋ္ဌအထိ (၁၆)ဘုံကို ရူပဗြဟ္မာ ၁၆-ဘုံဟု ခေါ်သည်။ ၎င်းတို့အနက် အသညသတ်ဘုံတွင် ရုပ်တရား သက်သက်သာ ရှိသည်။
ကျန်(၁၅)ဘုံ မှာ ရုပ်တရား နာမ်တရား ၂ပါးလုံး ရှိကြသည်။ ဤရူပဗြဟ္မာဘုံများသည် နတ်ပြည်ထက် ကြီးကျယ်ခမ်းနားကြသည်။ ယောက်ျား မိန်းမ(ဖိုမ) အင်္ဂါများမရှိပေ။ သို့သော် ပုံသဏ္ဌာန်မှာ ယောက်ျားပုံ ဖြစ်သည်။ ဗြဟ္မာများ နေထိုင်ပုံမှာ ယောကီကြီးများနေထိုင်ပုံကဲ့သို့ သန့်ရှင်းစင်ကြယ်လှသည်။ အချို့မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသောဗြဟ္မဝိဟာရတရားလေးပါးကို ပွားများနေကြသည်။ အချို့ကား ဈာန်သမာပတ် ဝင်စားလျက် ချမ်းသာအေးမြစွာ နေထိုင်ကြသည်။
- ဗြဟ္မပါရိသဇ္ဖာ ဘုံ
- ဗြဟ္မပုရောဟိတာ ဘုံ
- မဟာဗြဟ္မာ ဘုံ
- ပရိတ္တာဘာ ဘုံ
- အပ္ပမာဏာဘာ ဘုံ
- အာဘဿရာ ဘုံ
- ပရိတ္တာသုဘာ ဘုံ
- အပ္ပမာဏသုဘာ ဘုံ
- သုဘကိဏှာ ဘုံ
- ဝေဟပ္ဖိုလ် ဘုံ
- အသညသတ် ဘုံ
- အဝိဟာ ဘုံ
- အတပ္မါ ဘုံ
- သုဒဿာ ဘုံ
- သုဒဿီ ဘုံ
- အကနိဋ္ဌ ဘုံ
အရူပဗြဟ္မာ ဘုံ[ပြင်ဆင်ရန်]
- ရူပဗြဟ္မာ (၁၆)ဘုံအထက်တွင် အရူပဗြဟ္မာ (၄)ဘုံ ရှိသည်။ ဘုံဆိုသော်လည်း တကယ့်ဘုံဗိမာန် ရှိသည်မဟုတ်။ အာကာသ နဉ္စာယတနဝိပါတ်
စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက်ဖြစ်ပွားသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်အပြင်ကို
- အာကာသာနဉ္စာ ယတနဘုံ
- ဝိညာဏဉ္စာယတနဘုံ
- အာကိဉ္စ ညာယတနဘုံ
- နေဝသည နာသညာယတနဘုံ ဟုခေါ်သည်။
ဈာန်ဘုံများ[ပြင်ဆင်ရန်]
ပထမဈာန်ဘုံ[ပြင်ဆင်ရန်]
အထက်ပါ ဗြဟ္မာပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ သုံးဘုံကို ပထမဈာန်ရ ဗြဟ္မာတို့ နေထိုင်ရာဘုံ ဖြစ်သောကြောင့် ပထမဈာန်ဘုံ ဟုခေါ်သည်။ အဆင့်ဆင့် မဟုတ်ဘဲ တစ်ပြင်တည်း တည်နေကြသော်လည်း အသက် အရှည်အတို၊ ဘုံနိဗ္ဗာန်တို့၏ ခမ်းနားကြီးကျယ်ပုံ၊ ဘုန်းတန်ခိုး စသည်တို့တွင် ၎င်းတို့အားထုတ်ခဲ့သော အဓိပတိအားလျော်စွာ ကွာခြားကြသည်။
ဒုတိယဈာန်ဘုံ[ပြင်ဆင်ရန်]
ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ တို့ကို ဒုတိယဈာန် သုံးဘုံဟုခေါ်သည်။ ၎င်းသုံးဘုံသည်လည်း ကောင်းကင်တစ်ပြင်တည်း၌ပင် တည်ရှိကြသည်။ ထိုဗြဟ္မာတို့တွင် အာဘဿရဗြဟ္မာတို့သည် ဗြဟ္မာမင်း(မဟာဗြဟ္မာ) ဖြစ်သည်။
တတိယဈာန်ဘုံ[ပြင်ဆင်ရန်]
ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ ဤတတိယဈာန် သုံးဘုံသည် ဒုတိယဈာန် သုံးဘုံထက် မြင့်သော အထက်ကောင်းကင်ဝယ် တစ်ပြင်တည်း၌ပင် တည်ရှိကြသည်။