ငရဲ (၃၁-ဘုံ)

ဝီကီပီးဒီးယား မှ
အခြားဘာသာ အတွက် ငရဲ ကို ကြည့်ပါ။

ငရဲဆိုသည်မှာ ပါဠိဘာသာ နိရယ[၁] ပုဒ်ကလာသည်။[၂]

`နိရယ´ကို `နိ+အယ´ဟု ပုဒ်ခွဲရသည်။

နိ = မရှိ ဟု အနက်ရသည်။

အယ = ချမ်းသာ ဟု အနက်ရသည်။

`နိ+အယ´ နှစ်ပုဒ်ကိုပေါင်းလျှင် = ချမ်းသာမရှိသည့်နေရာ ဟု အဓိပ္ပာယ်ရသည်။ `နိရယ´ပုဒ်ကို ရှေးမြန်မာများက `ဆိုငြယ်´ဟုလည်း ရေးကြသည်၊ `နိရဲ´ဟုလည်း ရေးကြသည်၊ အဓိပ္ပာယ်က အတူတူဖြစ်သည်။ နိရဲမှ`ငရဲ´ ဖြစ်လာသည်ဟု ဆိုသည်။

ငရဲဘုံသည် သိဉ္ဇိုဝ်းငရဲ-စသော ငရဲကြီး (၈) ထပ်၊ ပြာပူငရဲ-စသော ဥဿဒငရဲငယ် (၁၆)ထပ် ရှိသည်။ [၃] [၂]

ငရဲကြီး (၈) ထပ်[ပြင်ဆင်ရန်]

  • (၁) သဉ္ဇီဝ = သိဉ္ဇိုဝ်း ငရဲ၊ ငရဲထိန်းတို့သည် အပိုင်းပိုင်း အပြတ်ပြတ် ခုတ်ဖြတ်အပ်သော်လည်း ကံမကုန်သေးသမျှအဖန်ဖန် အသက်ရှင်ရာ (အသက်ရှင်၍ ခံရရာ)ဖြစ်သော ငရဲ။
  • (၂) ကာဠ(လ)သုတ္တ = ကာဠသုတ် ငရဲ၊ မည်းနက်သော တမျဉ်းကြိုးဖြင့် ချတိုင်း၍ သစ်ရွေသကဲ့သို့ တစ်ကိုယ်လုံး ခုတ်ရွေဖြတ်လှီးရာ (ဖြတ်လှီးခြင်း ခံရရာ) ဖြစ်သော ငရဲ။
  • (၃) သင်္ဃာတ = သင်္ဃာတ ငရဲ၊ ၉- ယူဇနာရှိ ရဲရဲပြောင်ပြောင် တောက်လောင်သော သံတောင်ကြီးတို့ဖြင့် ကြိမ်ဖန်များစွာ လှိမ့်မွှေကြိတ်ချေရာ (ကြိတ်ချေခြင်း ခံရရာ)ဖြစ်သော ငရဲ။
  • (၄) ရောရုဝ = (ဇာလရောရုဝ) ငရဲ၊ မီးတောက်မီးလျှံတို့ဖြင့် အဖန်ဖန် လောင်ကျွမ်းနှိပ်စက်ခြင်းခံရ၍ ကျယ်လောင်စွာ အော်ဟစ်မြည်တမ်းသော အသံရှိသော ငရဲ။
  • (၅) မဟာရောရုဝ = (ဓူမ ရောရုဝ) ငရဲ၊ မီးခိုးလုံးတို့ဖြင့် ပိတ်ဖုံးနှိပ်စက် ခံရ၍ ကယ်ပါယူပါ တစာစာ ပြင်းထန်စွာ အော်ဟစ်မြည်တမ်းရာဖြစ်သော ငရဲ၊
  • (၆) တာပန ငရဲ =ထန်းပင်လုံးခန့်ရှိ သံတံကျင်ကြီးတို့ဖြင့် ထိုးဖောက်ခြင်း ခံရ၍ တစ်ကိုယ်လုံး မီးလျှံစွဲအောင် သံတွေခဲ၌ အမြဲကင်ဖုတ်ခြင်း ခံရရာဖြစ်သော ငရဲ။
  • (၇) မဟာတာပန =(ပတာပန) ငရဲ၊ ရဲရဲပြောင်ပြောင် တောက် လောင်နေသော သံတောင်ကြီးပေါ်သို့ ရိုက်နှက်မောင်းနှင်ခြင်းခံရ၍ မြေ၌စိုက်ထောင်၍ ထားသော အသွားမြမြထက်လှစွာသော လှံ သွားများ၏အပေါ်သို့ ဦးခေါင်းပြောင်းပြန် ကျရာဖြစ်သော ငရဲ၊
  • (၈) အဝီစိ ငရဲ = မီးအလျှံ ငရဲသား, ဆင်းရဲဒုက္ခအကြားအလပ်မရှိ ပြည့်နှက်၍နေသော ငရဲ၊ [၄][၂]

ငရဲတို့၏ တည်နေဟန်မှာ[ပြင်ဆင်ရန်]

လေး ထောင့်ပုံသဏ္ဌာန်ဖြစ်၏၊ အလျားယူဇနာ ၁၀၀, အနံယူဇနာ ၁၀၀-ရှိ၏။ တံခါး လေး ပေါက်ရှိသည်။ သံမြေထုပေါ်၌ သံနံရံ ,သံ အမိုးအကာတို့ဖြင့် မိုးကာထားသည်။ နံရံထု တစ်ခုတစ်ခုသည် ၉-ယူဇနာရှိ၏။ အရှေ့ ဖက်မှထလာသော မီးတောက်မီးလျှံသည် အနောက်နံရံထုကို ဖောက်ထွက်၍ ယူဇနာ ၁၀၀-တိုင်တိုင် ပြေးသွားသည်။ အရပ်မျက်နှာအားလုံးနည်းတူပင်။ မီးတောက်မီးလျှံသည် အလျားအနံအားဖြင့် ၃၁၈-ယူဇနာစီရှိ၍ အဝန်းအဝိုင်းအားဖြင့် ၉၅၄-ယူဇနာရှိသည်။

(မှတ်ချက်) အရှေ့နံရံပြင်ဖက် ယူဇနာ ၁၀၀, အရှေ့နံရံထု ၉-ယူဇနာ, အလယ်ယူဇနာ ၁၀၀, အနောက်နံရံထု ၉-ယူဇနာ, အနောက် နံရံပြင်ဖက် ယူဇနာ ၁၀၀ ပေါင်း ၃၁၈-ယူဇနာဖြစ်သည်။ ၃-ဆတက်လျှင် အဝန်း အဝိုင်း ၉၅၄-ယူဇနာဖြစ်သည်။ ဥဿဒငရဲ ငယ်နှင့်တကွ အားလုံးယူသော် ယူဇနာ ၁၀၀၀၀ (တစ်သောင်း) အထိရှိသည်။ [၅][၂]

ဥဿဒ ငရဲငယ် ၁၆-ထပ်[ပြင်ဆင်ရန်]

`ဥဿဒ´ဆိုသည်မှာ `အများအပြား´ဟု အဓိပ္ပာယ်ရသည်။

ငရဲကြီးတွေ၏ အရပ်လေးမျက်နှာမှာ အများအပြား ဝန်းရံတည်ရှိနေတဲ့ ငရဲများဟု ဆိုလို သည်။

ငရဲကြီး (၈) ထပ်တို့တွင် အထပ် တစ်ထပ်၌ ၄-မျက်နှာစီရှိရာ တစ်မျက်နှာ တစ်မျက်နှာလျှင်

  • (၁) ဂူထ = မစင်ဘင်ပုပ် ငရဲ (= သံသဝက = အမြဲမပြတ် ကျင်ငယ် ကျင်ကြီး-စသည်တို့ ယိုစီးသော ငရဲ၊ [၆]
  • (၂) ကုက္ကုလ (ဠ) = ပြာပူ ငရဲ[၇]
  • (၃) သိမ္ဗလိဝန = လက်ပံတောငရဲ [၈]
  • (၄) အသိပတ္တဝန = သံလျှက်ရွက်တောငရဲအားဖြင့် ဥဿဒငရဲငယ်သည် ၄-ခုစီ, ၄-ခုစီရှိသည်ဖြစ်၍ ဥဿဒငရဲငယ် ၁၆-ထပ် ဖြစ်၏။

ဘင်, ပြာ, လက်, သန်၊ အစဉ်ရံ၊ လေးတန်ဥဿဒါ။ ပရမတ္ထသံခိပ်။ ၂၄၆-ပိုဒ်။ [၉]

ဥပရိပဏ္ဏာသ၊ ဒေဝဒူတသုတ် [၁၀]၌ ခါရောဒကာနဒီ = ခါးသောရေရှိသော ကြိမ်ပိုက်မြစ် (ချောင်း) ငရဲ တစ်မျိုးပါထည့်သွင်း၍ တစ်မျက်နှာ တစ်မျက်နှာ၌ ဥဿဒငရဲငယ် ၅-ခု စီရှိကြောင်းကို ပြဆိုထားရာ ယင်းအလို ဥဿဒငရဲငယ် ၂၀-ခုရှိကြောင်းလည်း မှတ်သားရာ၏။

ဘင်, ပြာ, လက်, သန်၊ မြစ်အရံ၊ ငါးတန်တနည်းမှာ။ ပရမတ္ထသံခိပ်။ ၂၄၇-ပိုဒ်။)

ဥဿဒငရဲငယ်ပေါင်း ၁၂၈-ခု ယင်းသို့ ငရဲကြီးတစ်ထပ်တစ်ထပ်လျှင် ဥဿဒငရဲ ငယ် ၁၆-ခုစီရှိရကား ငရဲကြီး(၈) ထပ်တို့၌ ဥဿဒငရဲငယ်ပေါင်း ၁၂၈-ခုရှိသည်။ ငရဲကြီး (၈) ထပ်ပါ ထည့်သွင်းရေတွက်သော် ငရဲ အားလုံးပေါင်း ၁၃၆-ခုရှိ၏။ [၁၁]

တံခါး ၄-ပေါက်တို့၌ ဝေမာတိကပြိတ္တာဘုရင် ခေါ် ယမမင်းတစ်ယောက်စီရှိ၏။ [၁၂] [၂]


ငရဲငယ်(၅)ခု၏ အမည်များမှာ[ပြင်ဆင်ရန်]

  • ၁။ ကုက္ကုလဏှ (ခေါ်) ပြာပူငရဲ = ပိုးလောက်ကောင် ဆင်၏လည်ပင်း လှေ ပိန်းကောငယ်မျှကြီးမားလျက်ရှိသော မစင်ဘင်ပုပ်တွင်းကြီး၌ နစ်မြုပ်ထိုးကိုက်ခံရသော ငရဲ။
  • ၂။ ဂူထ ပုတိက (ခေါ်) ဘင်ပုပ်ငရဲ = အလျှံရဲရဲထသော မီးခဲတို့ကို အလွန်အမင်းပူပြင်းသောပြာပူတို့က ဖုံးဖိထားသောကျင်းထဲ၌ကျ၍ ဆင်းရဲခံနေရသောငရဲ။
  • ၃။ သိမ္ဗလိ (ခေါ်) လက်ပံတောငရဲ = အလွန်ရှည်သော လက်ပံဆူးတို့က ငရဲသားအပေါ် တက်လျှင် အောက်ဘက်သို့ထက်သောအဖျားလှည့်နေလျက်၊ အောက်ဆင်းပြန်က အထက်သို့အဖျား လှည့်နေကြသော ငရဲ။
  • ၄။ အသိပတ္တ (ခေါ်) သံလျက်တောငရဲ = ဓားလှံ သံလျက်နှင့်တူသည့် အရွက်တွေပေါများ ကြွေကျသော သံလျက်ပင် တောထဲ၌ ပြေးမလွတ်အောင် ဆင်းရဲဒုက္ခခံနေရသော ငရဲ။
  • ၅။ ခါရောဒက(ခေါ်) ကြိမ်ပိုက်မြစ်ငရဲ = ကြိမ်ဆူး ကြိမ်ပိုက်တွေ အထပ်ထပ်ရံလျက် ခါးငန်စပ်ပူသော ရေရှိသည့်မြစ်ထဲ၌ ကူးမလွတ်အောင် ဆင်းရဲခံနေရသောငရဲ။

တို့ ဖြစ်သည်။

ငရဲငယ် တစ်ခုနှင့် တစ်ခု ယူဇနာ တစ်ထောင့်ငါးရာစီ ဝေးကွာကြသည်။

ငရဲငယ် ၁ဝ-ပါး(တစ်နည်း)[ပြင်ဆင်ရန်]

'ထိုပြိနောက်မှ၊ ဥဒဿ၏၊ ပြင်ကပတ်ခြံ၊ စပ်ကာရံသား၊ ဆူလျှံပွပွ၊ ပွက်ပွက်ထလျက်၊ ကြွကြွ တက်ဝေ၊ ကြေးသံရေနှင့်၊ မသေမသက်၊ သိပ်သိပ်နက်ဖြင့်၊ ကျွက်ကျွက်အုတ်အုတ်၊ တရုတ်ရုတ်လျှင်၊ ချက်ဖြုတ် ဘွားဘွား၊ သားငါးချဉ်ချို၊ ဟင်းဒယ်ကျို၍၊ ကြိုကြိုကြားကြား၊ ရှောင်ရှားထွက်ခွာ၊ လွတ်ရာမရ၊ ကြောက်ဖွယ်စွလျှင်၊ လောဟကုမ္ဘီ၊ ကြေးနီအိုးကြီး၊ ညီးညီးပူကဲ၊ ငရဲတစ်ခွင်၊ ရဲချင်ချင်နှင့်၊ ထိလျှင်ရှစူး၊ သင်ဓုန်းဦးသို့၊အဆူးရှည်လံ၊ ဝင်းဝင်းလျှံသည်၊ လက်ပံငံငရဲ၊ လွန်ကဲချက်ချက်၊ ထက်ထက်မြသား၊ သန်လျက်လက်သည်း၊ အော်မြည်ကြည်းလျက်၊ လန့်ကျည်းပြင်းစွာ၊ ကုတ်ကျစ်ကာလျှင်၊ ခံရာမချိ၊ ကြောက်ဘွယ်တိဖြင့်၊ အသိနိနခ၊ မည်ရမလွဲ၊ ငရဲတစ်တန်၊ စီးဟန်သက်သက်၊ ဆူကြွက်ကြွက်နှင့်၊ ပွက်ပွက်လျှံဝေ၊ ကြေးနီရေဟု၊ ပူထွေလွန်မော၊ တမ္ဗောဒက၊ မည်ရမလွဲ၊ ငရဲတစ်ထွေ၊ သံတွေညီးညီး၊ အရှိန်ကြီးလျက်၊ မီးကြီးအလျှံ၊ တောက်ပျံပူလော၊ အယောဂုဠုဠ၊ အမည်ရသား၊ နာမခေါ်မြဲ၊ ငရဲတစ်ချက်၊ ကြောက်မက်စဖွယ်၊ ကြီးကျယ်ဖြိုးမြင့်၊ မိုးနှင့်တမျှ၊ မီးလျှံထလျက်၊ သေလပဗ္ဗတ၊ မည်ရပြောင်ပြောင်၊ သံမီးရောင်နှင့်၊ ကျောက်တောင်တစ်ခဲ၊ ငရဲတစ်ဆစ်၊ ပူအစ်ထန်ပြင်း၊ စပါးဖျင်းသို့၊ စီးဆင်းလျှံခြောင်း၊ ခိုးထောင်းထောင်းနှင့်၊ မြစ်ချောင်းတူလှ၊ ဆူပွက်ထသား၊ ဘုသုသနဒီ သညီမှတ်စွဲ၊ ငရဲတစ်မျိုး၊ လျှံခိုးမရှိန်၊ မထိန်မတောက်၊ မနောက်မခဲ၊ မရဲမချဉ်၊ မီးလွတ်စင်လည်း၊ ရိုးခြင်ဆီတွင်း၊ အကုန်ချင်းအောင်၊ ထွင်း၍ဧကျဉ်၊ ရေအယဉ်သို့၊ ရှောင်ကြဉ်မဖြစ်၊ ဆင်းရဲနစ်သား၊ မြစ်ပမာဏ၊ သီတီတနဒီီ၊ ဤလည်းလွန်ကဲ၊ ငရဲတစ်သီး၊ ကျားကြီးဆင်ပေါက်၊ လောဟီကျောက်သို့၊ လန့်ကြောက်ဖွယ်လိ၊ မျက်စိချင်းချင်း၊ စွယ်ဝင်းဝင်းနှင့်၊ ကောက်ချင်းရှက်ထွေး၊ တောင်ပြေးမြောက်ရစ်၊ အော်ဟစ်မြူးခုန်၊ သဲသဲတုန်အောင်၊ ဝိုင်းကုန်အုန်းအင်း၊ ဗြုန်းဗြင်းဆူဝေ၊ မြင်ရုံသေမျှ၊ ခွေးရွှေခွေးနက်၊ ကျားထက်ဆိုးကျူး၊ ခွေးဘီလူးတို့၊ ရှူးရှူးရှင်ရှင်၊ ရွတ်ရွတ်ငင်၍၊ လျှင်လျှင်ကြွက်ကြွက်၊ ပြေးမလွတ်အောင်၊ ကျွတ်ကျွတ်မျိုဝါး၊ ဟပ်စားကိုက်ခဲ၊ ခွေးငရဲဟု၊ ခေါ်မြဲတစ်ရပ်၊ ကြံညှပ်ယန္တယား၊ စက်အလားသို့၊ ထွားထွားညက်ကြိတ်၊ မည်ကျိတ်ကျိတ်နှင့်၊ ကြောက်ထိပ်ဖွယ်ကြီး၊ တတီးတီးတည့်၊ ယိုစီးအယဉ်၊ ညီးညီးပျဉ်၍၊ မစဉ်တစ်ရစ်၊ ကိုယ်လုံးနစ်မျှ၊ သွေးချောင်းကျသား၊ ယန္တပ္တပါသာ၊ သညာမည်စွဲ၊ ငရဲတစ်ပုံ၊ လုံးစုံဖော်ပြ၊ ယမလောကီ၊ တွင်ညီခေါ်ရိုး၊ ဤဆယ်မျိုးလည်း၊ ကြောက်စိုးလန့်ဘွယ်။ [၁၃]

အမည်အမျိုးမျိုးနှင့် ငရဲများ[ပြင်ဆင်ရန်]

  • (က) ဆဖဿာယတနိကငရဲ၊ [၁၄]
  • (ခ) ကာဠုပကာဠငရဲ၊ [၁၅]
  • (ဂ) ခုရောရငရဲ၊ [၁၆]
  • (ဃ) ကာကောလငရဲ။ [၁၇]
  • (င) လောဟကုမ္ဘီငရဲ၊ [၁၈] ယင်းငရဲသည် ယူဇနာ ၆၀-ရှိပြီး ကြေးနီရည်အပြည့် ရှိ၏။ [၁၉] အောက်သို့ နစ်မြုပ်သောအခါ အနှစ် ၃-သောင်းကြာ၍ ပေါ်သောအခါလည်း အနှစ် ၃-သောင်းပင် ကြာလေသည်၊ ငရဲသားတို့သည် ယင်းသို့ ငုတ်ချီပေါ်ချီ ခံစား ရလေသည်။ [၂၀]
  • (စ) လောကန္တရိကငရဲ၊ [၂၁] ယင်း၌ ဖြစ်သော ငရဲသားတို့သည် လင်းနို့ကဲ့သို့ ရှည်လျားသော ခြေသည်းလက်သည်း ရှိကြသည်။ [၂၂]
  • (ဆ) သတ္တိသူလငရဲ။ [၂၃]
  • (ဇ) သုနခငရဲ၊ [၂၄]
  • (ဈ) ဝေတရဏီ ငရဲ။ [၂၅] ကြေးနီရည်တို့ဖြင့် ပြည့်သောမြစ်ကို ဝေတရဏီငရဲဟုဆိုသည်။ [၂၆]
  • (ည) ပရဇိတငရဲ၊ [၂၇] စစ်မြေပြင်၌ အောင်နိုင်သူတို့အသွင်ဖြင့် ကျရောက်ရာ ဖြစ်သောကြောင့် ပရဇိတငရဲဟုဆိုသည်။ [၂၈]
  • (ဋ) ပဟာသငရဲ၊ [၂၉] ယင်းသည် ရွှင်ရွှင်ပျပျ ကပြသီဆို သူတို့အသွင်ဖြင့် ကျရောက်ရာ အဝီစိငရဲကြီး၏ တည်နေရာပင်ဖြစ်၏။ [၃၀]
  • (ဌ) သင်္ကုသမာဟတငရဲ၊ [၃၁]
  • (ဍ) ပစ္စတ္တဝေဒနိယငရဲ။ [၃၂]
  • (ဎ) စတုကုဋ္ဋိကငရဲ။ ယင်းသည် အခြားမဟုတ် ကိုယ်ဝန်သူငယ်တို့၏ ၉-လ, ၁၀-လကြာအောင် ၄-ဖက်တုပ်ကွေးနေရာဖြစ်သော ကျဉ်းမြောင်းလှသော အမိဝမ်းတိုက်ပင်တည်း။ [၃၃]

အဗ္ဗုဒရဲ, နိရဗ္ဗုဒငရဲ-စသည်ဖြင့် သင်္ချာအမည်နှင့်လာသော ငရဲများ လည်းရှိသေးသည်။ [၃၄]

အပါယ, ဒုဂ္ဂတိ, ဝိနိပါတသဒ္ဒါတို့သည် နိရယ-သဒ္ဒါ၏ ပရိယာယ်သဒ္ဒါများ ဖြစ်သည်။ နိရယ သဒ္ဒါဖြင့် အဝီစိငရဲ-စသော များစွာသောငရဲတို့ကို ပြဆိုသည်။ [၃၅]

အဝီစိငရဲသည် မြေကြီး၏အတွင်း၌ တည်ရှိ၏။ (ဇာ၊ဋ္ဌ၊၅၊၂၇၈။)

လောဟကုမ္ဘီငရဲသည် သာဝတ္ထိပြည်၏အနီး၌ တည်ရှိ၏။ [၃၆]

ဥဿဒငရဲသည် သမုဒ္ဒရာမြစ်အနီး၌ တည်ရှိ၏။ [၃၇]

ငရဲ၌ ခံရသူတို့၏ ခန္ဓာကိုယ်အတ္တဘောသည် အချို့တစ်ဂါဝုတ်, အချို့ ယူဇနာခွဲ, အချို့ ၃-ဂါဝုတ်အထိ အသီးသီးရှိ၏။ [၃၈]

ငရဲဘုံ၌ ဩပပါတိက ယောနိတစ်မျိုးသာ ရှိ၏။ [၃၉]

ငရဲ၌ ခံရသောအချိန်လည်း အချို့ တစ်ကမ္ဘာတိုင်တိုင် [၄၀]

အချို့ အနှစ်ထောင်ပေါင်းများစွာ [၄၁]

အချို့ အနှစ် ရှစ်သောင်း[၄၂]

အချို့တစ်ဆူသော ဘုရားရှင်နှင့် တစ်ဆူသောဘုရားရှင်တို့၏ အကြား [၄၃]

အချို့ အနှစ် ကုဋေသိန်းပေါင်းများစွာ [၄၄]

ကြာအောင် ခံရကြောင်းပြဆိုသည်။ ငရဲဘုံ၌ ရံဖန်ရံခါသာ ကာမာဝစရကုသိုလ်စိတ် ဖြစ်ခွင့်ရှိသည်။ [၄၅]

မကောင်းမှု (အကုသိုလ်) ဒုစရိုက်ကံကြောင့်သာ ငရဲ၌ကျ ရောက်ရသည်။ [၄၆]

ငရဲမင်းကြီး(ယမမင်း)[ပြင်ဆင်ရန်]

ဖိုင်:Yamaswue8.jpg
တိဘက်အယူအဆအရ ယမမင်း

ယမမင်း ဆိုသည်မှာ ပါဠိဘာသာ`ယမ´၊ မြန်မာစကား`မင်း´ကို ပေါင်းပြီးခေါ်ခြင်း ဖြစ်သည်။ အကုသိုလ်ကံ အလျောက် ငရဲထိန်း တို့ ဆောင်ယူပို့လာသော သတ္တဝါတွေကို ဒေဝဒူတ တမန်ငါးပါး ကိုပြပြီး ကောင်းမှုကုသိုလ်တွေကို အောက်မေ့စေတတ်၊ အမှတ်ရစေတတ်သောကြောင့် `ယမမင်း´မည်သည်။ ငရဲမင်းကြီး(ယမမင်း) များသည် အပြစ်ကြီးကြီးနှင့် ရောက်လာသော ငရဲသားများကို စစ်ဆေးရန်မလိုပေ၊ အပြစ်နဲနဲနှင့် ရောက်လာသော ငရဲသားများကိုသာ စစ်ဆေးရန်ဖြစ်သည်။ ပဉ္စာနန္တရိယကံ ကျူးလွန်သူ၊ စေတီပုထိုးဖြိုဖျက်သူ၊ မိစ္ဆာဒိဋ္ဌိ အယူရှိသူ စသောအပြစ်ကြီးသော ငရဲသားများကို တစ်ခါတည်း ငရဲချ၏။ အကုသိ်ုလ်နည်းပါးသူများ အတွက် ငရဲမှ လွတ်လ်ိုလွတ်ငြား ယမမင်းက စစ်ဆေးခြင်း ဖြစ်သဖြင့် ယမမင်းများကို မင်းကောင်းမင်းမြတ်များဟု သတ်မှတ်ကြသည်။ ငရဲတစ်ထပ်စီတွင် ငရဲမင်းကြီး(ယမမင်း) (၄)ဦးစီ ရှိသည်။ အရှေ့ဘက်တံခါးမုခ် တွင်တစ်ယောက်၊ အနောက်ဘက်တံခါးမုခ် တွင်တစ်ယောက်၊ မြောက်ဘက်တံခါးမုခ် တွင်တစ်ယောက်၊ တောင်ဘက်တံခါးမုခ် တွင်တစ်ယောက်၊ ပေါင်း(၄)ယောက် ရှိသည်။ ငရဲကြီးရှစ်ထပ်တွင် ငရဲမင်းကြီး(ယမမင်း) ပေါင်း(၃၂)ယောက် ရှိသည်။ ငရဲငယ်(၁၂၈)ခုမှာ ငရဲမင်းကြီး(ယမမင်း) များမရှိပါ။ ငရဲမင်းကြီး(ယမမင်း) များ၏ဇာတိမှာ စတုမဟာဇာရ်နတ်ဘုံမှ ဖြစ်သည်။ `ဝေမာနိက ပြိတ္တာ´ များကို အုပ်ချုပ်ရသော မင်းဖြစ်သည်။ `မဟိဒ္ဓိက ပြိတ္တာ´ မျိုးဖြစ်သည်။ မသန့်စင်သည့် ကုသိုလ်ကံ(မိဿက ကုသိုလ်ကံ)ကြောင့် ငရဲမင်းကြီး ဖြစ်လာသည်။

တိဘက်အယူအဆအရ ယမမင်းက ကျွဲခေါင်းနဲ့လို့ ယူဆပါသည်။ ဘေးက သူ့ နှမပါ။ ယမမင်း၏ လက်ယာဘက်မှာ အရိုးနှင်တံကိုကိုင်ထားပြီး လက်ဝဲဘက်မှာ မိစ္ဆာတွေကို ဖမ်းဆီးရန် ကျော့ကွင်းကို ကိုင်ထားသည်။ တိဘက်တွေက ယမမင်းသည် ဗုဒ္ဓဘာသာကို စောင့်ရှောက်သော နတ်မင်းတစ်ပါးဟု ယူဆကြသည်။

ငရဲထိန်း[ပြင်ဆင်ရန်]

ငရဲထိန်း ဆိုသည်မှာ အကုသိုလ်နည်းနည်းနှင့်ရောက်လာသော ငရဲသားများကို ငရဲမင်းကြီး(ယမမင်း) ထံသို့ ပို့ဆောင်ပေးရခြင်း၊ ငရဲကျသည့် ငရဲသားများကို အမျိုးမျိုးညှဉ်းဆဲ သတ်ဖြတ်ရခြင်း များကို လုပ်ဆောင်ရသောသူကို ခေါ်သည်။ ငရဲထိန်းများသည် ငရဲကြီးရှစ်ထပ်တွင် မရှိပါ။ ငရဲငယ်(၁၂၈)ခုမှာသာ ငရဲထိန်းများရှိကြသည်။ ငရဲထိန်းတို့သည် စတုမဟာဇာရ်နတ်မျိုး အပါအဝင် နတ်ဘီလူး၊ နတ်ရက္ခိုသ်များ ဖြစ်ကြသည်။ `ဝေမာနိက ပြိတ္တာ´မျိုးဖြစ်သည်။ မသန့်စင်သည့် ကုသိုလ်ကံ(မိဿက ကုသိုလ်ကံ) ကြောင့် ငရဲထိန်း ဖြစ်လာသည်။

မိဿက ကုသိုလ်ကံ[ပြင်ဆင်ရန်]

သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲပြီး ရလာသောပစ္စည်းများနှင့် အလှူဒါနပြုခဲ့ခြင်း၊ သူတစ်ပါးကို ညှင်းဆဲပါရစေ ဟုဆုတောင်းခဲ့ခြင်း တို့ကြောင့် ရလာသည့် ကုသိုလ်ကံ ကိုခေါ်သည်။ လှူသောပစ္စည်း မသန့်စင်၍ ရလာသောကုသိုလ်မှာလည်း အကုသိုလ်နှင့် ရောနေသည်။ ငရဲမင်းကြီး(ယမမင်း) နှင့် ငရဲထိန်းတို့သည် ထိုကုသိုလ်ကံကြောင့် စတုမဟာဇာရ်နတ်ပြည်ကိုရောက်သော်လည်း ငရဲပြည်တွင် လာရောက် တာဝန်ထမ်းဆောင်နေရသည်။

ငရဲသား[ပြင်ဆင်ရန်]

ငရဲသား ဆိုသည်မှာ အကုသိုလ် မကောင်းမှုကို ကျူးလွန်၍ ငရဲပြည်၌ အပြစ်ကျခံရသူကို ခေါ်သည်။ ငရဲသား၏ ဦးခေါင်းမှာ ငါးဦးခေါင်းနှင့်တူသည်။ ခြေလက်စသော ကိုယ်အင်္ဂါအစိတ်အပိုင်းတို့သည် လူသားတို့၏သဏ္ဌာန်နှင့် တူသည်။ ငရဲသား၏ ကိုယ်ခန္ဓာ ပမာဏမှာ သုံးဂါဝုတ်မျှ ကြီးမားသည်။ ငရဲသားများသည် ဥပစ္ဆေဒကံနှင့် မသေကြရပေ။ ငရဲဘဝ ခံရမည့် အကုသိုလ်ကံကုန်မှ သေကြရသည်။

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. နိရယ1 (ပု) [နိ+အယ။ + အယ။ နိ + ရယ။ အယော ဣဋ္ဌဖလံ၊ သော နိဂ္ဂတော အသ္မာတိ နိရယော၊ နိန္ဒိတော ရယော ဂမနံ ဧတ္ထာတိ ဝါ နိရယော။ ဓာန်၊ဋီ၊၆၅၇။ (နိရယ–သံ၊ အဒ္ဓမာဂဓီ၊ ဏိရယ-ပြာ၊ နရကယ-သီဟိုဠ်)] (၁) ငရဲဘုံ၊ သာယာမှု–ချမ်းသာ သုခ–မှကင်း–မရှိရာဖြစ်–သော၊ ဘုံ။ (၂) နိရယဂတိ။ (၃) ချမ်းသာသုခ–မှကင်း–မရှိ–ရာဖြစ်သော ပြိတ္တာဘုံ။ (၁) နတ္ထိ ဧတ္ထ အဿာဒသညိတော အယောတိ နိရယော။ ဝိ၊ဋ္ဌ၊၁၊၁၃၅။ ပဋိသံ၊ဋ္ဌ၊၁၊၃၃၉။ ဥဒါန၊ဋ္ဌ၊၃၇၆။ ဣတိဝုတ်၊ဋ္ဌ၊၆၉။ မဟာနိ၊ဋ္ဌ၊၃၃၅။ သာရတ္ထ၊၃၊၃၁၄။ အံ၊ဋီ၊၃၊၈၇။ သုခသင်္ခါတော၊ အယော ဧတ္ထ နတ္ထိတိ နိရယော၊ နိရတိအတ္ထေနပိ (နဿောဒတ္ထေနပိ) နိရယော။ အဘိ၊ဋ္ဌ၊၁၊၄၁၇။ ပဋိသံ၊ဋ္ဌ၊၁၊၂၆၉။ အယော၊ သုခံ။ နတ္ထိ ဧတ္တ အယောတိ နိရယော၊ တတော ဧဝ ရမိတဗ္ဗံ အဿာဒေတဗ္ဗံ တတ္ထ နတ္ထိတိ နိရတိအတ္ထေန နိရဿာဒဋ္ဌေန စ နိရယောတိ ဝုစ္စတိ။ သာရတ္ထ၊၂၊၁၉။ အယတော အပဂတော နိရယော။ မ၊ဋီ၊၂၊၃၂၃။ (ဝိ၊ဋ္ဌ၊၁၊၇၈။ ဒီ၊ဋ္ဌ၊၃၊၂၀၉။ မ၊ဋ္ဌ၊၁၊၃၄၂။ မ၊ဋ္ဌ၊၄၊၁၁၁။ အံ၊ဋ္ဌ၊၁၊၄၃။ အဘိ၊ဋ္ဌ၊၂၊၄၃၅။ ဣတိဝုတ်၊ဋ္ဌ၊၉၇။) (၂) ပဉ္စိမာ ဘိက္ခဝေ ဂတိယော။ ကတမာ ပဉ္စ နိရယော တိရစ္ဆာနယောနိ။ အံ၊၃၊၂၅၁။ နိရယော (အံ၊၁၊၆၁)တိ သဟောကာသကာ ခန္ဓာ။ အံ၊ဋ္ဌ၊၂၊၂၆။ (ဒီ၊၁၊၂၁၇။ မ၊၂၊၅၀-၁။ အဘိ၊ က၊၂၆၈၊ ၃၆၆။ ထေရ၊ဋ္ဌ၊၂၊၄၅၇။)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ တိပိဋကအဘိဓာန် အတွဲ-၁၂
  3. (ဥဒါန၊ဋ္ဌ၊၁၂၃။ ဣတိဝုတ်၊ဋ္ဌ၊၁၂၁၊ ၂၈၂။ ထေရ၊ဋ္ဌ၊၁၊၄၈၁။ ထေရီ၊ဋ္ဌ၊၂၉၅။ ဇာ၊ဋ္ဌ၊၇၊၁၂၅။ ဒီ၊ဋီ၊၂၊၇၂။)
  4. (အဘိ၊က၊၄၅၁။ ဇာ၊၂၊၆၀။ ဇာ၊ဋ္ဌ၊၅၊၂၈၇-၉။ ဓာန်၊ဋီ၊၆၅၇။
  5. (မ၊၃၊၂၀၅၊ ၂၂၂။ အံ၊၁၊၁၄၀။ ပေတ၊၁၃၄-၅။ ဇာ၊၂၊၆၀။ မ၊ဋ္ဌ၊၄၊၁၆၆-၇။ ပေတ၊ဋ္ဌ၊၄၈၊ ၂၃၂။ မဟာနိ၊ဋ္ဌ၊၃၇၅။ ဇာ၊ဋ္ဌ၊၅၊၂၈၃။)
  6. ဝိမာန၊ဋ္ဌ။ ၂၀၉၊ ၂၁၀။)
  7. (ဇာ၊၂၊၈။ ဇာ၊ဋ္ဌ၊၅၊၁၅၂။)
  8. (ဇာ၊ဋ္ဌ၊၅၊၂၉၃။)
  9. (ဇာ၊၂၊၆၀။ ဇာ၊ဋ္ဌ၊၅၊၂၈၃။)
  10. (မ၊၃၊၂၂၃)
  11. (ဇာ၊ဋ္ဌ၊၅၊၂၈၉။)
  12. (မ၊ဋ္ဌ၊၄၊၁၆၄။ အံ၊ဋ္ဌ၊၂၊၁၁၈။)
  13. မဃဒေဝလင်္ကာ
  14. (မ၊၁၊၄၁၃။ သံ၊၂၊၃၄၁။ သံ၊ဋ္ဌ၊၃၊၄၄။)
  15. (ဇာ၊ဋ္ဌ၊၇၊၁၄၁။)
  16. (ဇာ၊ဋ္ဌ၊၅၊၂၉၃။)
  17. (ဇာ၊ဋ္ဌ၊၇၊၁၃၉၊ ၁၄၀။)
  18. (ပေတ၊ဋ္ဌ၊၂၆၂။ ဇာ၊ဋ္ဌ၊၃၊၄၃။)
  19. (ဇာ၊ဋ္ဌ၊၅၊၂၉၄။)
  20. (ဓမ္မ၊ဋ္ဌ၊၁၊၂၈၇။ ပေတ၊ဋ္ဌ၊၂၆၃-၄။ သီ၊ဋီ၊သစ်၊၂၊၁၉၆။)
  21. (ဇာ၊ဋ္ဌ၊၇၊၁၄၀။)
  22. (အံ၊ဋ္ဌ၊၂၊၃၃၄။)
  23. (ဇာ၊၂၊၉။ ဇာ၊ဋ္ဌ၊၅၊၁၅၃။)
  24. (ဇာ၊ဋ္ဌ၊၅၊၁၅၂။)
  25. (ဇာ၊ဋ္ဌ၊၄၊၂၇၃။ ဇာ၊ဋ္ဌ၊၆၊၁၃၂။)
  26. (မ၊ဋ္ဌ၊၄၊၁၆၈။)
  27. (သံ၊ဋီ၊၂၊၂၈၀၊)
  28. (သံ၊ဋ္ဌ၊၃၊၁၄၁။)
  29. (သံ၊ဋီ၊၂၊၃၈၀။)
  30. (သံ၊ဋ္ဌ၊၃၊၁၄၁။)
  31. (မ၊၁၊၄၁၃။)
  32. (မ၊၁၊၄၁၃။)
  33. (ဇာ၊ဋ္ဌ၊၃၊၂၂၉။)
  34. (သံ၊၁၊၁၅၃။ အံ၊၃၊၃၉၆။ သုတ္တနိ၊၃၈၁။ နေတ္တိ၊၁၅၃။ သံ၊ဋ္ဌ၊၁၊၂၀၀။ နေတ္တိ၊ဝိ၊၃၃၃-၄။)
  35. (ဝိ၊ဋ္ဌ၊၁၊၁၃၅။ ဥဒါန၊ဋ္ဌ၊၃၇၆။ ဣတိဝုတ်၊ဋ္ဌ၊၆၉၊ ၁၂၁။ မဟာနိ၊ဋ္ဌ၊၃၃၅။ သာရတ္ထ၊၃၊၃၁၄။)
  36. (ပေတ၊ဋ္ဌ၊၂၆၂။)
  37. (ဇာ၊ဋ္ဌ၊၄၊၃။)
  38. (ဒီ၊ဋ္ဌ၊၂၊၁၀၁။ ပဋိသံ၊ဋ္ဌ၊၁၊၁၀၄-၅။ စူဠနိ၊ဋ္ဌ၊၅၄။)
  39. (အဘိ၊ဋ္ဌ၊၂၊၁၅၃။ ဝိသုဒ္ဓိ၊၂၊၁၈၅။)
  40. (အံ၊ဋ္ဌ၊၂၊၁၉၁။)
  41. (ပေတ၊ဋ္ဌ၊၂၆၆။ ဇာ၊ဋ္ဌ၊၅၊၂၈၄၊ ၂၉၄။)
  42. (ဇာ၊ဋ္ဌ၊၆၊၄။)
  43. (ပေတ၊ဋ္ဌ၊၉၊ ၁၃။)
  44. (ပေတ၊ဋ္ဌ၊၂၃၈။)
  45. (ဝိမာန၊ဋ္ဌ၊၁၇။)
  46. (အံ၊၁၊၃၁။ အံ၊၂၊ ၁၆, ၂၃၃) ဣတိဝုတ်၊၂၃၃။ မဟာနိ၊၂၇၆။ စူဠနိ၊၂၆၄။ သာရတ္ထ၊၁၊၄၀။) နိရယော (ပ၊ ဧ)—မ၊၁၊၄၁၃။ မ၊၃၊၇၂။ အံ၊၂၊ ၂၉၈။ အံ၊၃၊၄၇၅။ အပ၊၂၊၆၅။ စူဠနိ၊၄၇။ ဒီ၊ဋ္ဌ၊၂၊၆၆။ မ၊ဋ္ဌ၊၃၊၁၀။ မ၊ဋ္ဌ၊၄၊၈၇။ သံ၊ဋ္ဌ၊၂၊၆၈။ အံ၊ဋ္ဌ၊၂၊၉၀။ ပဋိသံ၊ဋ္ဌ၊၁၊၈၀။ ဝိသုဒ္ဓိ၊၁၊၃၀၃။ ဝိမာန၊ဋ္ဌ၊၂၀၉။ စရိယာ၊ဋ္ဌ၊၅၄။ မဟာနိ၊ဋ္ဌ၊၂၂၃။ စူဠနိ၊ဋ္ဌ၊၆၃။ နေတ္တိ၊ဋ္ဌ၊၁၂၉။ ဒီ၊ဋီ၊၃၊၂၄၄။ မ၊ဋီ၊၃၊၁၅၀။ အံ၊ဋီ၊၁၊၉၇။ နေတ္တိ၊ဝိ၊၃၃၄။ နိရယာ (ပ၊ ဗ) -မ၊၃၊၂၀၃၊ ၂၀၅။ ပေတ၊၂၁၅။ ဇာ၊၂၊၆၀။ အဘိ၊ဋ္ဌ၊၁၊၄၇။ ဥဒါန၊ဋ္ဌ၊၁၂၃။ ပေတ၊ဋ္ဌ၊၂၅၅။ အပ၊ဋ္ဌ၊၁၊၂၄။ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၂၃။ နိရယံ (ဒု၊ ဧ)—ဝိ၊၁၊၆၊ ၂၄။ ဝိ၊၅၊၂၃၅။ ဒီ၊၃၊၄၃။ မ၊၁၊၂၇။ မ၊၂၊၁၁။ မ၊၃၊၁၆။ သံ၊၁၊၁၈။ သံ၊၂၊၃၇၇။ သံ၊၃၊၃၁၆။ အံ၊၁၊၂၂၃။ အံ၊၂၊၂၂၀၊ ၄၇၀။ အံ၊၃၊၃၉၃။ အဘိ၊ပု၊၁၅၉။ အဘိ၊က၊၃၄၄၊ ၄၅၀။ ဓမ္မ၊၅၇၊ ၁၃၀။ ပေတ၊၁၅၂။ ထေရ၊၂၆၇၊ ၃၆၉။ အပ၊၂၊၁၄၉။ ဇာ၊၁၊၁၃၉။ မဟာနိ၊၃၁၆။ စူဠနိ၊၁၆၉။ ဇာ၊၁၊၁၃၉။ ဇာ၊၂၊၁၃၊ ၆၁၊ ၆၃။ နေတ္တိ၊၄၀၊ ၇၉။ ဝိ၊ဋ္ဌ၊၁၊၁၈၆။ ဝိ၊ဋ္ဌ၊၄၊၁၈၄၊ ၂၀၄။ ဒီ၊ဋ္ဌ၊၂၊၆၄။ မ၊ဋ္ဌ၊၁၊၁၇၂၊ ၃၂၀။ မ၊ဋ္ဌ၊၂၊၃၁၅။ မ၊ဋ္ဌ၊၄၊၁၈၂။ သံ၊ဋ္ဌ၊၂၊၁၉၀။ အံ၊ဋ္ဌ၊၂၊၂၃၃။ အဘိ၊ဋ္ဌ၊၁၊၁၇၂၊ ၂၀၇။ ပဋိသံ၊ဋ္ဌ၊၁၊၁၇။ ဝိသုဒ္ဓိ၊၁၊၅၂။ ဓမ္မ၊ဋ္ဌ၊၁၊၁၄။ ဓမ္မ၊ဋ္ဌ၊၂၊၄၅၊ ၁၂၃။ ဥဒါန၊ဋ္ဌ၊၆၉။ ဣတိဝုတ်၊ဋ္ဌ၊၂၆၅။ သုတ္တနိ၊ဋ္ဌ၊၁၊၁၁။ ဝိမာန၊ဋ္ဌ၊၂၀၉။ ပေတ၊ဋ္ဌ၊၁၉။ ထေရ၊ဋ္ဌ၊၂၇။ ထေရီ၊ဋ္ဌ၊၂၇၊ ၂၂၁။ စရိယာ၊ဋ္ဌ၊၉၉၊ ၂၁၁။ မဟာနိ၊ဋ္ဌ၊၂၂၃။ ဇာ၊ဋ္ဌ၊၁၊၂၅၀။ ဇာ၊ဋ္ဌ၊၄၊၄၇။ ဇာ၊ဋ္ဌ၊၅၊၁၅၄။ ဇာ၊ဋ္ဌ၊၆၊ ၁၉၈။ ဇာ၊ဋ္ဌ၊၇၊၁၂၇။ ဒီ၊ဋီ၊၃၊၁၅၇၊ ၁၉၀။ မ၊ဋီ၊၁၊၁၄၄။ မ၊ဋီ၊၂၊၂၀၄။ မ၊ဋီ၊၃၊၃၂။ အံ၊ဋီ၊၃၊၂၉၁။ နိရယေ (ဒု၊ ဗ)—ထေရီ၊၄၃၃။ ဇာ၊ဋ္ဌ၊၅၊၂၈၉။ ဇာ၊ဋ္ဌ၊၁၄၅။ မ ဋီ၊၃၊၃၆၀။ သံ၊ဋီ၊၁၊၁၀၄။ နိရယာနိ-ဇာ၊၂၊၉။ ဇာ၊ဋ္ဌ၊၅၊၁၅၄။ နိရယေန (တ၊ ဧ)—ဝိ၊၂၊၃၆၃။ ဝိ၊၅၊၁၀၉၊ ၁၃၂၊ ၁၅၀။ ဝိ၊ဋ္ဌ၊၃၊၂၀၄။ ဝိ၊ဋ္ဌ၊၄၊၁၄၄။ နိရယာယ(စ၊ ဧ) သံ၊၁၊၄၇။ ဓမ္မ၊၅၇။ သာရတ္ထ၊၂၊၂၈၆။ ကင်္ခါ၊ဋီ၊သစ်၊၂၂၀။ အံ၊ဋီ၊၁၊၂၃၀။ နိရယေန (မ၊ ဧ)—အယမေဝ သူလော နိရယေန တေနာတိ တတော ဣမဿ ဥပ္ပတ္တိဋ္ဌာနဘူတတော နိရယတော (နရကတော၊ က) အယမေဝ သူလော သေယျောတိ။ ပေတ၊ဋ္ဌ၊၂၀၅။ နိရယာ-သံ၊၃၊၂၉၈၊ ၃၂၇။ မိလိန္ဒ၊၁၅၁။ ဥဒါန၊ဋ္ဌ၊၉၆။ နိရယတော- မ၊ဋ္ဌ၊၃၊၁၈၄။ ပေတ၊ဋ္ဌ၊၁၉၊ ၂၁၆။ အပ၊ဋ္ဌ၊၁၊၁၇၉။ သီ၊ဋီ၊သစ်၊၁၊၄၁၄။ မ၊ဋီ၊၃၊၃၅၉။၊ နိရယေဟိ (မ၊ ဗ) ဇာ၊ဋ္ဌ၊၅၊၁၅၄။ နိရယဿ (ဆ၊ ဧ) အံ၊ဋ္ဌ၊၂၊၉၀။ ဣတိဝုတ်၊ဋ္ဌ၊၆၉။ ဝိမာန၊ဋ္ဌ၊၂၀၇။ နိရယာနံ (ဆ၊ ဗ)—ဇာ၊ဋ္ဌ၊၅၊၂၈၉။ ဇာ၊ဋ္ဌ၊၇၊၇၉။ နိရယေ (သ၊ ဧ)—မ၊၂၊၃၀၇။ သံ၊၁၊၄၄၇။ နိရယေ(သ၊ ဧ)—မ၊၂၊သံ၊၃၊၄၁၃။ အံ၊၁၊၁၀၃။ အံ၊၂၊၃၊ ၁၂၂။ အံ၊၃၊၄၉၀။ ဝိမာန၊၇၆။ ထေရ၊၃၂၇။ ထေရီ၊၄၂၉။ အပ၊၂၊၃၁၃။ ဇာ၊၁၊၃၄၀။ ဇာ၊၂၊၆၂၊ ၆၃။ ဝိ၊ဋ္ဌ၊၂၊၄၊ ၅၉။ ဝိ၊ဋ္ဌ၊၃၊ နိရယာ ၂၀၄။ ဒီ၊ဋ္ဌ၊၂၊၃၄၁၊ ၃၇၇။ ဒီ၊ဋ္ဌ၊၃၊၁၅၈၊ ၂၂၀။ မ၊ဋ္ဌ၊၁၊၂၄၀၊ ၂၉၅။ မ၊ဋ္ဌ၊၃၊၃၈။ ၄၇။ မ၊ဋ္ဌ၊၄၊၅၊ ၈၇။ သံ၊ဋ္ဌ၊၁၊၁၆၊ ၁၀၃။ ဋ္ဌ၊၁၊၂၀၉။ သံ၊ဋ္ဌ၊၃၊၅၁၊ ၁၉၄၊ ၂၉၈။ အံ၊ဋ္ဌ၊၂၊၂၃၊ ၆၄။ အံ၊ဋ္ဌ၊၃၊၁၃၆၊ ၃၁၀။ အဘိ၊၄၊၁။ ၁၇၂။ ဓမ္မ၊ဋ္ဌ၊၂၊၃၀၂၊ ၄၄၉။ ဥဒါန၊ဋ္ဌ၊၁၆၂။ ဣတိဝုတ်၊ဋ္ဌ၊၁၆၇။ သုတ္တနိ၊ဋ္ဌ၊၂၊၁၁။ ဝိမာန၊ဋ္ဌ၊၁၇၊ ၂၀၆။ ပေတ၊ဋ္ဌ၊၅၊၄၇၊ ၂၃၈။ ထေရ၊ဋ္ဌ၊၂၊၁၃။ ထေရီ၊ဋ္ဌ၊၃၁၊ ၂၆၇။ အပ၊ဋ္ဌ၊၁၊၂၃၊ ၁၉၉၊ ၂၆၉။ မဟာနိ၊ဋ္ဌ၊၂၃၅။ ဇာ၊ဋ္ဌ၊၁၊၂၂၇၊ ၂၄၉။ ဇာ၊ ဇာ၊ဋ္ဌ၊ဋ္ဌ၊၃၊၄၄၀။ ဇာ၊ဋ္ဌ၊၅၊၂၇၁၊ ၂၉၁၊ ၅၄၀။ ၆။ ၁၀၀။ သာရတ္ထ၊၂၊၂၈၆၊ ၃၆၀။ သာရတ္ထ၊၃၊၁၈၉၊ ၂၂၁။ ဝိမတိ၊၁၊၈၄။ သီ၊ဋီ၊သစ်၊၂၊၃၆၄။ ဒီ၊ဋီ၊၂၊၃၂၉။ မ၊ဋီ၊၂၊၂၁။ မ၊ဋီ၊၃၊၃၂။ သံ၊ဋီ၊၂၊၈၅၊ ၃၁၄။ အံ၊ဋီ၊၁၊၁၇၂၊ ၂၁၄၊ ၂၅၇။ အံ၊ဋီ၊၂၊၆၆၊ ၃၂၉။ အံ၊ဋီ၊၃၊၁၁၂။ နိရယမှိ—ဝိ၊၄၊၃၆၉။ အံ၊၃၊၆၂။ အဘိ၊က၊၃၄၆၊ ၄၂၉။ ဣတိဝုတ်၊၂၀၃။ သုတ္တနိ၊၃၂၈။ ပေတ၊၂၁၂။ ထေရ၊၃၄၅။ ထေရီ၊၄၂၇။ ဇာ၊၂၊၁၅၂။ ဝိ၊ဋ္ဌ၊၂၊၁၉၂။ အံ၊ဋ္ဌ၊၃၊၃၁၀။ ဣတိဝုတ်၊ဋ္ဌ၊၆၆။ သုတ္တနိ၊ဋ္ဌ၊၂၊၇၂။ ထေရ၊ဋ္ဌ၊၂၊၉၇။ ထေရီ၊ဋ္ဌ၊၁၂။ စရိယာ၊ဋ္ဌ၊၁၀။ ဇာ၊ဋ္ဌ၊၅၊၁၃၉။ ဇာ၊ဋ္ဌ၊၆၊၂၀။ ဇာ၊ဋ္ဌ၊၇၊၁၄၁။ ဝဇိရ၊၂၀၅။ သာရတ္ထ၊၃၊၄၂၂။ နိရယသ္မိံ—အံ၊ဋ္ဌ၊၁၊၃၆၉။ အံ၊ဋီ၊၁၊၂၂၅။ နိရယေသု (သ၊ ဗ)-အဘိ၊က၊၄၃၀။ ထေရ၊၃၂၇။ ထေရီ၊၄၂၉၊ ၄၃၁။ ဒီ၊ဋ္ဌ၊၂၊၁၀၁၊ ၃၇၉။ မ၊ဋ္ဌ၊၁၊၂၉၇။ သံ၊ဋ္ဌ၊၃၊၁၉၅။ ပဋိသံ၊ဋ္ဌ၊၁၊၁၀၄။ ပေတ၊ဋ္ဌ၊၂၃၈။ ထေရ၊ဋ္ဌ၊၂၊၂၉၉။ အပ၊ဋ္ဌ၊၆၇။ ၂။ ၂၃။ ဗုဒ္ဓဝံ၊ဋ္ဌ၊၄၅၊ ၁၂၆။ မဟာနိ၊ဋ္ဌ၊၃၇၄။ ဇာ၊ဋ္ဌ၊၅၊၁၅၄၊ ၂၈၇။ ဇာ၊ဋ္ဌ၊၇၊၁၄၀။ မ၊ဋီ၊၃၊၃၆၂။ သံ၊ဋီ၊၂၊၃၀၀။ (၃) နိရယေ (ပေတ၊၁၈၀)တိ ဗလဝဒုက္ခတာယ ပေတ္တိဝိသယံ နိရယသဒိသံ ကတွာ အာဟ။ ပေတ၊ဋ္ဌ၊၁၉၉။