ယုဂန္ဓိုရ်တောင်

ဝီကီပီးဒီးယား မှ

မြင်းမိုရ်တောင်ကို ဝန်း (ဝိုင်း) ရံ၍ တည်သော တောင်စဉ် ၇-ထပ်တို့တွင် တစ်ခုသောတောင်မှာ ယုဂန္ဓိုရ်တောင်ဖြစ်သည်။[၁]

ယုဂန္ဓိုရ်တောင်နှင့် နေလ[ပြင်ဆင်ရန်]

[၂] နေနှင့် လတို့ ယုဂန္ဓိုရ်တောင် ထိပ်မှ ထွက်ပေါ်ကြသည် မဟုတ်ငြားသော်လည်း ယုဂန္ဓိုရ်တောင်ထိပ်နှင့် ညီမျှသော ကောင်းကင် ခရီးဖြင့် လှည့်လည်သွား လာသောကြောင့် ယုဂန္ဓိုရ်တောင်ကို နေ လတို့၏ တည်ရာဌာနအဖြစ်ဖြင့် ကြံဆ၍ ယုဂန္ဓိုရ်တောင်ထိပ်၌ နေနှင့်လတို့ ထွက်ပေါ်သည့် အနေအားဖြင့် “ယုဂန္ဓရမတ္ထကေ ဗာလသူရိ ယော”(= ယုဂန္ဓိုရ်တောင်ထိပ်၌ နေလုလင်) စသည်ဖြင့် အဋ္ဌကထာ, ဋီကာဆရာကြီးများ ရေးသား သုံးနှုန်းတော်မူကြလေသည်၊ [၃] [၁]

ယုဂန္ဓိုရ်တောင်ထိပ်၌ ဘုရားခြေတော်ချခြင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသခင်သည် ဘုရားဖြစ်တော်မူ၌ ၇-ဝါမြောက် ရောက်သောကာလ သာဝတ္ထိပြည်၏ အနီး ကဏ္ဍအမည်ရှိသော ဥယျာဉ်စောင့်သည် စိုက်အပ်သော သရက်ပင်၏ အရင်း၌ တိတ္ထိတို့ကို နှိပ်နင်းခြင်း အကျိုးငှာ ရေမီးအစုံအစုံ အစရှိသော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူသည့်အဆုံး၌ (၁) သရက်ပင်ရင်း၌ လက်ဝဲခြေ ၁-ဖဝါး၊ (၂) ယုဂန္ဓိုရ်တောင်ထိပ်၌ လက်ျာခြေ ၁-ဖဝါး၊ (၃) မြင်းမိုရ်တောင်ထိပ်၌ [၄] တနည်း—တာဝတိံ နတ်ပြည်၌[၅] လက်ဝဲခြေ ၁-ဖဝါး။ ခြေလှမ်းအားဖြင့် ၂-လှမ်း၊ ၁-ဖဝါးအားဖြင့် ၃-ဖဝါးသာနင်းသဖြင့် တာဝတိံသာ နတ်ပြည်သို့ အရောက် ကြွတော်မူသည်။ [၆]

ယုဂန္ဓိုရ်တောင်ပေါ်၌ ရဟန္တာများ အစည်းအဝေးထိုင်တော်မူခြင်း သာဂလပြည်ဝယ် ပညာရှိဆိတ်သုဉ်းသောအခါ ကုဋေပေါင်းမြောက်မြားစွာသော ရဟန္တာတို့ ယုဂန္ဓိုရ်တောင်ပေါ်၌ စည်းဝေး တိုင်ပင်ကြပြီးလျှင် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူကြ၍ အရှင်နာဂသေန အလောင်း ဖြစ်သော မဟာသေန နတ်သားကို လူ့ ပြည်၌ ဖြစ်ရန် တောင်းပန်တော် မူကြသည်။ [၇] [၁]

ယုဂန္ဓိုရ်တောင်ပေါ်၌ ဟင်္သာညီနောင် နားနေဖူးခြင်း[ပြင်ဆင်ရန်]

ဘုရားလောင်းဟင်္သာညီနောင်တို့ နေမင်းနှင့် အပြေးပြိုင်စဉ်အခါက ယုဂန္ဓိုရ်တောင် ထိပ်ပေါ်မှာ နားနေဖူးကြသည်။ [၈][၁]


ဆက်လက်ဖတ်ရှုရန်[ပြင်ဆင်ရန်]

သီဒါ ခုနစ်တန်

တောင်စဉ် ခုနစ်ထပ်

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ တိပိဋကအဘိဓာန် အတွဲ-၁၇
  2. စန္ဒသူရိယ သင်္ခါတံ ယုဂံ ဓာရေတီတိ တဒုဗ္ဗေဓမဂ္ဂစာရိတ္တာတိ ယုဂန္ဓရော။ ဓာန်၊ဋီ၊၂၆။ အဋ္ဌသာ၊ယော၊၃။ ယုဂံ ရဝိန္ဒုဒွယံ ဓာရေတီတိ ယုဂန္ဓရော။ နိရုတ္တိ၊၅၃၉-နှာ။ ယုဂံ ဓာရယတီတိ ယုဂန္ဓရော။ ကပ္ပဒ္ဒုမ။ ယုဂန္ဓရ-သံ။ ယုဂံဓရ-ပြာ]
  3. (ဒီ၊ဋ္ဌ၊၂၊၂၇၀။ အဘိ၊ဋ္ဌ၊၁၊၁။ ဓမ္မဋ္ဌ၊၁၊၁၅၉။ ပေတ၊ဋ္ဌ၊၁၂၈။ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၇။ ဇာ၊ဋ္ဌ၊၁၊၁၃၆။ ဒီ၊ဋီ၊၂၊၂၆၊ ၂၃၃။ မ၊ဋီ၊၃၊၃၃၇။ မူလဋီ၊၁၊၈။ ဓာန်၊ဋီ၊၂၆။)
  4. (ဝိသုဒ္ဓိ၊၂၊၃၂။ ဓမ္မ၊ဋ္ဌ၊၂၊၁၄၀။ ဇာ၊ဋ္ဌ၊၄၊၂၆၅)။
  5. (ဒီ၊ဋ္ဌ၊၃၊၁၀၄။ မ၊ဋ္ဌ၊၃၊၂၅၇။ အံ၊ဋ္ဌ၊၁၊၉၇။)
  6. (ဒီ၊ဋ္ဌ၊၃၊၁၀၄။ မ၊ဋ္ဌ၊၃၊၂၅၇။ အံ၊ဋ္ဌ၊၁၊၉၇။ ဝိသုဒ္ဓိ၊၂၊၃၂။ ဓမ္မ၊ဋ္ဌ၊၂၊၁၄၀။ ဇာ၊ဋ္ဌ၊၄၊၂၆၅။)
  7. (မိလိန္ဒ၊၆၊ ၇။)
  8. (သံ၊ဋ္ဌ၊၂၊၂၀၈။ ဇာ၊ဋ္ဌ၊၄၊၂၁၃-၄။) ယုဂန္ဓရော ဤသဓရော၊ ကရဝီကော သုဒဿနော။ နေမိန္ဓရော ဝိနတကော၊ အဿကဏ္ဏော ဂိရီ ဗြဟာ။ ဝိ၊ဋ္ဌ၊၁၊၉၁။ အဘိ၊ဋ္ဌ၊၁၊၃၃၇။ ဝိသုဒ္ဓိ၊၁၊၂၁၀။ စူဠနိ၊ဋ္ဌ၊၃၈။ သုဒဿနော ကရဝီကော၊ ဤသဓရော ယုဂန္ဓရော။ နေမိန္ဓရော ဝိနတကော အဿကဏ္ဏော ဂိရီ ဗြဟာ။ ဇာ၊၂၊၂၀၁။ သိလာသနေ သန္နိသိန္နော၊ အာဒိစ္စောဝ ယုဂန္ဓရေ။ အဘိ၊ဋ္ဌ၊၁၊၁။ ဒေဝလောကံ ဂစ္ဆန္တော ဧကပါဒံ ယုဂန္ဓရေ ပတိဋ္ဌပေတွာ ဒုတိယံ သိနေရု မတ္ထကေ ဌပေသိ။ ဝိသုဒ္ဓိ၊၂၊၃၂။