လူခြောက်
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
လူခြောက်ဆိုသည်မှာ သန္ဓေသားက မိခင် ဝမ်းတွင်းမှာပင် သေဆုံးသွားခြင်းဖြစ်သည်။ ကိုယ်ဝန်ပတ်၂၀ ကျော်မှ မမွေးမချင်း မိခင်၏ ဝမ်းထဲတွင် သေဆုံးသွားသမျှ အကုန်လုံးကိုလူခြေက်ဟုခေါ်ကြသည်။
ယခင်က ကိုယ်ဝန်ဆောင်သည်များမှာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ကောင်းကောင်း မရကြသဖြင့် မိခင်ဗိုက်ထဲမှာတင် သေဆုံးသွားသည့်ကလေးများ များပြားကြသည်။ ထို့ကြောင့် လူခြောက်လေးများလည်း များပြားသည်။ ယခုနောက်ပိုင်းတွင် ကိုယ်ဝန်စောစောအပ်ကြသည့် မိခင်များ များပြားလာကြသဖြင့် ယခုကဲ့သို့ သေဆုံးခြင်းတွေ နည်းသွားသည်။ထို့ကြောင့် လူခြောက်လေးများလည်း အတွေ့ရနည်းသွားသည်။သို့သော်ရှိတော့ရှိနေသေးသည်။
လူခြောက် ဖြစ်ပေါ်ပုံအဆင့်ဆင့်
[ပြင်ဆင်ရန်]ဗိုက်ထဲမှ သန္ဓေသား သေဆုံးသွားသောအခါ ပြင်ပမှလူများသေဆုံးသလို ပုပ်သွားတတ်သည်။ ၎င်းပုပ်ခြင်းက အချိန်နှင့်အမျှ အဆင့်ဆင့် ဖြစ်ပေါ်သည်။
ပုပ်ခြင်းအဆင့် ၀ သေဆုံးပြီးကြာချိန်- ၈ နာရီ လက္ခဏာများ- အရေပြားများနီပြီး အပူလောင်ခြင်းနှင့် ဆင်တူပါသည်။
ပုပ်ခြင်းအဆင့် ၁ သေဆုံးပြီးကြာချိန်-၈ နာရီနောက်ပိုင်း လက္ခဏာများ-အရေပြားများ အဖက်လန်လာပါသည်။
ပုပ်ခြင်းအဆင့် ၂ သေဆုံးပြီးကြာချိန်- ၂-၇ ရက် လက္ခဏာများ –အဖက်လန်ခြင်းများ ပိုသိသာလာပါသည်။
- -ဗိုက်နှင့် ရင်ဘတ်များတွင် သွေးရောင်များနှင့် နီရဲနေတတ်ပါသည်။
ပုပ်ခြင်းအဆင့် ၃ သေဆုံးပြီးကြာချိန်- ၈ ရက် လက္ခဏာများ –အသည်း ဝါနေပါပြီ။
- -ကလေး၏ ကိုယ်တွင်းအရည်တွေ နောက်နေပါပြီ။
- -ခြောက်ပြီး မာသွားပါပြီ။ (လူခြောက်လေး ဖြစ်သွားပါပြီ။)
မိခင်များက ကလေးဗိုက်ထဲတွင် သေဆုံးသွားခြင်းကို ချက်ချင်းသိနိုင်ရန်ခဲယဉ်းသည်။ ၁ ပတ်ခန့်ကြာမှ သိသဖြင့်မွေးထုတ်လိုက်ရပြီဆိုလျှင် လူခြောက်လေးဖြစ်နှင့်ပါပြီ။
အကြောင်းရင်းများ
[ပြင်ဆင်ရန်]- •အချင်း သို့မဟုတ် ချက်ကြိုးတွင် ပြဿနာတစ်ခုခုရှိနေခြင်း (ထို့ကြောင့် ကလေးဆီသို့ လိုအပ်သော အာဟာရများ၊ အောက်ဆီဂျင်များ မရဘဲ ဆုံးသွားပါသည်။)
- •ကိုယ်ဝန်ဆိပ်တက်ခြင်း
- •အရေပြားလေးဖက်နာရှိခြင်း (ထိုရောဂါရှိပါက ဖြစ်ကို ဖြစ်မည်ဟု မဆိုနိုင်ပါ။ သို့သော် ဖြစ်နိုင်ခြေများစေပါသည်။)
- •ဟေမိုဖီးလီးယားလိုမျိုး သွေးမတိတ်ပြဿနာရှိလျှင်လည်း ဖြစ်နိုင်ခြေများပါသည်။
- •ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သိုင်းရွိုက်ရောဂါနှင့် ပိုးဝင်ခြင်းတွေကလည်း သန္ဓေသားကို ဗိုက်ထဲမှာတင် ဆုံးသွားစေနိုင်ပါသည်။
- •မိခင်မှ ကိုယ်ဝန်ရှိစဉ် အရက်သောက်လျှင်၊ ဆေးလိပ်သောက်လျှင်၊ မူးယစ်ဆေးများ သုံးလျှင်လည်း ဖြစ်တတ်ပါသည်။
- •ကိုယ်ဝန်ပတ် ၂၄ ပတ်နှင့်၂၇ ပတ်ကြားတွင် ပိုးဝင်ကူးစက်ခံရမည်ဆိုလျှင်လည်း ကလေးသေဆုံးနိုင်ခြေများသည်။ (ပိုး အမျိုးအစား များစွာရှိသည်။ မိန်းမကိုယ်ကနေ သားအိမ်ကို တက်လာသည့ ပိုးများလည်း ပါပါသည်။ တုပ်ကွေးကဲ့သို့ ဗိုင်းရပ်စ်များ၊ ဂျိုက်သိုး၊ ရေယုန် စတာတွေလည်း ပါတတ်ပါသည်။ တချို့ပိုးများသည် အကူးခံရပြီး ကလေးက သေဆုံးသွားသော်ငြား လက္ခဏာမပြခြင်းလည်း ရှိနိုင်ပါသည်။)
- •ကားတိုက်ခံရခြင်းကဲ့သို့ ပြင်းထန်သည့် ထိခိုက်ဒဏ်ရာများကလည်း သန္ဓေသားကို သေဆုံးစေနိုင်ပါသည်။
- •ကိုယ်ဝန်ဆောင်ချိန်တွင် Intrahepatic cholestasis ဟူသည့် အသည်းရောဂါကြောင့်လည်း သန္ဓေသားက ဗိုက်ထဲမှာတင် ဆုံးသွားတတ်သည်။ (ဤရောဂါ၏ သိသာသောလက္ခဏာမှာ ပြင်းပြင်းထန်ထန် ယားယံတတ်ခြင်းသာ ဖြစ်ပါသည်။)
ယခုကဲ့သို့အကြောင်းအရင်းများ ရှိသော်လည်း ဗိုက်ထဲမှာတင် သေဆုံးသွားသည် ကလေး ၃ ယောက်တွင် ၁ယောက်သည် အကြောင်းအရင်းမရှိဘဲ ဆုံးသွားတာဘဲ ဖြစ်သည်။*