မြနန်းနွယ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
မြနန်းနွယ်ပုံ
ဗိုလ်တထောင်ဘုရားရှိ မြနန်းနွယ်ဘုရား

ယနေ့ခေတ်တွင် ဗိုလ်တစ်ထောင်စေတီတော်‎သမိုင်းနှင့် ““မြနန်းနွယ်””၏ သမိုင်းစဉ်သည်လည်း ယှဉ်လျက် ပါလာသည်ကို တွေ့ရသည်။ အချို့က မြနန်းနွယ်သည် ““သိုက်နန်းရှင်”” ဖြစ်သည် ဟု ဆို၏။ အချို့က မြနန်းနွယ် သည် သိုက်ချုပ် ဟုပင်ဆို၏။ သိုက်နှင့် ဆက်နွယ်သူများ သိုက်ကြိုးဖြတ် လိုသူများက မြနန်းနွယ်ထံသို့ အရောက်သွားကြသည်။ မြနန်းနွယ် နတ်နန်းတွင် ပွဲထိုးခြင်း၊ ပုဝါအဝတ်အထည် လှူခြင်းများနှင့် ပူဇော်ပသကာ ဆုတောင်းကြသည်။ ““အမ မြနန်းနွယ် ဟာ လူအများကို အကျိုးဩဇာသက်ရောက်မှု ကြီးမားသည်။ ရန်ကုန်အနှံ့တွင် မြနန်းနွယ်နှင့် မြနန်းနွယ် အဆက်အနွယ်တို့က မင်းမူနေသည်မှာ အမှန်ပင်။ မြနန်းနွယ်တို့ ညီအစ်မ သုံးဖော်ဟု တချို့က ပြောကြသည်။ တချို့က မြနန်းနွယ်တွင် ညီအစ်မနှစ်ဖော် ရှိသည်ဟု ပြောကြသည်။ အချို့က မြနန်းနွယ် သည် ရှမ်းပြည်မှ ရောက်လာရဟုပြော၏။ တချို့က မြနန်းနွယ် ဆိုတာ သိုက်နန်းက လူ့ပြည်ကို အလည်လာသူဟု ပြော၏။


တကယ်တော့ မြနန်းနွယ်ဆိုတာ နာမည် စွဲတစ်ခုပဲ ဖြစ်သည်။ သူသည် လူသားစင်စစ် တစ်ဦးဖြစ်ပြီး သူ့အမည်မှာ ““ဒေါ်ခင်ညွန့်”” သူ့ခင်ပွန်းက လူမျိုးခြား တစ်ဦးဖြစ်သည်။ ဒေါ်ခင်ညွန့် သည် ပြည့်စုံကြွယ်ဝသူတစ်ဦး၊ မြန်မာအမျိုးသမီးပီပီ စေတနာကောင်းသည်။ အလှူအတန်းရက်ရောသည်။ သူသည် ဗိုလ်တထောင် ဆံတော်ဦးစေတီမှ တစ်ကိုယ်ဆင်စာ ရတနာ ပစ္စည်းတွေ လှူဘူးသည်။ ဒေါ်ခင်ညွန့်တည်သော ဘုရားလည်း ဗိုလ်တထောင် ဘုရားမှာရှိ၏။ သူက လှူတိုင်း သူ့ကိုယ်သူ အမြဲတမ်း မြနန်းနွယ်လို့ ပြောသည် ဟုသိရသည်။

မြနန်းနွယ်အား ဗိုလ်တထောင်ဆံတော်ဦးစေတီတော်တွင်သာမဟုတ်၊ လှိုင်သာယာရှိ ရှေးဟောင်းရွှေရင်အေး စေတီတော်၌ လည်းကောင်း၊ အောင်မြေသာယာရွှေစေတီတွင် လည်းကောင်း၊ မြနန်းနွယ်နတ်နန်းတွေ့ရှိရသည်။

ကိုးကား[ပြင်ဆင်ရန်]