နိမ္မာနရတိဘုံ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
![]() |
နိမ္မာနရတိနတ်ပြည်[၁]သည် နတ်ပြည် ၆-ထပ်တို့တွင် ပဉ္စမမြောက် နတ်ပြည်ဖြစ်သည်၊ လူ့ဘုံမှ ယူဇနာ ၂၁၀၀၀၀ (၂-သိန်း, သောင်း) ကွာဝေးလေသည်။ လေးသောင်း နှစ်ထောင်သင်္ချာဆောင် လူ့ဘောင်ခြောက်ထပ်ခြား-ဟူသည်နှင့်အညီ ကာမသုဂတိ ၇-ဘုံသည် ယူဇနာ (၄၂၀၀၀) လေးသောင်း, နှစ်ထောင်စီခြားသည်။
တုသိတာနတ်ဘုံ၏အထက် ယူဇနာ(၄၂၀၀၀)ကွာသော ကောင်းကင်ပြင်တွင် ယာမာနတ်ပြည်၊ တုသိတာနတ်ပြည်များနည်းတူ ပန်းဆိုင်းဆွဲသကဲ့သို့ တည်ရှိသည်။ ထိုပြည်ရှိနတ်တို့သည် ပင်ကိုရှိပြီးသား စည်းစိမ်ထက် အလွန်အကဲ ခံစားလိုကြသည့်အခါ မိမိတို့ကိုယ်တိုင် စိတ်တိုင်းကျဖန်ဆင်း၍ မွေ့လျော်လေ့ရှိသော နတ်များဖြစ်ကြသည်။
အောက်နတ်ပြည် ၄-ထပ်တို့၌ အမြဲထားအပ်သော ကိုယ်ပိုင်ဇနီးမောင်နှံရှိကြသော်လည်း နိမ္မာနရတိဘုံနှင့် ပရနိမ္မိတဘုံတို့၌ အမြဲမရှိ၊ ထိုနတ်တို့သည် အပိုအလွန် စည်းစိမ်ခံစားလိုမှသာ မိမိတို့လိုရာ အဆင်း၊ အသံစသည်တို့ကို ကိုယ်တိုင်ဖန်ဆင်းကြ၍ ထိုဖန်ဆင်းသော အာရုံ၌ပင် မွေ့လျော်ပျော်ပိုက် နေတတ် ကြသည်။ ထို့ကြောင့် ထိုနတ်တို့ကို `နိမ္မာနရတိနတ်'များဟုခေါ်ကြသည်။
(နိမ္မာန=လိုရာစည်းစိမ်ကို မိမိဘာသာ ဖန်ဆင်း၍ + ရတိ=မွေ့လျော်ကြသည့် နတ်များ၏ဘုံ)
ဘုရားရှင်လက်ထက် အရှင်အနုရုဒ္ဓါ၏ မိဖုရားဟောင်းဖြစ်ဘူးသော မနာပကာယိကာအမည်ရှိသော နိမ္မာနရတိနတ်သမီးသည် အရှင်အနုရုဒ္ဓါကျောင်းသင်္ခမ်းသို့ လာရောက်၍ အမျိုးမျိုးဖန်ဆင်း၍ ပျော်ပါးချင်လာအောင် ရံဖန်တစ်ယောက်တည်း ရံခါအဖော်နှင့် ကာမဂုဏ်အမျိုးမျိုးဖြင့် ဖိတ်မန်သကဲ့သို့ပြုသည်၊ မထေရ်က နောက်မလာဖို့ မိန့်ကြားပြီး မိမိ၏ အရဟတ္တဖိုလ်ကို ပြောကြားလိုက်၏။ [၂]
ထိုနတ်ပြည်ကို အုပ်ချုပ်သောနတ်မင်းကား “သုနိမ္မိတနတ်မင်းကြီး” ဖြစ်သည်။
ဝိသာခါကျောင်းအမသည် နိမ္မာနရတိနတ်ပြည်တွင် သုနိမ္မိတနတ်မင်းကြီး၏ နတ်မိဖုရားဖြစ်ရသည်။[၃]
ထမင်းချိုး လှူရ၍ နိမ္မာနရတိ နတ်ပြည်၌ ဖြစ်ရသော အမျိုးသမီးကလေး၊ အာစာမဒါယိကာ ဝိမာနဝတ္ထု၊ [၄] ။
[၅] ဤ၌ သီရိမာသည် နိမ္မာနရတိနတ်ပြည်တွင်ဖြစ်ကြောင်းဖွင့်ပြထား၏
ထိုနတ်တို့၏သက်တမ်းသည် သူတို့၏အရေအတွက်အားဖြင့် နှစ်ပေါင်း (၈၀၀၀)ရှည်၍ လူသားတို့၏ နှစ်အရေအတွက်အားဖြင့် ကုဋေ(၂၃၀)နှင့် လေးသန်း ရှိ၏။
လူတို့၏ နှစ်(၈၀၀)သည် နိမ္မာနရတိနတ်ပြည်၏ တစ်ရက်ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ နိမ္မာနရတိ (ထီ) [နိမ္မာန + ရတိ] (၁) (က) (အသုံးအဆောင်တို့ကို) ဖန်ဆင်းခြင်း၌ မွေ့လျော်ခြင်းရှိသော နတ်။ (ခ) (အလိုရှိအပ်သမျှ ရူပါရုံကို) ဖန်ဆင်း၍ မွေ့လျော်သော နတ်။ (ဂ) ပကတိစီရင်အပ်သော အာရုံထက် လွန်ကဲသော အာရုံဖြင့် မွေ့လျော်ခြင်းငှါ အလိုရှိရာအခါ၌ နှစ်သက်အပ်တိုင်းသော စည်းစိမ်တို့ကို ဖန်ဆင်း၍ မွေ့လျော်တတ်သော နတ်၊ နိမ္မာနရတိနတ်။ (၂) နိမ္မာနရတိ–ဘုံ–ပြည်။
- ↑ ဒီ၊ဋ္ဌ၊၃၊၁၈၃။ သံ၊ဋ္ဌ၊၁၊၂၆၈။ အဘိ၊ဋ္ဌ၊၂၊၅၀၂။) (၁) (က) နိမ္မာနရတီ (ဒီ၊၃၊၁၈၃) တိ ဧဝံ သယံ နိမ္မိတေ နိမ္မိတေ နိမ္မာနေ ရတိ ဧတေသန္တိ နိမ္မာနရတိ။ ဒီ၊ဋ္ဌ၊၃၊၁၈၃။ ဣတိဝုတ်၊ဋ္ဌ၊၂၈၅။ (ဘောဂါနံ) နိမ္မာနေ ရတိ ဧတေသန္တိ နိမ္မာနရတိနော။ အံ၊ဋီ၊၂၊၃၁။ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၈၄။ ဝိဘာဝိနီ၊၁၆၃။ (ခ) တေဟိ ဣစ္ဆိတိစ္ဆိတံ ရူပံ မာပေတွာ အဘိရမဏတော နိမ္မာနရတီတိ စ မနာပါတိ စ ဝုစ္စန္တီတိ။ အံ၊ဋ္ဌ၊၃၊၂၀။ (ဂ) ပကတိ ပဋိယတ္တာ အာရမ္မဏတော အဘိရေကေန ရမိတုကာမကာလေ ယထာရုစိတေ ဘောဂေ နိမ္မိတွာ ရမန္တီတိ နိမ္မာနရတိ။ အဘိ၊ဋ္ဌ၊၂၊၅၀၂။ ပဋိသံ၊ဋ္ဌ၊၂၊၂၁၈။ ထေရီ၊ဋ္ဌ၊၁၇၅။ မဟာနိ၊ဋ္ဌ၊၁၃၃။ အံ၊ဋီ၊၂၊၁၇၉။ (မဟာနိ၊ဌ၊၁၃။) (၂) နိမ္မာန-ရတိယာ တိဋ္ဌတိ။ အဘိ၊က၊၄၄၀။ တတော နိမ္မာနရတိံ၊ ဝသဝတ္တိပုရံ တတော။ အပ၊၂၊၁၈၈၊ ၂၂၂၊ ၂၅၄။ (သာရတ္ထ၊၃၊၂၂၁၊ မ၊ဋီ၊၂၊၂၁။ အံ၊ဋီ၊၃၊၃၀၅။)
- ↑ ဝိမာန-ပါ-၆၁၊ ၆၂၊ ဝိမာန-ဋ္ဌ-၁၇၂။
- ↑ ဝိမာန-ပါ-၂၄၊ ဝိမာန-ဋ္ဌ-၉၀။
- ↑ ဝိမာန-ပါ-၁၈၊ ဝိမာန-ဋ္ဌ-၆၀၊ ၆၇၊ ၇၂၊
- ↑ မောင်ဝိဇ္ဇာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
- ↑ တက္ကသိုလ်သျှင်သီရိ“နတ်ပြည်ရောက်လူသားတို့၏ ဘဝအတွေ့အကြုံများ”