တိရစ္ဆာန် (၃၁-ဘုံ)

ဝီကီပီးဒီးယား မှ

တိရစ္ဆာန်ဘုံ

`တိရစ္ဆာန်´ ဆိုသည် ပါဠိဘာသာစကားမှ လာသည်။ `တိရ+အစ္ဆနာ´ဟု ပုဒ်ခွဲရသည်။

တိရ = ဖီလာ၊ကန့်လန့် ဟုအနက်ရသည်။ အစ္ဆနာ = သွားတတ်သော သတ္တဝါ

ထို့ကြောင့် တိရစ္ဆာန် ဆိုသည်မှာ လူ၊ နတ် တို့ကဲ့သို့ မတ်မတ် မသွားဘဲ အလျားလိုက် သွားတတ်သော သတ္တဝါများကို ခေါ်သည်။

တစ်နည်းအားဖြင့် ဈာန်၊ မဂ်၊ ဖိုလ်တို့မှ ဖီလာသွားတတ်သော သတ္တဝါများကို “တိရစ္ဆာန်” ဟုခေါ်သည်။ တိရစ္ဆာန်များတွင် သီးခြားဘုံ မရှိပါ။ တိရစ္ဆာန်အများ စုဝေးနေထိုင်ရာ အရပ်ကို တိရစ္ဆာန်ဘုံဟု ခေါ်စမတ်ပြုသည်။

`တိရစ္ဆာန်ဘုံ´ကို ပါဠိစာပေတွင် `တိရစ္ဆာနယောနိ´ ဟု သုံးသည်။ တိရစ္ဆာနဘူမိ ဟုမသုံးပေ။ ယောနိ = ခန္ဓာကိုယ်ဟု အနက် ရသည်။ ထို့ကြောင့် `တိရစ္ဆာနယောနိ´သည် `တိရစ္ဆာန်၏ ခန္ဓာကိုယ်´ ဟု အဓိပ္ပာယ် ရသည်။ ဘုံသီးခြားမရှိသဖြင့် တိရစ္ဆာန်၏ ခန္ဓာကိုယ် သည်ပင် သူတို့၏ ဘုံ ဖြစ်သည်ဟု ဆိုကြသည်။

တိရစ္ဆာန် အမျိုးအစား[ပြင်ဆင်ရန်]

  • ၁။ (အပဒ) ခြေမရှိသော တိရစ္ဆာန် ( မြွေ၊ ငါး၊ တီ)
  • ၂။ (ဒွိပဒ) ခြေနှစ်ချောင်းရှိသော တိရစ္ဆာန် ( ကြက်၊ ငှက်)
  • ၃။ (စတုပ္ပဒ) ခြေလေးချောင်းရှိသော တိရစ္ဆာန် (ကျွဲ၊ နွား၊ မြင်း)
  • ၄။ (ဗဟုပ္ပဒ) ခြေများစွာရှိသော တိရစ္ဆာန် (ပင့်ကူ၊ ကင်းခြေများ)

တိရစ္ဆာန်များ နေသောနေရာကိုလိုက်၍ ကုန်းနေတိရစ္ဆာန်၊ ရေနေတိရစ္ဆာန် ဟု နှစ်မျိုးခွဲခြားသည်။ ဗုဒ္ဓဘုရားရှင်က ကုန်းနေသတ္တဝါထက် ရေနေသတ္တဝါက ပိုများသည်ဟု ဟောကြားခဲ့သည်။ တိရစ္ဆာန်မျိုးတွင် နဂါးဂဠုန်ကိန္နရာဟင်္သာတိုးနယားကရဝိတ်မကန်းမနူဿီဟ တို့လည်းပါသည်။

[၁]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)“၃၁ဘုံခရီးသည်”