မာတိကာသို့ ခုန်သွားရန်

မဟာဗြဟ္မာ

ဝီကီပီးဒီးယား မှ

မဟာဗြဟ္မာ[]

[ပြင်ဆင်ရန်]

ပါရိသဇ္ဇာဗြဟ္မာ၊ ပုရောဟိတာဗြဟ္မာတို့ထက် မြင့်မြတ်သော ဗြဟ္မာကြီး ဖြစ်သည်။ စကြဝဠာတစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်ကို အစိုးရကြ၍ မြင့်မြတ်သာလွန်သော "အဓိပတိဗြဟ္မာ"ပင် ဖြစ်သည်။ ကမ္ဘာတည်စက တည်ရှိသော ဤမဟာဗြဟ္မာကြီးကိုပင် အခြားသော အချို့သော ဘာသာဝင်များက "ထာဝရဘုရား" ဟုခေါ်ကြသည်။[]

မဟာဗြဟ္မာတို့၏ အသက်ကား အသင်္ချေယျတစ်ကပ် ဖြစ်သည်။ (အသင်္ချေယျကပ်၏ အရေအတွက် အပိုင်းအခြားကား လူတို့ အသက်အသင်္ချေနေသော ကာလမှစ၍ ၁၀ နှစ်တမ်း နေသည့်တိုင်အောင် ဆုတ်ခဲ့၍ တစ်ဖန် ၁၀ နှစ်တန်းမှသည် ၂၀ တမ်း၊ ၃၀ တမ်း စသည်ဖြင့် တက်ပြန်၍ အသင်္ချေနေသည်တိုင်အောင်သော ကာလသည် ကပ် ၁ ကပ် မည်၏။ ဤကပ်ကို အန္တရကပ်ဟူ၍ ဆို၏။)[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ဒီပဲယင်းမြို့၊ သုံးထပ်ရွှေကျောင်းဆရာတော် သိရိသဒ္ဓမ္မာဘိလင်္ကာရထေရ်အရှင်၏ မူလမဟာဗုဒ္ဓဝင်၊ တထာဂတဥဒါနဒီပနီ(ပထမတွဲ)
  2. မောင်ဝိဇ္ဇာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
  3. ဒီပဲယင်းမြို့၊ သုံးထပ်ရွှေကျောင်းဆရာတော် သိရိသဒ္ဓမ္မာဘိလင်္ကာရထေရ်အရှင်၏ မူလမဟာဗုဒ္ဓဝင်၊ တထာဂတဥဒါနဒီပနီ(ပထမတွဲ)